ကြက်တူရွေး ကြက်တူရွေး
ရွှေခဲ ကြက်တူရွေး။
ညီပုလေးကို စာအံသင်၊
ရွှေခဲ စာအံသင်။
ညီလေးခင်က စာပြန်တုန်း၊
ရွှေခဲ စာပြန်တုန်း။
ဝလုံးရေးဖို့ ညီလေးထိုင်၊
ရွှေခဲ မရေးနိုင်။
ငေးမှိုင်ရှာပေါ့ ကြက်တူရွေး၊
ရွှေခဲ ကြက်တူရွေး။ ။
မတူလို့ မတုနိုင်တဲ့ အခါတွေမှာ
သတိရမိတဲ့
ကဗျာလေးပါ၊၊
လူတွေမှာ မတူညီတဲ့ စွမ်းရည်၊အတတ်ပညာ၊အရည်အချင်းတွေရှိနေပါတယ်၊၊
သူများမှာ ရှိတာ ကိုယ့်မှာ မရှိလို့ဆိုပြီး၊ စိတ်အားငယ်စရာ မလိုသလို၊ကိုယ့်မှာ ရှိတာ သူများမှာ မရှိလို့လဲ
ဘ၀င်မြင့်စရာ မလိုဘူးဆိုတာကို ပြောတဲ့ ကဗျာလေးပါ၊၊ပေါ့ပေါ့ ပါးပါးလေး ရေးစပ်ထားပေမဲ့ အဓိပ္ပါယ်လေး
နက်လှပါတယ်၊၊ ရွှေခဲလေးနဲ့ ညီပုလေးဆိုပြီး ဇာတ်ကောင်ပြထားတာက Symbolism လို့ခေါ်ပါတယ်၊၊
ကလေးကဗျာဆိုပြီး နိမ့်တယ်ထင်ရင်တော့ မှားမှာပါ၊၊တခါတလေ သူတတ်တာ ကိုယ်မတတ်၊
သူ့မှာရှိတာ ကိုယ့်မရှိ၊ အခြေအနေမျိုးတွေ ဇြစ်နေတတ်ပါတယ်၊၊ဒါကို ရည်ရွယ်ပြီး ဆရာကြီးက ဒီကဗျာလေးကို
ရေးသားစပ်ဆိုခဲ့တာ ဖြစ်ပါတယ်၊၊
(ဆရာကြီး မင်းသုဝဏ် ရေးသားခဲ့ပြီး ဆရာကြီးဦးဘဉာဏ်ရဲ့ ပန်းချီလက်ရာ
အင်္ဂလိပ်သို့ ဘာသာပြန်သူ ပါမောက္ခ လုစ်
(မောင်ခွေးဖို့ ကဗျာများ စာအုပ်မှ ထုတ်နှုတ် တင်ပြပါသည်။)
0 comments:
Post a Comment