Tuesday, April 12, 2016

“မြတ်စွာဘုရားရှင်၏ ဓာတ်တော်များ လေ့လာချက်”





မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး၍ အလောင်းတော်ကို မီးပူဇော်သောအခါ မြတ်စွာဘုရားရှင်၏ ဓာတ်­တော်များ (၁၆)ပြည်(တစ်တင်း) ကျွင်းကျန်ခဲ့ပါသည်၊၊ 

(1)စွယ်တော်(၄)ဆူ၊
(2)ညှပ်ရိုးတော် (၂)ဆူ၊
(3)နှဖူးသင်းကျစ်တော်(နှဖူးရိုး) (၁)ဆူ၊

စုစုပေါင်း (၇)ဆူသည် မူလပကတိအတိုင်း ကျန်ရစ်ခဲ့ပါသည်၊၊ ထို့ကြောင့် ပါဠိဝေါဟာရဖြင့် “အသမ္ဘိန္ဓ ဓာတ်တော်”ဟု ခေါ်ပါသည်၊၊ “အ၀ိပ္ပကိဏ္ဏဓာတ်တော်”ဟုလည်း ခေါ်ပါသည်၊၊ 

ကျန်သည့်သွားတော် အံသွားတော်များအပါအ၀င် အရိုးတော်၊ အရေတော်နှင့် သွေးတော်၊ အသား­တော်များသည် မူလပုံစံပျက်ယွင်းပြီး၊ အသွင်ပြောင်းလျှက် ကျွင်းကျန်ခဲ့ပါသည်၊၊ မူလပုံစံပျောက်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ကျန်ရစ်ခဲ့သည့်ဓာတ်တော်များကို “၀ိပ္ပကိဏ္ဏဓာတ်တော်”ဟု ခေါ်ပါသည်၊၊ 
ဓာတ်တော်(16)ပြည်ထဲမှ (၁၄)ပြည်သည် လူ့ပြည်တွင် တည်ရှိပါသည်၊၊ ကျန်(၂)ပြည်သည် နဂါး­ပြည်၊ “ရာမရွာ”တွင် “ဇယသေန-နဂါးမင်း”သည်ဆောင်ယူပြီး၊ ပူဇော်ထားပါသည်၊၊ 

မူလပုံစံမှပြောင်းလဲပြီး ကျန်ရစ်ခဲ့သည့်ဓာတ်များသည် ပုံစံအရွယ်အစား(၃)မျိုးကွဲပြီး၊ ဓာတ်တော်­များ­အ­ဖြစ် ကျန်ရစ်ခဲ့ပါသည်၊၊

(1)  မုန်ညှင်းစေ့ပမာဏ ဓာတ်တော်(အသေးဆုံးအရွယ်)၊
(2)  ဆန်ကြိုးစေ့ပမာဏ ဓာတ်တော်(အလတ်စားအရွယ်)၊
(3)  ပဲနောက်စေ့အချမ်းပမာဏ ဓာတ်တော်(အကြီးစားအရွယ်)၊ တို့ဖြစ်ကြပါသည်၊၊

မြတ်စွာဘုရားရှင်၏ ဓာတ်တော်များသည် အရောင်မတူကြပါ၊ ဓာတ်တော်များသည် အရောင်(၃)မျိုး ကွဲပြားလျှက် ကျွင်းကျန်ခဲ့ကြပါသည်၊၊ အရောင်များမှာ--
(1)  ရွှေရောင် (သုဝဏ ၀ဏ)၊
(2)  ပုလဲရောင် (မုတ္တသဒိသာ)၊
(3)   နီသွေးသွေးအရောင်, မြတ်လေးပန်းအငုံရောင် (သုမန မကုလသဒိသာ)၊ တို့ဖြစ်ကြပါသည်၊၊

စွယ်တော်(၄)ဆူသည် ပကတိအတိုင်းကျန်ရစ်ခဲ့သည့် အထူးဓာတ်တော်များဖြစ်ပါသည်၊၊ ယနေ့တိုင် တည်­ရှိဆဲဖြစ်ပါသည်၊၊ စွယ်တော်မြတ်(၂)ဆူသည် လူ့ပြည်တွင်တည်ရှိပြီး၊ ကျန်စွယ်တော်(၂)ဆူမှ (၁)ဆူသည် သိကြားမင်းမှ ဆောင်ယူပြီး “တာဝတိံသာနတ်ပြည်”“စူဠာမဏိစေတီ”တွင် ဌာပနာ­ထား­ပါ­သည်၊၊ (၁)ဆူကိုမူ “ဇယ­သေ­န­-နဂါးမင်း”မှဆောင်ယူပြီး၊ နဂါးပြည်တွင် ပူဇော်ထားပါသည်၊၊ 


“စွယ်တော်(၄)ဆူနှင့် တည်ရာအရပ်”
(1) အထက်လက်ယာ၊ (ညာဘက်အထက်) စွယ်တော်မြတ်သည် တာဝတိံသာနတ်ပြည်တွင် တည်­­ရှိ­ပါသည်၊
(2) အောက်လက်ယာ၊ (ညာဘက်အောက်) စွယ်တော်မြတ်သည် နဂါးပြည်တွင် တည်­ရှိ­ပါ­သည်၊၊
(3) အထက်လက်ဝဲ၊ (ဘယ်ဘက်အထက်) စွယ်တော်မြတ်သည် ဂန္ဓာရတိုင်း (တရုပ်ပြည်)­တွင် တည်ရှိပါသည်၊
(4) အောက်လက်ဝဲ၊ (ဘယ်ဘက်အောက်) စွယ်တော်မြတ်သည် ကလိင်္ဂတိုင်း၊ အိန္ဒိယ­တောင်­ပိုင်းတွင် တည်ရှိပါသည်၊၊


“ဘယ်ဘက်အထက်ပိုင်း စွယ်တော်မြတ်”
သာသနာဝင်ကျမ်းများအလိုအရ မြတ်စွာဘုရားရှင်၏ ဘယ်ဘက်အထက်ပိုင်း စွယ်တော်မြတ်သည် “ဂန္ဓာ­­ရတိုင်း”တွင် တည်ရှိပါသည်၊၊ ဂန္ဓာရတိုင်းသည် အိန္ဒိယနိုင်ငံ၏ အနောက် မြောက်ဘက်၊ “ကက်­ရှ­မီး­ယားနိုင်ငံ”တွင် တည်ရှိပါ­သည်၊ အ­နောက်­ပါကစ်စတန်နှင့် နယ်ခြင်းစပ်နေပါသည်၊ တူရ­ကီ­နိုင်­ငံ­နှင့်­လည်း အလွန်နီးပါသည်၊၊ “ဗုဒ္ဓသာ­­သ­နိ­­က­­ပဌ၀­ီဝင်ကျမ်း”အလိုအရ “ဂန္ဓာရတိုင်း”သည် “ကက်ရှ­မီး­ယား”­နှင့် တစ်စပ်တည်းတည်­ရှိ­သည်ဟု ဆို­ပါသည်၊၊ ဆိုလိုသည်မှာ ဂန္ဓာရတိုင်းသည် ကက်ရှ­မီယား­နိုင်­ငံထဲတွင်တည်ရှိသည်ဟု ဖြစ်­ပါသည်၊၊


တရုပ်ပြည်သည် အိန္ဒိယနိုင်ငံ၏အရှေ့ဘက်တွင် တည်ရှိသောကြောင့် ဂန္ဓာရတိုင်းသည် တရုပ်ပြည် မ­ဟုတ်­ကြောင်း သိသာပါသည်၊၊ သို့သော် မြတ်စွာဘုရား၏စွယ်တော်တစ်ဆူသည် ဂန္ဓာရတိုင်း၊ လက်ရှိ ကက်ရှမီးယားနိုင်ငံမှ တနည်းနည်းဖြင့် တရုပ်ပြည်(စိန့်တိုင်း)သို့ ရောက်ရှိသွားဟန်ရှိပါသည်၊၊
မြတ်စွာဘုရားရှင်၏ လက်ထက်တော်က တရုပ်ပြည်ကို “စိနရ=စိန့်တိုင်းဟုခေါ်ပါသည်၊၊ ကြွေထည်- လုပ်ငန်းဖြင့် အသက်မွေးကြသောကြောင့် “စိနရဟုခေါ်ခြင်းဖြစ်ပါသည်၊၊ (စိန=ရွှံ့ ၊ ကြွေ)၊၊ ဂန္ဓာ­ရ­တိုင်း­နှင့် စိန­ရတို့သည် သီးခြားစီဖြစ်သောကြောင့် တရုပ်ပြည်သည် ယခင်က “စိနရဌ=စိန့်တိုင်း” မဖြစ်နိုင်­­ကြောင်း သုံးသပ်နိုင်ပါသည်၊၊


မြတ်စွာဘုရားရှင်၏ အလောင်းတော်ကို မီးပူဇော်စဉ်က ရဟန္တာမထေရ်တပါးမှ ဘယ်ဘက်­အ­ထက်­ပိုင်း စွယ်တော်မြတ်ကို မီးပုံအတွင်းမှ ယူတော်မူပြီး၊ ဂန္ဓာရတိုင်း၏မင်း­ထံ­သို့­ကိုးကွယ်ရန် ပေးအပ်­ခဲ့­ပါ­သည်၊၊ သမိုင်းမှတ်တမ်းတချို့တွင်­မူ တရုပ်ပြည်နယ်စပ် “ရှေး­ဟောင်း­စေ­တီ­အပျက်ကြီးတစ်ဆူ”အထဲမှ ဘာ­သာစကား(၃)မျိုးနှင့် ကမ္ဗည်း­ထိုးထားသည့် စွယ်တော်အစစ်ကို တရုပ်လူမျိုးများက ရရှိထားခြင်း­ဖြစ်­သည်ဟု ဆိုပါသည်၊၊


“ဘယ်­ဘက်၊ အောက်ပိုင်းစွယ်တော်မြတ်” 

မြတ်စွာဘုရားရှင်၏ အလောင်းတော်ကို မီးပူဇော်စဉ် “ရဟန္တာ-အရှင်ခေမာ”မှ မီးပုံအတွင်းမှ “ဘယ်­ဘက်၊ အောက်ပိုင်းစွယ်တော်မြတ်”ကို တန်ခိုးတော်ဖြင့်ဆောင်ယူပြီး ကလိင်္ဂ­တိုင်း၊ “ဗြဟ္မဒတ္တမင်း”ထံ­သို့­ကိုး­ကွယ်ရန် ပေးအပ်ခဲ့ပါသည်၊၊  

မြတ်စွာဘုရားရှင်၏ “ဘယ်ဘက်၊ အောက်ပိုင်းစွယ်တော်မြတ်”သည် မူလက “ကလိင်္ဂတိုင်း”တွင် တည်­­ရှိပါသည်၊၊ ကလိင်္ဂတိုင်းသည် လက်ရှိ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ကမ်းရိုးတန်းဒေသ၊ “ဘုံဘေမြို့”၏ အရှေ့­ဘက်တွင် တည်ရှိပါသည်၊၊ 

 မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူအပြီး၊ နှစ်ပေါင်း (၆၃၀)ခန့် ကြာသောအခါ “ကလိင်္ဂတိုင်း”ကို “ဂုဟသီဝမင်း” အုပ်ချုပ်ပါသည်၊၊ ဗုဒ္ဓဘာသာ အလွန်အားနည်းသည့် အချိန်ဖြစ်ပါသည်၊၊ ဂုဟသီဝ­မင်း­ကြီး­သည် “စစ်ဖြစ်၍ ကျရှုံးခဲ့လျင် စွယ်တော်မြတ်ကို လျို့ဝှက်ယူဆောင်ပြီး၊ သီဟိုဠ်ကျွန်း သို့ထွက်­ပြေး­ရန်”­ သ္မီးတော်-ဟေမမာလာအား မှာကြားထားပါသည်၊၊ 

“ဟေမမာလာမင်းသမီး”သည် ကြင်ယာတော်-ဒန္တမင်းသားနှင့်အတူ ခမည်းတော်မင်းကြီးမှာကြားသည့် အတိုင်း သီဟိုဠ်ကျွန်းသို့ စွယ်တော်မြတ်အား ဆံထုံးကြားတွင်ဝှက်ယူလာပြီး၊ “သီရိမေဃ၀ဏ္ဏမင်း” အား­ဆက်သခဲ့ပါသည်၊၊ ဤသို့သောနည်းဖြင့် မြတ်စွာဘုရားရှင်၏ “ဘယ်ဘက်၊ အောက်ပိုင်းစွယ်တော် မြတ်­”သည် သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ)သို့ ရောက်ရှိလာခဲ့ပြီး၊ ယနေ့တိုင် အများပြည်သူတို့ ဖူးမျှော် ကြည­်ညိုနိုင်ပါသည်၊၊


“ညာဘက်ညှပ်ရိုးတော်”

ညှပ်ရိုးတော်(၂)ဆူမှ “ညာဘက်ညှပ်ရိုးတော်”သည် သီရိလင်္ကာနိုင်ငံ၊ “ထူပါရာမစေတီ”တွင် ဌာ­ပ­နာ­­ထား­ပြီး၊ ယနေ့တိုင်စေတီတော်ကို ဖူးမျှော်ကြည်ညိုနိုင်ပါသည်၊၊ (B.C.2)ရာစုတွင် သီရိ­လင်္ကာ­နိုင်­ငံသို့ မြတ်­စွာဘုရားရှင်၏ သာသနာတော်စတင်ရောက်ရှိပါသည်၊၊ ပထမဆုံး သာသနာပြုမင်း­ဖြစ်­သော “ဒေ­၀ါ­နံပီယတိဿမင်း”သည် ထူပါရာမစေတီကို တည်ပြီးသောအခါ “အရှင်မဟိန္ဒမထေရ်”အား မြတ်­­စွာ­ဘု­ရားရှင်၏ ဓာတ်တော်အစစ်ရလိုကြောင်း လျောက်ထားပါသည်၊၊

ရဟန္တာဖြစ်တော်မူသော “အရှင်မဟိန္ဒ”သည် တူတော်အရင်း ရဟန္တာ-ကိုရင်သုမနအား တာဝတိံသာ နတ်­ပြည်၊ သိကြားမင်းထံမှ မြတ်စွာဘုရားရှင်၏ဓာတ်တော်ပင့်ဆောင်ရန် စေလွှတ်ခဲ့ပါသည်၊၊ “သုမန­သာ­မဏေ”သည် တာဝတိံသာနတ်ပြည်၊ သိကြားမင်းထံကြွပြီး၊ ဓာတ်တော်အလှူခံသောအခါ “သိ­ကြား­မင်း”သည် “ညာဘက်ညှပ်ရိုးတော်”ကို လှူဒါန်းလိုက်ပါသည်၊၊

အဘိုး-သီရိဓမ္မာသောကမင်းကြီးထံမှ မြတ်စွာဘုရားရှင်၏ဓာတ်တော်များနှင့်အတူ “ညှပ်ရိုးတော်”ကို “ဒေ၀ါနံ­ပီယတိဿမင်း”ထံပေးအပ်ခဲ့ပါသည်၊၊ မင်းကြီးသည် ညှပ်ရိုးတော်နှင့် အခြားသောဓာတ်တော် များကို “ထူပါရာမစေတီ”ကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်၊၊


“ဘယ်ဘက်ညှပ်ရိုးတော်”

ဓာတုဝင်ကျမ်းများအလိုအရ မြတ်စွာဘုရားရှင်၏ ကျန်သော “ဘယ်ဘက်ညှပ်ရိုးတော်”သည် “ဗြဟ္မ­ပြည်”တွင် တည်ရှိသည်ဟု လေ့လာရပါသည်၊၊ အချို့က သီရိလင်္ကာနိုင်ငံ၊ “မဟိယင်္ဂဏ­စေ­တီ”­တွင် “ဘယ်­ဘက်­ညှပ်ရိုးတော်” တည်ရှိသည်ဟု ဆိုကြပါသည်၊ မမှန်ပါ၊၊ မဟိယင်္ဂဏစေတီတွင် မြတ်­စွာ­­ဘု­ရားရှင်၏ “လည်ရိုးတော်”ကို ဌာပနာထားကြောင်း “မဟာဝံသကျမ်း”တွင် “ဂီဝိံဟု အတိအကျ­ဖော်­­­ပြ­­ထားသည်ကို တွေ့ရပါသည်၊၊ ဂီဝါ-ပုဒ်သည် “လည်ပင်း”ဟု ဟုအဓိပ္ပါယ်ရပါသည်၊၊ “ဂီဝိံဟု “မ­ဟာဝံသကျမ်း”တွင် ဖော်ပြထားသောကြောင့် “လည်ပင်းရိုး”ကို ဌာပနာထားကြောင်း သိရပါသည်၊၊

မြတ်စွာဘုရားရှင်သည် သီရိလင်္ကာသို့ သက်တော်ထင်ရှားရှိစဉ်က သုံးကြိမ်တိုင် ကြွတော်မူခဲ့ပါသည်၊ အနာဂတ်အချိန်ကာလတွင် သာသနာတော်စည်ပင် ပြန့်ပွားမည့်­ဒေ­သ­ဖြစ်­ကြောင်း သိမြင်တော်မူ­သော­­ကြောင့် စစ်တိုက်နေသော ဘီလူးများ၏အလယ် ကောင်းကင်ထက်တွင် ရပ်­တော်မူလျှက် ဘီ­လူး­များအား စစ်ပြေငြိမ်းစေတော်မူပြီး၊ တရားတော်များ ဟော­ကြားတော်­မူ­ခဲ့­ပါ­သည်၊၊

မြတ်စွာဘုရားရှင် တရားဟော်တော်မူသည့် ပလ္လင်တော်နှင့်၊ ဆံ­တော်­များကို ဌာပနာပြီး၊ “မဟာသုမန-နတ်မင်း”မှ မဟိယင်္ဂဏစေတီကို တည်ဆောက်ခဲ့ခြင်း ဖြစ်­ပါ­သည်၊၊ 

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံအပြီး အလောင်းတော်ကို တေဇောဓာတ်လောင်ကျွမ်းစဉ် “ရဟန္တာ-သရ­ဘူ­­မထေရ်”မှ မြတ်စွာဘုရားရှင်၏ “လည်ရိုးတော်”ကို မီးပုံအတွင်းမှတန်ခိုးတော်ဖြင့် ဆောင်ယူလာပြီး၊ “မဟိယင်္ဂဏစေတီ”အထဲတွင် ထပ်မံထည့်သွင်းဌာပနာထားခြင်း ဖြစ်ပါသည်၊၊


“နှဖူးသင်းကျစ်တော်”

“နလာဋဓာတုဝံသကျမ်း”အလိုအရ မြတ်စွာဘုရားရှင်၏ “နှဖူးသင်းကျစ်တော်”ကို သီရိလင်္ကာနိုင်ငံ တောင်ပိုင်း၊ ရောဟနဒေသတွင်ရှိသော “တိဿမဟာရာမစေတီတော်”တွင် ဌာပနာထားသည်ဟု လေ့­လာ­ရပါသည်၊၊ 

မြတ်စွာဘုရားရှင်၏ ဓာတ်တော်များအားလုံးကို သီရိဓမ္မာသောကမင်းကြီးသည် မူလဓာတ်ပေါင်းချုပ် စေတီတော်ကြီးထဲမှ ထုပ်ဆောင်ပြီး၊ အိန္ဒိယတွင် စေတီတော်ပေါင်း(၈၄၀၀၀)နှင့်၊ သီရိလင်္ကာနိုင်ငံမှ မြောက်များစွာသော စေတီတော်များအထဲတွင်ဌာပနာခဲ့ကြောင်း သိရပါသည်၊၊ 

သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွလာသည့် “အရှင်မဟိန္ဒ၊ သင်္ဃမိတ္တာထေရီ”တို့သည် သီရိဓမ္မာ­သော­က­မင်းကြီး၏ သားတော်နှင့် သ္မီးတော်အရင်းဖြစ်ပါသည်၊၊ မင်းကြီးသည် သားတော်နှင့် သ္မီးတော်­တို့­မှ­တ­ဆင့် သီရိလင်္ကာနိုင်ငံတွင် ဓာတ်တော်များကို နေရာအနှံ့စေတီတော်ကြီးများအထဲတွင် လှူ­ဒါန်း­­ဌာ­ပနာခြင်း ဖြစ်ပါသည်၊၊

သီရိလင်္ကာနိုင်ငံသည် သာသနာတော်စတင်ရောက်သည့်အချိန်မှစတင်ပြီး၊ ယနေ့တိုင် သာ­သ­နာအ­ဆက်မပျတ်ခဲ့သောကြောင့် သမိုင်းကျမ်းများအတိအကျကျန်ရှိပြီး၊ စေတီတော်ကြီးများမှာ­လည်း ဌာပ­န­ာထားသည့်ဓာတ်တော်အမည်များနှင့်အတူ အခိုင်အမာသိရခြင်း ဖြစ်­ပါ­သည်၊၊

မြန်မာနိုင်ငံတွင် စွယ်တော်စေတီများ တည်ထားကိုးကွယ်ကြပါသည်၊ ထိုစေတီတော်များတွင် ဌာ­ပ­နာ­သည့် စွယ်တော်များမှာ “သီရိလင်္ကာနိုင်ငံ-စွယ်တော်”နှင့် “တရုပ်ပြည်-စွယ်တော်”တို့မှ ပွားယူပြီး၊ တည်­ထား­­ကိုး­ကွယ်­ကြခြင်း ဖြစ်ပါသည်၊ “စွယ်တော်ပွား”ဟု ခေါ်ကြပါသည်၊၊

အနှစ်ချုပ်သုံးသပ်လျင် မြတ်စွာဘုရားရှင်၏ မပျက်မစီးဘဲ မူလအတိုင်းတည်ရှိသည့် ဓာတ်တော်(၇)မျိုး မှ “စွယ်တော်တစ်ဆူ၊ ညှပ်ရိုးတော်တစ်ဆူ၊ နှဖူးသင်းကျစ်တော်တစ်ဆူ”တို့သည် သီရိလင်္ကာနိုင်ငံတွင် ကိန်းဝပ်စံတော်မူလျက်ရှိပါသည်၊၊ အခြားသော ဓာတ်တော်မြောက်များစွာတို့သည်လည်း သီရိလင်္ကာ နိုင်ငံတွင် ကိန်းဝပ်စံပယ်တော်မူလျှက်ရှိကြောင်း သမိုင်းကျမ်းအထောက်အထား အခိုင်အမာဖြင့် သိရ ပါသည်၊၊

ပါဠိမှတ်တမ်းတင် သမိုင်းကျမ်းအထောက်အထားအတိအကျဖြင့် တန်ခိုးကြီးစေတီတော်ကြီးများကို ဖော်ပြလိုက်ပါသည်---

(1) စွယ်တော် (ကန္ဒီမြို့)၊

(2) ညှပ်ရိုးတော်-ထူပါရာမစေတီ (အနုရာဓပူရမြို့)၊ 

(3) မဟာဗောဓိပင် (အနုရာဓပူရမြို့)၊

(4) နှဖူးသင်းကျစ်တော်-တိဿမဟာရာမစေတီ (ကိုလံဘိုတောင်ပိုင်း၊ ရောဟနဒေသ)၊

(5) လည်ရိုးတော်-မဟိယင်္ဂဏစေတီ (မဟိယင်္ဂဏမြို့)၊ 

(6) လင်းလွန်းပင်စေတီ-ရာဇာရတနစေတီ (နာဂဒီပ၊ ဂျဖနာမြို့)၊

(7) ကလျာဏီစေတီ (ကိုလံဘိုမြို့)၊

(8) ခြေတော်ရာတောင် (စရီပါဒ)၊၊


ဖော်ပြခဲ့သည့် အထင်ကရဓာတ်တော်များ တည်ရှိရာနေရာ(၈)ခုသို့ ဗုဒ္ဓဘာသာဝင် သူတော်စဉ်များ လာရောက် ဖူးမျှော်ကြည်ညိုသင့်လှပါသည်၊၊ အခြားသောထူးခြားသည့် ဆင်းတုတော်ကြီးများ၊ သမိုင်း­၀င်နေရာများ၊ ဧရာမကြီးများသည့် စေတီတော်ကြီးများလည်း အလွန်များပြားစွာ တည်ရှိပါသည်၊၊ (၉)­ရက်­ခန့် အချိန်ယူဖူးမျှော်လျင် ဖော်ပြပြီးနေရာအားလုံးနီးပါး ပြည့်စုံနိုင်ပါသည်၊၊

(သီရိလင်္ကာနိုင်ငံ ဘုရားဖူးသူတော်စဉ်များနှင့် အများပြည်သူများအတွက် ယ္ခုစာတမ်းငယ်ကို ရေးသား တင်ပြခြင်း ဖြစ်ပါသည်၊၊ အမှားတွေ့ရှိလျင် အပြစ်မတင်ဘဲ အကြံပြုဆွေးနွေးကြဖို့ မေတ္တာရပ်ခံအပ် ပါသည်၊၊)

မြန်မာနိုင်ငံအပါအ၀င် အခြားသောနိုင်ငံပေါင်းများစွာမှ ဘုရားဖူးများဖြင့် ရာသီမပျတ်စည်ကားနေသည့် အိန္ဒိယ­သမုဒ္ဒရာအတွင်းမှ ကျွန်းငယ်လေးတစ်ခုဖြစ်သော လင်္ကာဒီပကျွန်း၊ သီဟိုဠ်ကျွန်း၊ တမ္ဗပဏ္ဏိ ကျွန်းဟု အမည်အမျိုးမျိုးခေါ်သော သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် သူတော်စဉ်များအတွက် အ­ထူး­လာရောက်သင့်သည့် နေရာတစ်ခုဖြစ်ကြောင်း အသိပေးလျှက် စာတမ်းကိုအဆုံးသတ် လိုက်­ရပါ­သည်၊၊ ကျန်းမာ ချမ်းသာကြပါစေ..၊၊       ၊၊




[ကျမ်းကိုး/ ပါရာဇိကဏ္ဍအကထာ၊ မဟာပရိနိဗ္ဗာနသုတ်၊ ဒီဃနိကာယ်၊ ဗုဒ္ဓ၀ံသပါဠိ၊ မဟာဝံသ၊ ထူပ၀ံသ၊ ဒီပ၀ံသ၊ နလာဋဓာတုဝံသ၊ ဓာတုဝံသ၊ ဒါဌာဝံသ၊ သမန္တစက္ခုဒီပနီကျမ်း-ပံ-၂၉၆၊ ဗုဒ္ဓသာ­သ­နိ­က­ပဌ၀ီဝင်ကျမ်း-တောင်ပေါက်ဆရာတော်၊ ဗုဒ္ဓ၏ သီရိလင်္ကာခရီး-အရှင်ကေလာသ၊ ဓာတုဝိဘဇန­သုတ်၊ သီတဂူဆရာတော်၊၊ Pāli Proper Names By G.P. Malalasekera, Vo. I-II]         




                                                             
                                                                             အရှင်ကေ၀လ (အလင်းစက်)
                                                                                     Ph.D (Thesis)
                                                                                 B.A, M.A (Buddhism)
                                                                        University of Kelaniya, Sri Lanka
                                                                             University of BPU, Sri Lanka
                                                                                  Ph:+94 757171832

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP