“လောင်စာရန်ငြိုး၊ မီးဆက်၍ ပျိုးမည်ကြောင့်၊
မိန်းမဆိုးအမုန်း၊ ဒီဘ၀တွင် ဒီမျှနှင့်ပဲ ဆုံးစေတော့”၊၊
“ဤစွယ်စုံကို၊ ရွှေဘုံသူ မှန်ကူသုံးရက်တော်မူသေးလျင်၊
ရန်သူ၏အစွယ်ကို၊ ရွှေလက်ဝယ် ဆက်သပါမည်၊
အားရစိတ်ရွှင်၊ ကျေနပ်အောင်စီရင်၍၊ ပြုချင်တိုင်းပြုတော်မူပါဘုရာ့ဟု၊
မောင်မင့်သခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်၍မှ မပြေနိုင်၊ ငြိုးတတ်သည့်၊
မုဆိုးတပိုင်း မိန်းမရိုင်းကြီးကို၊ ငါမှာတိုင်းပြောပါလေ၊၊” (စလေ ဦးပုည)
လူတို့၏ဘ၀ကို တိုသည်ဟု ပြောလိုက ပြောနိုင်သလို၊ ရှည်လျားလွန်းသည်ဟု ပြောလိုကလည်း ပြောနိုင်ပြန်သည်၊၊ တချို့တချို့အတွက် ဘ၀တစ်သက်တာလုံးကို မဆိုထားဘိ တစ်နေ့တာလေးသည်ပင် ကုန်ခဲသည်ဟုထင်ရသည်၊ ဤသူများအတွက် ဘ၀သည်ရှည်လျားသည့် အချိန်အတိုင်းအတာ ကြီးတစ်ခု ဖြစ်ပေသည်၊၊
တချို့ကြပြန်တော့လည်း နေ့တွေ၊ လတွေ၊ နှစ်တွေသည် မည်သို့မည်ပုံကုန်လွန်သွားသည် မသိလိုက်ရအောင် ပင် တိုနေပြန်သည်၊၊ ဤသူများအတွက် ဘ၀တစ်သက်တာသည် တိုတောင်းလွန်း သည့် အချိန်တစ်ခုလေးမျှ သာ ဖြစ်ချေသည်၊၊
ဘ၀တစ်ခုသည် တိုတောင်းသည်ပဲ ပြောပြော၊ ရှည်လျားသည်ပဲ ဆိုဆို၊ သေခြာသည်က သံသရာ ဆိုသည်ကတော့ အမှန်ပင် ရှည်လျားလွန်းပေသည်၊၊ ပါဠိစာပေတွင် “အိပ်မပျော်သူအတွက် ညတာ ရှည်သည်၊ အသိမှားနေသူအတွက် သံသရာရှည်သည်၊၊”ဟု ဆိုထားသည်ကို သတိရမိသည်၊၊
မှန်သည်၊ ဤရွေ့ဤမျှ ရှည်လျားသော သံသရာကြီးအထဲတွင် လူတို့သည် တစ်နေရာမဟုက် တစ်နေရာ၊ တစ်ဘ၀မဟုက် တစ်ဘ၀တွင် ဆုံတွေ့ခဲ့ကြဘူးမည် မလွဲချေ၊၊ ဆုံတွေ့သည်ဆိုရာတွင် မိဘနှင့် သားသမီးအဖြစ် ဆုံတွေ့ရသည်လည်း ရှိသည်၊ ဆွေမျိုးများအဖြစ် ဆုံတွေ့ရသည်လည်း ရှိသည်၊၊ မိတ် ဆွေများအဖြစ် ဆုံတွေ့ရသည်လည်း ရှိသည်၊ ချစ်သူများအဖြစ် ဆုံတွေ့ရသည်လည်း ရှိသည်၊ ဇနီးမောင်နှံများအဖြစ် ဆုံတွေ့ရသည်လည်း ရှိသည်၊၊
လူတို့သည် မတွေ့ကြလျင်ကောင်းကောင်း၊ တွေ့မိကာမှ ချစ်ခင်မှု၊ သို့မဟုက် မုန်းတီးမှု၊ တစ်မျိုးမ ဟုက်တစ်မျိုးကို ရင်ဆိုင်ကြရလေသည်၊၊ လူသားတစ်ဦးအတွက် ဘ၀ဆိုသည်ကလည်း ကိုယ့်ဘ၀ ကိုယ့်ပုံစံနှင့်ကိုယ် လျောက်နေကြရကား အခြားတယောက်အတွက် မနှစ်မြို့ဘွယ်၊ မုန်းတီးဘွယ်ဖြစ်မှန်းမသိ ဖြစ်နေတတ်သည်၊၊ အမှန်မှာ မုန်းစေလို၍ တမင်ပြုလုပ်ခြင်းကား မဟုက်၊ ကိုယ့်အခြေအနေ အလျောက် သင့်တော်သလို ပြုလုပ်ရမှုသည်ပင် အခြားသူတယောက်အတွက် မုန်းတီးဖွယ်၊ နာကြည်းဖွယ်ရာ ဖြစ်နေတော့သည်၊၊
ပါဠိစာပေတွင် မဖြစ်မြောက်သည့် ရန်ငြိုးလေးမှ စတင်ပြီး၊ ဘ၀များစွာ လက်စားခြေကြသော အဖြစ်အပျက် များစွာကို လေ့လာရသည်၊၊ အမှန်တကယ်တွင်မူ ရန်ငြိုးဖြင့် လက်စားချေသောအခါ မိမိရော တစ်ဘက်သူပါ နင့်နာရသည်ကို သတိပြုသင့်သည်၊၊
မြတ်စွာဘုရားရှင်သည် ရန်ငြိုးဖြေဖျောက်နည်း(၅)မျိုးကို အင်္ဂုတ္တရနိကာယ် ပါဠိတော်တွင် ဖော်ပြထားပါသည်၊၊ စာပေမှာလာသော သင်ကြားချက်တိုင်းသည် လက်တွေ့ဘ၀တွင် အသုံးဝင်သည်ကား မဟုက်ပါ၊ တချို့စာပေမှာလာသော အချက်များသည် ဖတ်၍ကောင်းသလောက် လက်တွေ့အကောင် ထည်ဖော်ရာတွင် ဖြစ်နိုင်ခြေနည်းသည်ကို သတိပြုမိသည်၊၊ အရှင် ယ္ခုတင်ပြမည့် ရန်ငြိုးဖြေနည်း(၅) မျိုးသည် လက်တွေ့ဘ၀တွင် အမှန်တကယ် အသုံးဝင်နိုင်ပါသည်၊၊
တချို့သူတို့သည် တစုံတယောက်အပေါ် ရန်ငြိုးကြီးကြီးထားတတ်သည်ကို တွေ့ရသည်၊ တိုက်ဆိုင်သည့် အချိန်တိုင်းမှာရော၊ မတိုက်ဆိုင်သည့်အချိန်များတွင်ပါ ထိုသူ၏ပုံရိပ်ကို ပြန်လည်မြင်ယောင်ပြီး တနုံ့နုံ့ခံစားနေတတ်သည်၊၊ ဤသည်မှာ အမုန်းကြောင့်ဟု ထင်ရသော်လည်း မမေ့နိုင်သည်ကို ထောက်ဆသောအားဖြင့် အချစ်ကြောင့်သာ ဖြစ်နိုင်သည်၊၊ မှန်သည်၊၊ မြန်မာစကားတွင် “မစားရသည့်အမဲ သဲနှင့်ပက်”ဆိုသည့်စကားနှင့် “ပြစ်ရမှာလဲ အဆီတ၀င်းဝင်း၊ စားရမှာလဲ သဲတစ်ရှပ်ရှပ်”ဟူသော စကားပုံနှစ်ခု ရှိသည်၊
ဤစကားများနှင့် “ရန်ငြိုး”ဆိုသော ဝေါဟာရသည် အတိုင်းတာတစ်ခုအထိ ဆက်စပ်မှု ရှိသည်၊၊ ရန်ငြိုးကြီးသောသူများသည် မိမိရန်ငြိုးထားသောသူအပေါ်တွင် အမုန်းသက်သက် မဟုက်ဘဲ၊ အချစ်နှင့်အမုန်း နှစ်ခုရောလျက်ရှိသည်ကို သတိမမူမိဘဲ ရှိနေတတ်သည်၊၊
အမုန်းကြောင့် ထိုသူဒုက္ခဖြစ်စေချင်သည်၊ အချစ်ကြောင့် သိပ်ဆိုးဆိုးဝါးဝါးကြီး ဖြစ်သွားပြန်လျင်လည်း တိတ်တိတ်ကလေး မျက်ရည်ကျနေရတတ်ပြန်သည်၊၊ သည်လိုအခြေနေမျိုးတွင် ရန်ငြိုးထားခံရသူထက် ရန်ငြိုးထားသည့် မိမိကိုယ်တိုင်က ပို၍ခံစားရေသည်ကို ၀န်ခံရတော့မည်၊၊ မည်သို့ဆိုစေ၊ ရန်ငြိုးကိုဖြောက်ဖျက်ပြစ်နိုင်ခြင်းသည်သာ သူတပါးရော မိမိပါ အမှန်အေးချမ်းသည့် စိတ်အစဉ်နှင့်၊ ကောင်းကျိုးစီးပွားကို ရပေမည်၊၊
ဂျပန်တို့အပေါ် အင်္ဂလိပ်တို့ မည်မျှရက်စက်ခဲ့သည်ကို ဂျပန်တိုင်း သိပေသည်၊ သို့သော် ဂျပန်လူမျိုးတို့သည် အင်္ဂလိပ်ကိုမုန်းပြီး၊ ရန်ငြိုဖွဲ့မည့်အစား မဟာမိတ်ဖွဲ့နိုင်ခဲ့သဖြင့် ယနေ့ကမ္ဘာတွင် ဂျပန်သည် လူချမ်းသာနိုင်ငံစာရင်းတွင် ထိပ်တန်းမှ ရောက်ရှိနေသည်၊၊ လက်တွေ့ဘ၀တွင်လည်း ရန်ငြိုးကို လက် စားခြေရာမှ တဖက်လူလည်းပျက်စီး၊ မိမိလည်း ဒုက္ခရောက်ရသည်ကို နေ့စဉ်နီးပါးမျှ မြင်တွေ့၊ ကြားသိရသည်၊၊
အရှင်တင်ပြမည့် ရန်ငြိုးဖြေနည်းငါးမျိုးကို စနစ်တကျလေ့လာပြီး စာဖတ်သူတွင် ရှိသည့်ရန်ငြိုး၊ ရန်စများကို ဖြေဖျောက်နိုင်မည်ဆိုလျင် စိတ်အေးချမ်းပြီး၊ တိုတောင်းလှသည့် လူ့ဘ၀လေးသည်လည်း နေပျော်လာမည် ဖြစ်ပါသည်၊၊ ဟုက်သည်၊ အဖြစ်အစဉ်+အပျက်အစဉ်များအကြားတွင် နေနေရသည့် အတွက်သာ ဘ၀သည် ရှည်လျားလှသည်ထင်ရသော်လည်း အမှန်တိုတောင်းသည့် ဘ၀ဖြစ်သည်ကို အရွယ်လွန်ကာမှ နောင်တရနေမည့်အစား အချိန်ရှိစဉ် အရာရာပြောင်းလဲပြုပြင်ပြီး နေတတ်ခဲ့မည်ဆိုလျင် ကိုယ်တိုင်ရော၊ ကိုယ့်ကိုချစ်ခင်ကြသည့်သူများပါ စိတ်ချမ်းသာကြရမည်ကို သတိပြုရပါမည်၊၊
မြတ်စွာဘုရားရှင် သင်ပြထားသည့် ရန်ငြိုးဖြေနည်း ငါးမျိုးကို အသေးစိတ် ခွဲချမ်းစိတ်ဖြာ လေ့လာ ကြည့်ကြရအောင်ပါ၊၊ ရန်ငြိုးဖြေနည်း (၅)မျိုး---
(၁) ချစ်လိုက်ပါ၊
(၂) သနားလိုက်ပါ၊
(၃) မေ့ပြစ်လိုက်ပါ၊
(၄) သူ့အကြောင်း အတွေးမ၀င်ပါနဲ့၊
(၅) သူ့အကြောင်းနှင့်သူ ရှိပါစေတော့၊
“ချစ်လိုက်ပါ”
ရန်ငြိုးများ ဖြစ်ပေါ်လာခြင်းတွင် အမုန်းစိတ်သည် အဓိကနေရာမှ ပါဝင်နေသည်ကို သိသာသည်၊ မုန်းလွန်းရာက နာကြည်း၊ နာကြည်းရာမှ ရက်စက်လိုသည့် စိတ်ရိုင်းတို့ဝင်ရောက်လာသည်ကို မြန်မာ ဝေါဟာရဖြင့် ရန်ငြိုးထားသည်ဟု ခေါ်ရတော့သည်၊၊ သည်လိုဆိုလျင် ရန်ငြိုးကို တိုက်ရိုက်ဖြောက်ပြစ် ရန်ကား မဖြစ်နိုင်ပေ၊ ရန်ငြိုး၏အခြေခံကို တွေ့အောင်ကြည့်ပြီး ထိုအခြေခံအကြောင်းရင်း ဖြစ်တည်မှုကို ပြုပြင်လိုက်လျင် ရန်ငြိုးဟူသည်လည်း အလိုအလျောက် ပြေပျောက်သွားတော့သည်၊၊
ရန်ငြိုးဖြေဖျောက်ရန် ပထမဆုံးနည်းသည် ချစ်လိုက်ပါဟူ၍ ဖြစ်ပါသည်၊၊ တကယ်တော့ မုန်းခြင်းသည် အချစ်ကြောင့်သာ ဖြစ်ခဲ့ရသည်၊ မချစ်သူကို မုန်းရန်မဖြစ်နိုင်သောကြောင့် ဖြစ်သည်၊၊ တချိန်ချိန်က ချစ်ခဲ့သည်၊ အလိုမကျတော့ မုန်းသည်၊ ရန်ငြိုးထားသည်၊၊ သို့ဆိုလျင် ချစ်စဉ်က ဘာကြောင့်ချစ် ခဲ့သနည်းဆိုသည်ကို ပြန်လည်စစ်ကြည့်ရမည်၊၊ ကောင်းသည့်အရည်အခြင်းများ၊ အားသာချက်များ၊ ကောင်းကွက်များရှိခဲ့၍သာ လူတယောက်နှင့် တယောက်တို့ ချစ်ကြရသည်၊၊ မုန်းသည့်အချိန်တွင် လည်း ထိုကောင်းသည့်အရည်အခြင်းနှင့် သူ၏အားသာချက် ကောင်းကွက်များကို ပြန်လည်မြင် အောင်ကြည့်နိုင်မည်ဆိုလျင် ပထမရန်ငြိုးဖြောက်နည်းကို လိုက်နာရန် မခက်ခဲတော့ပေ၊၊
ထိုသို့မဟုက်မူဘဲ၊ အားနည်းချက်များ၊ ဟာကွက်များ၊ ဆိုးကွက်များကိုချည်းသာ ကြည့်နေတော့မည်ဆိုလျင် တစ်ဘ၀တွင်မလုံလောက်၊ အသင်္ချေပင်မုန်းနေရတော့မည်၊ ရန်ငြိုးတွေ ပွားနေရတော့မည်၊၊ မိမိတစ်ကိုယ်လုံးတွင်လည်း အမုန်းဓာတ်များပြန့်နှံ့နေရကား မေတ္တာခေါင်းပါးသည့် အခြေသို့ ရောက်ပြီး၊ တစုံတယောက်အပေါ်ကိုယ်က မုန်းရာက၊ ကိုယ့်ကိုယ် အများက၀ိုင်းမုန်းကြတော့သည့် အဆင့်အထိ ရောက်သွားရသည်၊၊ ထို့ကြောင့် မုန်းသူအပေါ်တွင် အားသာခဲ့ဘူးသည့်အချက်များကို ပြန်လည်စုစည်းအမှတ် ရပြီး မေတ္တာထားလိုက်မည်ဆိုလျင် ရန်ငြိုးပြေလေတော့သည်၊၊ ရန်ငြိုးပြေပျောက် သွားသည်နှင့် မိမိကိုယ်တိုင်လည်း စိတ်ပင်ပမ်းမှုများ၊ ဖိစီးမှုများ၊ အမုန်းများပြေပျောက်ပြီး ပေါ့ပါးလန်း ဆန်းလာမည် မလွဲပါချေ၊၊
“သနားလိုက်ပါ”
ရန်ငြိုးဖြေဖျောက်ရန် ဗုဒ္ဓရှင်တော်၏ ဒုတိယလမ်းညွှန်ချက်သည် သနားလိုက်ပါဟူ၍ ဖြစ်ပါသည်၊၊ လူတို့သည် အပြင်ပန်းအားဖြင့် ဟန်ကိုယ့်ဖို့လုပ်နေကြရသော်လည်း အတွင်းပိုင်းအားဖြင့်မူ သူ့အပူနှင့် သူ ဖြစ်နေတတ်သည်၊၊ “ဘ၀တွင် အသက်တစ်ရာသာ မနေရရှိမည်၊ အမှုတစ်ရာ၊ အပူတစ်ရာကို ရင် ဆိုင်နေကြရသည်”ကို နားလည်ထားသင့်သည်၊၊ ဤသို့ဆိုလျင် သူ့အပူ၊ သူ့အမှုကိုမှ အနိုင်နိုင် ဖြေရှင်း နေရသည့်သူများကို မိမိကပါ ရန်ငြိုးထားနေအုံးမည်ဆိုလျင် “ရေနစ်သူကို ၀ါးမကူဘဲ၊ ၀ါးနှင့်ထိုးစိုက် ရာပင် ကျတော့မည်၊” မည်မျှရက်စက်သည့် စိတ်ထားနည်း တွေးသင့်သည်၊၊ ထိုသို့သော သဘောတရားများကို သိမြင်သဘောပေါက်ပြီး လူတိုင်းကို သနားတတ်မည်ဆိုလျင် မည်သူ့အပေါ်မှာမှ ရန်ငြိုး ထားတော့မည် မဟုက်ပေ၊၊
မြတ်စွာဘုရား၏ ကြီးကြယ်သော ဂုဏ်ပုဒ်များထဲတွင် “မဟာကရုဏာရှင်”ဖြစ်သည်ဆိုသော ဂုဏ်ရည်တစ်ခု ပါဝင်သည်၊ “မဟာကရုဏာ”ဆိုသည်မှာ သတ္တ၀ါအားလုံး၏ အပူကိုယ်စီ၊ အမှုကိုယ်စီရှိနေ တတ်သည့်အဖြစ်ကို သဘောပေါက်ပြီး သနားတတ်သည်ကို ခေါ်သည်၊၊ “ဒီလူတော့ဖြင့် သနားစရာ သတ္တ၀ါလေးပါလား”ဟူ၍ တွေးလိုက်မည်ဆိုလျင် သူ့အပေါ်တွင် ရန်ငြိုးများကုန်ခမ်းပြီး၊ မိမိရော ထိုသူပါ အေးချမ်းပြီး၊ စိတ်လက်ပေါ့ပါးလာပါတော့သည်၊၊
“မေ့ပြစ်လိုက်ပါ”
ရန်ငြိုးဖြောက်ရန် တတိယနည်းသည် စိတ်နာဖွယ်၊ မကျေနပ်ချက်များကို မေ့ပြစ်လိုက်ဖို့ ဖြစ်ပါသည်၊၊ လူသည် ရံခါများစွာတွင် အပျော်ကိုတွေးသင့်သည့်အစား နာကြည်းဖွယ်၊ မကျေနပ်ချက်များကို ထပ်ကာထပ်ကာ တွေးတောနေတတ်သည့်အတွက် နာကြည်းဖွယ် သေးသေးသည် အကြီးကြီးဖြစ် လာရသည်၊ မကျေနပ်ချက်သေးသေးလေးသည် မကျေနပ်ချက်ကြီးကြီး ဖြစ်လာရသည်၊၊ သဘာဝနိ ယာမပုံစံသည် ထပ်တလဲလဲပြုလုပ်၊ ကြံစည်၊ တွေးတောလျင် အသေးက အကြီးဖြစ်လာတတ်သည်မှာ အကောင်းဖက်တွင်မှ မဟုက်၊ အဆိုးဖက်တွင်လည်း နည်းတူပင်ဖြစ်သည်၊၊
ထူးဆန်းသည်မှာ-လူတစ်ယောက်ကို အချိန်တိုင်းသတိရနေခြင်းသည် ဘယ်လိုကြောင့်နည်းဟုမေးလျင်၊ အဖြေက အရှင်းကလေးပင် ဖြစ်သည်၊ ချစ်နေသေး၍ ဖြစ်သည်ဟူ၍ ဖြစ်သည်၊၊ သံယောဇဉ် မကုန်သေး၍ဟုလည်း ဆိုလိုကဆိုနိုင်သည်၊၊ မိမိစိတ်ကို မသုံးသပ်နိုင်၍သာ မသိခြင်းဖြစ်သည်၊၊
ဘ၀တွင်ဖြစ်ခဲ့သမျှကို အလွယ်လေးနှင့် မေ့လိုက်လို့ရသလားဟု မေးလျင်၊ ရသည်ဟုပင် ဖြေရမည်၊၊ လူစိတ်သည် မလေ့ကျင့်၍သာ လိုချင်သည့်အခြေအနေ မဖြစ်သေးခြင်း ဖြစ်သည်၊ လုပ်ယူလျင် မရသည့်အရာဟူ၍ မရှိသလောက်မျှ ရှားပါသည်၊၊ “မေ့ပြစ်ခြင်း”ဟူရာတွင်လည်း ကိုယ့်ရင်ထဲတွင် သူ နှင့်ပတ်သက်၍ ဘာကိုမှခြေရာချန်မထားတော့ခြင်းကို ဆိုလိုပါသည်၊၊ ရင်နှင့် နှလုံးသားဟူသည်က လည်း ခြေရာများများထင်နေလျင် ရှုပ်ထွေးတတ်သည့် သဘာဝရှိပြန်သည်၊၊ ထို့ကြောင့် နှလုံးသားရင်ပြင် အေးချမ်းတည်ငြိမ်စေရန် မုန်းမေ့ဖွယ်၊ နာကြည်းဖွယ်ရာများကို မေ့လိုက်လျင် ရန်ငြိုးလည်းထားနေဖွယ် မလိုတော့သောကြောင့် အေးချမ်းသည့် ဘ၀ကိုပိုင်ဆိုင်ရတော့သည်၊၊
“သူ့အကြောင်းနှင့်သူ ရှိပါစေတော့”
တကယ်တော့ “ကမ္မနိယာမ”ဟူသည်မှာ တစ်ပါးသူကြောင့် တစ်စုံတစ်ခု ဖြစ်သည်ဟူ၍ မရှိပေ၊ မိမိကိုယ်တိုင်၏ အပြုအမူကြောင့်သာ အကောင်းနှင့်အဆိုးတို့ ဖြစ်ရသည်ကို ပညာပါပါဖြင့် သိမှတ်ရမည်၊၊ ဤသို့မသိလျင် တစ်ခုခုဖြစ်လျင် ဟိုလူ့ကြောင့် သည်လူ့ကြောင့်ဟု လွှဲချတတ်ကြသည်၊၊ အမှန်မှာ ဟိုလူ သည်လူကြောင့်ဖြစ်ရသည်ဟူ၍ မရှိဘဲ မိမိလုပ်ခဲ့သည်ကိုသာ မိမိပြန်ရခြင်း ဖြစ်သည်၊၊ ဘ၀အကျိုး ပေးဆိုသည်မှာ သူ့အကြောင်းနှင့်သူ ဖြစ်တတ်ပြီး၊ ကိုယ့်အကြောင်းနှင့် ကိုယ်သာဖြစ်ရပါသည်၊၊
လူဘ၀တွင် မိမိစိုက်ပျိုးသည့်အပင်မှ အပွင့် အရွက် အသီးကို မိမိစားရသည်မှာ သဘာဝပင် ဖြစ်သည်၊၊ ခက်သည်မှာ လူသားသည် လှည့်ချက်တတ်သည့်အကျင့်ကို မွေးရာပါ ပညာတစ်ခုအဖြစ်တတ်လာ ကြခြင်းပင်ဖြစ်သည်၊၊ အကောင်းဖြစ်လာလျင် ကိုယ့်ကြောင့်၊ မကောင်းတာဖြစ်လာလျင် သူများ ကြောင့်ဟု လှည့်ချတတ်သည့် ပညာကို မသင်ပေးရမဲ့၊ တက္ကသိုလ်တက်စရာမလိုဘဲ တတ်လာသည့် အမြင့်စားသတ္တ၀ါသည် လူဖြစ်သည်၊၊
လူတို့သည် “ကမ္မနိယာမ”သဘောအရ သူ့အပြုအမူနှင့်သူ သွားလာ ကျင်လည်နေရသည့်သတ္တ၀ါ ဖြစ်သည်၊၊ ပြုသမျှကောင်းမွေ ဆိုးမွေကို လူတိုင်းမလွဲမသွေ ခံစားကြရပါသည်၊၊ ထို့ကြောင့် မကောင်း သည့်လူတယောက်ကို မိမိကရန်ငြိုးထားပြီး လက်စားခြေနေလျင် မိမိသာ ကံတူအကျိုးပေးခံရတော့မည်၊ တစ်ဖက်သူမှာ မိမိကြောင့် ဆိုးကျိုးကိုခံစားရမည်မဟုက်ဘဲ၊ သူ့အပြုအမူအလျောက် သူခံစားရမည်ကို သိရပေမည်၊၊ ဤဖြစ်စဉ်ကိုသာ မသိလျင် “သူများဓားခုပ်ရာကို လက်ဝင်လျိုသည်”ဆိုသည့် မြန်မာစကားကဲ့သို့ ဖြစ်တော့သည်၊၊
ထို့သို့များစွာသောအကြောင်းများကို သဘောကျပြီး၊ ရန်ပြုခဲ့ဘူးသူများကို ရန်ငြိုးထားနေမည့်အစား သူ့အကြောင်းနှင့်သူ၊ သူ့အကျိုးပေးနှင့်သူသာ ရှိပါစေတော့ဟု နှလုံးသွင်းနိုင်မည်ဆိုလျင် မိမိစိတ် ချမ်းသာပြီး၊ အေးငြိမ်းသည့်နှလုံးသားကို အသက်သွင်းနိုင်ပါမည်၊၊
“အလင်း စက်”စာဖတ်သူများသို့ ရန်ငြိုးဖြေနည်း(၅)မျိုး စာတမ်းကိုရေးသားမှု ဤတွင် ပြည့်စုံပါပြီ၊ စာဖတ်သူများ အေးငြိမ်းသော ဘ၀၊ သာယာသော ဘ၀၊ စိတ်လက်ပေါ့ပါးသော ဘ၀ကို အငြိုးတေး ကင်းစွာဖြင့် ရရှိဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်၊၊
အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၂.၂.၂၀၁၁)
"ဘ၀ကို အလင်းပေးတဲ့ အလင်းစက်"
Wednesday, February 2, 2011
မျက်ဖြေ၊၊ ၊၊
Posted by အလင်း စက် at 4:47 AM
Subscribe to:
Post Comments (Atom)
"အလင်းစက်"ဆိုက်တွင် လစဉ်အလိုက်တင်ခဲ့ပြီးသမျှ စာတမ်းနှင့်၊ဆောင်းပါးများ ဖတ်ရှုရန်--
မလေးရှား ရွှေမြန်မာများ၏ ပညာဒါန
မြန်မာ့အလှ ပုဂံဒေသ
ဆုတောင်း၊၊
|
မယ်တော်မာယာ အိပ်မက်ခန်း
ဘုရားအလောင်းတော်
ဂေါ-ခရီးစဉ် မှတ်တမ်းဓာတ်ပုံများ
လေးတင်ခန်း
ယသောဓရာနှင့် ထိမ်းမြားခန်း
ဆံတော်ပယ်ခန်း
ဒုက္ကရစရိယကျင့်ခန်း
သုဇာတာ ဃနာနို့ဆွမ်း
ဘုရားဖြစ်ခန်း
Sri Lanka timezone
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
ဓမ္မစင်္ကြာဟောခန်း
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
ရာဟုလာအမွေတောင်းခန်း
moon stone
Alms contribution bowl for monks
Srilanka Arts
မဟာစေတီ၊ သီရိလင်္ကာ၊
သီဟိုဠ်-စွယ်တော်
စွယ်တော်စစ် (သီရိလင်္ကာ)
မြန်မာ-ပြက္ခဒိန်
Srilanka Arts
Srilanka Arts
mountain inscription
Srilanka Arts
Srilanka Arts
Srilanka Pagoda Style
about 2000 years ago,Srilanka
To get Myanmar Font
ကလျာဏီကျောက်စာ(သီရိလင်္ကာ)
မဟာစေတီ၊ သီရိလင်္ကာနိုင်ငံ၊
My Motto
လိုချင်တာ ရအောင် လုပ်၊၊ ဒါပဲရှိတယ်၊ဆုမတောင်းနဲ့၊ အကူညီ မတောင်းနဲ့၊၊ It is my motto.
view
မြတ်စွာဘုရား ပွင့်တော်မူခဲ့သော မဟာဗောဓိပင်(အစစ်)
စွယ်တော်တိုက်
စွယ်တော်တိုက်ခန်း
Shwetigon Pagoda
borobudur in indonesia
THINKING
ပန်းချီများ ခံစားကြည့်ပါ
ပတ္တမြားရွှေဂူ
ပြစ်မရှိ ပြစ်ရှာ။
လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ၊
ဝက်များက ငြူစူစွာ
ညွန့်လူးကာတိုက်နဲ့။
ပွတ်လေလေ၊
ဂူရွှေမှာ အရောင်ထွက်တယ်၊
ရှေးကထက်ကဲ။ ၊၊
(မန်လည်ဆရာတော်)
လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ၊
ဝက်များက ငြူစူစွာ
ညွန့်လူးကာတိုက်နဲ့။
ပွတ်လေလေ၊
ဂူရွှေမှာ အရောင်ထွက်တယ်၊
ရှေးကထက်ကဲ။ ၊၊
(မန်လည်ဆရာတော်)
သီတဂူသိမ်တော်
ဖွားတော်မူပုံ
သစ်ပင်
|
"အလင်းစက်"သို
အရှင်ကေ၀လ(အလင်းစက်)သည် သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာ ကျောင်းတိုက်ကြီးတွင် သီတင်းသုံးလျက်-
University of Kelaniya နှင့်၊
Buddhist and Pali University of Sri Lanka-တို့တွင် ပညာသင်ကြားလျက်ရှိပါသည်၊၊
အလင်းစက်အရှင်နှင့် ဗုဒ္ဓစာပေများ၊ အထွေထွေသိလိုသည်များ အကြံပြု ဆွေးနွေးလိုပါက အောက်ပါအီးမေးမှ မေးမြန်း၊ အကြံပြု၊ ဆွေးနွေးနိုင်ပါ သည်၊၊
"အလင်းစက်"ဆိုက်တွင် ရေးသားတင်သမျှကို ဝေဖန်အကြံပြု၊ အမှားထောက်ပြလျင်လည်း "အလင်းစက်အရှင်"မှ ကျေးဇူးတင်မည် ဖြစ်ပါသည်၊၊ ပညာဖြင့် ဘ၀ကို အလှဆင်နိုင်သူများဖြစ်ကြပါစေ၊၊
Email- ashinkevala01@gmail.com
Ashin kevala
Makutarama Myanmar Temple,
Dematagoda road, No-284, Colombo-09, Sri Lanka country.
Ph: +94 757 199 820/ +94 758 083 916
အသားထွင်းပန်းချီ(သီရိလင်္ကာ)
Open Air Theatre
စေတီပါဒတောင်
ရှေးဟောင်းစောင်းတန်း(သီရိလင်္ကာ)
မြန်မာ စံတော်ချိန်
သင်သေသွားသော်
ဪ လူ့ပြည်လောက
လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့် ။
သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏ ။
သင်၏ မျိုးသား
စာစကားလည်း
ကြီးပွါးတက်မြင့်
ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေတည်း ။
ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)
လေ့လာသူများ
Yapahuwa
ကြည့်သင့်သော ဆိုက်များ
- Sitagu Web-Page
- Burma meditation center for foreigners
- ဦးကုမာရ စာအုပ်စင်
- Oliver dhamma
- မောက္ခပညာရေး မဂ္ဂဇင်း
- ဆရာတော် ဦးသီရိန္ဒ၏ ဆွမ်းအလှူ ဗွီဒီယိုမှတ်တမ်း-၂
- ဆရာတော် ဦးသီရိန္ဒ၏ နေ့ဆွမ်းအလှူ ဗွီဒီယိုမှတ်တမ်း
- ဆရာတော် ဦးသိရိန္ဒ၏ ဆွမ်းအလှူဓာတ်ပုံမှတ်တမ်း
- အိပ်မက်လှိုင်းစာအုပ်တိုက်
- စကားဝါမြေစာကြည့်တိုက်
- ရှေးမြန်မာ
- Burmeseclassic(movies, songs, and news)
- ten basics of meritorious action(book)
- တရားတော်များ ဒေါင်းလော့လုပ်ရန်
- နိုင်ငံအသီးသီးမှ မြန်မာကျောင်းတိုက်များ
- မြန်မာ့အလင်းသတင်းစာ
- Nibbana.net
- Myanmar Ebooks
- မင်္ဂလာသတင်းစဉ်
- ဦးကေလာသ၏ ဓမ္မအဖြေစာတမ်းများ
- ပါချုပ်ဆရာတော်ကြီး
- ကဗျာဝါသနာရှင်များအတွက်-ဗေဒါလမ်း ကဗျာစုစည်းမှု
- သီတဂူဆရာတော်၏ တရားတော်များ နာယူရန်
- What a Buddha Taught net
- What the Buddha Taught
- Tipitaka quotation
- ဓမ္မပဒပါဠိ+English
- Dictionary of Pali Proper names
- Paccuppan Kamma Vada books
- Pitaka knowledge into English
- တိပိဋက မြန်မာပြန်
- ပီနန်ကျောင်းကြီး
- ဦးပုည၀ံသ
- မနာပဒါယီဆရာတော်
- Sitagu Star
- သဒ္ဓမ္မရံသီတရားတော်များနာယူရန်
- ဓမ္မဥယျာဉ်ဆရာတော်
- ဆဌမူ တိပိဋကပါဠိတော်
- မြန်မာပြန် တိပိဋက
- A study of the Concept of the Paccekabuddha by Ria Kloppenborg
- B.P.U. university in Srilanka
- ဒေါက်တာနန္ဒမာလာ.အဘိဓမ္မာပို့ချချက်များ
- Abhidhamma in Practice(book)
- ဒေါက်တာ ရေ၀တဓမ္မ စာအုပ်
- မြန်မာသတ်ပုံကျမ်း
- စွယ်တော်ဆိုက်(သီရိလင်္ကာ)
- ယဉ်သင်းအိ တရားဆိုက်
- ရဝေနွယ်(အင်းမ)
- B.P.S.Publication
- Tipitaka Atthakatha in Sinhala
- Tipitaka Pali in Sinhala
- Dhamma Download
- "အလင်းစက်"မိသားစုကမ္ဘာ
- ဦးကုသလသာမိ
- ဦးသီလာနန္ဒ၏ အဘိဓမ္မာပို့ချချက်များ
- ပရိတ်ကြီး(၁၁)သုတ်
- မိုးကုတ်ဝိပဿနာလေ့လာ၊ နာယူလိုသူအများအတွက်
- စွယ်တော်တိုက်(သီရိလင်္ကာ)
- မီးပြတိုက်
- Light of Buddha Dhamma foundation
- English Dhamma
- Eleven Media Group
- Top side 50
- ချယ်ရီမြို့တော်စာအုပ်စဉ်
- Dhamma Ebooks
- English learning
- မြန်မာ တရား၊ ရုပ်ရှင်၊
မျက်ဖြေ၊၊ ၊၊
သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း၊၊
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျှာတည်း၊၊
ကြင်နာသနား၊ ငါ့အားမသတ်၊ ယ္ခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း၊၊
ရှိခိုးအကျွန်၊ ပန်ခဲ့တုန်၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လက်တွန်မူ၊ တုံ့မယူလို၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျင်ပေးသည်၊ သွေးသည်အနိစ္စာ၊ ငါးခန္ဓာတည်း၊၊ ၊၊
(အနန္ဒသူရိယ)
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျှာတည်း၊၊
ကြင်နာသနား၊ ငါ့အားမသတ်၊ ယ္ခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း၊၊
ရှိခိုးအကျွန်၊ ပန်ခဲ့တုန်၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လက်တွန်မူ၊ တုံ့မယူလို၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျင်ပေးသည်၊ သွေးသည်အနိစ္စာ၊ ငါးခန္ဓာတည်း၊၊ ၊၊
(အနန္ဒသူရိယ)
အမျိုးအစား
- article (33)
- myanmar books (1)
- notes (2)
- poem (3)
စာမှတ်စု
|
Followers
အတွေး
Arts
Arts
ancient India at the time of the Buddha
room library
အလင်း စက်
အလင်း စက်- စာအုပ်စဉ်
+ ပေထက်အက္ခရာတင် နောက်ကျပေမယ့်
+ ဘာသာကြီးလေးခုအနှစ်သာရ
+ သင်္ဂါယနာ
+ သူငယ်ချင်းလိုပဲဆက်၍ခေါ်မည် ခိုင် (တက္ကသိုလ်ဘုန်းနိုင်)
+ Ashin Mahakassapa
+ Ashin Ananda
+ မိုးနဲ့ မြေ
+ Nibbana and Theravada perpective,Dr,Dhammapiya
+ နိဗ္ဗာန် (ဒေါက်တာမ္မပီယ)
1 .Ph,D Thesis by Dr.Dhammasami
2 .Dr.Dhammasami
3 .Dr.Dhammasi
4 .Dr.Dhammasami
5 .Dr.Dhammasami
6 .Dr.Dhammasami
7 .Dr.Dhammasami
8 .Dr.Dhammasami
9 .Dr.Dhammasami
+ ၀ိသုဒ္ဓိမဂ်မြန်မာပြန် (မဟာစည်)
+ သြကာသဋီကာ
+ ၀ိဇ္ဇာမဂ္ဂဒီပနီ(လယ်တီဆရာတော်)
+ နိဗ္ဗာန် (ပါရဂူ)
+ ကစ္စည်းသဒ္ဒါကြီး (အင်္ဂလိပ်ဘာသာပြန်)
+ Getting Ph.D
+ တိပိဋကလမ်းညွန် (ဦးကိုလေး)
+ King Asoka and Buddhism
+ မြန်မာစာပေတိုက်ပွဲကြီးများ အကြောင်း (မေမြို့ မိုးကြည်)
+ Pali Roots in Saddaniti (Dr.Silananda)
+ 2.Pali Roots in Saddaniti (Dr.Silananda)
+ လွမ်း (တက္ကသိုလ်ဘုန်းနိုင်)
+ လွမ်းတေးမဆုံးစေနှင့် စောနန်းသခင် (တက္ကသိုလ်ဘုန်းနိုင်)
+ မိုးည အိပ်မက်မြူ (တက္ကသိုလ်ဘုန်းနိုင်)
+ ကဗျာ (တက္ကသိုလ်ဘုန်းနိုင်)
+ ညီမလေးရယ် စိုးရိမ်မိတယ် (တက္ကသိုလ်ဘုန်းနိုင်)
+ နွေကန္တာဦး (တက္ကသိုလ်ဘုန်းနိုင်)
+ မိုးတွေရွာမှဖြင့်လျင်ကွယ် (တက္ကသိုလ်ဘုန်းနိုင်)
+ မောင့်ဘ၀ ညအလားကွယ် (တက္ကသိုလ်ဘုန်းနိုင်)
တန်ခူးလေနှင့်လျောတော့သည်(တက္ကသိုလ်ဘုန်းနိုင်)
+ ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့်၊ ရာဇာဓမ္မသင်္ဂဟကျမ်း
+ နှင့်ငွေ့တထောင့် မိုးတမှောင့် (တက္ကသိုလ်ဘုန်းနိုင်)
+ ၀သန်လေချိန် မှန်ကူး (တက္ကသိုလ်ဘုန်းနိုင်)
+ ကဗျာဆရာ၏ ရိုးဖြောင့်မှု (ဒဂုံတာယာ)
+ History of Srilanka
+ ပါရမီဒီပနီ(လယ်တီ)
+ သမ္မာဒိဌိဒီပနီ(လယ်တီ)
+ ဥတ္တမပုရိသဒီပနီ(လယ်တီ)
+ ဗုဒ္ဓအံတော်သမိုင်း
+ တင်မိုးအမှတ်တရ
+ နိယာမဒီပနီ(လယ်တီဆရာတော်)
+ ဗုဒ္ဓဘာသာအနုပညာ(တိုက်စိုး)
+ မေတ္တသုတ်(ဦးသုခ)
+ Abhidhamma Research Study(Nyanaponika)
+ မြတ်ဗုဒ္ဓဒေသနာ(ဦးကိုလေး)
+ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဖျိမဒေသ(U kelasa)
ညီတော်အာနန္ဒာ၏ ဘ၀တသက်တာမှတ်တမ်း.ဒုတွဲ
+ ငါးရာ့ငါးဆယ်အနှစ်ချုပ်(ဦးအောင်ညွန့်ဝင်း)
+ ပါဠိစာပေ သမိုင်း(ဒေါ်အုန်း)
+ ကိုရမ်ကျမ်း
+ ၃၇ မင်း(ဦးဖိုးကျား)
+ ဗောဇ္ဖျင်ခုနှစ်ပါးတရာတော်(သပြေကန်ဆရာတော်)
+ သပြေညို(မင်းသုဝဏ်)
1. အဘိဓမ္မာသင်ကြားပို့ချချက်(ဦးသီလာနန္ဒ)
+ Abhidhammasamuccaya by Asanga (Walpola Rahula)
+ Kusala in Canon and Commentary
+ Writing Thesis(24.9.2010)
+ A study of Moegoke meditation method
+ Research Project,how to write it
+ Patthanuddesadipani
+ Roots,good and evil
+ Dhamma Theory(Y.Karunarasa)
+ Molecular cousciousness of Theravada
+ နိဗ္ဗာနဒီပနီ
+ အနတ္တဒီပနီ
+ အာနာပါနဒီပနီ
+ ဥရောပဒီပနီ
+ ၀ိပဿနာဒီပနီ
+ စတုသစ္စဒီပနီ
+ လက္ခဏဒီပနီ
+ နိဗ္ဗာန်အမေးဖြေဒီပနီ
+ လယ်တီတရားဟော
+ ဗောဓိပက္ခိယဒီပနီ
+ သရဏဂုဏ်ဝိနိစ္ဆယ
+ ဘာဝနာဒီပနီ
+ Mudita(Nyanamolika)
+ The Buddha and his Teaching
+ Process of consciousness and matter in Abhidhamma(Dr.Revatadhamma)
+ Scientific Base of Consciousness of Abhidhamma
+ Woman in the Modern Society
+ သိင်္ဂါလောဝါဒသုတ်(English)
+ Rupa in Abhidhamma
+ Process of consciousness and matter(Dr.Revatadhamma)
+ ၀ိမုတ္တိမဂ္ဂပါဠိ
+ Samatha and Vipassana in Theravada Abhidhamma
+ Study of Meditation
+ Mindfulness in Pali Nikaya
+ Mission Accomplishment
+ Two Truth in Abhidhamma
+ Unanswered Quesions (Dr.Karunarasa)
+ Kusala in Pali Canon
+ Including Reflecting
+ Analysis of Punna and Kusala in Pali Nikaya
+ History of Mindfulness in Mahasatipatthana Sutta
+ Manual of Abhidhamma
+ A study of Meditation Method
+ Milinda Panha(Manava)
+ What the Buddha believe
+ Bhikkhuni Sasana
+ Sanskrit English Dictionary
+ Venerable Ananda
+ A study of Mahasatipatthana Sutta on meditation technique By Dr.Asacha
+ The socia-political dimensions of Theravada Buddhism By Dr.Indaka
+ ၁၂ လရာသီ ပွဲတော်များအကြောင်း(ဒေါ်ခင်မျိုးချစ်)
+ အရိပ်(မစန္ဒာ)
+ ပါဠိစာပေ
+ the guide of Vipassana
+ Vedananupassa
+ သုတေသန သရုပ်ပြအဘိဓာန်(ဗျာပုံတိုက်သစ် ဆရာတော်)
+ မြန်မာပြည်မှ ဒေါက်တာဘွဲ့သံဃာတော်များ စာရင်း(ဒေါက်တာနန္ဒက)
+ မိုးကုတ်ဆရာတော် တဘ၀သံသရာ(ဦးဃောသိတ)
+ The notion of Ditthi in Theravada Buddhism
+ Hand book of Pali literature(Hinnuber)
+ Causality.Central Philosophy of Buddhism
+ myanmar religion
+ metaphor and literalism by Soonil Hwang
+ Sammasati by Ven P.A.Payutto
+ ဗုဒ္ဓဘာသာအထွေထွေဗဟုသုတ(ဦးချစ်မောင်(စိန္တာမဏိ)
+ origin of buddhist meditation by Alexander wynne
+ the theravada polity of Burma by John.H. Badgley
+ Rebirth and Gandhabba by Steffens
+ Major World Religions by Lloyd Ridgeon
+ Therigatha:Women in the footsteps of the Buddha by Kathryn R.Blackstone
+ အာနာပါနဒီပနီ(လယ်တီဆရာတော်)
+ ဒါနာဒိဒီပနီ(လယ်တီဆရာတော်)
+ ထေရာဝါဒဗုဒ္ဓဘာသာ(ဦးဧသက)
+ ပရိတ်(၁၁)သုတ်၊ ပါဠိ+မြန်မာ
+ ရှေးဟောင်း မြန်မာကျောက်စာများ-ဒုတွဲ(ဦးငြိမ်းမောင်)
+ စာကြည့်တိုက်နှင့် သုတမယစာစောင်
+ ရာဇကုမာရ်
+ မြစ်တို့၏ မာယာ(ဂျူး)
+ နိုင်ငံခြားကဗျာ ခံစားမှု(မောင်သာနိုး)
+ ရှင်စောပု(ချစ်ဦးညို)
+ ဘ၀ခရီးသည်(ပါရဂူ)
+ ပါးစပ်ရာဇ၀င်(မှော်ပီဆရာသိမ်း)
+ စာရေးခြင်း အတတ်ပညာ(မြသန်းတင့်)
+ မြန်မာရှေးဟောင်းကျောက်စာများ(ဦးငြိမ်းမောင်)
+ ရာဇာဓိရာဇ်အရေးတော်ပုံ(Dr.နိုင်ပန်းလှ USA)
+ Buddhism in myanmar by roger bischoff
+ သားတော်ရာဟုလာ(ပါရဂူ)
+ ပထမမြန်မာစာရေးဆရာကြီးများ(မင်းယုဝေ)
+ မှန်နန်းရာဇ၀င်-အင်္ဂလိပ်ဘာသာပြန်
+ သီရိလင်္ကာဗုဒ္ဓဘာသာသမိုင်း(ဦးကေလာသ)
ME
အလင်း စက်စာအုပ်စဉ်(၂)
3. လူသေလူဖြစ်ဝါဒါနုဝါဒါ ၀ိနိစ္ဆယ (သာသနာရေး ဦးစီးဌာန)
4. ပါဠိစာပေသမိုင်း (မိုင်းခိုင်းမြို့စားကြီး)
5. အိန္ဒိယသာသနာသမိုင်း (ဦးမြင့်ဆွေ)
6. ရာဇကုမာရ (ချစ်ဦးညို)
7. မြန်မာတို့၏ကိုးကွယ်မှုနှင့် ကိုယ်ကျင့်တရား (ဒေါ်စွမ်းကြည်၊ ဘွဲ့ယူကျမ်းစာ)
8. မြန်မာဆိုတာ (ဒေါက်တာသန်းထွန်း)
9. ရာဇာနှင့်သာသနာ (ပါရဂူ)
10. ဗုဒ္ဓဓမ္မအနှစ်ချုပ် (ဦးကေလာသ)
11. သစ္စာရှာဖို့ မြင်းစီးသူ (ကျော်ဝင်း)
12. ဘ၀ခရီးသည်(ပါရဂူ)
13. ယောနသန်ဇင်ယော်()
14. ရင်သားကင်ဆာသုတေသန(ပါမောက္ခ မင်းဓာတု)
15. ကမ္ဘာကျော်ဝတ္ထုတိုများနှင့် တက်တိုး၏ရှင်းပြချက်
16. ဥရောပယဉ်ကျေးမှု အနုပညာမိတ်ဆက်(ခင်မျိုးချစ်)
17. နွမ်းလျအိမ်အပြန်(ကြည်အေး)
18. အမွေ(အောင်သင်း)
19. မြန်မာ့မဟာဂီတ(လူထုဒေါ်အမာ)
20. မြန်မာစာ မြန်မာမှုကိုပြုစုပျိုးထောင်ခဲ့ကြသူများ
21. ဂျူး၏၀တ္ထုတို ၃၆ပုဒ်
22. ကန့်ကူလက်လှည်(အောင်သင်း)
23. စာပေသမိုင်း ပုဂ္ဂိုလ်ရေးအတွေးအမြင်များ(မောင်ဇေယျာ)
24. Pali commentarial Literature
25. A history of Pali Literature
26. သပြေညို(မင်းသုဝဏ်)
27. ပါဠိစာပေသမိုင်း(မေဘယ်)
28. မြန်မာဝတ္ထုတို ၁၀၀
29. Theravada exegetical literature,Atthakatha and Tika
30. အကြိုက်ဆုံးဝတ္ထုတိုများ
31. အမ္ဗပါလီ(ပါရဂူ)
32. ပိတောက်မြေဆောင်းပါးပေါင်းချုပ်
33. ပန်းမြိုင်လယ်က ဥယျာဉ်မှူး
34. စိမ်းနေအုံးမည့် ကျွန်တော့်မြေ
35. စစ်တက္ကသိုလ်ရွှေရတုမဂ္ဂဇင်း
36. အဘိဓမ္မာသင်ကြားပို့ချချက်-2- ဦးသီလာနန္ဒ
37. အဘိဓမ္မာသင်ကြားပို့ချချက်-၃- ဦးသီလာနန္ဒ
38. အဘိဓမ္မာသင်ကြားပို့ချချက်-၄- ဦးသီလာနန္ဒ
39. အဘိဓမ္မာသင်ကြားပို့ချချက်-5- ဦးသီလာနန္ဒ
40. 2009 ပညာသင်နှစ်တွင်၊ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်မှ Master of Arts=မဟာဝိဇ္ဇာဘွဲ့ ခံယူကြမည့်မြန်မာသံဃာတော်များ ဘွဲ့ယူအခန်းအနား
41-မဟာဂီတ(လူထုဒေါ်အမာ)
2 comments:
အနှစ်သာရရှိတဲ့ပိုစ့်လေးပါပဲ..
ကူးယူသွားပါတယ်..
ကျေးဇူးပါ..
စာသားလေးတွေမှာမှတ်သားစရာလေးတွေပါပဲ
လင့်ခ်ချိတ်ခွင့်ပြုပါ :)
Post a Comment