Monday, May 4, 2009

အင်းလျားကန်သို့ အိုကူးတို့

မိုးပေါက်ကျ၍၊
ထသည့်ဂယက်၊ဝိုင်းစက်စက်သည်
ဝကွက်ခင်းနှီးနှယ်တကား၊၊

ခဏချင်းတွင်၊မိုးသက်ဆင်က
ရေပြင်လှိုင်းကြွ၊ခုန်ပေါက်ကြလျှက်
ကြက်ဖချင်းထိုး၊ခေါင်းဖြူမိုး၍
ရေရိုးရှုပ်ပွေ၊မိုးသီးကြွေသည်
စွေစွေစောင်းစောင်း၊ရွာသွန်းလောင်း၊၊

ဘယ်ယိမ်းညာယိမ်း၊တောခပ်သိမ်းလည်း
နတ်စိမ်းဝင်သို့၊ကမ်းယံမို့တွင်
မှိုင်းညို့မိုးသား၊နောက်ခံကား၊၊

ပိုးဖျင်ဇာပါး၊ဝတ်ရုံလွှားလျှက်
မော်ကြွားသည့်ဟန်၊ဤသည့်ကန်တွင်
မြင်ပြန်ဝိုးဝါး၊ကျွန်းညိုကြား၌
လူးလားချင်လို၊ငါတောင်းဆိုသည်
လှေကိုပြင်ပါ့၊ ကူးတို့မှူး၊၊ ၊၊

(မင်းသုဝဏ် . ၁၉၈၄)

0 comments:

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP