Friday, July 3, 2009

မယ်တော်မာယာ

ဘုရားအလောင်းတော် သေတကေတုနတ်သားဟာ လူ့ပြည်ကိုဘုရားဖြစ်ရန် ဆင်းမည်ပြုသောအခါမှာ ကြည့်ခြင်းကြီး(5)မျိုးကို ကြည့်တယ်လို့ ပါဠိစာပေမှာတွေ့ရပါတယ်၊၊
အဲဒီငါးမျိုးထဲမှာ မာတု အာယုပရိစ္ဆေဒ ဆိုတာပါ ပါတယ်၊၊မယ်တော်ရဲ့ သက်တမ်းကို ကြည့်တာပါတဲ့၊၊
ဘုရားမယ်တော်တို့မည်သည် ဘုရားအလောင်းတော်ကို ဖွားသန့်စဉ်အပြီး(7)ရက် ကြာတဲ့အခါမှာ ဘ၀ဇာတ်သိမ်းပေးရပါသတဲ့၊၊
စာရေးသူတွေးမိတာက” ဘုရားမယ်တော်တဦးအဖြစ်လူလောကမှာ အသက်ရာတမ်းတိုင်နေသင့်တယ်ထင်တယ်လေ”၊၊လူတွေအားလုံးကလည်း ဘုရားမယ်တော်ဆိုပြီး ချစ်ကြ ခင်ကြ ရိုသေလေးစားကြမှာ မလွဲပါဘူး၊၊ဒါကြောင့် စာရေးသူက သက်တမ်းစေ့ နေစေချင်တာပါ၊၊အခုတော့ သားတော်လေးကိုမှ ချစ်လို့ မ၀သေးခင် ကံတော်ကုန်ရတယ်ဆိုတော့ ကျေကွဲစရာပေါ့၊၊ဒါတွေက ဆရာတော်ကြီး တပါးရေးတဲ့ ကဗျာကိုမတွေ့ခင်က တွေးမိတာပါ၊၊အခုတော့ ကဗျာလေးကို ဖတ်ပြီး သဘောပေါက်သွားပါပြီ ဘာကြောင့် ဘုရားမယ်တော် အသက်မရှည်ရတယ်ဆိုတာပေါ့၊၊ကဗျာလေးက တောင်တွင်းဆရာတော်ကြီး အရှင်ဥက္ကဌရေးတာပါ စာဖတ်သူလေ့လာရအောင် တင်ပြပေးလိုက်ပါတယ်၊၊

အို-မိဖုရား, ဤသားကြောင့်ပင်၊
သင့်ကိုလူသား, နတ်များချစ်ခင်၊
သင့်လိုလူမျိုး, လူတရိုးတွင်၊
နောက်-နေထွက်, ခဲခက်ရာဇ၀င်၊၊

ဤသည့်သားမြတ်, လွယ်အပ်သားအိမ်၊
မြင့်မြတ်ခေါင်ကြူး, အထူးမွေ့သိမ်၊
သန္ဓေနောက်ထပ်, ကပ်ဖို့ကောတိမ်၊
စွန့်ခွာရေး, မနှေးဤလူ့အိမ်၊၊

အလွန်ထူးမြတ်, မိ-နတ်မာယာ၊
ဆင်းရဲဒုက္ခံ, မတန်မရာ၊
လူ့ဘ၀လည်း, ဒုက္ခချည်းသာ၊
ဒုက္ခ၀ဋ်, လွတ်ဖို့ဓမ္မတာ၊၊

ထို့ကြောင့်ဤသား, မွေးဖွားပြီးခါ၊
(၇)ရက်စေ့, ညီးငွေ့လူ့ရွာ၊
ဒုက္ခကင်းကင်း, ဆင်းရဲရှင်းရာ၊
လူ့ဇစ်မြစ်, စွန့်ပစ်မယ်မာယာ၊၊

လူ့ဘ၀နန်း, စိတ်နွမ်းကိုယ်အီ၊၊
ထွက်မြန်းတက်လှမ်း, ထက်နန်းတုဿီ၊
နတ်ဗြဟ္မာပေါင်း, ခညောင်းစုံညီ၊
မာယာနတ်, ဦးညွတ်လက်အုပ်ချီ၊၊

1 comments:

Crystal April 3, 2010 at 6:58 AM  

ပိုစ့်လေးကို လာရောက်သာဓုခေါ်သွားပါတယ်။

Post a Comment

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP