Thursday, August 2, 2012

"သီဟိုဠ်ကျွန်းမှ ၀ါဆိုအောင်ပွဲ"






ယနေ့ဒုတိယ၀ါဆိုလပြည့်၊ ဓမ္မစင်္ကြာနေ့မှာ သီရိလင်္ကာနိုင်ငံ မကုဋာရာမမြန်ကျောင်းတိုက်တွင် သီးတင်းသုံး လျက် အဆင့်မြင့်စာပေပညာရပ်များကိုသင်ယူနေကြသည့် သံဃာတော်အရှင်မြတ်များအား ကိုဖြိုးအေကျော် (စင်္ကာပူနိုင်ငံ)နှင့် မိတ်ဆွေများမှစုပေါင်း၍ ၀ါဆိုနေ့ဆွမ်း၊ ၀ါဆိုသင်္ကန်းနှင့်၊ စတီးလင်ဗန်းအကြီးစား(၁၀)ချပ်တို့ ကို စေတနာသဒ္ဓါရက်ရောစာဖြင့် လှူဒါန်းဆက်ကပ်ကြသည့် မှတ်တမ်းတင်ဓာတ်ပုံများ ကို"အလင်းစက်"စာ ဖတ်သူများကြည်နူးပီတီဖြင့် ကုသိုလ်မျှဝေရယူနိုင်စေရန် တင်ပြလိုက်ပါသည်၊၊

မှတ်တမ်းတင်ဓာတ်ပုံများအားလုံးကို အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါသည်---

War So-Lunch,Yellow robes and Text Donation - sri khemananda - Picasa Web Albums 

ဝါဆိုသင်္ကန်း၊ နေ့ဆွမ်းနှင့် စတီးလင်ဗန်းကြီးများ၏အလှူရင်များသည် ယနေ့မှအစပြု၍စီးပွားလာဘ်လာဘများ တိုးတက်ဖြစ်ထွန်းပြီး ကျန်းမာကြပါစေကြောင်း သံဃာတော်များ၏ကိုယ်စား ဆုတောင်းမေတ္တာပို့သအပ်ပါသည်၊၊

"အလင်းစက်"၀က်ဆိုက်တွင်ဆွမ်းအလှူနှင့် စာပေရေးရာများကိုလေ့လာကြသည့် စာဖတ်သူများအားလုံးတို့ သည်  ယနေ့ဒုတိယ၀ါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့မှစ၍ နှစ်ပေါင်းရာကျော်တိုင် ကျန်းမာချမ်းသာကြပါစေ
ကြောင်း ဆုမွန်ချွေအပ်ပါသည်၊၊

ဆွမ်းအလှူသို့ကြွရောက်၍ ချီးမြှောက်တော်မူကြသည့် သံဃာတော်အရှင်မြတ်များအားလုံးနှင့်၊ ၀ိုင်းဝန်း ချက်ပြုပ်ပေးကြသည့် နောင်တော်ညီတော်များအားလုံးတို့သည် လိုလားတော်မူကြသည့်ပညာရပ်အောင်ပန်း များကို အမြန်ဆုံးဆွတ်ခူးနိုင်ကြပါစေကြောင်း အလှူရှင်များ၏ကိုယ်စား ဘုရားတပည့်တော်မှ ဆုတောင်းပေးအပ်ပါသည်၊၊                        ၊၊

အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊

2 comments:

Mon August 2, 2012 at 4:30 PM  

သာဓု သာဓု သာဓု

mstint August 2, 2012 at 6:09 PM  

သာဓု သာဓု သာဓု

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP