Wednesday, July 16, 2014

ပညာ၊၊ ၊၊



လူတို့သည် ဘ၀၏ပထမအရွယ်တွင် ပညာသင်ယူလေ့ရှိပါသည်၊၊ ဒုတိယအရွယ်တွင် မိသားစုတည် ဆောက်လေ့ရှိပြီး၊ တတိယအရွယ်တွင် တရားဘာဝနာကျင့်သုံးလေ့ရှိကြပါသည်၊၊


ဤသို့ဆိုလိုက်သဖြင့် “လူဘ၀တွင် ပညာသင်ယူခြင်း၊ အိမ်ယာတည်ထောင်ခြင်းနှင့်၊ တရားဘာဝနာ ကျင့်သုံးခြင်းကို မလိုက်နာမနေရ အချိန်စည်းကမ်းချမှတ်ထားသည်ဟူ၍ မမှတ်ယူနိုင်ပေ၊” အကြောင်း မှာ ပညာဟူသည်ကို အသက်ရှင်နေသမျှအားထုတ်နေရမည်ဖြစ်သောကြောင့် ဖြစ်ပါသည်၊၊ 


တရားဘာဝနာကျင့်သုံးမှုသည်လည်း သိတတ်စအရွယ်မှစတင်ပြီး အသက်ရှင်နေထိုင်သမျှ ကျင့်သုံး ရန် လိုအပ်ပါသည်၊၊ အကြောင်းမှာ လူသည် ဘ၀တစ်ခုမည်သည့်နေ့တွင် အဆုံးသတ်ရမည်ဟူ၍ မသိ နိုင်ဘဲ၊ ကောင်းမှုမရှိဘဲလည်း အနာဂတ်ဘ၀ မကောင်းစားနိုင်သောကြောင့် ဖြစ်ပါသည်၊၊


အရွယ်လွန်မှ အိမ်ထောင်ပြုသူများကို ပတ်ဝန်းကျင်မှလူအများတို့ ကဲ့ရဲ့အတင်းဆိုလေ့ရှိပါသည်၊ အမှန်စင်စစ် လူတိုင်းနီးပါးမျှ အိမ်ထောင်ပြုလေ့ရှိပြီး မည်သည့်ကျမ်းတွင်မှ “ငယ်ရွယ်သည့်အချိန်တွင် သာ အိမ်ထောင်ပြု၊ အသက်ကြီးကာမှ အိမ်ထောင်မပြုရ”ဟု တားမြစ်ကန့်သတ်ထားခြင်း မရှိပေ၊၊


မည်သည့်အရွယ်တွင် အိမ်ယာတည်ထောင်သည်ဖြစ်စေ လူသားဆန်သည့်အပြုအမူတစ်ခုကို ပြုသည် ဟုပင် မှတ်ယူသင့်ပါသည်၊၊ ကဲ့ရဲ့အတင်းဆိုခြင်းကို ရှောင်ရှားသင့်ပါသည်၊၊ သို့သော် မိမိတည်ဆောက် သည့်အိမ်ယာကိုမူ ရှုထောင့်စုံမှစည်ပင်သာယာစေရန် အထူးလိုအပ်ပါသည်၊၊


သို့သော်“တစ်တခါတရံ လူသားနှစ်ယောက်၏ဘ၀သည် ဝေးစဉ်ကချစ်ကြည်လျက်ရှိပြီး၊ အတူနီးလိုက် ကာမှ သူ့ဘ၀လည်းပျက်၊ ကိုယ့်ဘ၀လည်းမလှ ဖြစ်တတ်ပါသေးသည်၊၊” အဆိပ်မိသည့် ချစ်ခြင်းများ သည် ပျိုးထောင်မိသည့်ဥယျာဉ်မှူးကို လောင်မြိုက်စေတတ်ပါသည်၊၊


အနှစ်ချုပ် မှတ်သားသင့်သည်မှာ ဘ၀၏အရေးအပါဆုံးလုပ်ငန်းတာဝန်ကြီး(၃)ခုကို မည်သည့်အချိန် တွင်မဆို ပြုနိုင်ခွင့်ရှိပြီး၊ ကြီးပွားတိုးတက်စေရန် အဓိကလိုအပ်ချက်ဖြစ်ကြောင်းကို အထူးသတိပြုရန် ဖြစ်ပါသည်၊၊


ပညာသင်ယူခြင်းနှင့်ပတ်သက်ပြီး စာရေးသူကိုယ်တိုင် ငတ်မွတ်လွန်းသူဖြစ်သောကြောင့် အရွယ်ကိုဂရု မပြုမိဘဲ ဖြစ်ရပါသည်၊၊ များစွာသောပညာရေးသမားတို့သည်လည်း နည်းတူဖြစ်မည်ဟု မှန်းဆရပါ သည်၊၊ 


စာရေးသူ၏ အကိုဆရာတစ်ယောက် နှစ်အနည်းငယ်ခန့်က စာပေပါရဂူဘွဲ့ကို ထိုက်ထိုက်တန်တန်ရ ရှိသွားပါသည်၊၊ အသက်(၅၀)၀န်းကျင်ဖြစ်ပါသည်၊၊ ပညာသင်ယူမှုနှင့်ဆက်စပ်ပြီး သူ၏စကားသည် အားတက်ဖွယ်ဖြစ်ပါသည်၊၊ 


“ကျုပ်ကို ဒီအရွယ်အထိစာသင်နေတာ၊ အလုပ် မလုပ်တော့ဘူးလားလို့ လူတွေအများကြီးက ခဏ ခဏမေးတာ ခံရတယ်ဗျ၊ မေးခံရတဲ့အခါတိုင်း ကျုပ်ပြန်ဖြေလိုက်တာကတော့- စာသင်နေခြင်းသည်ပင် ငါ့ အလုပ်ပဲ၊”လို့ ပြန်ဖြေလိုက်တယ်၊၊


မှန်ပါသည်၊ လူအတော်များများသည် ခါးတောင်းကြိုက်ပြီး တစ်စုံတရာကိုလုပ်ကိုင်မှ အလုပ်ဟု ထင်မြင် နေတတ်ကြပါသည်၊၊ အမှန်စင်စစ် ပညာသင်ယူခြင်းသည် ဘ၀၏အရေးအပါဆုံး တာဝန်ကြီး သုံးခုထဲက ပို၍အရေးအပါဆုံးအလုပ်ကို ပြုလုပ်နေခြင်းဖြစ်ပါသည်၊၊


ပညာသင်ယူနေရင်း အကယ်၍သေဆုံးသွားလျင်ပင် အလုပ်မလုပ်လိုက်ရဘဲ သေဆုံးခြင်းမျိုးမဟုတ်ဘဲ အထူးအရေးပါသည့်အလုပ်ကို ပြုလုပ်ရင်းဘ၀တစ်ခု အဆုံးသတ်သွားသည်ဟု မှတ်သားရပါမည်၊၊ သင်ယူခြင်းသည် ဘ၀၏အရေးအပါဆုံးအလုပ်ဟု တိတိကျကျဆိုရမည် ဖြစ်ပါသည်၊၊


သင်ယူမှုမရှိတော့သည့် ဘ၀တစ်ခုသည် အသက်ရှင်လျက်သေဆုံးနေခြင်းဖြစ်ကြောင်း သတိထားမိသူ အလွန်နည်းပါသည်၊၊ တက္ကသိုလ်နှင့် ကျောင်းအမျိုးမျိုးသို့တက်ရောက်ပြီးပညာသင်ယူမှ သင်ယူသည် ဟု ခေါ်ဆိုသည်မဟုတ်ဘဲ၊ နေ့စဉ်ဘ၀အတွေ့အကြုံများကို မှတ်သားနေခြင်းသည်ပင် ပညာသင်ယူ ခြင်း ဖြစ်ပါသည်၊၊


လူသည် အခြားသတ္တ၀ါများနှင့်စာလျင် ပညာကိုအားကိုးရသည့် အမျိုးအစားဖြစ်ပါသည်၊၊ အခြားသတ္တ ၀ါမျိုးစိတ်များတွင် ဘ၀ရပ်တည်မှုအတွက် အင်အားဆိုင်ရာအစွမ်းတစ်မျိုးစီရှိသောကြောင့် ပညာမလို အပ်ချေ၊ လူတွင်မူ ပညာမတတ်လျင် စားနေ၀တ်အတွက်အခြားအားကိုးဖွယ်ရာမရှိ၍ အထူးလိုအပ်လှ ပါသည်၊၊


ထို့အပြင် ပညာမရှိသူများဦးဆောင်သည့် အဖွဲ့အစည်းနှင့်၊ နေရာဒေသ၊ အခြေအနေများသည် တိုးတက်မှုတစ်စုံတရာကို လုံးဝမျှော်လင့်ရန်မဖြစ်နိုင်ဘဲ၊ ပြဿနာမျိုးစုံသာတစ်နေ့ထက်တစ်နေ့ တိုးလာသည်ကို တွေ့ရမည်ဖြစ်ပါသည်၊၊


သဘောထားအလွန်ကောင်းသူများသည်ပင် ပညာရေးအခြေခံမရှိပါက ကောင်းသမျှစိတ်သဘောထား များသည် အဖွဲ့အစည်းနှင့်ပတ်ဝန်းကျင်ကို ဆိုးကျိုးပေးဖို့ဖန်တီးတည်ဆောက်နေခြင်းတစ်မျိုး ဖြစ်နေ တတ်ပါသည်၊၊


ပညာရေးသည် သည်မျှအထိအရေးပါလှ ပါသည်၊၊ မိတ်ဆွေကြီးတစ်ယောက်သည် မဟာဝိဇ္ဇာဘွဲ့ရပြီး၊ မိသားစုနှင့်စီးပွားရေးပြေလည်နေသူ ဖြစ်ပါသည်၊၊ တစ်နေ့တွင် စာတစ်စောင်ရောက်လာပြီး ဖတ်ကြည့် သောအခါ Ph.D တန်းအကြို၊ M.Phil တန်းတက်ရန်တက္ကသိုလ်မှ အကြောင်းကြားသည့်စာ ဖြစ်နေပါ သည်၊၊


အသက်(၅၆)၀န်းကျင်ဖြစ်ပါသည်၊ ကျွန်တော် M.Phil တန်းဆက်လုပ်မယ်ဟု ဆိုပါသည်၊၊“ခများ ဒီအ ရွယ်ရောက်နေတာ ဆက်သင်ယူအုံးမလိုလား”ဟု မေးလိုက်သောအခါ မျက်နှာတည်သွားပြီး၊ “ကျွန် တော်တို့ဘာအတွက် အသက်ရှင်နေကြတာလဲ”ဟု မေးခွန်းပြန်ထုတ်သည်ကို ခံရဘူးပါသည်၊၊


မိတ်ဆွေကြီးကို မည်ကဲ့သို့ အဖြေပြန်ပေးရမည်ကိုမသိတော့ဘဲ သူ၏မေးခွန်းကို အကြိမ်ကြိမ်ဆင်ခြင် နေမိပါသည်၊၊ ဖြစ်နိုင်ပါသည်၊ လူဘ၀သည်ပညာသင်ယူရန် အသက်ရှင်နေခြင်း ဖြစ်ပါသည်၊၊ ပညာ တစ်ခုခုကို မသင်ယူတော့သည့်နေ့သည် သေဆုံးသွားသည့်နေ့တစ်နေ့ပင် ဖြစ်ပါသည်၊၊


ရန်ကုန်မြို့မှ အထူးထင်ရှားသည့် အင်္ဂလိပ်စာဆရာကြီး ဦးမြကြိုင်သည် ကျောင်းသား(၁၀၀၀)ခန့်တက် သည့် သူ၏သင်တန်းခန်းထိပ်တည့်တည့်တွင် စာတမ်းတစ်ခုကိုရေးသား ချိပ်ဆွဲထားသည်ကို တွေ့ခဲ့ ရပါသည်၊၊


“သင်, အစာမစားလျင်
ရုပ်ခန္ဓာသေမည်၊
စာမသင်တော့လျင်
အတွေးအခေါ် သေမည်၊၊”


“ဆရာကြီး၏ အတွေးအခေါ်ကို သင်တန်းတက်နေခဲ့စဉ်က ကောင်းကောင်းသဘောမပေါက်ခဲ့”ဟု ၀န်ခံရပါမည်၊၊ မိမိကိုယ်တိုင် ဘ၀အတွေ့အကြုံများစွာကို ဖြတ်သန်းနေရခြင်းနှင့်အတူ၊ ပညာရေးလမ်း ကြောင်းပေါ်တွင်အတော်အတန်မျှ အခြေချမိလာပြီးသည့်အချိန်တွင်မူ ဆရာကြီးကို အထူးလေးစား နေမိပါတော့သည်၊၊


အစားမစားသဖြင့် ရုပ်ခန္ဓာသေဆုံးခြင်းသည် ဘ၀တစ်ခုကိုအဆုံးသတ်ခြင်းဖြစ်သောကြောင့် အနာဂတ် ဘ၀သစ်တစ်ခုကို စတင်လိုက်ရုံပင်ဖြစ်ပါသည်၊ ထူးခြားဖြစ်စဉ်ဟု မခေါ်နိုင်ပေ၊၊


စာမသင်တော့သခြင့် အတွေးအခေါ်သေလျင်မူ ဘ၀ပြဿနာအကြီးစား ဖြစ်ပါသည်၊၊ အကြောင်းမှာ လူသည် တစ်ဦးတစ်ယောက်တည်းနေသည်မဟုတ်ဘဲ၊ အရွယ်ရှိလာသည့်လူတိုင်းသည် ပတ်ဝန်းကျင် တစ်ခုခုကို ခေါင်းဆောင်နေကြခြင်းကြောင့် ဖြစ်ပါသည်၊၊


ခေါင်းဆောင်လုပ်သူကိုယ်တိုင်က အတွေးအခေါ်သေနေသူဖြစ်လျင် အဖွဲ့အစည်းတစ်ခုလုံး အမှားပင် လယ်၊ အမှားသမုဒ္ဒရာတွင် မျောရုံသာဖြစ်ပါတော့သည်၊၊ တိုးတက်မှုတစ်စုံတရာလည်း ရှိနိုင်တော့မည် မဟုတ်ဘဲ ပြဿနာများသာတိုးပွားနေပါတော့သည်၊၊


ပညာသည် ခေါင်းဆောင်တွင်မှလိုအပ်သည်မဟုတ်ဘဲ၊ နောက်လိုက်များတွင်လည်း အထူးလိုအပ် ပါသည်၊၊ မိဘတွင်မှလိုအပ်သည်မဟုတ်ဘဲ သားသ္မီးများတွင်လည်း အထူးလိုအပ်ပါသည်၊၊ ပညာမရှိ သည့်မိသားစုသည် ခဏပိုင်းအဆင်ပြေနေသည့်တိုင် မျိုးဆက်တစ်ခုကုန်လွန်ပြီးသောအခါ မွဲပြာကျ သည့်ဘ၀သို့ ရောက်ကြရပါသည်၊၊


တစ်ခေတ်တခါက မြန်မာနိုင်ငံတွင် သူဌေးကြီး “ဆာဦးသွင်နှင့်၊ ဗြိတိသျှ-ဗားမား ဦးညွန့်”ဟူ၍ နိုင်ငံ တော်မှပင် ငွေချေးရလောက်အောင်ချမ်းသာကြွယ်ဝသည့် သူဌေးကြီးနှစ်ဦး ရှိခဲ့ဖူးပါသည်၊၊ သူဌေးကြီး နှစ်ဦးထဲမှတစ်ယောက်သည် သူ၏မျိုးဆက်ကို ပညာအမွေမပေးနိုင်ခဲ့ပေ၊၊


သူ၏မြစ်များလက်ထက်သို့ရောက်သောအခါ အဘိုးအဘွားများပိုင်ခဲ့သည့် ဧရာမတိုက်နှင့်ခြံကို အခြား သူထံအပ်နှံခဲ့ရပြီး၊ အလုပ်သမားတန်းလျားတွင် အစေခံဘ၀ဖြင့်နေနေရသည်ကို စာရေးသူ၏အရင်း နှီးဆုံးသူငယ်ချင်းကိုယ်တိုင် သွားရောက်လေ့လာခဲ့သဖြင့် သိခဲ့ရပါသည်၊၊


“သူဌေးကြီး၏မျိုးဆက်များသည် လူလိမ်ခံရသောကြောင့် ယ္ခုကဲ့သို့ဆင်းရဲသွားကြရသည်”ဟု အချို့က ပြောဆိုကြသော်လည်း ပညာအမွေမရလိုက်သောကြောင့် ဘိုးဘွားအမွေကို မစံစားရခြင်းဖြစ်ကြောင်း ကိုမည်သူမှ မပြောကြချေ၊၊


တစ်ကိုယ်ရေ ဆင်းရဲခြင်း၊ မိသားစုဆင်းရဲခြင်း၊ ကျေးရွာဆင်းရဲခြင်း၊ မြို့နယ်ဆင်းရဲခြင်း၊ တိုင်းပြည် ဆင်းရဲခြင်းများမှာ “အရင်းစစ်လျင် အမြစ်မြေမှ”ဆိုသကဲ့သို့ ပညာမတတ်ခြင်းကြောင့် ဖြစ်ကြောင်းကို ရဲရဲဝံ့ဝံ့ဝန်ခံကြရန် လိုအပ်ပါသည်၊၊


“ဒေသတစ်ခုတွင် ပညာရှိတစ်ယောက်ရှိလျင်ပင်၊ ထိုဒေသ ချမ်းသာကြွယ်ဝနိုင်ကြောင်း”ကို ဓမ္မပဒ ကျမ်းတွင်ဖော်ပြထားပြီး၊ အခြားသော ပညာရှိများစွာကလည်း ထောက်ခံ၍နည်းတူပင် ပြောဆိုရေး သားကြပါသည်၊၊


မြန်မာနောက်ဆုံးမင်းနှင့်၊ သီရိလင်္ကာ နောက်ဆုံးမင်းအကြောင်းကို လေ့လာကြည့်သောအခါ တူညီ သည့်အချက်ကို တွေ့ရပါသည်၊ ပညာမတတ်တာခြင်း ဖြစ်ပါသည်၊၊ ပညာမတတ်သောကြောင့်ပင် အမတ်များကို အားကိုးခဲ့ရပြီး၊ နောက်ဆုံးတွင် သူ့ကျွန်ဘ၀သို့နှစ်နိုင်ငံစလုံး ကျရောက်ခဲ့ကြရပါတော့ သည်၊၊


ပို၍ဆိုးသည်မှာ ပညာမတတ်သောမိဘများဖြစ်သည့် နန်းကျဘုရင်များသည် သားတော် သ္မီးတော်များ ကိုလည်း မည်သို့မည်ပုံသင်ပြရမှန်းမသိခဲ့ကြသောကြောင့် မြန်မာ့ထီးသွေး နန်းသွေးများသည် အိန္ဒိယ ကုလား၊ မုတ်ဆိပ်ကြီးများနှင့် အကြောင်းပါခဲ့ကြရပါတော့သည်၊၊


ဇာတ်နာစေရန်ရည်ရွယ်၍ သည်မျှအထိရေးသားသည် မဟုတ်ပါ၊ ပညာသည် လူ့ဘ၀ လူ့အဖွဲ့အစည်း အတွက် မည်မျှအရေးပါသည်ကိုသတိပြုကြစေရန် ထင်ရှားသည့်သာဓကများကို ဖော်ပြရခြင်းမျှသာ ဖြစ်ပါသည်၊၊


ယနေ့ခေတ် မြန်မာနိုင်ငံတော်ကြီးသည် ပြုပြင်တည်ဆောက်မှုကို အကြီးမားဆုံးပြုနေသည့် အချိန်ဖြစ် ပါသည်၊၊ အမိမြန်မာနိုင်ငံသူ/ မြန်မာနိုင်ငံသားတို့ ပညာတတ်ကြလျင် ပြုပြင်တည်ဆောက်မှု အောင် မြင်နိုင်ပြီး၊ ပညာမဲ့သည့်အလျောက် လူမိုက်တို့လမ်းကြောင်းကို လျောက်ကြလျင်မူ ဧကန်မုချ “ရေနက် နစ်ကြမည်” ဖြစ်ပါသည်၊၊


မြန်မာစကားပုံတွင် “ရေတိမ် နစ်သည်”ဟူ၍သာ အဆိုရှိပြီး၊ “ရေနက် နစ်သည်”ဟု အဆိုမရှိပါ၊၊ အမှန် စင်စစ် ရေတိမ်တွင်ပင် နစ်နိုင်သေးလျင်၊ ရေနက်တွင် ဆိုဖွယ်ရာမရှိတော့သောကြောင့် ဆိုရိုးမပြုခဲ့ကြ ခြင်း ဖြစ်နိုင်ပါသည်၊၊ 


ပညာမတတ်လျင် လူ့ဘ၀တွင် ရေနက်နက်တွင်နစ်သကဲ့သို့ ဆင်းရဲတွင်းနစ်ပြီး၊ ဘ၀မြုပ်ကွယ်သွား ကြမည်ဖြစ်ကြောင်းကို အထူးသတိပြု မှတ်သားကြရန်လိုပါသည်၊၊ စာရေးသူ၏ဘ၀တွင် ရေနက်တွင် နစ်လုနီးနီး အချိန်တစ်ခုရှိခဲ့ဖူးပါသည်၊၊


ထိုအချိန်က အားမာန်များဖြစ်ပေါ်လာရန် တွင်းအားပေးခဲ့သည့်ကဗျာလေးတစ်ပုဒ်ကို တင်ပြလျက်စာ တမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊


“သမိုင်းရုပ်တု ကဗျာ”

လူတိုင်းလူတိုင်း
သမိုင်းရုပ်တု၊ ကိုယ်တိုင်ထုသည့်
ပန်းပုဆရာများချည်းသာ၊၊

လူတိုင်းလူတိုင်း
သမိုင်းရုပ်တု၊ ကိုယ်တိုင်ထုမှ၊
သမိုင်းရုပ်လုံး၊ ကိုယ်တိုင်မှုန်းမှ၊
သမိုင်းရုပ်ကြွ၊ ကိုယ်တိုင်သမှ၊၊

ကိုယ့်သမိုင်းရုပ်၊ ကိုယ်မလုပ်ဘဲ၊
မျက်နှာလွှဲထား၊ သူတစ်ပါးကို၊ ငှား၍မရ၊၊               ၊၊


                                               (အမည်မသိ စာရေးဆရာ)




(မှတ်ချက်/ 26/07/2014-နေ့တွင်ကျရောက်မည့် စာရေးသူ၏မွေးနေ့ အထူးဆောင်းပါးအဖြစ် ယ္ခု စာတမ်းကို ရေးသားတင်ပြလိုက်ရပါသည်၊၊)





                                                                       အရှင်ကေ၀လ(အလင်းစက်)
                                                                             M.Phil (Thesis)
                                                                        {မဟာဝိဇ္ဇာ၊ သီရိလင်္ကာ}
                                                                    www.ko-thitsar.blogspot.com

အပြည့်အစုံသို့....

Monday, May 12, 2014

“သီရိလင်္ကာဘုရားဖူး မှတ်တမ်း”



“သီရိလင်္ကာဘုရားဖူး မှတ်တမ်း”

(ဦးမြင့်လွင်+ဒေါ်ခင်ခင်မေ)


+…………………+…………………+……………………+………………………+………………………+


“(5)ရက် ဘုရားဖူးခရီး အစီအစဉ်”


(4/5/2014) နေ့ (12)နာရီ ကိုလံဘိုမှ စတင်ထွက်ခွါ၊ အနုရာဓပူရဟော်တယ်တွင် ညအိပ်ရန်၊၊

(5/5/2014) မဟိံတလေနှင့်၊ အနုရာဓပူရလှည့်လည်ပြီး အနုရာဓဟော်တယ်တွင်ညအိပ်ရန်၊၊

(6/5/2014) နံနက်၊ အာဝုကန၊ ပေါလွန္နရုဝ၊ စိဂီရိယ၊ မဟိယင်္ဂဏ လှည့်လည် ကန္ဒီညအိပ်ရန်၊၊

(7/5/2014) ကန္ဒီစွယ်တော်၊ မာတလေ၊ စရိပါဒ လှည့်လည်၊ စရီပါဒတွင် ညအိပ်ရန်၊၊

(8/5/2014) ကိုလံဘိုမြို့ <ကာလုတ္တရစေတီ၊ ဂင်္ဂါရာမ၊ ဈေးသွား၊ စာအုပ်ဆိုင်၊ ကလျာဏီ၊ 


+…………………+…………………+……………………+………………………+………………………+






ရတနာမြတ်သုံးပါးနှင့် မိဘနှစ်ပါး၏ဂုဏ်ကျေးဇူးအနန္တကို ဦးထိပ်ထား၍ သီရိလင်္ကာဘုရားဖူး ခရီးစဉ်မှတ်တမ်းကို ရေးသားလိုက်ရပါသည်၊၊ 



သီရိလင်္ကာနိုင်ငံသည် လက်ရှိလူဦးရေ(25)သန်းဝန်းကျင်ရှိပြီး၊ အရှေ့မှအနောက် (225)ကီလိုမီတာ နှင့်၊ တောင်နှင့်မြောက်(436)ကီလိုမီတာကျယ်ဝန်းသည့် ကျွန်းနိုင်ငံငယ်လေးမျှသာ ဖြစ်ပါသည်၊၊ အ- ရှေ့တောင်အစွန် အိန္ဒိယ-သမုဒ္ဒရာထဲတွင် တည်ရှိပါသည်၊၊ 


မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည့်နေ့တွင် အိန္ဒိယနိုင်ငံတောင်ပိုင်းမှ “၀ိဇယမင်းသား”သည် စစ် ရှုံး၍ထွက်ပြေးလာရာမှ သီရိလင်္ကာကျွန်းသို့ရောက်လာပြီး စစ်တပ်စခန်းချနေထိုင်ရာမှ နိုင်ငံတစ်ခုဖြစ် လာခဲ့ကြောင်း သမိုင်းကျမ်းများတွင် ဖော်ပြထားပါသည်၊၊ 


လက်ရှိ သီရိလင်္ကာနိုင်ငံသည် စီးပွားရေးဖွင့်ဖြိုးမှုရစေရန် အင်အားနှင့်ကြိုးစားနေသည့်နိုင်ငံဖြစ်ပြီး၊ လ္ဘက်ခြောက်နှင့်၊ ရာဘာလုပ်ငန်းသည် သီရိလင်္ကာ၏အဓိက စီးပွားရေးလုပ်ငန်းဖြစ်ပါသည်၊၊ နွေနှင့် မိုးဟု ဥတုနှစ်မျိုးသားရှိပြီး၊ ရာသီဥတုမျှတသည့်နိုင်ငံ ဖြစ်ပါသည်၊၊ 


ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ပြီး၊ ဟိန္ဒူဘာသာ၊ ခရစ်ယန်ဘာသာနှင့် မွတ်စလင်ဘာသာတို့ကိုလည်း ကိုးကွယ်ကြပါသည်၊၊ “သီဟဠလူမျိုး”နှင့် “တမီးလ်လူမျိုး”ဟု ဒေသခံလူမျိုးစုနှစ်မျိုးတို့နေထိုင်ပြီး၊ ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံ ဖြစ်ပါသည်၊၊ 


လမ်းပမ်းဆက်သွယ်ရေး အလွန်ကောင်းပြီး၊ ဖုံး၊ အင်တာနက်၊ လျပ်စစ်မီးလည်း လုံလောက်စွာ ပြည်သူ သို့ထောက်ပံ့နိုင်သည့်နိုင်ငံ ဖြစ်ပါသည်၊၊ ပညာရေးဘက်တွင်လည်း မြန်မာနိုင်ငံမှ ဆရာဝန်ဘွဲ့ရပြီးသူ များပင် လာရောက်၍၊ တဖန်ဘွဲ့ထပ်ယူလေ့ရှိကြပြီး၊ ပညာရေး သင့်မြတ်သည့်နိုင်ငံဟု ဆိုနိုင်ပါသည်၊၊


“အနော်ရထာမင်း”လက်ထက်မှစပြီး မြန်မာနိုင်ငံနှင့် သာသနာရေး၊ စစ်ရေးအဆက်အသွယ်ကောင်း ခဲ့ပြီး၊ မင်းသ္မီးအချို့ကိုပင် မြန်မာမင်းများထံသို့ ဆက်သဖူးသည့်နိုင်ငံဖြစ်ပါသည်၊၊ သာသနာတော်ဆိုင်- ရာအကူအညီအပြန်အလှန်ရယူလေ့ရှိပြီး၊ လက်ရှိသမ္မတခေတ်အထိ ဆက်ဆံရေးပြေလည်သည့်နိုင်ငံ ဖြစ်ပါသည်၊၊


“ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို”နိုင်ငံဟု ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်သည့် နိုင်ငံငါးခုရှိရာတွင် သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓစာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအမြင့်မားဆုံးနိုင်ငံ ဖြစ် ပါသည်၊၊ 


သည်၍သည်မျှ ဗုဒ္ဓဘာသာနှင့် စာပေ၊ ယဉ်ကျေးမှုမြင့်မားသည့် သီရိလင်္ကာနိုင်ငံသို့ ဗုဒ္ဓဘာသာကို ကိုး ကွယ်ဆည်းကပ်သည့် လူတိုင်းလူတိုင်းလာရောက်လေ့လာသင့်သည်ဟု အရှင် ထင်မိပါသည်၊၊ ဘုရား ဖူးလာကြမည့်သူများအတွက် အကျိုးဖြစ်နိုင်သည့် အရှင်ကိုယ်တိုင် လိုက်ပို့ကူညီခဲ့သော ဘုရားဖူးခရီး တစ်ခုအကြောင်းကို အသေးစိတ်ရေးသား တင်ပြလိုက်ရပါသည်၊၊


သီရိလင်္ကာနိုင်ငံသည် လက်ရှိလူဦးရေ(25)သန်းဝန်းကျင်ရှိပြီး၊ အရှေ့မှအနောက် (225)ကီလိုမီတာနှင့်၊ တောင်နှင့်မြောက်(436)ကီလိုမီတာကျယ်ဝန်းသည့် ကျွန်းနိုင်ငံငယ်လေးမျှသာ ဖြစ်ပါသည်၊၊ အရှေ့တောင်အစွန် အိန္ဒိယသမုဒြာထဲတွင် တည်ရှိပါသည်၊၊


မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည့်နေ့တွင် အိန္ဒိယနိုင်ငံတောင်ပိုင်းမှ “၀ိဇယမင်းသား”သည် စစ် ရှုံး၍ထွက်ပြေးလာရာမှ သီရိလင်္ကာကျွန်းသို့ရောက်လာပြီး စစ်တပ်စခန်းချနေထိုင်ရာမှ နိုင်ငံတစ်ခုဖြစ် လာခဲ့ကြောင်း သမိုင်းကျမ်းများတွင် ဖော်ပြထားပါသည်၊၊

လက်ရှိ သီရိလင်္ကာနိုင်ငံသည် စီးပွားရေးဖွင့်ဖြိုးမှုရစေရန် အင်အားနှင့်ကြိုးစားနေသည့်နိုင်ငံဖြစ်ပြီး၊ လ္ဘက်ခြောက်နှင့်၊ ရာဘာလုပ်ငန်းသည် သီရိလင်္ကာ၏အဓိက စီးပွားရေးလုပ်ငန်းဖြစ်ပါသည်၊၊ နွေနှင့် မိုးဟု ဥတုနှစ်မျိုးသားရှိပြီး၊ ရာသီဥတုမျှတသည့်နိုင်ငံ ဖြစ်ပါသည်၊၊


ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ပြီး၊ ဟိန္ဒူဘာသာ၊ ခရစ်ယန်ဘာသာနှင့် မွတ်စလင်ဘာသာတို့ကိုလည်း ကိုးကွယ်ကြပါသည်၊၊ “စီဟဠလူမျိုး”နှင့် “တမီးလ်လူမျိုး”ဟု ဒေသခံလူမျိုးစုနှစ်မျိုးတို့နေထိုင်ပြီး၊ ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံ ဖြစ်ပါသည်၊၊


လမ်းပမ်းဆက်သွယ်ရေး အလွန်ကောင်းပြီး၊ ဖုံး၊ အင်တာနက်၊ လျပ်စစ်မီးလည်းလုံလောက်စွာ ပြည်သူ သို့ထောက်ပံ့နိုင်သည့်နိုင်ငံ ဖြစ်ပါသည်၊၊ ပညာရေးဘက်တွင်လည်း မြန်မာနိုင်ငံမှ ဆရာဝန်ဘွဲ့ရပြီးသူ များပင် လာရောက်၍၊ တဖန်ဘွဲ့ထပ်ယူလေ့ရှိကြပြီး၊ ပညာရေး သင့်မြတ်သည့်နိုင်ငံဟု ဆိုနိုင်ပါသည်၊၊


“အနော်ရထာမင်း”လက်ထက်မှစပြီး မြန်မာနိုင်ငံနှင့် သာသနာရေး၊ စစ်ရေးအဆက်အသွယ်ကောင်းခဲ့ပြီး၊ မင်းသ္မီးအချို့ကိုပင် မြန်မာမင်းများထံသို့ ဆက်သဖူးသည့်နိုင်ငံဖြစ်ပါသည်၊၊ သာသနာတော်ဆိုင်- ရာအကူအညီအပြန်အလှန်ရယူလေ့ရှိပြီး၊ လက်ရှိသမ္မတခေတ်အထိ ဆက်ဆံရေးပြေလည်သည့်နိုင်ငံ ဖြစ်ပါသည်၊၊


“ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို”နိုင်ငံဟု ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ်သည့် နိုင်ငံငါးခုရှိရာတွင် သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓစာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအမြင့်မားဆုံးနိုင်ငံ ဖြစ်ပါသည်၊၊ 


သည်၍သည်မျှ ဗုဒ္ဓဘာသာနှင့် စာပေ၊ ယဉ်ကျေးမှုမြင့်မားသည့် သီရိလင်္ကာနိုင်ငံသို့ ဗုဒ္ဓဘာသာကို ကိုး ကွယ်ဆည်းကပ်သည့် လူတိုင်းလူတိုင်းလာရောက်လေ့လာသင့်သည်ဟု အရှင် ထင်မိပါသည်၊၊ ဘုရား ဖူးလာကြမည့်သူများအတွက် အကျိုးဖြစ်နိုင်သည့် အရှင်ကိုယ်တိုင် လိုက်ပို့ကူညီခဲ့သော ဘုရားဖူးခရီး တစ်ခုအကြောင်းကို အသေးစိတ်ရေးသား တင်ပြလိုက်ရပါသည်၊၊


4/5/2014-နေ့၊ နံနက်(12:50 am) လေယာဉ်ဖြင့် သြစတြေးလျနိုင်ငံမှ ဦးမြင့်လွင်နှင့်၊ ဇနီး-ဒေါ်ခင် ခင်မေတို့ သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးလာမည်ဖြစ်ကြောင်းကို အဖွားဒေါ်သီတာဆွေ ဆက်သွယ်မှုဖြင့် ခရီးစဉ်ကူညီပို့ဆောင်ပေးရန် တာဝန်ယူခဲ့သည်၊၊

အသက်(65)အဘိုးအဘွားတစ်စုံကို ဘုရားဖူးပို့ပေးရမည်ဖြစ်သောကြောင့် စိတ်ထဲအတော်အတန်ပင် ၀န်လေးနေခဲ့မိသည်၊၊ သီရိလင်္ကာနိုင်ငံသည် ကျောက်တောင်များပေါ်တွင် နန်းတော်ကြီးများ၊ ဘုရား စေတီများ၊ ဆင်းတုတော်ကြီးများနှင့်၊ လေ့လာဖွယ်ရာများကို တည်ဆောက်ထားသောကြောင့် လမ်း ခရီးတွင် ကျန်းမာရေးတစ်စုံတရာဖြစ်ခဲ့လျင် ပြဿနာကြီးထွားနိုင်သည်ကို တွေးတောပူပင်နေခဲ့မိသည်၊၊


ဤသို့ပူပင်စိတ်ကိုဖြစ်ပေါ်စေခဲ့သည်မှာ အဘွားဒေါ်သီတာဆွေပို့ပေးထားသည့် “ဦးမြင့်လွင်နှင့် ဒေါ်ခင် ခင်မေ”တို့ ဓာတ်ပုံကြောင့်ဖြစ်သည်၊ ဓာတ်ပုံထဲတွင် အတော်လေးအိုစာနေသည့် ဖိုးကြီးအိုဇနီးမောင်နှံ ပုံဖြစ်နေသောကြောင့် ဖြစ်ပါသည်၊၊

သို့သော် လေဆိပ်တွင်စောင့်ဆိုင်းနေစဉ် တရုပ်လူမျိုးများအကြားမှ “ဘုန်းဘုန်းတပည့်တော်-ကိုမြင့် လွင်နဲ့ မခင်ခင်မေပါဘုရား”ဟု ဇနီးမောင်နှံနှစ်ဦးကိုတွေ့လိုက်ရသောအခါ (65)ဘိုးဖွားတွေဖြစ်ပေမယ့် လူငယများထက်ပိုမိုဇွဲကောင်းနိုင်ပြီး၊ သန်မာကြံ့ခိုင်သေးသူများဖြစ်ကြောင်းကို သုံးသပ်လိုက်မိတော့သည်၊၊

ဦးမြင့်လွင်တို့ မလာရောက်မှီကပင် (5)ရက်ခရီးစဉ်အတွက် မြန်မာ-Driver ကိုဝင်းမြင့်အား ကြိုတင်ငှား ထားလိုက်သည်၊၊ ခရီးစဉ်အတွက် အသေးစိတ်သွားလာရန်နေရာများကိုလည်း ကားသမားနှင့်ကြိုတင် ဆွေးနွေးထားခဲ့ပါသည်၊၊ 

(3/5/2014)နေ့တွင် သြဇီမှလာခဲ့ကြသောကြောင့် စင်္ကာပူမှတဆင့်, သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုနိုင်ငံ တကာလေဆိပ်သို့ (4/5/2014)နံနက်စောစော (12)နာရီခွဲခန့်တွင် လေယာဉ်ဆိုက်ရောက်မည် ဖြစ်ပါ သည်၊၊

ဦးမြင့်လွင်နှင့် ဒေါ်ခင်ခင်မေတို့အား ရောက်သည့်နံနက်တွင် Colombo City Hotel-တွင် နံ- နက်(10)နာရီအထိတည်းခိုစေပြီး၊ “မကုဋာရာမမြန်မာကျောင်းတိုက်”ကြီးသို့လာစေရန် ကားသမားကို ကြိုစေလိုက်ပါသည်၊၊

(4/5/2014)နေ့တွင် သီရိလင်္ကာနိုင်ငံမှ တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူနေကြသည့် မြန်မာ-သံဃာတော်များအားလုံးအား ဦးမြင့်လွင်+ဒေါ်ခင်ခင်မေနှင့်သ္မီးနှစ်ဦး-မိသားစုတို့မှ နေ့ဆွမ်းဆက် ကပ်လှူဒါန်းကြမည်ဖြစ်ပြီး၊ နေ့လ(12)နာရီတွင် ဘုရားဖူးခရီးစဉ်ကို စတင်ခဲ့ပါသည်၊၊ 

သီရိလင်္ကာနိုင်ငံ၊ တက္ကသိုလ်အသီးသီးတွင်ပညာသင်ယူနေသည့် မြန်မာသံဃာတော်ပေါင်း (320)ခန့်ရှိပြီး၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်မှုအတွက် USA dollar (450)ကုန်ကျပါသည်၊၊ မကုဋာရာ မမြန်မာကျောင်းတိုက်ကြီး၏ အလှည့်ကျနာယကဆရာတော်မှ ၀မ်းမြောက်သ၀ဏ်လွှာကို အလှူရှင် မိသားစုသို့ ပေးအပ်ခဲ့ပါသည်၊၊

နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ သံဃာတော်များစုံစုံညီညီကြွရောက်ကြသည့်အပြင်၊ မြန်မာသံရုံးမိသား စုများနှင့်၊ “ဒါနသီရိလင်္ကာအသင်း”မှ ဒေါ်သက်သက်နွယ်နှင့်၊ ဒေါ်တင်တင်မြင့်တို့လည်း ရောက်ရှိနေ ကြသောကြောင့် မြန်မာလူမျိုးမရှိဘဲသံဃာတော်များ ကိုယ်တိုင်ချက်ပြုပ်စားသောက်ရသည့် ကျောင်း- တိုက်ကြီးတွင်အထူးစည်ကားနေသည်ကို တွေ့ရပါသည်၊၊

သံဃာတော်များနှင့် ရောက်ရှိနေကြသည့်ဧည့်သည်များကို နေ့ဆွမ်းဆက်ကပ်၊ ကျွေးမွေးလှူဒါန်းအပြီး၊ နေ့(12)နာရီတွင် မကုဋာရာမမြန်မာကျောင်းတိုက်၊ ကိုလံဘိုမြို့တော်မှစတင်ပြီး ဘုရားဖူးခရီးစဉ်စတင် ခဲ့ပါတော့သည်၊၊
အနုရာဓပူရမြို့သို့ အသွားလမ်းဘေးတွင် “ကုရုနေဂလမြို့”မှ တောင်ထိပ်တွင်တည်ထားသည်“ကုရုနေ ဂလဆင်းတုတော်”ကြီးကို လမ်းဘေးမှပင်ကားရပ်၍ ဖူးမြှော်ခဲ့ကြပါသည်၊၊

"ဓမ္ဘူလတောင်"

               “ဓမ္ဘူလတောင်”သို့ ညနေ(4)နာရီခွဲခန့်တွင် ရောက်ရှိပါသည်၊၊ ဓမ္ဘူလမြို့သည် သီရိလင်္ကာနိုင်ငံ၏ အလည်တည့်တည်တွင်တည်ရှိပြီး၊ လက်ရှိအချိန်တွင် ကျောက်တောင်များထူထပ်သည့် မြို့တော်ငယ် လေးဖြစ်သော်လည်း၊(BC-1)ရာစုခန့်ကသီရိလင်္ကာနိုင်ငံ၏မြို့တော်ကြီး ဖြစ်ခဲ့ဖူးပါသည်၊၊ 

“၀ဂါမဏိမင်း”ကြီးသည် ‘တမီလ်ကျားသူပုန်’များ၏တိုက်ခိုက်မှုကြောင့် နန်းစွန့်ပြီးတောအတွင်း ထွက် ပြေးတိန်းရှောင်နေရစဉ် ဓမ္ဘူလကျောင်တောင်များအကြားတွင် ဖြစ်သလိုတောရကျောင်းငယ်လေး များဖြင့် တရားအားထုတ်နေကြသည့် သံဃာတော်များမှ မင်းကြီးကိုစောင့်ရှောက်ပေးထားပြီး၊ သံဃာ တော်များ၏ ကူညီစောင့်ရှောက်မှုဖြင့်ပင် ‘အနုရာဓပူရနန်းတော်’ကြီးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါ သည်၊၊

သံဃာတော်များအား ကျေးဇူးတဖန်ပြန်လည်ဆတ်သည့်အနေဖြင့် “မင်းကြီး”သည် ဓမ္ဘူလကျောက် တောင်ကြီး၏အောက်ခြေတွင် ကျောက်လှိုဏ်ဂူကျောင်းတော်ကြီး(5)ဆောင် ဆောက်လုပ်လှူဒါန်းခဲ့ ပါသည်၊၊

ဧရာမကြီးမားမြင့်မတ်သည့် ကျောက်တောင်ကြီး၏အခြေမှ အတွင်းတွင်ပေ(40)ခန့်ကျယ်ဝန်းသည့် လှိုဏ်ခေါင်းကျောင်းတော်များ တည်ဆောက်ထားသည်မှာ ရှေးနှစ်ပေါင်းများစွာကပင် သီရိလင်္ကာလူ မျိုးများမည်မျှအထိကျောက်ဆစ်ပညာကျွမ်းကျင်သည်ကို ပြသရာရောက်ပါသည်၊၊

ကျောက်လှိုဏ်များတူးစဉ် အလည်တည့်တည့်တွင် ကျောက်သားများချန်လှပ်ထားပြီး၊ ထိုကျောက် သားများကို ထိုင်တော်မူနှင့်၊ လျောင်းတော်မူဆင်းတုတော်ကြီးများ ထွင်းထုထားသည်မှာလည်း အံ့မ ခမ်းကျောက်ဆစ်ပညာကို ပြသရာရောက်နေပါတော့သည်၊၊

ခရစ်ယန်ဘာသာမပေါ်မှီ နှစ်(100)က တည်ဆောက်ထားသောကြောင့် ဓမ္ဘူလကျောက်သားကျောင်း တော်(5)လုံးနှင့် ဆင်းတုတော်ကြီးများမှာ နှစ်ပေါင်း(2500)ကျော်ခဲ့ပြီ ဖြစ်ပါသည်၊၊ ကျောက်တောင်ပေါ်သို့ ခြေလျင်ခရီး(1)နာရီခန့်တက်ရပြီး၊ ၀င်ကြေးသီရိလင်္ကာရူပီး(1500)ပေးရပါသည်၊၊

ဓမ္ဘူလကျောက်တောင်နှင့် ရှေးဟောင်းဆင်းတုတော်များကို လေ့လာဖူးမျှော်အပြီး၊ အနုရာဓပူရမြို့ တော်သို့ ခရီးဆက်ခဲ့ပါသည်၊၊ ည(7)နာရီခွဲခန့်တွင် Ceylon Hudge Hotel, အနုရာဓပူရမြို့သို့ဆိုက် ရောက်တည်းခို ညအိပ်ခဲ့ပါသည်၊၊

(4/5/2014)နံနက် (7)နာရီတွင်ဟော်တယ်မှ ကျွေးမွေးသည့်နံနက်စာ စားသုံးပြီး၊ “မဟိံတလေတာင်” သို့သွားခဲ့ပါသည်၊၊ မဟိံတလေတောင်သည် သီရိလင်္ကာနိုင်ငံနှင့်လူမျိုးတို့အတွက် အရေးအ ပါဆုံးနေရာ ဖြစ်ပါသည်၊၊ အနုရာဓပူရမြို့မှ (1)နာရီခန့် ကားမောင်းရပါသည်၊၊




လူရိုင်းဆန်ဆန်အဆင့်မျှသာရှိပြီး၊ ဟိန္ဒူဘာသာနှင့် နတ်အမျိုးမျိုးကိုးကွယ်နေကြသည့် သီရိလင်္ကာကျွန်းသို့ အိန္ဒိယနိုင်ငံမှ “အရှင်မဟာမဟိန္ဒ” ကြွရောက်လာပြီး၊ “ဒေ၀ါနံပီယတိဿမင်း”နှင့် မဟိံတ လေတောင်ပေါ်တွင်တွေ့ပြီး၊ အရှင်ဟာမဟိန္ဒ၏တရားတော်ကိုနာယူပြီး ဒေ၀ါနံပီယတိဿမင်းင်္ကြးနှင့် ပြည်သူများအားလုံး ဗုဒ္ဓဘာသာကိုယုံကြည်လက်ခံကြခဲ့ပါသည်၊၊

ထိုအချိန်မှစတင်ပြီး သီရိလင်္ကာကျွန်းသည် ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်ခဲ့ပါသည်၊၊ (BC-3)ရာစု၊ တတိယ သံင်္ဂါယနာပွဲကြီး၏ဆုံးဖြတ်ချက်၊ ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအစီအစဉ်ဖြင့် အရှင်မဟာမဟိန္ဒသည် သီရိလင်္ကာကျွန်းသို့ ကြွရောက်ခဲ့သည်ဖြစ်သောကြောင့် နှစ်ပေါင်း(2900)ခန့်က ဖြစ်ပါသည်၊၊

မဟိံတလေကျောက်တောင်သည် မဟိံတလေမြို့တွင်တည်ရှိပြီး၊ ကျောက်တောင်ပေါ်တွင် လေ့လာ ရန်နေရာလေးခုရှိပါသည်၊၊ 

(1) သုမနတောင်ထွဋ်
(2) အရှင်မဟာမဟိန္ဒ သမာပတ်ဝင်စားသည့်ကျောက်လှိုဏ်ဂူ
(3) အမ္ဗလတ္ထိက စေတီ
(4) သေလစေတီ
(5) ဆင်းတုတော်ကြီး၊

ရှေးယခင်က သီရိလင်္ကာနိုင်ငံကို တမ္ဗပဏ္ဏိကျွန်း၊ လင်္ကာဒီပကျွန်း၊ ယက္ခဒီပကျွန်း၊ နာဂဒီပကျွန်း၊ စသည်အားဖြင့် နာမည်များခေါ်တွင်ခဲ့ပါသည်၊၊ အရှင်မဟာမဟိန္ဒနှင့်အတူ တူအရင်းတော်စပ်သည့် “သုမနကိုရင်” အတူပါလာခဲ့ပါသည်၊၊

ကိုရင်သုမနသည် ဦးရီးတော် အရှင်မဟာမဟိန္ဒ တရားဟောတော်မူမည့်အချိန်သို့ရောက်လျင် အလွန် မြင့်မတ်သည့် ကျောက်တောင်အထွဋ်ပေါ်သို့တက်ပြီး၊ တရားတော်လာရောက်နာယူကြရန် လူအများ နှင့် နတ်ဒေ၀တာများကိုဖိတ်ခေါ်သည့်တောင်ကို “သုမနကူဋတောင်”ဟု ခေါ်ပါသည်၊၊




တက်ရသည်မှာ အလွန်ထိတ်လန့်ဖွယ်ရာကောင်းပါသည်၊၊ တောင်အပေါ်ဆုံးမှ ပတ်ဝန်းကျင်ရှုခင်းများ ကိုကြည့်ရသည်မှာ မဟိံတလေတောတောင်ပတ်ဝန်းကျင်တစ်ခုလုံးကို ပန်းချီကားတစ်ချပ်အဖြစ် မြင်- ရသည့်အလား အလွန်လှပနေပါတော့သည်၊၊

အရှင်မဟာမဟိန္ဒသည် ရဟန္တာဖြစ်ပြီးသည့် မထေရ်တစ်ပါးဖြစ်ပါသည်၊၊ အရှင်မြတ်၏ ဈာန်ဝင်စားရာ၊ သမာပတ်ဝင်စားရာ၊ တရားအားထုတ်ရာနေကို အရှင်မဟာမဟိန္ဒကျောက်ဂူဟု ခေါ်ပါသည်၊၊ 


မဟိံတ လေတောင်၏ အနောက်ဘက်ချမ်းအောက်ခြေသို့ နာရီဝတ်ခန့်ခြေလျင်သွားရပြီး၊ အထက်နှင့်အောက် ခြေတွင် ချွန်နေသည့်ဧရာမကျောက်တုံးကြီး၏ အလည်တည့်တည့်သို့ သံလှေခါးငယ်လေးနှင့်တက်ပြီး ကြည့်ရပါသည်၊၊

မြန်မာနိုင်ငံတွင် ကျိုက်ထီးရိုးဘုရားအံ့သြဖွယ်ရာကောင်းသကဲ့သို့ “မဟိန္ဒဂူ”သည်လည်း အံ့သြဖွယ်ရာ ပင်ဖြစ်ပါသည်၊၊ မဟိံတလေတောင်၏ တောင်ဘက်အချမ်းတွင် မြောက်ဘက်သို့မျက်နှာမူထားသည့် ထိုင်တော်မူကျောက်ဆင်းတုတော်ကိုထွင်းထုထားပြီး၊ သီရိလင်္ကာတွင်ရှိသမျှဆင်းတုတော်ကြီးများအ ထဲတွင် အလှဆုံးခေတ်သစ်လက်ရာ ဖြစ်ပါသည်၊၊ တောင်ကုန်းပေါ်သို့ (15)မိနစ်ခန့်တက်ပြီး ဆင်းတု တော်ကြီးကို ဖူးရပါသည်၊၊

မဟိံတလေတောင်၏မြောက်ဘက်အချမ်း ကျောက်တောင်ပေါ်တွင် “သေလစေတီ”တော်ကို တည် ထားပါသည်၊၊ မြတ်စွာဘုရားရှင်၏ ဥဏှလုံမွေ့ရှင်တော်မြတ်ကိုဌာပနာထားသည့် စေတီတော်ဖြစ်ပြီး၊ အနည်းငယ်မတ်သည့်ကျောက်တောင်ပေါ်သို့ မိနစ်(၂၀)ခန့်တက်ပြီး ဖူးရပါသည်၊၊

“မဟိံတလေတောင်”၏ အလည်တည့်တည့်တွင် “အမ္ဗလတ္တိက=သရက်ကုံးစေတီတော်”ကို တွေ့ရပါ သည်၊၊ မြတ်စွာဘုရားရှင်၏ ဓာတ်တော်များနှင့်၊ အရှင်မဟာမဟိန္ဒ၏ဓာတ်တော်များကို ဌာပနာထား သည့်စေတီတော်ဖြစ်ပါသည်၊၊ စေတီတော်သည် အရှင်မဟာမဟိန္ဒနှင့် ဒေ၀ါနံပီယတိဿမင်းကြီးတို့စ တင်ပြီးတွေ့ဆုံရာနေရာဖြစ်သကဲ့သို့၊ အရှင်မဟာမဟိန္ဒ တရားဟောတော်မူသည့်နေရာတွင် တည် ဆောက်ထားပါသည်၊၊

မဟိံတလေတောင်၏ အောက်ခြေတွင် ရှေးဟောင်းကျောင်းတော်ရာ အုပ်မြစ်အုပ်ရိုးများ၊ စေတီတော် အပြိုအပျက်များနှင့်၊ ရှေးဟောင်းကျောက်စာအကြီးစားနှစ်ချပ်ကို လေ့လာနိုင်ပါသည်၊၊ 

မဟိံတလေ တောင်ပေါ်သို့ ကျောက်လှေကားအထစ်ပေါင်း(2000)ဖြင့် တက်ရပါသည်၊၊ ကျောက်လှေခါးသည် အ လွန်လှပြီး၊ တရုပ်စကားပန်းများဖြင့် နှစ်ဘက်ဝန်းရံထားပါသည်၊၊ 

မဟိံတလေတောင်ပေါ်တွင် လေ့လာသည်မှာ အချိန်(2)နာရီခန့်ကုန်ပါသည်၊၊ အနုရာဓပူရသို့ မဟိံတ လေတောင်မှပြန်လည်လာခဲ့ပြီး၊ မြို့နှစ်မြို့အကြားမှ လမ်းဘေးထမင်းဆိုင်တစ်ခုတွင် နေ့လည်စာစား သုံးခဲ့ပါသည်၊၊ 

အနုရာဓပူရမြို့သည် သီရိလင်္ကာနိုင်ငံ၏ ပထမဆုံးမင်းနေပြည်တော်ဆိုက်ရာ ရှေးဟောင်းအကျဆုံးမြို့ တော်ဖြစ်ပါသည်၊၊ (BCE-3)ရာစုက တည်ထောင်ခဲ့သည့် မြို့တော်ဖြစ်ပါသည်၊၊ နှစ်သက်တမ်း(2400) ခန့်ရှိခဲ့ပြီ ဖြစ်ပါသည်၊၊ 

 အနုရာဓပူရမြို့တော်ကို “ပဏ္ဍုကာဘယမင်း”မှ စတင်တည်ထောင်ခဲ့ပါသည်၊၊
“ပဏ္ဍုကာဘယမင်း”သည် သီဟိုဠ်ကျွန်း၏ ပဉ္စမမြောက်မင်းဆက် ဖြစ်ပါသည်၊၊ 

“အနုရာဓ”အမည်ရှိ သောအမတ်ကြီးနေသည့်နေသည့်ရွာမှ အနုရာဓပူရမြို့တော်ကြီး ဖြစ်လာခဲ့ပါသည်၊၊ 
 အမတ်ကြီး၏အ မည်ကိုပင်ယူ၍“အနုရာဓပူရမြို့”ဟု အမည်မှည့်ထားခြင်းဖြစ်ပါသည်၊၊

အနုရာပူရမြို့တော်တွင် ဘုရားဖူးများနှင့်၊ ရှေးဟောင်းအမွေအနှစ် လေ့လာသူများအတွက် နေရာများ စွာပင်ဖြစ်ပါသည်၊၊ (2)ရက်အပြည့်လေ့လာမှ အားလုံးစုံနိုင်ပါသည်၊၊ 

(1) မဟာဗောဓိပင်
(2) လောဟပါသာဏကြေးပြသာဒ်
(3) မဟာစေတီ
(4) ရေကန်ညီနောင်
(5) ထူပါရာမစေတီ
(6) သမာဓိရုပ်ပွားတော်
(7) ဇေတ၀နစေတီ
(8) အဘယဂိရိစေတီ
(9) အစ္စုရုမုနိယစေတီ
(10)           မရီစိဝတ္တိစေတီ

တတိယသင်္ဂါယနာ၏ ဆုံးဖြတ်ချက်ဖြင့် အရှင်မဟာမဟိန္ဒသည် သီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ)သို့ ကြွရောက်ပြီး သာသနာပြုခဲ့ပါသည်၊၊ အရှင်မဟိန္ဒ၏အားထုတ်မှုကြောင့် သီရိလင်္ကာတစ်နိုင်ငံလုံး ဗုဒ္ဓဘာသာဖြစ်ခဲ့ပြီး၊ အမျိုးသားအများအပြား ရဟန်းပြုခဲ့ကြပါသည်၊၊


အမျိုးသ္မီးများသည်လည်း သာသနာတော်အတွင်းသို့ဝင်ရောက်၍ ဘိက္ခုနီဝတ်ချင်ကြကြောင်း အရှင်မဟိန္ဒကို လျောက်တင်ကြ ပါသည်၊၊

အရှင်မဟိန္ဒသည် ညီမအရင်းတော်စပ်သည့် သင်္ဃမိတ္တာကိုခေါ်ခဲ့ပါသည်၊၊ သင်္ဃမိတ္တာထေရီမနှင့်အ တူ“ခမည်းတော်-သီရိဓမ္မာသောကမင်း”ကြီးသည် မြတ်စွာဘုရားရှင်ပွင့်တော်မူခဲ့သည့် မဟာဗောဓိပင် ကြီးမှတောင်ဘက်ကိုင်းကို ဆေးဖြင့်အစီအမံပြု၍ ဖြတ်ပေးလိုက်ပါသည်၊၊

သင်္ဃမိတ္တာထေရီမသည် ဗောဓိပင်အကိုင်းကိုဆောင်ယူလျက် သီရိလင်္ကာသို့ကြွလာခဲ့ပြီး၊ ဒေ၀ါနံပီယ- တိဿမင်းကြီး၏မရီးတော်စပ်သူ “အနုလာမင်းသမီး”ဦးဆောင်သော သီရိလင်္ကာအမျိုးသ္မီးအများအ ပြားကို ဘိက္ခုနီမအဖြစ် ၀တ်ပေးခဲ့ပါသည်၊၊


 ထေရီမသယ်ဆောင်လာသည့် မဟာဗောဓိပင်ကြီးမှ တောင်ဘက်ကိုင်းကို စိုက်ပျိုးထားသည့်မဟာဗောဓိပင်သည် ယနေ့တိုင်သီရိလင်္ကာနိုင်ငံတွင် အသက်ရှင်လျက် ရှိနေပါသည်၊၊
(အနုလာမင်းသမီးသည် ဒေ၀ါနံပီယတိဿမင်း၏ မိဗုရားငယ်တစ်ဦးလည်း ဖြစ်ပါသည်၊၊)

သီရိလင်္ကာနိုင်ငံတွင်ရှိသည့် မဟာဗောဓိပင်ကို သင်္ဃမိတ္တာထေရီမ သယ်ဆောင်လာသည့်ဗောဓိ ညောင်ပင်ဖြစ်သောကြောင့် “သင်္ဃမိတ္တာဗောဓိပင်”ဟုလည်း ခေါ်ကြပါသည်၊၊

 “သီရိမဟာဗောဓိပင်”ဟု လည်းခေါ်ကြပါသည်၊၊ သီဟိုဠ်လူမျိုးတို့သည် မဟာဗောဓိပင်ကို အသက်တမျှတန်ဖိုးထားကြပြီး၊ ဗောဓိ ပင်မှ အသီးများကိုစုစည်းပြီး တစ်နိုင်ငံလုံးအနှံ့ဗောဓိပင်များကို စိုက်ပျိုးထားကြပါသည်၊၊

မည်သည့်နေရာတွင်ရှိသည့် ဗောဓိပင်မှကိုခုပ်ခွင့်မရှိပေ၊ ဗောဓိပင်အကိုင်းကိုခုပ်လျင်ပင် နိုင်ငံတော်ဥပဒေဖြင့် ကြီးလေးသည့်ပြစ်ဒဏ်ကို ပေးပါသည်၊၊ 

“ကြေးပြသာဒ်”
လောဟပါသာဒကြေးပြသာဒ်ကြီးကို “ဒုဂါမဏိမင်း”ကြီးမှ ဆောက်လုပ်ခဲ့ပါသည်၊၊ ကျောက် တိုင်ပေါင်း(1600)ဖြင့် တည်ဆောက်ထားပြီး၊ တစ်ထပ်တွင်အခန်းပေါင်း (1000)ရှိပါသည်၊၊ တစ်ထပ် တွင် ပြတင်းပေါက်ပေါင်း(100)တပ်ထားပြီး၊ (9)ထပ်အမြင့်အဆောက်အဦးဖြစ်ပါသည်၊၊  

သာသနာတော်အတွက် စာပေရှုဒေါင့်တွင်အလွန်တရာအရေးပါသည့် အကထာကျမ်းများကို ကျမ်းရေးသူ “အရှင်မဟာဗုဒ္ဓဃောသမထေရ်”သည် လောဟပါသာဒပြသာဒ်ကြီးပေါ်တွင် ရေးသားခဲ့ကြောင်း ပါဠိစာပေသမိုင်းမှတ်တမ်းများတွင် ဖော်ပြထားပါသည်၊၊

ကြေးပြသာဒ်ကြီးကို သံဃာပေါင်း (3000)သီတင်းသုံးသည့် မဟာဝိဟာရကျောင်းတိုက်ကြီး၏ ဆွမ်း စားကျောင်းအဖြစ်၊ ဥပုသ်ကျောင်းအဖြစ်၊ သိမ်အဖြစ်အသုံးပြုခဲ့သည်ဟု မှတ်တမ်းတင်ထားသည်ကို လေ့လာရပါသည်၊၊

ဒုဂါမဏိမင်းကြီး၏ညီတော်“သဒ္ဓါတိဿမင်း”လက်ထက်တွင် ဆီမီးပူဇော်ထားသည့်ဆီမီးမှ မီးလောင် ကျွမ်းခဲ့သဖြင့် ယ္ခုအခါတွင်ပြသာဒ်ကြီးကို မှတ်တမ်းတစ်ခုအဖြစ်ဖြင့်သာလျင် တစ်ထပ်တည်းမူလ ကျောက်တိုင်များဖြင့် ပြန်လည်တည်ဆောက်ပြသထားသည်ကိုသာ လေ့လာရရှိနိုင်ပါတော့သည်၊၊


“မဟာစေတီ”

                  ဟာစေတီကြီးကို ဒုဂါမဏိမင်းကြီးမင်းကြီးမှ (BC-140)တွင် တည်ဆောက်ခဲ့ပါသည်၊၊ စေတီ တော်ကြီးသည် အလွန်လှပပြီး၊ UNESCO-၏အကူအညီဖြင့် မူလပုံစံအတိုင်းပြန် လည်ပြုပြင်ထား သည်ကို တွေ့နိုင်ပါသည်၊၊ 

မြတ်စွာဘုရားရှင်တည်ထောင်တော်မူသည့် သာသနာတော်သည် မည်သူတစ်ဦးတစ်ယောက်ကမှ ကိုး ကွယ်မှုမပြုကြတော့သည့်အချိန်တွင် မြတ်စွာဘုရားရှင်၏ဓာတ်တော်များအားလုံး မဟာစေတီတော် ကြီးတွင် စုပေါင်းရောက်ရှိလာကြမည်ဖြစ်ပြီး၊ မြတ်စွာဘုရားရှင်၏ ဓိာန်တော်မူခဲ့သည့်အတိုင်း “ဓာတု- ပရိနိဗ္ဗာန်”စံတော်မူကြမည် ဖြစ်ပါသည်၊၊

မဟာစေတီတော်ကြီးကို သီရိလင်္ကာဘာသာဖြင့် မဟာဝေလိစယဟု ခေါ်ပါသည်၊၊ (91)မီတာ အမြင့်ရှိပြီး၊ အချင်းမီတာ (90)ဖြစ်ပါသည်၊၊ စေတီတော်ကြီးပြီးခါနီးအချိန်တွင် ဒုဌဂါမဏိမင်းကြီးသည် ကျန်း မာရေးချွတ်ယွင်းလာသဖြင့် နန်းအမွေဆက်ခံသူ ညီတော်သဒ္ဓါတိဿမင်းမှ မပြီးသေးဘဲကျန်ရှိနေ သည့် စေတီတော်အထွက်ပိုင်းကို အ၀တ်ဖြူများဖြင့်စေတီတော်ကြီး ပြီးစီးနေသည့်ဟန် ပုံစံပြုပြီး နောင်တော်မင်းကြီးကို ဖူးမြှော်ကြည်ညိုစေပါသည်၊၊

ဒုဌဂါမဏိမင်းကြီးသည် သူတည်ဆောက်လှူဒါန်းသည့် စေတီတော်ကြီးအပြီးဆုံးအောင်မြင်ပြီဟူသော အမှတ်သတိဖြင့်ပင် ၀မ်းမြောက်ဝမ်းသာ ကံတော်ကုန်ခဲ့ပါသည်၊၊ အိန္ဒိယမှ “ဆန်ချီစေတီစေတီ”နှင့် အချိန်အတူတည်ဆောက်ခဲ့သည့် စေတီတော်ဖြစ်ပါသည်၊၊ စေတီတော်တည်ဆောက်မှုအတွက် (6400,000)ငွေသား ကုန်ကျသည်ခဲ့ပါသည်၊၊

မဟာဝိဟာရကျောင်းတိုက်ဝင်းကြီးအတွင်းတွင် သံဃာတော်များ ရေသုံးရန်တည်ဆောက်ထားသည့် “ရေကန်ညီနောင်”ကိုလည်း လေ့လာနိုင်ပါသည်၊၊ မြေထဲတွင် အုပ်စီ၍တည်ဆောက်ထားသည့် ရေကန် များဖြစ်ပါသည်၊၊ Twin Ponds-ဟုခေါ်ပါသည်၊၊






ကန်ညီနောင်သည် (8 century)တွင် တည်ဆောက်ခဲ့ပြီး၊ အကြီးကန်ကို အလျင်ဆောက်ပြီး၊ ကန်အ သေးကို နောက်ကျမှတည်ဆောက်ခဲ့ပါသည်၊၊ ကန်အကြီးသည် မီတာ(40)အရှည်ရှိပြီး၊ ကန်ငယ်သည် မီတာ(28)ရှည်ပါသည်၊၊ နှစ်ကန်စလုံး (16)မီတာ အကျယ်ရှိပါသည်၊၊

မဟာစေတီတော်ကြီးအပါအ၀င် မဟာဗောဓိပင်နှင့် ကြေးပြသာဒ်ကြီးတို့သည် မဟာဝိဟာရကျောင်း တိုက်ကြီးအတွင်းတွင် တည်ရှိကြပါသည်၊၊ ယ္ခုအခါ ပိဋကတ်သုံးပုံဟုခေါ်သည် ပါဠိစာပေများကို အိန္ဒိယနိုင်ငံမှ အရှင်မဟာမဟိန္ဒသည် သီရိလင်္ကာသို့ဆောင်ယူလာခဲ့ပြီး၊ မဟာဝိဟာရကျောင်းတိုက် တွင် အိန္ဒိယဘာသာအမျိုးမျိုးမှ ပါဠိဘာသာသို့ ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်၊၊ 


“မဟာဝိဟာရ” ကျောင်းတိုက်ကြီးသည် Hectare 40-ကျယ်ဝန်းပါသည်၊၊
သီရိလင်္ကာလူမျိုးတို့ စုစည်းထားသည့် ပါဠိမူ တိပိဋကတ်သုံးပုံသည် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး၊ မြန်မာလူမျိုးတို့ သင်ယူခွင့်၊ လေ့လာခွင့်၊ ကျင့်သုံးခွင့်ရနေခြင်း ဖြစ်ပါသည်၊၊


“အဘယဂီရိစေတီ”
ဒုဂါမဏိမင်းကြီးသည် တမီကျားသူပုန်များ၏ တိုက်ခိုက်မှုကြောင့် နန်းတော်ကိုစွန့်လွှတ်ပြီး ထွက်ပြေးခဲ့ရဘူးပါသည်၊၊ မင်းကြီးနန်းတော်မှထွက်ပြေးရစဉ် “ဂျိန်းဘုန်းကြီးတစ်ပါးမှ ငမဲကြီးတော့ ပြေးပြီ”ဟု အော်ဟစ်ပြောဆိုသံကို မင်းကြီးကြားလိုက်ရပါသည်၊၊

အနုရာဒနန်းတော်ကို မင်းကြီးပြန်လည်တိုက်ခိုက်၍ အောင်မြင်သောအခါ ယ္ခင်အရေးနိမ့်စဉ်က “ငမဲကြီး ထွက်ပြေးပြီ” ဟုပြောဆို ပြောင်လှောင်ခဲ့သည့် ဂျိန်းဘုန်းကြီးများနေသည့်ကျောင်းမှ ဂျိန်း ဘုန်းကြီးများ အားလုံးကို လူဝတ်လဲစေပြီးစစ်တပ်ထဲထည့်လိုက်ပါသည်၊၊ ကျောင်းတိုက်ကိုလည်းမင်း ပိုင်သိမ်းဆည်းပြီး၊ ကျောင်းတိုက်ကြီးအဖြစ် တည်ဆောက်ခဲ့ပါသည်၊၊ Hectare 121-ကျယ်ဝန်းပါသည်၊၊

ဂျိန်းဘုန်းကြီး၏ကျောင်းကို သိမ်း၍တည်ဆောက်ထားသောကျောင်းဖြစ်သောကြောင့် “အဘယဂီရိ ကျောင်း”ဟု အမှည့်မှည့်ထားခြင်းဖြစ်ပါသည်၊၊ မင်းကြီးထွက်ပြေးရစဉ်ကကူညီခဲ့သည့် “မဟာတိဿမ ထေရ်”အား ကျောင်းတိုက်ကိုလှူဒါန်းခဲ့ပါသည်၊၊ သံဃာတော်ပေါင်း (7000)သီတင်းသုံးခဲ့ကြောင်း ပါဠိ- စာပေကျမ်းများတွင် ဖော်ပြထားပါသည်၊၊

အဘယဂီရိကျောင်းတိုက်ကြီး၏ အလည်တည့်တည့်တွင် အဘယဂီရိစေတီတော်ကြီးကိုလည်း တည် ဆောက်ထားပြီး၊ ယနေ့တိုင် ရှေးဟောင်းစေတီတော်ကြီးအဖြစ် လေ့လာနိုင်ပါသည်၊၊ မြန်မာနိုင်ငံ၊ ရွှေတိဂုံစေတီထက် များစွာထုထည်ကြီးမားပါသည်၊၊ အဘယဂီရိကျောင်းတိုက်၏ အုပ်ရိုး အုပ်တိုက် ကျောင်းပျက်များကိုလည်း ယနေ့တိုင်တွေ့မြင်နိုင်ပါသည်၊၊

စေတီတော်ကြီးကို (1st century BCE)တွင်တည်ဆောက်ခဲ့ပါသည်၊၊ သာသနာတော်နှစ်(454)ဖြစ် ပါသည်၊၊ စေတီတော်လုံးပတ်ပေ (900)ရှိသည်ဟု ဆိုပါသည်၊၊ မြင့်မီတာ(72), အချင်းမီတာ(94)ဖြစ် ပါသည်၊၊ 

ပါဠိစာပေများတွင် အဘယဂီရိကျောင်းတိုက်ကို သာသနာ့ပပညာရပ်များကို သင်ကြားပြသပြီး၊ ၀ိနည်း စည်းကမ်းမရှိသောကျောင်းတိုက်ဟု ပြောဆိုလေ့ရှိပါသည်၊၊ သို့သော် တရုပ်ရဟန်းတော်များ၏ ထိုခေတ်က ခရီးသွားမှတ်တမ်းများတွင်မူ အဘယဂီရိကျောင်းတိုက်သည် ပညာရေးသာလွန်လျက် ရှိပြီး၊ အချိန်နှင့်သင့်တော်သည့် ဘာသာစကားနှင့်ပညာရပ်တို့ကို သင်ကြားပေးနေသည့် ပညာရေးစင် တာကြီးတစ်ခုဖြစ်သည်ဟု မှတ်တမ်းတင်ထားခဲ့ကြပါသည်၊၊

“မဟာဝိဟာရကျောင်းတိုက်”မှ ထွက်ပေါ်ခဲ့သည့် ၀ိသုဒ္ဓိမဂ်ကျမ်းသည် ပညာရေးရှုဒေါင့်မှလေ့လာသုံး သပ်လျင် အလွန်ကောင်းသည့် တရားကျင့်သုံးနည်းကျမ်းဖြစ်သကဲ့သို့ “အဘယဂီရိကျောင်းတိုက်”မှ ထွက်ပေါ်ခဲ့သည့် ၀ိမုတ္တိမဂ်ကျမ်းသည် လက်တွေ့ကျင့်သုံးမှုရှုဒေါင့်မှ လေ့လာသုံးသပ်လျင် လက်တွေ့ ဆန်သည့်ကျမ်းဖြစ်ပါသည်၊၊

The Theravada’s Visuddhimagga presents meditation from a more academic perspective, while the Abhayagirin’s Vimuttimagga is a more practical manual. (Sacred Island, ps 41)


“ဇေတ၀နစေတီ”




ဒုဂါမဏိမင်းကြီး၏နောက်ပိုင်းတွင် မဟာသေနမင်းသည် အနုရာဒပူရနန်းတော်ကိုရရှိခဲ့ ပါသည်၊ ဘေးစကားကိုယုံကြည်မိပြီး၊ အထက်တွင်ဖော်ပြထားသည့် မဟာဝိဟာရကျောင်းတိုက်ကြီး နှင့် အဘယဂီရိကျောင်းတိုက်ကြီးနှစ်တိုက်ကို မီးရှိုဖြက်ဆီးရုံတွင်မက၊ သံဃာတော်များကို သတ်ဖြတ် ခဲ့ပါသည်၊၊

ဇေတ၀နစေတီတော်ကြီးကို (BCE-4)အကုန်တွင် တည်ဆောက်ခဲ့ပြီး၊ မီတာ(160)မြင့်ပါ သည်၊၊ အုပ်ခဲအရေအတွက် (62)မီလီယံအသုံးပြုထားပြီး၊ တရုပ်ပြည်မှ Great Wall-ပြီးလျင် အုပ်ချပ် အရေအတွက် ကမ္ဘာ့အများဆုံးအသုံးပြုထားသည့် စေတီတော်ကြီးဖြစ်ပါသည်၊၊

မင်းကြီးအသက်ကြီးချိန်ရောက်သောအခါ သူတော်ကောင်းအမတ်ပညာရှိများ၏ ဆုံးမသွင်သင်မှုကို လိုက်နာပြီး၊ ဖြက်ဆီးခဲ့သည့်ကျောင်းတိုက်ကြီးနှစ်တိုက်အစား ဇေတ၀နကျောင်းတိုက်ကြီးကို တည် ဆောက်လှူဒါန်းခဲ့ပါသည်၊၊

ကျောင်းတိုက်ကြီး၏အလည်တွင် ဇေတ၀နစေတီတော်ကြီးလည်း တည်ဆောက်ခဲ့ပါသည်၊၊ စေတီ တော်ကြီးသည် “အီဂျစ်မှ ပိရမစ်”ကြီးတစ်ခုပြီးလျင် ကမ္ဘာ့အကြီးဆုံးရှေး ဟောင်းလက်ရာတစ်ခုအဖြစ် ကမ္ဘာ့အမွေအနှစ်ဖြစ်ကြောင်း 
 မှတ်တမ်းတင်ထားပါသည်၊၊


“သမာဓိရုပ်ပွားတော်”
သမာဓိရုပ်ပွားတော်မြတ်ကို (4 century)တွင် တည်ဆောက်ခဲ့ပြီး၊ (8)ပေ အမြင့်ရှိပါသည်၊၊

 ဇေတ၀နစေတီအနီး မဟာမေ၀ဏဥယျာဉ်ထဲတွင် သမာဓိရုပ်ပွားတော်ကြီး တည်ရှိပါသည်၊၊ တရား ထိုင်နေဟန် ဈာနမုဒြာဖြစ်ပါသည်၊၊ သာမန်လူနှစ်ကိုယ်စာမျှ ကြီးမားသည့်ရုပ်ပွားတော်မြတ် ဖြစ်ပါသည်၊၊

 အိန္ဒိယနိုင်ငံ၏သမ္မတကြီး‘နေရူး’သည် သမာဓိရုပ်ပွားတော်ကို အလွန်ကြည်ညိုလှသဖြင့် သူ၏အခန်း ထဲတွင် သမာဓိရုပ်ပွားတော်ပုံတူကို သေသည့်တိုင်ထားရှိခဲ့ကြောင်း သိရပါသည်၊၊

ရုပ်ပွားတော်ကြီး၏မျက်နှာနှစ်ဘက်မှ ဘယ်ဘက်မျက်နှာတော်သည် အနည်းငယ်မဲ့နေသယောင်ရှိပြီး၊ ညာဘက်မျက်နှာတော်သည် ပြုံးနေသယောင် တွေ့ရပါသည်၊၊ လူသားတို့၏ ချီးမွှန်းဖွယ်လုပ်ရပ်များကို ချီးမွှန်းတော်မူဟန်နှင့်၊ ကဲ့ရဲ့ဖွယ်အပြုအမူများကို မြတ်စွာဘုရားရှင်မှကဲ့ရဲ့တော်မူဟန် မျက်နှာတော်အ နေအထားထုလုပ်ထားခြင်းဖြစ်ကြောင်း သိရပါသည်၊၊


 “ထူပါရာမစေတီ”
ထူပါရာမစေတီကို ဒေ၀ါနံပီယတိဿမင်းကြီးမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်၊၊ မြတ်စွာဘု- ရားရှင်၏ ဓာတ်တော်များလှည့်တစ်စီးတိုက်မျှ ဌာပနာထားသည်ဟု စေတီတော်သမိုင်းကျမ်းများတွင် ဖော်ပြထားပြီး၊ အနုရာဒပူရတွင် ရှေးအကျဆုံးသော စေတီတော်လက်ရာလည်း ဖြစ်ပါသည်၊၊ ထူပါရာ မစေတီသည် ဆုတောင်းအလွန်ပြည့်ဝသည်ဟု သီရိလင်္ကာလူမျိုးများ ယုံကြပါသည်၊၊ 

ရှေးအခါက ထူပါရာမစေတီတော်ကို ဆရာတော်ကြီး “ဇောတိပါလမထေရ်မြတ်”မှ “အဂ္ဂဗောဓိ မင်း”အားပြုပြင်ရန်လိုအပ်နေပြီဖြစ်ကြောင်း မိန့်တော်မူခဲ့ဘူးပါသည်၊၊ မင်းကြီးသည် အရှင်မြတ်မိန့် တော်မူသည့်အတိုင်း စေတီတော်အတွင်းမှ ဌာပနာတိုက်ကိုပြုပြင်ရာတွင် ညာဘက်ပခုံးရိုးဓာတ်တော် မြတ်(ညှပ်ရိုးဓာတ်တော်)မြတ်ကို နန်းတော်သို့ပင့်ပြီး ခေတ္တပူဇော်ထားခဲ့ပါသည်၊၊
မင်းကြီးသည် ဓာတ်တော်မြတ်ကိုပူဇော်ရင်း စေတီတော်ကိုပြုပြင်ရန် မေ့လျော့နေခဲ့ပါသည်၊၊ 


လအတန်ကြာသည်အထိ စေတီတော်ကိုမပြုပြင်ဘဲ ဓာတ်တော်ကိုသာပူဇော်နေသည့်အခါ စေတီ တော်ကိုစောင့်ရှောက်သည့် နတ်များမှမင်းကြီးအား အိပ်မက်ထဲတွင်ချိန်းခြောက်ပြီး အမြန်ဆုံးစေတီ တော်ကိုပြုပြင်၍ ဓာတ်တော်အားမူလနေရာတွင် ပြန်လည်ထားရန်တိုက်တွန်းခဲ့ကြပါသည်၊၊

မင်းကြီးသည် နတ်များမှအိပ်မက်ထဲတွင် ချိန်းခြောက်သည့်အခါမှသာ စေတီတော်ကိုပြုပြင်ပြီး ညာဘက်ပခုံးရိုးဓာတ်တော်မြတ်ကို မူလဌာပနာတိုက်အတွင်းသို့ ပြန်လည်ဌာပနာပြီး၊ စေတီတော် ပူဇော်ပွဲကြီးကို တခန်းတနားပြုလုပ်ခဲ့ကြောင်း “မဟာဝံသကျမ်း”တွင် ဖော်ပြထားပါသည်၊၊

“Moon Stone”
          အခြားဗုဒ္ဓဘာသာ မည်သည့်နိုင်ငံတွင်မှမရှိသည့် ဘာသာရေးသရုပ်ဖော်ပုံစံတစ်ခုမှာ Moon Stone ဖြစ်ပါသည်၊၊ ရှေးခေတ် သီရိလင်္ကာလူမျိုးတို့သည် Moon Stone-ကို စေတီတော်နှင့်၊ ဘုန်းကြီး ကျောင်းများ၏ အ၀င်ဝခြေနင်းခုံနေရာတွင်ထားလေ့ရှိပါသည်၊၊

မွန်းစတုန်းသည် လခြမ်းသန္တာဖြစ်ပြီး၊ အတွင်းတွင် စက်ဝိုင်းအခြမ်းခြောက်ခု ပါဝင်ထုဆစ်ထားပါသည်၊၊ အစွန်ဆုံးစက်ဝိုင်းခြမ်းတွင် အမြိတ်အဆာများရေးဆွဲထားပြီး၊ ပူလောင်ပြင်းပြသည့်မီးတောက်မီးလျှံများ ကို သင်္ကေတပြုပါသည်၊၊

ဒုတိယမြောက်စက်ဝိုင်းချမ်းတွင် ဆင်၊ မြင်း၊ နွားနှင့် ချင်္သေ့ရုပ်တို့ကို ထွင်းထုထားပြီး၊ ဇာတိ ဇရာ ဗျာဓိ မရဏတို့ကို သင်္ကေတပြုပါသည်၊၊ တတိယစက်ဝိုင်းချမ်းတွင် စိန်းစိုလှပသည့် သစ်ရွက်ပုံလေးများ အချင်းချင်းရစ်ပတ်နေပုံများကိုထုဆစ်ထားပြီး၊ တပ်မက်မှုတဏှာကို သင်္ကေတပြုသည်ဟု ဆိုပါသည်၊၊

စတုတ္တမြောက်စက်ဝိုင်းချမ်းတွင် ကြာနွယ်ကြာဖူးပန်းများကို ဘဲငန်းမှကိုက်ချီနေပုံကို ထွင်းထုထားပြီး၊ ကိလေသာကိုထိမ်းချုပ်နိုင်ငံပုံနှင့်၊ ကိလေသာမတင် ဖြူစဉ်သန့်ရှင်းမှုကို သင်္ကေတပြုသည်ဟုဆိုပါသည်၊၊

ပဉ္စမစက်ဝိုင်းချမ်းတွင် သစ်ရွက်သေးသေးလေးများကို ထွင်းထုထားပြီး၊ ကိလေသာများနည်းပါးလာပုံကို သင်္ကေတပြုပါသည်၊၊  ပထမစက်ဝိုင်းအချမ်းတွင် အလွန်လှပသည့်ကြာပန်းများကို ထွင်းထုထားပြီး၊ အပူအားလုံးမှလွတ်ငြိမ်းရာ မြတ်နိဗ္ဗာန်ကို သင်္ကေတပြုသည်ဟု ဆိုပါသည်၊၊


“မရီစိဝတ္တိစေတီ”
ဒုဂါမဏိမင်းကြီး ငယ်စဉ်ကပင် မိဘနှစ်ပါး၏ဆုံးမမှုကိုနာယူလျက် ရတရာသုံးပါးသို့ အလျင် ဦးမချဘဲတစ်စုံတရာကို စားသောက်လေ့မရှိခဲ့ပေ၊၊ တစ်နေ့တွင် ဘုရင်ကြီးစစ်ပွဲအကြီးအကျယ်တိုက် ခိုက်နေစဉ် ‘ငရုပ်သီးတစ်တောင့်’ကို ရတနာသုံးပါးသို့မကပ်လှူဘဲ စားသုံးမိသဖြင့်စစ်ပွဲပြီးဆုံးသောအခါ “မရီစိဝတ္တိစေတီ”တော်ကို တည်ဆောက်လှူဒါန်းခဲ့ပါသည်၊၊ 
“ငရုပ်သီးတောင့်စေတီ”ဟု မြန်မာလို ခေါ်နိုင်ပါသည်၊၊

အချို့သော သီရိလင်္ကာဘုရားစေတီသမိုင်းကျမ်းများတွင်မူ
 ငရုပ်သီးတစ်တောင့်’မဟုတ်ဘဲ၊ “ငရုပ်သီး ဟင်း”ဟု ဖော်ပြထားပါသည်၊၊ ယနေ့ခေတ်အထိ သီရိလင်္ကာလူမျိုးတို့သည် ငရုပ်သီးအစိမ်းကိုဟင်း ချက်စားလေ့ရှိသောကြောင့် ‘ငရုပ်ဟင်း’ ဖြစ်နိုင်ချေရှိပါသည်၊၊ စေတီတော်ကြီးသည် မီတာ(59)မြင့်ပြီး၊ အချင်းမီတာ (51)ဖြစ်ပါသည်၊၊

ဦးမြင့်လွင်နှင့် ဒေါ်ခင်ခင်မေတို့ကို ဘုရားသမိုင်းရှင်းပြပြီး၊ ဟော်တယ်တွင်ထမင်းစားကြသောအခါ တိုက်တိုက်ဆိုင်ဆိုင်ငရုပ်သီးစိမ်းကို သီးသန့်ဟင်းအဖြစ်ချက်ထားသည့် ဟင်းပါဝင်နေသောကြောင့် “အခုနစေတီတော်သမိုင်းမှာပါတာ ဒီဟင်းမျိုးဖြစ်နိုင်တယ်၊ စားကြည့်ပါ”ဟုပြောဆိုပြီး “အရှင်”ကိုယ် တိုင်ပန်းကန်များထဲသို့ ထည့်ပေးခဲ့ပါသေးသည်၊၊

မရီစိဝတ္တိစေတီတော်ကြီး၏သမိုင်းတွင် ရင်ခုံဖွယ်ဇာတ်လမ်းလေးတစ်ခု ရှိပါသည်၊၊ စေတီတော်ကြီး တည်ဆောက်ပြီးစီး၍ ရေစက်ချအခန်းအနားတွင် ခုနှစ်လခုနှစ်လီ စတုဒီသာမဏ္ဍပ်များတည်ဆောက် ပြီး အစားအသောက်မျိုးစုံကို မင်းနှင့်ပြည်သူပြည်သားများမှလှူဒါန်းမှု ပြုကြပါသည်၊၊

(7)နှစ်သားအရွယ် ကိုရင်ငယ်လေးတစ်ပါးသည် စတုဒိသာမဏ္ဍပ်မှ အလွန်ပူသည့်ဆန်ပြုပ်များကို သပိတ်အပြည့် ယူဆောင်လာခဲ့ပါသည်၊၊ လမ်းတွင် ခလုပ်တိုက်မိရာမှ ဆန်ပြုပ်များဖိတ်ကျပြီး ကိုရင်လေး လဲကျပါတော့သည်၊၊

ခပ်လှန်းလှန်းမှ အသက်(7)နှစ် ဘိက္ခုနီမငယ်လေးတစ်ယောက်သည် ကိုရင်လေးထံလာပြီး၊ ဆန်အ လှူခံသည့် လင်ဗန်းငယ်လေးကို သပိတ်အောက်တွင်ခုရန် ပေးလိုက်ပါသည်၊၊ ကိုရင်လေးသည် ဘိက္ခုနီမလေးအားကြည့်ပြီး ပြုံးပြလိုက်ချိန်တွင် ဘိက္ခုနီမလေး ရှက်သွေးဖြာသွားခဲ့ပါသည်၊၊

နှစ်လရာသီတို့ အလီလီပြောင်းလဲပြီး၊ ကိုရင်ငယ်လေးသည် သက်တော်(81)ရှိ သီရိလင်္ကာနိုင်ငံ၏ သံ- ဃရာဇာဆရာတော်ကြီးတစ်ပါး ဖြစ်လာခဲ့ပါသည်၊၊ စာပေပညာအလွန်တော်ပြီး သြဇာတိက္ကမကြီးသည့် မင်းကိုးကွယ်ခံ ဆရာတော်ကြီးတစ်ပါး ဖြစ်ပါသည်၊၊

တစ်နေ့တွင် ဆရာတော်ကြီးသည် အိန္ဒယနိုင်ငံသို့ ဗုဒ္ဓဂါယာဘုရားဖူးရန် ကြွတော်မူခဲ့ပါသည်၊၊ သံဃရာ ဇာဆရာတော်ကြီးဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံမှ ပြည်သူအပေါင်းတို့ကြိုဆို ဖူးမြှော်သူအလွန်များပြား စည်းကားလှပါသည်၊၊

ဆရာတော်ကြီးသည် သစ်ပင်တစ်ပင်အနီးလမ်းလျောက်နေစဉ် အသက်(81)ခန့် ဘိက္ခုနီမကြီးတစ်ပါး အနားသို့ရောက်လာပြီး၊ “အရှင်ဘုရား မရီစိဝတ္တိစေတီတော်ကြီးရေစက်ချစဉ်က သက်တော်မည်မျှ ရှိပါ ပြီလဲ”ဟု မေးလိုက်ပါသည်၊၊ ဆရာတော်ကြီးသည် ရုတ်တရက် ဘိက္ခုနီမကြီးကိုငေးစိုက်ကြည့်ပြီး၊ သင်္ကန်းအတွင်းမှ လင်ဗန်းငယ်လေးကို ထုတ်ပြလိုက်ပါသည်၊၊

နောင်တစ်နေ့တွင် ဆရာတော်ကြီးနှင့် ဘိက္ခုနီမကြီးတို့သည် သံသရာရှေးရေစက်၏ ချအပ်ရာချစ် သစ္စာပန္နက်ဖြင့် စုံဖတ်လိုက်ကြပါတော့သည်၊၊ အရှင်သည် ဤဇာတ်လမ်းလေးကိုလေ့လာအပြီး “ဆရာ မောင်စိန်ဝင်း၊ ပုတီးကုံး၏ကဗျာလေးကို ဦးမြင့်လွင်နှင့် ဒေါ်ခင်ခင်မေတို့အား ရွတ်ဆိုပြလိုက်ပါသေး 
 သည်၊၊ 

………….နွယ်………..


တစ်ပင်တည်း
ရင်ထဲက နွယ်၊

ခက်ညွန့်သန်နုသစ်လို့
ရစ်ပတ်နှောင်တွယ်၊

သံယောဇဉ်ဆိုတာရယ်
နွယ်ကလေးတစ်ပင်ပေါ့၊၊

ရာသီတွေ ဘယ်လိုပြောင်းပေမယ့်
ခေါင်းထောင်လို့ကြော့၊၊               ၊၊


“အိစုရုမုနိကျောင်း”
ဒေ၀ါနံပီယတိဿမင်းကြီးသည် ကလေးသူငယ်(500)ကို ရှင်ပြုပေးပြီး၊ ကိုရင်လေးများနေ ထိုင်ရန် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်၊၊ သီရိလင်္ကာနိုင်ငံတွင်ရှိသည့် မြတ်စွာဘုရားရှင်၏ လက်ယာ အောက်စွယ်တော်မြတ်သည် ပထမဆုံး အိစုရုမုနိယကျောင်းတွင်ထားရှိခဲ့ဘူးပြီး၊ ယ္ခုအခါ ကန္ဒီမြို့၊ စွယ် တော်တိုက်ကြီးတွင် ထားရှိပါသည်၊၊

အနုရာဓပူရမြို့တော်တွင် ရှေးဟောင်းစေတီတော်ကြီးများ၊ ကျောင်းတိုက်ကြီးများ လေ့လာရန်များစွာ ပင်တည်ရှိပါသည်၊၊ (2)ညမျှအိပ်ပြီးလေ့လာလျင် ပြည့်ပြည့်စုံစုံဖြစ်နိုင်ပါသည်၊၊ ယ္ခု “သြဇီမှ အဖွားအို ပေါက်စဇနီးမောင်နှံ”သည် (5)ရက်သာအချိန်ရသောကြောင့် သမိုင်းမှတ်တမ်းအရအရေးအပါဆုံး သောစေတီတော်နှင့်နေရာများကိုသာ ပို့လိုက်ရပါသည်၊၊

အထက်တွင် ဖော်ပြထားသည့် သမိုင်းဝင်နေရာများကို လေ့လာပြီးချိန်တွင် ညပိုင်း(7)နာရီခန့်ရှိနေပြီ ဖြစ်၍ ဟော်တယ်သို့ပြန်ပြီး အနားယူလိုက်ရပါသည်၊၊ 

(6/5/2014)နေ့ နံနက်စောစော(5)နာရီတိတိတွင် အနုရာဒပူရရှေးဟောင်းမြို့တော်မှထွက်ခွါပြီး၊ ပေါလွ န္နရုဝ မြို့တော်ဟောင်းသို့ ခရီးဆက်ခဲ့ကြပါသည်၊၊ ပေါလွန္နရုဝမရောက်ခင် “အာဝုကနရပ်တော်မူရုပ် ပွားတော်”ကြီးကို ၀င်ရောက်လေ့လာခဲ့ကြပါသည်၊၊ (ပေါလွန်နရုဝ-ဟုဖတ်ပါ)

ရုပ်ပွားတော်ကြီးကို အနုရာဒပူရခေတ်၊ (AD-5)ရာစုနှစ်တွင် “ဓာတုသေနမင်းကြီး” တည်ဆောက်ခဲ့ပါ သည်၊၊ ကျောက်တောင်ကြီးတစ်ခုလုံးကို ရပ်တော်မူဆင်းတုတော်ကြီးအဖြစ် ထွင်းထုထားခြင်းပြီး၊ အရပ်တော်(38)ပေနှင့်၊ ပခုံးအကျယ်ပေ(10)ဖြစ်ပါသည်၊၊ 

ဆင်းတုတော်ကြီး၏မျက်နှာတော် အလွန်သပ္ပါယ်လှပပြီး၊ သင်္ကန်းအရစ်အရစ်လေးများ ပုံဖော်ထား သည်မှာ သက်ရှိမြတ်စွာဘုရားရှင် သင်္ကန်းဝတ်ဆင်ထားသည်ဟု ထင်ရလောက်ပါသည်၊၊ အာဝုကန ရပ်တော်မူဆင်းတုတော်ကြီးနှင့် ပုံစံတူဆင်းတုတော်များကို ယ္ခုအခါ သီရိလင်္ကာနိုင်ငံအနှံ့တွင် ထွင်း- ထုကိုးကွယ်ကြသည်ကို တွေ့ရပါသည်၊၊

ပေါလွန္နရုဝမြို့တော်ဟောင်းသို့ နံနက် (8)နာရီခန့်တွင်ရောက်ရှိပါသည်၊၊ (AD-11,12)ရာစုတွင် “ပရက္ကမဗာဟုမင်း”တည်ထောင်သည့် မြို့တော်ဟောင်းဖြစ်ပါသည်၊၊ ပရက္ကမဗာဟုမင်းကြီး၏ ကျောက် သားရုပ်တုကို ယနေ့တိုင်လေ့လာတွေ့ရှိနိုင်ပါသည်၊၊

ပေါလွန္နရုဝမြို့တော်ဟောင်းတွင် လေ့လာရန်နေရာအတော်များများ ရှိပါသည်၊၊ မြန်မာနိုင်ငံ ပုဂံခေတ် နှင့်ခေတ်ပြိုင်မြို့တော် ဖြစ်ပါသည်၊၊ 

(1) ရှေးဟောင်းပြတိုက် 
(2) ပရက္ကမဗာဟုမင်း ရုပ်တု
(3) စည်းဝေးခန်းမဆောင်
(4) သျီဝဘုရားကျောင်း
(5) စွယ်တော်တိုက်ဟောင်း
(6) ဂန္ဓကုဋီတိုက်
(7) ဂေါဝိဟာရ

ရှေးဟောင်းပြတိုက်ကြီးထဲတွင် ပေါလွန္နရုဝခေတ်မှ ပစ္စည်းအသုံးအဆောင်များနှင့် ရုပ်တုအမျိုးအမျိုး ရတနာပစ္စည်းအမျိုးမျိုး အကောင်းပကတိနီးပါးမျှ လေ့လာတွေ့ရှိနိုင်ပါသည်၊၊ မြန်မာနိုင်ငံ၊ ပုဂံခေတ်မှ အကြွင်းအကျန်များကို မြန်မာနိုင်ငံတွင် များများမတွေ့ရတော့သည်ကို စိတ်မကောင်းဖြစ်ရပါသည်၊၊

သီရိလင်္ကာနိုင်ငံမှ မြတ်စွာဘုရားရှင်၏စွယ်တော်အစစ်ကို “ပေါလွန္နရုဝခေတ်”က ထားရှိကိုးကွယ်သည့် စွယ်တော်တိုက်ဟောင်းကို လေ့လာရပါသည်၊၊ မနက်ပိုင်းနေရှိန်တက်ချိန်ဖြစ်နေ၍ “ဦးမြင့်လွင်” ကျောက်သမံတလင်းကြီးများပေါ်တွင် ခုန်ပေါက်ပြေးလွှားနေပုံကိုမျက်စေ့တွင် ပြန်လည်မြင်ယောင်မိပါ သေးသည်၊၊

“ဂေါဝိဟာရ”
ကျောက်တောင်တန်းအရှည်ကြီးကို မြတ်စွာဘုရားရှင်၏ ထိုင်တော်မူဆင်းတုတော်၊ ရပ်တော် မူဆင်းတုတော်နှင့်၊ လျောင်းတော်မူဆင်းတုတော် ပုံစံအချိုးအစားသုံးမျိုးထွင်းထုထားသည်မှာ ထူးခြား အံ့သြဖွယ်ရာ ဖြစ်ပါသည်၊၊

ရပ်တော်မူဆင်းတုတော်ကြီးသည် လက်ပိုက်လျက်ရှေ့သို့တည့်တည့်ကြည့်နေဟန်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ နိုင်ငံအများအပြားတွင် မည်သည့်နိုင်ငံတွင်မှမရှိသည့် ဆင်းတုတော်ပုံဟန်ဖြစ်ပါသည်၊၊ 


ဆင်းတုတော်အမျိုးမျိုးကို မုဒြာသတ်မှတ်ရာတွင်လည်း လက်ပိုက်ပုံဟန်ဖြစ်သဖြင့် မည်သို့မည်ပုံမုဒြာအမည်မှည့် ရမည်ကို ဗုဒ္ဓစာပေပညာရှင်တို့ခေါင်းကုပ်ပြီး ဦးနှောက်ခြောက်ရသည့် ဆင်းတုတော်ကြီးဖြစ်ပါသည်၊၊

မည်သည့်ပါဠိစာပေနှင့် စေတီဆင်းတုတော်သမိုင်းကျမ်းတွင်မှ ဆင်းတုတော်ကြီး၏ မုဒြာအမည်ကို ဖော်ပြမထားသော်လည်း သီရိလင်္ကာလူမျိုးတို့သည် ဆင်းတုတော်ကြီးကို “မဟာကရုဏာ-ဒုက္ခ သုခမု ဒြာ”ဟုနာမည်ဆန်းဆန်းပေးထားကြသည်ကို လေ့လာရပါသည်၊၊

သုံးဆယ့်တစ်ဘုံတွင် ကျင်လည်နေရသည့်သတ္တ၀ါ ဝေနေယျတို့၏တသက်တာ ဘ၀ဒုက္ခသုခများကို ကြည့်ပြီး မြတ်စွာဘုရားရှင်မှ ကရုဏာသက်နေသည့်ဟန်ကို လက်ပိုက်ကြည့်နေပုံဖြင့် သရုပ်ဖော်ထွင်း ထုထားသည်ဟု သီရိလင်္ကာအဘိုးအိုတစ်ယောက်မှ ဆင်းတုတော်ကြီးနံဘေးတွင် ရှင်းပြသောကြောင့် ဦးမြင့်လွင်မှ အဘိုးကြီးကိုရူပီး(100) ထုတ်ပေးသည်ကို တွေ့ရပါသည်၊၊

အဘိုးကြီးမှ သီရိလင်္ကာဘာသာစကားဖြင့်ရှင်းပြနေချိန်တွင် အရှင်မှ မြန်မာပြန်ပေးနေချိန်တွင် ဦးမြင့် လွင်တစ်ယောက် သီဟိုဠ်စကားကို နားလည်သယောင်ယောင်ဖြင့် ယောရောင်ခေါင်းညိမ့်နေသည်ကို ကြည့်ပြီး အရှင် ပြုံးမိပါသေးသည်၊၊

ယ္ခုခရီးစဉ်တွင် မယ်တော်ကြီး “ဒေါ်ခင်ခင်မေ”သည် အဖြူရောင်ဝမ်းဆက်ဝတ်စုံကလေးဖြင့် ခပ်ပြုံးပြုံး ခေါင်းတညိမ့်ညိမ့်ဖြင့်သာ လိုချင်ဖြစ်ချင်သည်များကို “ဦးမြင့်လွင်”အား တိုးတိုးတိတ်တိတ်ခိုင်းစေသည် ကိုကြည့်ပြီး၊ ပေါလွန္နရုဝခေတ်က “ဘုရင်မ-ပေါက်စကလေးများ ဖြစ်ခဲ့သလားမသိဘူး”ဟု အရှင် ပြုံးမိနေသည်ကို သိကြမည်မထင်ပေ၊၊

ပရက္ကမဗာဟုမင်းကြီးသည် စိုက်ပျိုးရေးကိုအဓိကထားပြီး နိုင်ငံတော်ကြီး တိုးတက်အောင်ကြိုးပမ်းခဲ့ သည့်မင်းတစ်ပါးဖြစ်ကြောင်း “မဟာဆည်”ကြီးကို လေ့လာသောအားဖြင့် သိနိုင်ပါသည်၊၊ မင်းကြီး သည် ရေရှားပါးသည့်ကုန်းတွင်းဒေသဖြစ်သော ပေါလွန္နရုဝတွင် မဟာဆည်ကန်တော်ကြီးတစ်ခုကို တည်ဆောက်ပြီး၊ လယ်ယာ(60000)ကျော်ကို ရေလုံလုံလောက်ဖြန့်ဝေနိုင်ခဲ့ပါသည်၊၊

“ပရက္ကမဗာဟုမင်းကြီး”ကို မြန်မာနိုင်ငံ၊ ပုဂံခေတ်မှ “အနော်ရထာမင်းမြတ်”နှင့်တင်စားပြီး မြန်မာသမိုင်း ပညာရှင်တို့ ပြောဆိုလေ့ရှိကြပါသည်၊၊ ယနေ့တိုင် မင်းကြီးတူးဖော်ခဲ့သည့် “ဆယ်ကြီး”သည် ရေတည် ရှိပြီး၊ ဒေသတ၀ိုက်နှင့် အဝေးမြို့နယ်၊ ကျေးရွာများသို့အထိ ရေဖြန့်ဝေနေသည်ကို တွေ့ရပါသည်၊၊

ပေါလွန္နရုဝမြို့တော်ဟောင်းတွင် နန်းတော်ဟောင်းကြီးများ၊ နတ်ဘုရားကျောင်းကြီးများ၊ နတ်ရုပ်တုကြီး များ၊ မြို့တော်တံတိုင်းကြီးများနှင့် ပုဂံမှ“သရပါတံခါး”ကဲ့သို့မြို့အ၀င် တံခါးဂိတ်ဟောင်းကြီးကို အ ကောင်းအတိုင်း လေ့လာရနိုင်ပါသည်၊၊ ပုဂံခေတ်နှင့် ခေတ်ပြိုင်ဖြစ်၍ နှိုင်းယှဉ်လေ့လာပြီး မည်သည့် နိုင်ငံကလက်မှုပညာနှင့် ဗိသုကာပညာ သာလွန်ကြောင်း၊ စီးပွားရေးအမြင်ပိုရှိကြောင်းကို သုံးသပ်နိုင် ပါသည်၊၊

မြို့တော်ဟောင်းတ၀ိုက်လေ့လာသည်မှာ (2)နာရီခန့်ကြာခဲ့ပါသည်၊၊ ပေါလွန္နရုဝ မြို့တော်ဟောင်းမှ ပြန် လည်ထွက်ခွါခဲ့ကြပြီး၊ စိဂိရိယကျောက်တောင် နန်းတော်ကြီးသို့ ဦးတည်ခဲ့ကြပါသည်၊၊


“စိဂီရိယနန်းတော်ဟောင်း (AD-5)ရာစု”




စိဂီရီယနန်းတော်ဟောင်းကြီးသည် မီတာ(200)ခန့်မြင့်မတ်သည့် ကျောက်တောင်ထိပ်တွင် တောင်လုံးပြည့် တည်ဆောက်ထားပါသည်၊၊ 


နန်းတော်ကို တည်ဆောက်ခဲ့သူများတော့မည်သို့မည်ပုံ တည်ဆောက်ပြီးစီးခဲ့ကြသည်မသိ လေ့လာရေးတက်သည့်သူများကတော့ အသက်အန္တရာယ်ကိုအံတု ပြီးတက်ရောက် လေ့လာကြရပါသည်၊၊ (660)ပေ မြင့်ပါသည်၊၊

ဝါးတစ်လုံးကိုထောင်ထားသည့်အလား မြင့်မတ်နေသည့်ကျောက်သီးသန့်တောင်ကြီးပေါ်တွင် စိဂီရိ- ယနန်းတော်ကြီးကို တည်ဆောက်ထားခြင်းဖြစ်ပါသည်၊၊ အာဝုကနရပ်တော်မူဆင်းတုတော်ကြီးကို တည်ဆောက်ခဲ့သည့် ဓာတုသေနမင်းကြီး၏သားတော်အကြီး “ကဿပဘုရင်”မှ တည်ဆောက်ခဲ့ သည့်နန်းတော်ကြီး ဖြစ်ပါသည်၊၊

သည်မျှမြင့်မတ်သည့်ကျောက်တောင်ကြီးပေါ်တွင် ရေကန်ကြီးတစ်ကန်ကိုလည်း တူးဖော်ထားသည်ကို တွေ့ရပါသည်၊၊ ကျောက်တောင်ကြီး၏နံရံတွင် သံတိုင်ငယ်လေးများကို စိုက်ထည့်ထားပြီး၊ အသဲတ- ယားရင်တုန်တုန်ဖြင့် တက်ရောက်ရသည့်နန်းတော်ဟောင်းကြီး ဖြစ်ပါသည်၊၊

ကျောက်တောင်ကြီး၏ သုံးချိုးတစ်ချိုးခန့်တွင် တောင်အတွင်းသို့တူးပြီး ပန်းချီပြခန်းပြုလုပ်ထားသည့် ကျောက်လှိုဏ်ခေါင်းပြခန်း ရှိပါသည်၊၊ 
“စိဂီရိလှပျိုဖြူ”လေးများဟု ခေါ်တွင်သည့် နန်းတွင်းသူအပျို တော်လေးများပန်းများကိုကိုင်ပြီး ပြုံးပျော်နေသည့်ပန်းချီလက်ရာများမှာ ယနေ့တိုင်ဆေးသားပကတိ အတိုင်းတွေ့ရပါသည်၊၊

အနည်းငယ်လေးမျှ သတိလွတ်မိသည်နှင့် လိမ့်ကျပြီးအရိုးတခြား အသားတခြားဖြစ်သွားနိုင်သည့် ကျောက်တောင်နန်းတော်ဟောင်းကြီးကို (65)အဘိုးအဘွားတစ်စုံတို့ တက်မှတက်နိုင်ပါ့မလား၊ ခြေ ခြော်လက်ခြော်ပြီး တစ်စုံတစ်ရာများဖြစ်ကြလေမလားဟု ပူပန်စိတ်မောရသည်မှာလည်း အလွန် အကျွန်ဖြစ်ပါသည်၊၊

သို့သော် စိတ်အားထက်သန်လွန်းသောကြောင့်လေလားမသိ၊ လုံးဝပင်ပမ်းသည့်အမူအရာကို အဘိုး အဖွားနှစ်ယောက်စလုံးထံမှမတွေ့ရသဖြင့် အံ့သြဘနန်းဖြစ်ရပါသည်၊၊


 စိဂီရိယနန်းတော်ကြီးသည် ယ္ခု ခရီးစဉ်တွင် နောက်ဆုံးနေ့တက်ရန်ရည်ရွယ်ထားသည့် “စေတီပါဒတောင်”သို့တက်ရန် အဆုံးအဖြတ် ပေးမည့်နေရာဖြစ်ကြောင်းကို “ဒေါ်ခင်ခင်မေ”တို့အား ပြောပြမထားချေ၊၊
ယ္ခုမူ အစမ်းစာမေးပွဲအောင်မြင်သွားသည့် ကျောင်းသားကလေးငယ်နှစ်ဦး ဖြစ်ချေပြီ၊ စေတီပါဒသို့ ပို့ရန်မှတစ်ပါး အခြားမရှိတော့ပါပေ၊၊ 


စိဂီရိယနန်းတော်ဟောင်းတည်ရှိသည့် ကျောက်တောင်ပေါ်တွင် ပြင်သစ်လူမျိုး ခရီးသွားလေ့လာသူများ ပြည့်နှက်နေသည်ကို တွေ့ရပါသည်၊၊ အခြားခရီးသည်များလည်း ပြည့်နေပါသည်၊၊

တောင်ပေါ်သို့ တက်ရောက်စဉ်နှင့် ပြန်လည်ဆင်းသက်စဉ်အချိန်များတွင် ဘေးသို့ငုံ့မကြည့်ရန် အ နောက်မှနေပြီး ကလေးငယ်များကိုဆူပူသကဲ့သို့ အော်ဟစ်နေခဲ့ရပါသည်၊၊ စိဂီရိယနန်းတော်ကြီးကို ကဿပဘုရင်သည် ညီတော်၏ရန်ကိုကြောက်လန့်သဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်၊၊ 

သို့သော် ကဿပရှင်ဘုရင်ကြောက်လန့်၍ လူအလွယ်တူမတက်နိုင်သည့် ကျောက်တောင်ပေါ်တွင် နန်းတော်ဆောက်ပြီးနေသည့်တိုင် ညီတော်မင်းသားမှတိုက်ခိုက်ခံရပြီး ကဿပရှင်ဘုရင် ကျရှုံးခဲ့ရပါသည်၊၊ 

သမိုင်းဇာတ်လမ်းအစုံကို အရှင်၏- (www.ko-thitsar.blogspot.com)တွင် လေ့လာနိုင်ပါသည်၊၊
စိဂီရိယတောင်ပေါ်မှ အောင်မြင်စွာဆင်းလာအပြီးတွင် တောင်ခြေအနီးအပါးမှ ထမင်းဆိုင်တွင် ကြက် သားဟင်း၊ ငါးဟင်းများဖြင့်ဗူးဖေး မြိန်မြိန်ယှက်ယှက်စားသုံးခဲ့ကြပါသည်၊၊

စိဂီရိယနန်းတော်ဟောင်းမှထွက်ခွါလာခဲ့ကြအပြီး မဟိယင်္ဂဏစေတီသို့ ဦးတည်ခဲ့ကြပါသည်၊၊ တော လမ်းခရီးမှ ကားကိုမောင်းနှင်ခဲ့ကြသောကြောင့် လမ်းဘေးတလျောက်တွင် ဆင်ရိုင်းနှင့်အခြားသော သားရိုင်းအန္တရာယ်များကို ကာကွယ်ရန် လျပ်စစ်ဝါယာကြိုးများကို တန်းထားသည်ကို တွေ့ခဲ့ရပါသည်၊၊ 
 လမ်းနံဘေးခပ်လှန်းလှန်းတွင် ဆင်ရိုင်းအချို့ကိုလည်း တွေ့မြင်ခဲ့ရပါသည်၊၊

မဟိယင်္ဂဏမြို့သို့ ညနေ (5)နာရီခန့်တွင် ရောက်ခဲ့ပြီး၊ မဟိယင်္ဂဏစေတီတော်ကို ဖူးမျှော်ခဲ့ကြပါသည်၊၊ စေတီတော်ကြီးတစ်ဆူလုံးကို ချည်သင်္ကန်းအနီဖြင့် ရစ်ပတ်ပူဇော်ထားသောကြောင့် နေရောင်အောက်တွင် ရဲတောက်နေသည့်အလွန်ကြည်ညိုဖွယ် တွေ့မြင်ခဲ့ရပါသည်၊၊

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သီဟိုဠ်ကျွမ်းသို့ (3)ကြိမ်တိတိကြွရောက်တော်မူခဲ့ပြီး၊ မဟိယင်္ဂဏစေတီတော်သည် မြတ်စွာဘုရားရှင် ပထမဆုံးအကြိမ်ကြွတော်မူစဉ်က တရားဟောခဲ့ သည့်နေရာတွင် မြတ်စွာဘုရားရှင်ထိုင်လျက် တရားဟောပလ္လင်တော်နှင့်၊ ဆံတော်များကိုဌာပနာထား သည့်စေတီ ဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးအချိန်တွင် ရဟန္တာမထေရ်တစ်ပါးမှ မြတ်စွာဘုရားရှင်၏နံရိုးတော်တစ် ဆူကိုပင့်ဆောင်လာပြီး စေတီတော်အတွင်းသို့ တန်ခိုးတော်ဖြင့်ဌာပနာထားသည့် စေတီတော်လည်း ဖြစ်ပါသည်၊၊ 

မဟိယင်္ဂဏစေတီတော်ကြီးကို ပတ်လှူပူဇော်ရန်သင်္ကန်းကြီးကို လူအများအပြားတန်းစီကိုင်ပြီး၊ သီရိ- လင်္ကာရိုးရာအတီးအမှုတ် အကအခုန်များဖြင့်လှည့်လည်လာသည့်မြင်ကွင်းကိုလည်း လေ့လာကြည့်ရှု ခွင့်ရခဲ့ကြပါသည်၊၊
မဟိယင်္ဂဏမြို့တော်မှညနေပိုင်း (6)နာရီခန့်တွင်ထွက်ခွါခဲ့ကြပြီး၊ ကန္ဒီမြို့တော်သို့ ဦးတည်ခဲ့ကြပါသည်၊၊ 


ကန္ဒီရောက်ခါနီး လမ်းဘေးမှထမင်းဆိုင်တွင် ညနေစာဝင်ရောက်စားသုံးစေပြီး၊ တည်းခိုရန်စီစဉ်ထား သည့်ကျောင်းအနီးရောက်ကာမှ ကားဘီးပေါက်သဖြင့် ည(9)နာရီခန့်ကြမှ ကန္ဒီမြို့၊ မြန်မာကျောင်းသို့ ရောက်ခဲ့ကြပါသည်၊၊

“ကန္ဒီမြို့”
(6/5/2014)ညကို “ကန္ဒီမြန်မာကျောင်းတိုက်”တွင် အနားယူအိပ်စက်ခဲ့ပါသည်၊၊ ကန္ဒီမြို့သည် သီရိလင်္ကာနိုင်ငံ၏ လက်ရှိဒုတိယမြို့တော်ဖြစ်ပါသည်၊၊ လေ့လာစရာနေရာ အတော်များများရှိပါသည်၊၊ 

(1) စွယ်တော်တိုက်
(2) BPS စာအုပ်တိုက်
(3) Botinical Garden
(4) ကန္ဒီ View Point
(5) ပေရာဒေနိယတက္ကသိုလ်

“မြတ်စွယ်တော်”
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးအချိန်တွင် “ဒေါဏ”အမတ်မင်းကြီးမှ အတိုင်းတိုင်း အပြည် ပြည်မှ ရှင်ဘုရင်များ၏သဘောတူညီချက်အရ ဓာတ်တော်မွေတော်များကို ဝေချမ်းပေးသည့်“ဓာတ်- တော်ဝေ”ရာထူးကို ရရှိခဲ့ပါသည်၊၊

ဒေါဏအမတ်မင်းကြီးသည် မြတ်စွာဘုရားရှင်၏ အောက်လက်ဝဲစွယ်တော်မြတ်ကို ဓာတ်တော်ခွဲဝေ ပေးသည့်အထဲတွင် မထည့်ဘဲဝှက်ထားခဲ့ပါသည်၊၊ ရဟန္တာအရှင်မြတ်ဖြစ်တော်မူသည့် အရှင်ခေမာ သည် အမတ်မင်းကြီးဝှက်ထားသည့်စွယ်တော်မြတ်ကို တန်ခိုးတော်ဖြင့်ယူတော်မူပြီး၊ ကလိင်္ဂတိုင်း၊ ဒန္တပူရပြည့်ရှင် ဘုရင်ဗြမ္မဒတ္တ၏လက်သို့ ပေးအပ်ခဲ့ပါသည်၊၊

ယ္ခုအခါ အိန္ဒိယနိုင်ငံ၊ “သြဒိဿပြည်နယ်”ကို ကလိင်္ဂတိုင်းဟု မြတ်စွာဘုရားရှင်လက်ထက်တော်က ခေါ်ကြောင်း အိန္ဒိယရှေးဟောင်းမြေပုံတွင် ဖော်ပြထားပါသည်၊၊ မင်းအဆက်ဆက်တို့မှ စွယ်တော်မြတ်ကို ကိုးကွယ်ပူဇော်ခဲ့ကြပြီး နှစ်ပေါင်း(630)ကျော်သည့်အခါ “ဂူဟသီဝ”အမည်ရှိဘုရင် နန်းတက်ခဲ့ပါသည်၊၊

တိုင်းပြည်မငြိမ်းချမ်းဘဲ စစ်ပွဲကြီးများဆက်တိုက်ဖြစ်နေသောကြောင့် ရှင်ဘုရင်ကြီးမှ သမီးတော် “ဟေမမာလာမင်းသ္မီး”အား အကယ်၍ သူကျရှုံးခဲ့သော် စွယ်တော်မြတ်ကိုယူဆောင်ပြီး၊ သီဟိုဠ်ကျွမ်း သို့ထွက်ပြေးတိမ်းရှောင်ပြီး၊ သီဟိုဠ်ပြည့်ရှင် ဘုရင် “မဟာသေနမင်း”ထံ ဆက်သလိုက်ရန် ညွန်ကြား ထားခဲ့ပါသည်၊၊

သ္မီးတော်-ဟေမမာလာသည် ဖခင်မှာကြားထားသည့်အတိုင်း တစ်နေ့တွင်စစ်ပွဲအကြီးအကျယ်ဖြစ်ပြီး ခမည်းတော်ကြီးကျရှုံးသည့်သတင်းကို ကြားသိလျင်သိခြင်း သူဆင်းရဲအသွင်ဝတ်ဆင်ပြီး၊ ကြင်ယာတော် ဒန္တမင်းသားနှင့်အတူ သီဟိုဠ်ကျွန်းသို့စွယ်တော်ကိုပင့်ဆောင်ပြီး တိမ်းရှောင်ခဲ့ပါတော့သည်၊၊

သီဟိုဠ်ကျွန်းသို့ ဟေမမာလာမင်းသ္မီးဆိုက်ရောက်ချိန်တွင် ခမည်းတော်ကြီးမှာထားသည့် မဟာသေန မင်းကြီး နတ်ရွာစံချိန်နှင့်တိုက်ဆိုင်နေသဖြင့် သားတော် “သီရိမေဃ၀ဏ္ဏမင်း”၏လက်သို့ စွယ်တော် မြတ်ကိုဆက်သခဲ့ရသည်၊၊ (AD-3)ရာစုတွင် ဖြစ်ပါသည်၊၊

ကိတ္တိသီရိမေဃ၀ဏ္ဏမင်းသည် စွယ်တော်မြတ်ကို အထူးကြည်ညိုသူဖြစ်ပြီး၊ တခန်းတနားပွဲတော်ကြီး များဖြင့်ကြိုဆိုပြီး စွယ်တော်တိုက်ကြီးများဆောက်စေ၍ ကိုးကွယ်ပူဇော်ခဲ့သည်မှာ မင်းဆက်ပေါင်းများ စွာဖြတ်ကျော်ခဲ့ပြီး ယနေ့တိုင်ဖြစ်ပါသည်၊၊

စွယ်တော်မြတ်ကို သီဟိုဠ်မင်းအဆက်ဆက်တို့သည် နန်းတော်စိုက်ရာမြို့တော်များတွင် စွယ်တော် တိုက်ကြီးများ တည်ဆောက်၍ပူဇော်ထားရှိကြပြီး၊ ကန္ဒီမြို့တော်ကြီးကိုတည်ထောင်သူ “၀ိမလသူရိယ- မင်း”မှ(1591)ခုနှစ်တွင် စွယ်တော်မြတ်ကို ကန္ဒီမြို့သို့ပင့်ဆောင်ပြီး၊ ပူဇော်ထားရှိခဲ့သည်မှာ ယနေ့တိုင် ဖူးတွေ့ကြည်ညို နိုင်ပါသည်၊၊

စွယ်တော်တိုက်ခန်းကို တစ်နေ့သုံးကြိမ်ဖွင့်ပြပြီး၊ စွယ်တော်ထားရှိသည့် “ကြုပ်”ကြီးကိုသာလျင်အ ဝေးမှမြင်ခွင့်ရကြပါသည်၊၊ စွယ်တော်မြတ်ကိုမူ အနည်းဆုံး(5)နှစ်မှတစ်ကြိမ်သာ ကြုတ်အတွင်းမှဖွင့် လှစ်ပြသပါသည်၊၊

နိုင်ငံခြားစွယ်တော်ဖူးလာရောက်သူများအတွက် စွယ်တော်တိုက်အရာရှိများနှင့်၊ ဆရာတော်ကြီးများ ထံတွင် ကြိုတင်ခွင့်တောင်း၍စွယ်တော်တိုက်ခန်းအတွင်းပိုင်းအထိ ၀င်ရောက်နိုင်ပြီး၊ စွယ်တော်ထားရှိသည့် “ကြုပ်တော်ကြီး”ကိုအနီးကတ် ဖူးတွေ့ခွင့်ရနိုင်ပါသည်၊၊

စွယ်တော်မြတ်ထားထားသည့် ကြုပ်စေတီတော်ကြီးသည် လူတစ်ရပ်ခန့်မျှမြင့်ပါသည်၊၊ သော့ပေါင်း များစွာဖြင့်အထပ်ထပ်ခပ်ထားပြီး စွယ်တော်အရာရှိအဆင့်ဆင့်ထားရှိပါသည်၊၊ အရာရှိများထံတွင် စွယ်တော်စေတီသော့များကို အဆင့်အလိုက်အပ်နှံထားပြီး သော့တန်ပေါင်းများစွာဖြင့်တစ်နာရီခန့်ဖွင့်မှ ပွင့်နိုင်သည်ဟု သိရပါသည်၊၊

စွယ်တော်မြတ်လုံခြုံရေးအတွက် စွယ်တော်ကြုပ်စေတီတော်ကြီးကို မီးခံသောတ္တာပြုလုပ်ရာတွင်အ သုံးပြုသည့်သံအမျိုးအစားများကို အတွင်းပိုင်းတွင်ပြုလုပ်ထားပြီး၊ လုံခြုံရေးအစီအမံများစွာဖြင့်ထိမ်း သိမ်းထားရှိကြောင်း သိရပါသည်၊၊

“BPS စာအုပ်တိုက်”
တိပိဋကတ်သုံးပုံဟုခေါ်သည့် ပါဠိစာပေတစ်ရပ်လုံးနီးပါးကို သီရိလင်္ကာနိုင်ငံ ပါဠိပညာရှင်ဆ- ရာတော် ကြီးများနှင့် လူပုဂ္ဂိုလ်များမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီးကမ္ဘာသို့ ဖြန့်ဝေလျက်ရှိပါသည်၊၊ 

BPS-စာအုပ်တိုက်ကြီးသည် ပညာရှင်များကိုငှားရမ်း၍ အင်္ဂလိပ်လိုဘာသာပြန်မရှိသေးသည့် ပါဠိ ကျမ်းများကို ဘာသာပြန်စေခြင်း၊ ပညာရှင်များမှ တသီးပုဂ္ဂလဘာသာပြန်၍ဖြစ်စေ၊ ဗုဒ္ဓဘာသာဆိုင် ရာအကြောင်းအရာများကိုဖြစ်စေ စာအုပ်ထုတ်လိုလျင်အကုန်အကျခံ၍ ထုတ်ဝေပေးသည့်စာအုပ် တိုက်ကြီး ဖြစ်ပါသည်၊၊

ဗုဒ္ဓဘာသာကိုယ်ကျင့်တရား၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် တရားထိုင်နည်းဆိုင်ရာ စာအုပ်စာ တမ်းပေါင်းများစွာကို ပညာရှင်ပေါင်းများစွာမှ BPS စာအုပ်တိုက်ကြီးနှင့်ဆက်သွယ်၍ အင်္ဂလိပ်နှင့် အ- ခြားသောဘာသာစကားများဖြင့်စာအုပ်ရေးသားထုတ်ဝေနေသည်မှာ ဗုဒ္ဓဘာသာပါဠိစာပေနယ်ပယ်အ တွက်အကြောင်းအရာ စုံစုံလင်လင်ပင်ဖြစ်နေပြီဖြစ်ကြောင်း လေ့လာရပါသည်၊၊

ဘာသာအကြောင်းကို ဘာသာခြားစကားဖြင့် လေ့လာလိုသူများအတွက် BPS မှထုတ်ဝေသည့် စာအုပ်များသည် အကြောင်းအရာခိုင်မာသည့်အလျောက် စာပေအဆင့်အတန်းလည်း မြင့်မားကြောင်း ကို တွေ့ရပါသည်၊၊

စာအုပ်တိုက်ကြီးမှ ထုတ်ဝေပေးရန်လျောက်တင်လာသည့် စာမူများကိုပညာရှင်အများအား အယ်ဒီ တာအဖြစ်ခန့်အပ်၍ သုံးသပ်စစ်ဆေးစေပြီးမှ စာအုပ်ထုတ်ဝေပေးသည့် စာအုပ် တိုက်ကြီးလည်းဖြစ် ပါသည်၊၊

ဗုဒ္ဓဘာသာ ပိဋကသုံးပုံနှင့်၊ ဘာသာရေးအကြောင်းအရာများကို ဘာသာစကားမျိုးစုံဖြင့် ထုတ်ဝေပေးနေပြီး၊ အလွန်သက်သာသည့်ဈေးနှုံးဖြင့် ဖြန့်ဖြူးရောင်းချပေးနေသည့် စာအုပ်တိုက်ကြီးဖြစ်သော ကြောင့် စာအုပ်တိုက်ကြီးတွင် နိုင်ငံတကာမှ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားသူများဖြင့်ပြည့်နေသည်ကို အ မြဲတန်းတွေ့ရပါသည်၊၊

“ကန္ဒီ View Point”
        ကန္ဒီမြို့တော်သည် မြန်မာနိုင်ငံမှ ပြည်ဦးလွင်မြို့နှင့်တူပါသည်၊၊ တောင်ပေါ်တွင်တည်ဆောက် ထားသည့်မြို့ဖြစ်ပြီး၊ ကိုလံဘိုမြို့တော်ထက် ရာသီဥတုတ၀က်ခန့် အေးရုံမျှမက၊ မိုးမကြာခဏရွာသ ဖြင့် အေးစိမ့်နေသည့်မြို့ဖြစ်ပါသည်၊၊

သစ်ပင်ပန်းပင်များအမြဲတန်းဖူးပွင့် စိမ်းလန်းနေပြီး၊ သာယာလှပလွန်းသည့် မြို့ဖြစ်ပါသည်၊၊ “ဗိုလ်ချုပ် အောင်ဆန်း”လက်ထက်က ကန္ဒီစာအုပ်ချုပ်ကို ယ္ခုတင်ပြနေသည့် သီရိလင်္ကာနိုင်ငံ၏ ဒုတိယမြို့တော် “ကန္ဒီမြို့”တွင် ချုပ်ဆိုခဲ့ကြပါသည်၊၊

ကန္ဒီ View Point-သည် ကန္ဒီတောင်တန်းကြီး၏ အမြင့်မတ်ဆုံးနေရာတောင်ပေါ်တွင်တည်ရှိပြီး၊ တင် ပလ္လင်ခွေ ရုပ်ပွားတော်ကြီးတစ်ဆူကို တည်ထားကြပါသည်၊၊ ဆင်းတုတော်ကြီးရင်ပြင်မှကြည့်လျင် ကန္ဒီတစ်မြို့လုံးကို ပန်းချီကားချပ်ကိုရှေ့တည့်တည့်တွင်ချ၍ကြည့်သကဲ့သို့ မြင်ရပါသည်၊၊

“Botanical Garden Or National Park
          ကန္ဒီမြို့တော်၏ကျက်သရေဆောင်ဟုတင်စားနိုင်သည့် ဥယျာဉ်ကြီးတစ်ခု ကန္ဒီမြို့တွင်ရှိပါသည်၊၊ သီရိလင်္ကာနိုင်ငံကို အင်္ဂလိပ်ကိုလိုနီပြုစဉ်က အင်္ဂလိပ်စစ်ဗိုလ်ချုပ်များအတွက် ဥယျာဉ်ကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်၊၊

ကမ္ဘာ့ပန်းမျိုးစုံကိုစုစည်းပြီးစိုက်ပျိုးပြသထားသည့်အပြင် ကမ္ဘာ့သစ်ပင်မျိုးစိတ်မျိုးစုံကို အကန့်လိုက် စိုက်ပျိုးထားသောကြောင့် တစ်ကမ္ဘာလုံးမှသစ်ပင်နှင့် ပန်းပင်မျိုးစုံကိုတစ်နေရာတည်းတွင် လေ့လာနိုင် သည့် ပန်းဥယျာဉ်ကြီးဖြစ်ပါသည်၊၊

မြန်မာနိုင်ငံမှ ပြည်သူချစ်သမ္မတကြီး“ဦးနေ၀င်း”သီရိလင်္ကာကိုလာစဉ်က စိုက်ပျိုးခဲ့သည့်ပန်းပင်၊ “ဦးနု” စိုက်ပျိုးခဲ့သည့်ပန်းပင်နှင့်၊ ကမ္ဘာ့လုလသမဂ္ဂအတွင်းရေးမှူးချုပ် “ဦးသန့်”စိုက်ပျိုးခဲ့သည့်ပန်းပင်တို့ လည်းရှိကြပါသည်၊၊ 

ပန်းဥယျာဉ်ကြီးထဲတွင် မြန်မာနိုင်ငံ၊ ရန်ကုန်တက္ကသိုလ်ကြီးထဲမှ သစ်ပုပ်ပင်ကြီးထက်အဆများစွာကြီးသော သစ်ပုပ်ပင်ပေါင်းများစွာကိုလည်း တန်းစီလျက်တွေ့ရပါသည်၊၊ သီရိလင်္ကာလူမျိုးတို့သည် သစ်- ပင်ခုပ်ရမည်ကို အတော်ကိုဝန်လေးသူများဖြစ်ကြသည့်အလျောက် သာမန်သစ်ပင်မျိုးဖြစ်စေကာမူ နှစ် ပေါင်းများစွာကြာလာသောအခါ အခက်အလက်တို့ကြီးမားပြီး ကျက်သရေတစ်ခု ဖြစ်လာရပါသည်၊၊

ကန္ဒီမြို့တွင် သီရိလင်္ကာနိုင်ငံ၏ အကြီးဆုံးတက္ကသိုလ်ကြီးတစ်ခုလည်း ရှိပါသည်၊၊ “ပေရာဒေနိယ တက္ကသိုလ်”ဟု ခေါ်ပါသည်၊၊ အလွန်ကျယ်ဝန်းပြီး သစ်ကြီးပင်မျိုးစုံတို့ဖြင့်ဝန်းရံထားသဖြင့် လှပသည့် “တက္ကသိုလ်”ကြီး ဖြစ်ပါသည်၊၊ ကန္ဒီမြို့သည် သီရိလင်္ကာနိုင်ငံ၏ လက်ရှိဒုတိယမြို့တော်ဖြစ်သည့်အ တွက် စနစ်တကျပြည့်ပြည့်စုံ လေ့လာသင့်သည့်မြို့ဖြစ်ပါသည်၊၊

(7/5/2014)နေ့၊ နံနက်(5)ခွဲတွင် ကန္ဒီမြန်မာကျောင်းတိုက်ဆရာတော် “ဦးအာစိဏ္ဏ”အား ဒကာကြီး ဦးမြင့်လွင်+မယ်တော်ကြီး ဒေါ်ခင်ခင်မေတို့မှ န၀ကမ္မအလှူငွေနှင့်မုန့်ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး စွယ်တော်တိုက်(Daladamalikava)သို့ စွယ်တော်မြတ်ဖူးမျှော် ကြည်ညိုရန် ထွက်ခွါခဲ့ကြပါသည်၊၊

စွယ်တော်ထားသည့် စွယ်တော်တိုက်ကြီး၏အထူးလျို့ဝှက်ခန်းထဲအထိဝင်ခွင့်ရရန် ကြိုတင်စီစဉ်ထား သည့်အတွက် စွယ်တော်တိုက်ပေါက်ဝတွင် (1)နာရီခန့်စောင်းဆိုင်းပြီးသည်နှင့် စွယ်တော်အတွင်းခန်း တွင်းသို့ဝင်ရောက်ပြီး၊ စွယ်တော်ကြုပ်စေတီတော်ကြီးကို အနီးကပ်ဖူးခွင့်ရခဲ့ကြပါသည်၊၊

စွယ်တော်မြတ်ကို မတွေ့ရသည့်တိုင် စွယ်တော်မြတ်အားပူဇော်ထားရှိသည့် စွယ်တော်ကြုပ်တော်ကြီး ကိုဖူးတွေ့ခွင့်ရလျင်ပင် ကုသိုလ်ကံအလွန့်အလွန်ထူးကဲသူများ ဖြစ်ကြပါသည်၊၊ အကြောင်းမှာ စွယ် တော်တိုက်ကြီး၏ အထူးလျို့ဝှက်အတွင်းခန်းနှင့် စွယ်တော်ကြုပ်အစစ်ကြီးကို သီရိလင်္ကာလူမျိုးများ ကိုယ်တိုင်ပင်အဝေးမှသာ ဖူးခွင့်ရကြသောကြောင့် ဖြစ်ပါသည်၊၊

စွယ်တော်မြတ်ကိုဖူးမြှော်ပြီး စွယ်တော်တိုက်ပြခန်းနှင့်၊ စွယ်တော်မြတ် သီရိလင်္ကာနိုင်ငံသို့ စတင် ရောက်ရှိလာချိန်မှစ၍ နှစ်ပေါင်း (20)ခန့် စွယ်တော်မြတ်အားပခုံးထက်တွင်တင်ပြီး စွယ်တော်လှည့်ပွဲ ဆင်နွှဲရာတွင် အသုံးပြုခဲ့သည့်ရတနာ“ဆင်တော်”မြတ်ကို ကြည့်ရှု့လေ့လာခဲ့ကြပါသည်၊၊

ရတနာစွယ်စုံဆင်တော်ကြီးသည် ယ္ခုအခါ အသက်ရှိဆင်မဟုတ်တော့ဘဲ၊ အဆာသွတ်ထားသည့် ဆင်ရုပ်ကြီးမျှသာဖြစ်ပါသည်၊၊ ဆင်တော်ကြီး သေဆုံးပြီးသောအခါ ဆင်မင်းမြတ်၏အရေကို စနစ်တ ကျရယူပြီး၊ ကျန်သည့် အသားအရိုးများကိုမင်္ဂလာအခန်းအနားဖြင့် မီးသဂြိုဟ်ပြီး၊ ရတနာဆင်တော်ကြီးနှင့် အလုံးအရပ်တူညီသည့် ဆင်ရုပ်ကိုသံမဏိများဖြင့်ပြုလုပ်ပြီး၊ ဆင်ကြီး၏အရေကို အပေါ်မှပတ် ပေးထားသည်မှာ ဓာတ်ပုံရိုက်လျင် ဆင်အစစ်နှင့်ခွဲမရအောင်တူလှပါသည်၊၊

စွယ်တော်တိုက်ကြီးဝင်းအတွင်း လေ့လာစရာရှိသည်များကို ပြည့်ပြည့်စုံစုံလေ့လာပြီး၊ မယ်တော်ကြီး ဒေါ်ခင်ခင်မေမှ သီရိလင်္ကာအစားအစာစားမည်ဆိုသဖြင့် သီရိလင်္ကာထမင်းဆိုင်သို့ သွားရောက်ပြီး၊ သီရိလင်္ကာရိုးရာအစားအစာဖြစ်သည့် ချပါတီ၊ သီရိလင်္ကာ-လဘက်ရည်၊ ကုလားဘယာကျော်တို့ကို မြိန်ယှက်စွာ စားသုံးခဲ့ကြပါသည်၊၊

စင်္ကာပူမှလာရောက်ကြသည့် မြန်မာဘုရားဖူးအဖွဲ့နှင့် “မဟိံတလေ”မှ စတင်ဆုံဆည်းခဲ့ကြပြီး၊ စွယ် တော်တိုက်ကြီးကိုလေ့လာအပြီးတွင် နောက်ဆုံးလမ်းခွဲခဲ့ကြပါသည်၊၊


“အာလောကလှိုဏ်ဂူ”
မနက်ပိုင်း(8)နာရီခန့်တွင် ကန္ဒီမြို့မှ “စတုတ္တသင်္ဂါယနာ”တင်ခဲ့သည့် ‘မာတလေမြို့’အာလုဝိ- ဟာရသို့ မောင်းနှင်ခဲ့ကြပါသည်၊၊ အာလုဝိဟာရသို့ (9)ခန့်တွင်ရောက်ရှိပြီး၊ စတုတ္တသင်္ဂါယနာတင်ခဲ့သည့် အာလောကလှိုဏ်ဂူကြီးများကို လေ့လာခဲ့ကြပါသည်၊၊

သီရိလင်္ကာနိုင်ငံတွင် သာသနာတော်နှစ်(450)၀န်းကျင်က စတုတ္ထသင်္ဂါယနာသာ မတင်ခဲ့လျင် ယနေ့- အချိန်ထိ ဗုဒ္ဓသာသနာတော် ကမ္ဘာအတွင်းတည်ရှိရန်ခက်ခဲမည် ဖြစ်ပါသည်၊၊


 ထို့ကြောင့် စတုတ္တသင်္ဂါယနာသည် ဗုဒ္ဓဘာသာအတွက်အထူးရေးပါသည့် တာဝန်ကြီးတစ်ခုဖြစ်ပါသည်၊၊
စတုတ္တသင်္ဂါယနာတင်တော်မူခဲ့ကြသည့် “အာလောကလှိုဏ်ဂူ”တောင်စဉ် တောင်တန်းများကိုလည်း ဗုဒ္ဓဘာသာဝင်တို့ အလေးထားလေ့လာသင့်သည့်နေရာတစ်ခုဖြစ်ပါသည်၊၊ 

မာတလေမြို့မှ ကန္ဒီမြို့သို့ပြန်လာခဲ့ကြပြီး နေ့လည်စာထမင်းစားခဲ့ကြပါသည်၊၊ ကန္ဒီမြို့မှတဆင့် “စရိပါဒတောင်”မြတ်သို့ ဦးတည်မောင်းနှင်ခဲ့ကြပါတော့သည်၊၊


“စရီပါဒတောင်”



အရှင်နှင့် တက္ကသိုလ်အတန်းထဲတွင် တူတက်သည့် သီရိလင်္ကာအမျိုးသ္မီးတစ်ယောက်က ဆိုဖူးပါသည်၊ “မြန်မာဦးဇင်း,  ငါလေ ‘စရိပါဒ’ဆိုတဲ့အ သံကြားရင် နားထင်တွေ အရမ်းတုန်တာပဲ”တဲ့၊၊ 

မှန်ပါသည်၊၊ စရိပါဒတောင်သည် မီတာ(2243)နီးပါးမြင့်ပြီး၊ မည်သည့်နေရာအတက်လမ်းတွင်မှ ပြေ ပြေပြစ်ပြစ်တက်ရသည်မဟုတ်ဘဲ ဇောက်နက်ကြီးများချည်း ဖြစ်ပါသည်၊၊ ကျောက်ကြမ်းလှေကား- ထစ်နက်နက်ကြီးများ ဖြစ်ပါသည်၊၊ ပေ(7359)မြင့်ပါသည်၊၊

အသက်အန္တရာယ်ကို ပမာမထားမထားဘဲ ဘာသာရေးကြည်ညိုစိတ်သက်သက်ဖြင့် ပင်ပင်ပမ်းပမ်း တက်ရသည့်တောင်ဖြစ်ပါသည်၊၊ စရိပါဒတောင်ထိပ်တွင် မြတ်စွာဘုရားရှင်သည် သီဟိုဠ်ကျွမ်းသို့ တတိယအကြိမ် ကြွတော်မူစဉ်က ခြေတော်ရာတစ်ဆူကို နောင်လာနောင်သားတို့ကိုးကွယ်ရန် ထားရစ် တော်မူပါသည်၊၊

ထူးခြားသည်မှာ စရိပါဒတောင်ပေါ်သို့ “ခရစ်ယန်၊ ဟိန္ဒူ၊ မွတ်စလင်နှင့် ဗုဒ္ဓဘာသာ”ဘာသာကြီး(4)- ခုမှ ဘာသာဝင်တို့ယုံယုံကြည်ကြည်တက်ပြီး ဘုရားဖူးနေကြသောကြောင့် ဖြစ်ပါသည်၊၊ ခရစ်ယန် ဘာသာဝင်တို့သည် စရိပါဒတောင်ထိပ်မှ ခြေတော်ရာကို အာဒံ၏ခြေရာဟု ယုံကြည်နေပြီး၊ “အာဒံ”၏ ခြေတော်ရာကိုလာဖူးကြသည်ဟု ဆိုပါသည်၊၊

ဟိန္ဒူဘာသာဝင်တို့ကလည်း “ဟိန္ဒူနတ်ဘုရား”ကြီး၏ခြေတော်ရာဟု ယုံကြည်ပြီး၊ တက်ရောက်ဖူး မျှော် နေကြခြင်းဖြစ်ပါသည်၊၊ “မွတ်စလင်”တို့ကမူ “တမန်တော်မိုဟာမက်”၏ အထိမ်းအမှတ်ခြေတော် ရာဖြစ်သည်ဟုဆိုပြီး၊ တက်ရောက်ဖူးမျှော်နေကြခြင်း ဖြစ်ပါသည်၊၊

“စရိပါဒ”တောင်ပေါ်သို့နေ့ခင်းတက်လျင် နေရှိန်ကြောင့်ညပိုင်းတက်သည်ထက် နှစ်ဆပင်ပမ်းသော်လည်း ဘာသာကြီးလေးခုမှ မတူညီသည့်လူလေးမျိုးတို့ နိုင်ငံအသီးသီးမှလာရောက်ဖူးမျှော်နေကြ သည်ကိုတွေ့ရသဖြင့် ထူးခြားသည့်ခံစားမှုဖြစ်ရပါသည်၊၊ ဘာသာတစ်ခုနှင့်တစ်ခုကို ပြဿနာတစ်စုံ တရာမဖြစ်ကြဘဲ ယုံကြည်ရာကို အေးအေးချမ်းချမ်းပူဇော်ပသနေသည်မှာလည်း ထူးခြားမှုဖြစ်ပါသည်၊၊

စရီပါဒတောင်ထိပ်မှ ခြေတော်ရာကြီးတစ်ခုကို ခရစ်ယာန်ဘာသာဝင်တို့မှ အဦးဆုံးတွေ့ကြသောကြောင့် စရိပါဒတောင်ကို Adam’s Peak ဟု အမည်မှည့်ခေါ်ထားပါသေးသည်၊၊ စရိပါဒတောင်နှင့် ပတ်သက်ပြီး၊ လေ့စာစရာနှင့် သုံးသပ်ဆင်ခြင်စရာများ များစွာပင်ရှိသည်ဟု အရှင် ထင်မိပါသည်၊၊

စရီပါဒတောင်ပေါ်မှ ခြေရာသန္တာန်အရာကြီးကို သီရိလင်္ကာလူမျိုးဗုဒ္ဓဘာသာဝင်တို့သည် (BCE-1st) တွင်စတင်တွေ့ရှိသည်ဟုလည်း ဆိုပါသေးသည်၊၊
ဦးမြင့်လွင်+ဒေါ်ခင်ခင်မေတို့သည် အသက်(65)၀န်းကျင် အဘိုးအဘွားတစ်စုံဖြစ်သောကြောင့် 


ဤတောင်သို့တက်ရန် သီရိလင်္ကာနိုင်ငံတွင်ရှိသည့် အရှင်၏ နောင်တော်ကြီးများနှင့်တိုင်ပင်ကြည့် သောအခါ မည်သူကမှသဘောမတူကြဘဲ၊ မတက်ရန်ကိုသာ အကြံပြုကြပါသည်၊၊

ခြေခြော်လက်ခြော်ဖြစ်ရန် လွယ်ကူပြီး၊ အသက်အန္တရာယ်အလွန်ကြီးကြောင်းကို အရှင် ကိုယ်တိုင်လည်း သိထားသည်ပင်ဖြစ်ပါသည်၊၊ အမောဖောက်ပြီး တစ်ခုခုဖြစ်လျင်လည်း အောက်ပြန်သယ်ရန် လွယ်ကူသည့်တောင်မဟုတ်ပေ၊၊ မိုးကလည်း ရွာတော့မည့်ဟန်ပြင်နေပြန်ပါသေးသည်၊၊ 

ညဘက်တက်မှာမို့ အပေါ်တွင်လျပ်စစ်မီးများထွန်းထားသည့်တိုင် အဘိုးအဘွားတို့အတွက် မီးအကူလို အပ်လောက်သည်ကိုသတိပြုမိပြီး၊ လျပ်စစ်လက်နှိပ်ဓာတ်မီးနှစ်ခုကိုလည်း တောင်ပေါ်မတက်မှီ ခက်- ခက်ခဲခဲဈေးကြီးကြီးပေး၍ ၀ယ်ရပါသည်၊၊ 

မိုးကာကွယ်ရန် မူလကထီးယူကြမည်ဟု တွေးတောထားသော်လည်း တောင်ပေါ်တွင်လေတိုက်နိုင်သ ဖြင့် ထီးဖြင့်တက်လျင်လေထဲထီးနှင့်ရောပြီး လူပါလွင့်ပါသွားနိုင်သည်ဟု တဖန်သုံးသပ်မိပြီး၊ ပလပ်စ- တစ်မိုးကာအိင်္ကျီ(3)ကိုရှာဖွေပြီး ၀ယ်ရပြန်ပါသည်၊၊

ဒဏ်ကြေလိမ်းဆေးနှင့် သောက်ရေသန့်ဖူးအလုံအလောက်ကိုထမ်းပြီး စရိပါဒခရီးကြမ်းကို စတင်လိုက် ကြပါတော့သည်၊၊ ခြေတော်ရာတောင်ပေါ်သို့ မည်သည့်နည်းနှင့်မဆို ရောက်အောင်တက်ကြမည်ဟု အပြီးအပြတ်ဆုံးဖြတ်ထားကြသောကြောင့်လေလား မသိ၊ မယ်တော်ကြီး “ဒေါ်ခင်ခင်မေ”သည် “လုံမ ငယ်”တစ်ယောက်ကဲ့သို့ တက်ကြွနေသည်ဟု ထင်မိသည်၊၊

စွယ်တော်တိုက်သို့ဝင်စဉ်က ၀တ်ဆင်ခဲ့သည့်အဖြူရောင်ဝမ်းဆက်ကို ဆက်လက်ဝတ်လာသည်ဖြစ် သောကြောင့် တောင်မြင့်မြင့်လေထန်ထန်တွင် “ဥစ္စာစောင့်မကလေး”တစ်ယောက်နှင့်လည်း တူလှပါ သည်၊၊ ဘိုးတော် “ဦးမြင့်လွင်”ကမူ ဒူးမှပြဿနာတစ်ခုခုဖြစ်မည်ကို စိုးရိမ်ဟန်တူပါသည်၊၊

မည်သို့ဆိုစေ သည်၍သည်မျှ ပင်ပမ်းခက်ခဲသည့် စရိပါဒတောင်တော်ကြီးကို စတင်တက်ခဲ့ကြပါတော့ သည်၊၊ ညနေ (4)နာရီခွဲခန့်တွင်စတင်တက်ပြီး တောင်ထိပ်ရောက်ချိန်အထိ (4)နာရီခန့်ကြာပါသည်၊၊ 

ဘုရားဖူးခရီးစဉ်ကို အစအဆုံးတာဝန်ယူထားသူဖြစ်သောကြောင့် အရှင်သည် မည်သို့ဖြစ်ပေါ်လာလျင် မည်ပုံဖြေရှင်းရမည်ကို တလမ်းလုံးခေါင်းထဲထည့်မိနေသောကြောင့် (60)ကျော်တို့ထက် (30)ကျော်၏ မျက်နှာက ပိုမိုရင့်ရော်နေမည်ဟု ထင်မိပါသည်၊၊

သီရိလင်္ကာလူမျိုးတို့တွင် စရိပါဒတောင်နှင့်ဆက်စပ်၍ ဆိုရိုးစကားတစ်ခု ရှိပါသည်၊၊ “စရိပါဒတောင်ကို မတက်ဘူးလျင် လူအ၊ နှစ်ကြိမ်တက်လျင် လူန၊၊”ဟု ဖြစ်ပါသည်၊၊ ကိုယ့်ကိုယ်ကို ‘လူတော်’လား ‘လူအလား’ဟု မသိသေးသောအရှင်သည် သည်တကြိမ်တွင်မှ “လူန”ဖြစ်နေပြီမှန်း သိရတော့သည်၊၊ 
 အကြောင်းမှာ အရှင်သည် စရီပါဒကို နှစ်ကြိမ်တိတိတက်မိပြီ ဖြစ်၍ပါတည်း၊၊

စရိပါဒတောင်သည် မြန်မာနိုင်ငံ ကျိုက်ထီးရိုးထက် အဆများစွာတက်ရန်ခက်ခဲပြီး၊ အသက်အန္တရာယ် ရှိသည့်တောင်တက်ဖြစ်ပါသည်၊၊ တောင်၏သုံးချိုးနှစ်ချိုးအထိကို ခက်ခက်ခဲခက်တက်ခဲ့ရပြီး မူလ တောင်ထွက်သို့တက်ရချိန်တွင်မူ ၀ါးလုံးကိုဒီဂရီကွက်တိထောင်ထားသည့်အလား ကျောက်လှေကား ကြမ်း အထစ်ကျဲကြီးများဖြင့်ပြုလုပ်ထားပြီး ကြောက်ကြောက်လန့်လန့်တက်ရပါသည်၊၊

ဘေးနှင့်အောက်သို့ ငုံ့မကြည့်ရန်အတန်တန်အော်နေရပါသည်၊၊ နောက်ဆုံး စရိပါဒတောင်ထိပ်သို့ အောင်အောင်မြင်မြင် ဆိုက်ရောက်ခဲ့ပါတော့သည်၊၊ နှင်းမိုးများရွာသွန်းနေပြီး အရိုးတွင်းမှအေးစိမ့်နေ သည်အထိ အေးချမ်းလှပါသည်၊၊

ခြေတော်ရာကို စေတီတော်ငယ်လေး၏မုခ်အတွင်းတွင်းဖူးတွေ့ရချိန်တွင်မူ ဦးမြင့်လွင်နှင့် ဒေါ်ခင်ခင် မေတို့နှစ်ဦးစလုံးမှ “ဦးဇင်း တပည့်တော်တို့ ဒီဘ၀ သေပျော်ပြီ၊ လူဖြစ်ကျိုး နပ်ပြီ”ဟု ဆိုကြပါသည်၊၊

 သည်မျှခက်ခဲသည့်တောင်ကို အခက်ခဲဆုံးနည်းဖြင့်တက်ခဲ့ရပြီး၊ ခြေတော်ရာကိုငုံဆောက်ထားသည့် စေတီတော်လေးကို သုံးခေါက်ပတ်၍ မြတ်စွာဘုရားကိုအာရုံပြုဦးတိုက်ခဲ့ကြပါသည်၊၊

တောင်ပေါ်တွင် (1)နာရီခန့်နေပြီး တောင်အောက်သို့ပြန်လည် ဆင်းသက်ခဲ့ကြပါသည်၊၊ တောင် အောက်သို့ ဆင်းသက်သည့်အခါတွင်လည်း မသက်သာလှပါ၊၊ 
အလွန်မတ်စောက်သည့်ကျောက် ကြမ်းလှေကားထစ်ကျဲကျဲကြီးများတွင် ခန္ဓာကိုယ်ဝိတ်ကိုထိမ်းပြီးဆင်းရသောကြောင့် အတက်ထက် ပင်ပိုမိုပင်ပမ်းပြီး၊ အန္တရာယ်များသည်ဟု ထင်ရပါသည်၊၊

အဆင်းတွင် ဒကာကြီးဦးမြင့်လွင်သည် ကိုယ်ကိုဘေးတိုက်ဆင်းပြီး၊ မယ်တော်ကြီး ဒေါ်ခင်ခင်မေသည် တည့်တည့်ဆင်းကြပါသည်၊၊ ဦးမြင့်လွင်က ဒူးနာသူဖြစ်၍ ဘေးတိုက်ဆင်းနေခြင်းဖြစ်ပြီး၊ ဘွားတော် ဒေါ်ခင်ခင်မေကမူ ပုံမှန်ဆင်းခြင်းသာဖြစ်ပါသည်၊၊

အဘိုးအဘွားတစ်စုံနှင့် အသက်အန္တရာယ်ရှိသော သည်တောသည်တောင်ကို အတူတက်နေရစဉ် လူ- သားတို့၏ ချစ်ခြင်းမေတ္တာအဆင့်ဆင့်ပြောင်းလဲလာကြပုံကိုလည်း တွေးတောသုံးသပ်နေမိပါသည်၊၊ 


 ငယ်စဉ်က“ချစ်သူချစ်”
အိမ်ထောင်သည်ဘ၀“မိသားစုချစ်”
အသက်အရွယ်ကြီးရင့်လာချိန်တွင် “မောင်နှမချစ်”ဟု
လူသား၏သက်တမ်းတိုတိုလေးအတွင်းတွင် ဖြစ်တည်ပြောင်းလဲလာပုံကို “ချစ်ခြင်းနိယာမ”အပြုသ ဘောဖြစ်မည်ဟု နားလည်လာမိသည်၊၊ အကြောင်းမှာ ဦးမြင့်လွင်သည် ဒေါ်ခင်ခင်မေကို နှမလေးတစ် ယောက်ကိုပြုစုသည့်အလား ပြုမူဆက်ဆံနေသည်ကို တွေ့ရသောကြောင့်ဖြစ်သည်၊၊

တောင်အောက်သို့ဆင်းရာတွင် အချိန်(3)နာရီမျှကြာပါသည်၊၊ အရှင်တို့ စီးနင်းမောင်းနှင်လာသည့် ကားငယ်လေးဆီသို့ရောက်ချိန်တွင် ည(2)နာရီနီးပါးအချိန်ဖြစ်ပါသည်၊၊ ကားသမားမှ ညဘက်မောင်း ရန်အဆင်ပြေသည်ဟုဆိုသဖြင့် ကိုလံဘိုမြို့တော်သို့ ဦးတည်ခဲ့ကြပါသည်၊၊

တောလမ်းတွင် သမင်၊ ဆင်၊ တောဝက်၊ ဖွတ်နှင့် မြောက်ကလေးများ အချင်းချင်းသန်းရှာပေးနေ သည်ကို တွေ့ခဲ့ရပါသည်၊၊ တောပန်းတောင်ပန်းတို့ ဖူးပွင့်စိန်းလန်းနေပြီး၊ သာယာလှပသည့် ကျွန်းအလှကို ခံစားရပါသည်၊၊ 

ကိုလံဘိုမြို့တော်သို့ နံနက်(9)နာရီခန့်တွင် ရောက်ပြီး၊ ဟောမဂါမမြို့မှ တည်းခိုခန်းတစ်ခုတွင် ရေချိုး အနားယူခဲ့ကြပါသည်၊၊ ရေချိုးအပမ်းဖြေပြီးသောအခါ ကိုလံဘိုမြို့တော်မှ BCC-စာအုပ်တိုက်ကြီးသို့ သွားပြီး၊ ဘုရားဆင်းတုတော်၊ စွယ်တော်ကြုပ်စေတီ၊ သာသနာ့အလံ၊ စာအုပ်နှင့် ပန်းကလပ်များကို မယ်တော်ကြီး“ဒေါ်ခင်ခင်မေ”၀ယ်ယူသည်ကို တွေ့ရပါသည်၊၊

စာအုပ်ဆိုင်ကြီးမှထွက်ခွါလာခဲ့ကြပြီး Ceylon Tea Wrold-သို့သွားပြီး၊ သီရိလင်္ကာပြန်လက်ဆောင်-လ ဘက်ခြောက်မျိုးစုံကို ၀ယ်ယူကြပါသည်၊၊ ပြီးသောအခါ “မက်ဒေါ်နယ်”သို့ဦးတည်ခဲ့ကြပြီး၊ နေ့လည်စာ စားသုံးကြပါသည်၊၊ ကားသမား“ကိုဝင်းမြင့်”အားလည်း ထမင်းဆိုင်ထဲမှာပင် လမ်းခရီးစရိပ်ကားခပေး ကြပါသည်၊၊

(5)ရက်ခရီးစဉ်အတွက် ကားမောင်းချိန်မီတာ(1134)ရှိပြီး၊ (1)မီတာကို(50)နှုံးဖြင့် စုစုပေါင်းကားခ (56700)ကျပါသည်၊၊ မယ်တော်ကြီး “ဒေါ်ခင်ခင်မေ”မှ (60000)ပေးလိုက်ပါဟုဆိုသဖြင့် ပေးလိုက်ပါ သည်၊၊ လမ်းခရီးတွင်လည်း သတ်မှတ်ချက်တွင်မပါသည့်တိုင် ကားသမားကို ဦးမြင့်လွင်နှင့်ဒေါ်ခင်ခင် မေတို့မှ ထမင်းကိုအဆင့်တူစားသုံးပြီး၊ ကုန်ကျသလောက်ရှင်းသည်ကို တွေ့ရပါသည်၊၊

နေ့လည်စာစားသုံးပြီးချိန်တွင် အချိန်ရသောကြောင့် ကိုလံဘိုမြို့တော်၏တောင်ဘက်ပိုင်းတွင်ရှိသော “ကာလုတ္တရစေတီ”တော်ကြီးသို့ ဖူးမျှော်လေ့လာရန် ခရီးဆက်ခဲ့ကြပါသည်၊၊ ကာလုတ္တရစေတီသို့ ကား(2)နာရီခန့်မောင်းရပါသည်၊၊

စေတီတော်ကြီးသည် သီရိလင်္ကာနိုင်ငံ၏ ခေတ်သစ်စေတီတော်လက်ရာ ဖြစ်ပါသည်၊၊ စေတီတော်ကြီး သည် အတွင်းတွင်စေတီတော်ကြီးနှင့်ပုံစံတူ စေတီငယ်တစ်ဆူကိုတည်ဆောက်ထားပြီး၊ စေတီတော် ကြီး၏အတွင်းသို့ဝင်ပြီး ဖူးမျှော်ကြည်ညိုနိုင်ပါသည်၊၊ ကာလုတ္တစေတီတော်ကြီးသို့ အသွားတွင်သာမန် လမ်းမှသွားခဲ့ကြပြီး၊ အပြန်တွင်မူ အမြန်လမ်းဖြင့်ပြန်ခဲ့ကြပါသည်၊၊

ကိုလံဘိုမြို့တော်ကြီးသို့ ပြန်လည်ရောက်ရှိပြီး မြန်မာကျောင်းအနီး Twon Hall-မှ Bread Talk-ဆိုင်တွင် အဆာပြေအမောပြေ အိပ်ငိုက်ပြေဖြစ်စေရန် သီရိလင်္ကာလဘက်ရည်နှင့် မုန့်စားကြပါသည်၊၊
နေ့လည်(4)ခန့်တွင် ကိုလံဘိုမြို့တော်အလယ်တည့်တည့်မှ “ဂင်္ဂါရာမ”ရှေးဟောင်းပစ္စည်းပြတိုက် ကျောင်းတော်ကြီးသို့ သွားခဲ့ကြပါသည်၊၊ 


ဂင်္ဂါရာမကျောင်းတော်ကြီးတွင် သီရိလင်္ကာနိုင်ငံ ခေတ်အ ဆက်ဆက်မှအသုံးအဆောင်ပစ္စည်းများ၊ ရတနာအမျိုးမျိုး၊ အ၀တ်အစား၊ အသုံးအဆောင်အမျိုးမျိုးနှင့် ရှေးဟောင်းပစ္စည်းမျိုးစုံကို ပြသထားပါသည်၊၊
  
ဗုဒ္ဓဘာသာနိုင်ငံအားလုံးမှ ကြေးဆင်းတု၊ ကျောက်ဆင်းတု ဘုရားဆင်းတုမျိုးစုံကိုလည်း နိုင်ငံအလိုက် ဂင်္ဂါရာမတွင် လေ့လာနိုင်ပါသည်၊၊ သီရိလင်္ကာနိုင်ငံ၏ ယဉ်ကျေးမှုပြတိုက်ကြီးဖြစ်သည့်အလျောက် အခြားနေရာများတွင် မတွေ့နိုင်သည့် ရှေးခေတ်“တွင်ခုံ”စကများ၊ ကားများနှင့် ထူးခြားသည့်ဘုရား ဆင်းတု“မုဒြာ”များကိုလည်း တွေ့ရပါသည်၊၊

ဂင်္ဂါရာမရှေးဟောင်းပြတိုက်ကြီးတွင် ဘုရားဖူးခြင်းနှင့်၊ ရှေးဟောင်းပစ္စည်းများ လေ့လာအပြီးတွင် ငွေလဲလှယ်သည့်ဌာနသို့သွားကြပြီး၊ သုံးစရာမရှိတော့ဘဲကျန်နေသည့် သီရိလင်္ကာရူပီးငွေများကို သြဇီ ဒေါ်လာသို့ ပြန်လည်လဲယူကြပါသည်၊၊

 
ဦးမြင့်လွင်နှင့် ဒေါ်ခင်ခင်မေတို့အတွက် သီရိလင်္ကာနိုင်ငံသို့စတင်ရောက်သည့်နေ့တွင် သြဇီဒေါ်လာ (1400), (1)Dollar-ကို သီရိလင်္ကာရူပီးငွေ(120)နှင့် သီရိလင်္ကာရူပီးအဖြစ် လဲခဲ့ပါသည်၊၊ 


စတင် ရောက်သည့်နေ့တွင် “မကုဋာရာမမြန်မာကျောင်းတိုက်”မှ သံဃာအကုန်ဆွမ်းကပ်သည့်အတွက် ဆွမ်း အလှူငွေ US Dollars-(470)ကုန်ကျပါသည်၊၊
သြစတီရီးယားနိုင်ငံသို့ စင်္ကာပူမှတဆင့် ယ္ခုည(12)ခွဲတွင် ဦးမြင့်လွင်နှင့် ဒေါ်ခင်ခင်မေတို့ ပြန်လည် ထွက်ခွါကြမည်ဖြစ်ပါသည်၊၊ 


ခရီးစဉ်တွင် နောက်ဆုံးလေ့လာဖူးမြှော်ရန်ကျန်နေသည့်“ကလျာဏီ စေတီ”တော်သို့မသွားခင် Galle Face, Sea Sides သို့သွားပြီး၊ ပင်လယ်လေညှင်းခံရင်း ပင်ပမ်းမှုကို ဖြေဖြောက်ခဲ့ကြပါသည်၊၊

(8/5/2015)ညနေပိုင်း (6)နာရီခန့်တွင် ကလျာဏီစေတီတော်ကြီးသို့ ရောက်ရှိခဲ့ကြပါသည်၊၊ “ကလျာ- ဏီ”တွင် ကလျာဏီကျောက်စာ၊ ကလျာဏီရုပ်စုံကျောင်း၊ ကလျာဏီသိမ်၊ ကလျာဏီစေတီနှင့် ကလျာဏီမြစ်တို့ကို လေ့လာရပါမည်၊၊

(AD-15)ရာစုတွင် မြန်မာနိုင်ငံ၌ ဓမ္မစေတီမင်းအုပ်ချုပ်ပါသည်၊၊ ဓမ္မစေတီခေတ်တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာသည် မသန့်မရှင်းဖြစ်နေပြီး၊ သံဃာအတုအယောင်များသာ လွှမ်းမိုးနေပါသည်၊၊ ရဟန်း သံဃာအစစ် မရှိသလောက်ရှားပါးသည့်ခေတ်ဖြစ်ပါသည်၊၊ 

သာသနာတော်ပျက်စီးလုနီးပါးမျှ မြန်မာနိုင်ငံတွင်ဖြစ်နေပါသည်၊၊ ဓမ္မစေတီမင်းကြီးသည် သာသနာ တော်ကိုအသက်တဖန် ပြန်လည်သွင်းသည့်အနေဖြင့် သံဃာတော်အပါး(20)ခန့်ကို သီဟိုဠ်ကျွမ်းသို့ ရွက်သ င်္ဘောကြီးများဖြင့်စေလွှတ်ပြီး ရဟန်းခံစေပါသည်၊၊

မြန်မာနိုင်ငံမှရောက်လာသည့် သံဃာငယ်များကို လူဝတ်လဲစေပြီး၊ သီဟိုဠ်သံဃာရာဇာဆရာတော်ကြီး များကိုယ်တိုင် ကလျာဏီမြစ်ထဲတွင်ရေသိမ်ပြု၍ ရဟန်းခံပေးခြင်း၊ သံဃာတပါးသိသင့်သိထိုက်သည်များကို သင်ပြဆုံးမခြင်းနှင့်၊ စာပေသင်ကြားပေးခြင်းများကို ပြုပေးခဲ့ပါသည်၊၊

ကလျာဏီမြစ်သည် မြန်မာနိုင်ငံသာသနာတော်၏ မိခင်ဖခင်ဖြစ်ပါသည်၊၊ ကလျာဏီကျောက်စာ(2) ချပ်ကိုလည်း လေ့လာနိုင်ပါသည်၊၊ ရှေးဟောင်းကျောက်စာလောကတွင် အလွန်တန်ဖိုးကြီးသည့် ကျောက်စာဖြစ်ကြောင်း သိရပါသည်၊၊ 


ကလျာဏီမြစ်ကမ်းခြေတွင် မြတ်စွာဘုရားရှင် ရေချိုးတော်မူသည်ဟုလည်း မှတ်တမ်းရှိပါသည်၊၊
မြတ်စွာဘုရားရှင် ၀ါတော်(8)၀ါအရတွင် သီရိလင်္ကာသို့ဒုတိယအကြိမ်မြောက်ကြွတော်မူစဉ်က ကလျာ ဏီကုန်းထိပ်ပေါ်တွင် တရားဟောတော်မူခဲ့ပြီး၊ မြတ်စွာဘုရားတရားဟောတော်မူသည့် နေရာတွင် ပလ္လင်တော်ကိုနေရာမရွေ့စေဘဲ ကလျာဏီစေတီတော်ကြီးကို မြတ်စွာဘုရားရှင်၏ဆံတော်များကိုပါ ဌာပနာပြီးတည်ဆောက် ကိုးကွယ်ခဲ့ကြပါသည်၊၊

ကလျာဏီတွင် ရဟန္တာအရှင်မြတ်များသမုတ်ခဲ့သည် “သိမ်”ရှိပါသည်၊၊ မြန်မာသံဃာတော်အချို့သည် ထူးမြတ်သည့်ကလျာဏီသိမ်သို့သွားပြီး သိမ်ထပ်လေ့ရှိကြပါသည်၊၊ ကလျာဏီသည် ဦးမြင့်လွင်နှင့် ဒေါ်ခင်ခင်မေတို့၏ သီရိလင်္ကာဘုရားဖူး(5)ရက်ခရီးစဉ်တွင် နောက်ဆုံးလေ့လာစရာနေရာဖြစ်ပါသည်၊၊

ကလျာဏီအရပ်မှ ဖူးမြှော်စရာများနှင့် လေ့လာစရာများကို လေ့လာပြီးချိန်တွင် ညပိုင်း (7)ခန့်ရှိပါပြီ၊၊ လေယာဉ်ကွင်းချိန်း ညဦးပိုင်း(10)ဖြစ်သောကြောင့် ကလျာဏီမှ လေဆိပ်သို့ထွက်ခွါခဲ့ကြပါတော့ သည်၊၊ လေဆိပ်သို့ (8)နာရီနီးပါးတွင် ရောက်ကြပြီး၊ (5)ငါးရက်တာ ငှားရန်းထားသည့်ကားလေးပေါ်မှ ဦးမြင့်လွင်နှင့် မယ်တော်ကြီးဒေါ်ခင်ခင်မေတို့ စွန့်ခွါကြတော့မည် ဖြစ်ပါသည်၊၊

အရှင်၏စိတ်ထဲတွင် ခွဲခွါမှုအတွက် မည်သို့မျှခံစားမှုမဖြစ်ပေါ်ဘဲ၊ ခရီးစဉ်တစ်ခု အောင်မြင်စွာပြီးဆုံးပြီ ဖြစ်၍ ကျေနပ်မိပါသည်၊၊ ဦးမြင့်လွင်နှင့် မယ်တော်ကြီးတို့မှ ပညာရေးအတွက် န၀ကမ္မ၀တ္ထုငွေလှူ သည်ကိုလည်း လက်ခံခဲ့ပါသည်၊၊

အစီအစဉ်မရှိဘဲ သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးရောက်လာကြသည့် ပါရမီရှင်နှစ်ဦးကို ကျောင်းအားချိန် ဖြစ်နေသဖြင့် ဘုရားဖူးနှင့် လေ့လာရေးခရီးစဉ်တစ်ခုကို အောင်မြင်စွာစီစဉ်ပေးလိုက်ရသည့်အတွက် အရမ်းဝမ်းသာမိသည်၊၊ အနည်းငယ် အချိန်လွဲမှားမှုအချို့ရှိခဲ့သော်လည်း အန္တရာယ်ကင်းကင်း ရှင်းရှင်းဖြင့်၊ ဦးမြင့်လွင်နှင့် ဒေါ်ခင်ခင်မေတို့ ကျေနပ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်၊၊ 

ရှေးဘ၀ရေစက်ရှိသဖြင့် (5)ရက်တာအတူစားအတူနေခရီးအတူသွားဖြစ်ကြခြင်းဖြစ်၍ မိဘနှစ်ဦးဖြစ် သည်ဟု မရောက်လာမှီကပင် သဘောထားပြီးဖြစ်၍ အကျိုးတစ်စုံတစ်ရာကိုမမျှော်ကိုးဘဲ စေတနာ အပြည့်အ၀ဖြင့် ခရီးစဉ်ကိုစီစဉ်ပေးခဲ့ခြင်း ဖြစ်ပါသည်၊၊

ဒကာကြီးဦးမြင့်လွင်နှင့် မယ်တော်ကြီးဒေါ်ခင်ခင်မေတို့ ဇနီးမောင်နှံ မြတ်စွယ်တော်နှင့် ခြေတော်ရာ အပါအ၀င် သီဟိုဠ်ကျွန်းမှ မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်၊ စေတီပုထိုးများကို ဖူးမြှောက် ကြည်ညိုကြရသောကုသိုလ်စေတနာကြောင့်၎င်း၊
မကုဋာရာမမြန်မာကျောင်းတိုက်ကြီးတွင် သံဃာတော်(320)တို့ကို နေ့ဆွမ်းဆက်ကပ်ရသောကုသိုလ် ကြောင့်၎င်း လူ့ဘ၀မှရနိုင်သည့် ချမ်းသာချမ်းမျိုးစုံကို စံစားနိုင်ကြပြီး၊ မြတ်နိဗ္ဗာန်ချမ်းသာကို ရရှိကြပါ စေကြောင်း ဆုမွန်ခြွေသလိုက်ရပါသည်၊၊


အေးချမ်းသာယာကြပါစေ……………………..! 



{References/ History of Buddhism in Ceylon by Dr. Walpola Rahula-1993. Sri Lanka Pilgrim’s Guide by Pub-BPS. Sacred Island: A Buddhist Pilgrim’s Guide to Sri Lanka. www.ko-thitsar.blogspot.com}


(မှတ်ချက်/မိုင်းမှတ်တမ်းများရေးသားရာတွင် အမှားအယွင်းတစ်စုံတရာတွေ့ရှိပါက အကြံပြုဆွေးနွေးကြ ပါရန် မေတ္တာရပ်ခံအပ်ပါသည်၊၊)


မေတ္တာဖြင့်---


           အရှင်ကေ၀လ(အလင်းစက်)

           B.A (English), M.A (Buddhism),

           www.ko-thitsar.blogspot.com


           (12/5/2014)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP