Sunday, June 26, 2011

University of Kelaniya, Sri Lanka



History

The University of Kelaniya has its origin in the historic Vidyalankara Pirivena, founded in 1875 as a centre of learning for Buddhist monks. It was one of the two great national centres of traditional higher learning, heralding the first phase of the national movement and national resurgence.

With the establishment of modern Universities in Sri Lanka in the 1940s and 1950s, the Vidyalankara Pirivena became the Vidyalankara University in 1959, later the Vidyalankara Campus of the University of Ceylon in 1972 and, ultimately, the University of Kelaniya in 1978.

Today, the University of Kelaniya is one of the major national Universities. It is located just outside the municipal limits of Colombo, in the ancient and historic city of Kelaniya, on the north bank of the Kelani River. It has two major campuses, seven locations, six faculties and four institutions.

The University of Kelaniya has pioneered a number of new developments in Higher Education. It was one of the first Universities to begin teaching science in sinhala, and also the first to restructure the traditional Arts Faculty into three separate Faculties of Humanities, Social Sciences and Commerce and Management. It also has several unique Departments not generally found in the Sri Lankan University system and some Kelaniya innovations have been adopted subsequently by other Universities. These include the Departments of Industrial Management and Microbiology in the Faculty of Science; Departments of Linguistics, Fine Arts, Modern Languages and Hindi in the Faculty of Humanities; and Mass Communication and Library and Information Sciences in the Faculty of Social Sciences.>

In Keeping with its historical root, the University is one of the national centers of excellence in Pali and Buddhist Studies and related fields. It has long established and well-developed Departments of Pali and Buddhist Studies (incorporating chairs in Buddhist Civilization and Buddhist Philosophy), Sanskrit, Linguistics, Philosophy, Sinhala, and Hindi, as well as the Postgraduate Institute of Pali & Buddhist Studies.

Kelaniya also maintains close links with the Buddhist and Pali University of Sri Lanka (whose Vice-Chancellors have often been drawn from University of Kelaniya Faculty). Thus, the University of Kelaniya forms the centre of an academic complex, specializing in modern developments in traditional disciplines. It also retains a close link with its mother institution, the Vidyalankara Pirivena, whose Head is also the Chancellor of the University.

At the same time, the University of Kelaniya has a modern and multi-cultural structure and perspective, with the Faculties of Science, Medicine, Social Sciences and Commerce & Management and a strong base in modern languages, including the teaching of Chinese, English, French, German, Hindi, Japanese, Russian, Tamil, and Modern Linguistics. Presently engaged in extensive restructuring as it enters the 21st century, the University of Kelaniya looks forward to a new phase in its 125-year history of development.

(Note/ From University of Kelaniya's Website)

အပြည့်အစုံသို့....

Wednesday, June 15, 2011

ငြိမ်းအေးသည့်ဘ၀နှင့်၊ ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း၊၊ ၊၊





စစ်ပွဲတစ်ခုကို တိုက်ခိုက်ရသည်နှင့် ဘ၀တစ်ခုကိုရုန်းကန်ရသည်မှာ တူညီသည်ဟု ဆိုနိုင်ပါသည်၊၊ အဘယ့်ကြောင့်ဆိုသော် စစ်ပွဲတိုင်းတွင် အရှုံးနှင့်အနိုင်ဟုရှိနေပြီး၊ ဘ၀တွင်လည်းအရှုံးနှင့် အနိုင်ဟုနည်းတူရှိနေသောကြောင့် ဖြစ်သည်၊၊

လူတို့သည် ဘ၀တွင်အနိုင်ရမှုကို လွန်စွာမြတ်နိုးသည်၊ အရှုံးကိုမူ မုန်းတီးစက်ဆုပ်တတ်ကြပြန်သည်၊၊ ဤသို့ဖြစ်ရခြင်းမှာ လူသည်အရှုံးနှင့် အနိုင်ကို မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ တပ်မက်သောစိတ်ကြောင့် ဖြစ်ရသည်၊၊

အရှုံးနှင့်အနိုင်ကို နှစ်သက်သည့်စိတ်အခြေခံရှိနေရကား မည်သည့်နေရာတွင်မဆို မည်သည့်နည်းနှင့်ဖြစ်ဖြစ် အနိုင်ရသည်ကို ကြံစီတွေးတောနေတတ်ကြသည်၊၊ မိသားစုတွင်ဖြစ်စေ၊ သူငယ်ချင်းများနှင့် ပေါင်းဖော်ရာတွင်ဖြစ်စေ၊ မိတ်ဆွေများနှင့်ဆက်ဆံရာတွင်ဖြစ်စေ မိမိအသာရသည်ကို ကျေနပ်လေ့ရှိသည်၊၊ အဆုံးစွန်အားဖြင့် မိဘနှင့်သားသမီးဆက်ဆံရာမှာပင် မိမိအနိုင်လိုချင်တတ်သည်၊၊ ညီကိုမောင်နှမ ဆက်ဆံရေးတွင်ကား ပြောဖွယ်ပင်မလိုတော့ပေ၊၊

အမှန်စင်စစ် အရှုံးနှင့်အနိုင်ကို တပ်မက်သောစိတ်ရှိနေသမျှ လူသား၏ဘ၀တွင် ငြိမ်းအေးမှုကို မမျှော်လင့်နိုင်ချေ၊၊ အနိုင်ရမှုကိုအလိုရှိသဖြင့် အနိုင်ရနိုင်မည့်နည်းမျိုးစုံကိုအသုံးပြုရင်း ကောက်ကျစ်သည့် အခြေအနေများသို့လည်း များစွာရောက်ရှိသွားတတ်သေးသည်၊၊ နည်းမှားကိုအသုံးပြုလိုက်ရစေကာမူ သံသရာနှင့်လောကကို သိတတ်သည့်စိတ်တပိုင်းတစ်စကလည်း မိမိတွင်ရှိနေသေး၍ နောင်တရနေ တတ်ပြန်သည်၊၊

အနိုင်ကိုတပ်မက်လွန်းသောစိတ်သည် မည်သည့်အရာကိုမဆို ပြုလုတ်ရန်ဝန်မလေးတတ်၊ ရက်စက်ဝံ့သည်၊ ယုတ်မာဝံ့သည်၊ ကြင်နာပြတတ်သည်၊ ချစ်ခင်ဟန်လည်းဆောင်တတ်သေးသည်၊၊ ဤသို့သောစိတ်အခြေခံများကို ရင်ထဲတွင်သိုလှောင်ထားသည့် အနိုင်ကိုတပ်မက်သူကိုယ်တိုင်၏ ရင်ထဲ၊ နှလုံးသားတွင်လည်း အေးချမ်းမှုမရှိ၊ အစဉ်ပူလောင်နေရတတ်သည်၊၊

မိမိဘ၀အတွက်အေးချမ်း၊ ငြိမ်သက်သည့် ဘ၀ထွက်ပေါက်ကိုရှာမှ ထွက်ပေါက်ပိတ်မိနေသူများပင် ဖြစ်ရတော့သည်၊၊ အရှုံးနှင့်အနိုင်ကိုတပ်မက်လွန်းသော အတ္တဗဟိုရ်ပြုသူ တစ်စုံတစ်ယောက်ရှိနေ သောပတ်ဝန်းကျင်သည်လည်း ငြိမ်းချမ်းမှုအရသာကို မခံစားရ၊ အမြဲရှုပ်ထွေးနေရသည်၊၊

“ဓမ္မပဒ”တွင် အနိုင်+အရှုံးနှင့်ဆက်စပ်၍ ဗုဒ္ဓရှင်တော်မိန့်ကြားသော အဆိုအမိန့်တစ်ခုမှာ လွန်စွာထိရောက်ပြီး၊ တန်ဖိုးရှိလှသည်၊၊ သိပ်ခက်ခဲသည့်ပါဠိစာသားမဟုက်၍ မူရင်းပါဠိစာသားကို တင်ပြလိုက်ပါသည်၊၊

(မှတ်ချက်/ ပါဠိစာသားကို ဖတ်ရန်ခက်ခဲလျင် ဤပါဠိစာသားကို ကျော်ဖတ်လျင်လည်း စာတမ်း၏ဆိုလိုချက်အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်ပါသည်၊၊)

“ဇယံ ဝေရံ ပသoတိ၊ ဒုက္ခံ သေတိ ပရာဇိတော၊၊
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ၊၊”


ပါဠိဂါထာလေး၏ သဘောအဓိပ္ပါယ်ကို ဆွေးနွေးကြည့်ရအောင်ပါ၊၊ “စစ်ပွဲမှာ အနိုင်ရသူသည် နိုင်သည့်အတွက် ပျော်ရသည်၊ သို့သော် ရန်သူပိုများလာသည်၊ မုန်းတီးသူပိုများလာသည်၊၊ စစ်ပွဲတွင် ရှုံးနိမ့်သွားလျင် စိတ်ဆင်းရဲရသည်၊၊ အနိုင်အရှုံးကို မတပ်မက်သောစိတ်ထားသည်သာ စင်စစ်ငြိမ်းအေးပြီး၊ ချမ်းသာရသည်၊၊”

စစ်ပွဲတစ်ခုတွင် အနိုင်ရသောအခါ မိမိဘက်ကနိုင်သည့်အတွက် ပျော်ရသည်ကားမှန်သည်၊ သို့သော် အရင်ကထက် မိမိကိုမုန်းတီးသူပိုများလာသည်၊ ရန်သူပိုများလာသည်မှာလည်း အမှန်ပင်ဖြစ်သည်၊၊ မုန်းတီးသူ၊ ရန်သူပိုများလာသောအခါ မိမိဘ၀သည် လုံခြုံမှုမရှိတော့ပေ၊ မိမိအပေါ်မကောင်းမြင်၍ အမနာပပြောသူလည်း ပိုများလာသည်၊၊ အိပ်ကောင်းတိုင်း မအိပ်ရ၊ စားကောင်းတိုင်းမစားရဘဲ၊“ကျီး လန့်စာစားနေရသည့်ဘ၀”ဆိုသည်မှာ ဤဘ၀မျိုးဖြစ်သည်၊၊

ထိုသို့သောအခြေအနေတွင် မိမိသည်စိတ်ဓာတ်ရင့်ကျက်၍ ရပ်တည်နိုင်သူဖြစ်က အကြောင်းမဟုက်၊ စိတ်ဓာတ်ပျော့ညံ့သူဖြစ်နေပါမူ စိတ်ဆင်းရဲခြင်းကြီးစွာ ခံစားရမည်ဖြစ်ပါသည်၊၊ မိမိအပေါ်တွင် အပေါ်၊ အောက်၊ ဘေးဝဲယာဒေါင့်မျိုးစုံမှတိုက်ခိုက်သူ၊ ထိုးနှက်သူများလာမည် ဖြစ်သည်၊၊

အနိုင်+အရှုံးကိုမတပ်မက်သည့် စိတ်ထားနူးညံ့သောသူများမှာမူ မည်သူ့အပေါ်တွင်မှ အနိုင်မရသည့်အတွက် မုန်းတီးသူမရှိ၊ ရန်သူမရှိတော့ပေ၊၊ ငြိမ်းအေးသောဘ၀ကို နေရာတိုင်းတွင်အနိုင်လိုချင်ပြီး၊ ထက်မြက်သူများထက် ဤကဲ့သို့စိတ်ထားရှိသူများသာ ရရှိတတ်သည်ကို ဓမ္မပဒအဆိုအမိန့်က သင်ပြထားပါသည်၊၊

အရှုံးအနိုင်ကို ထည့်တွက်မစဉ်းစားခြင်းမှာ စိတ်သဘောထားနူးညံ့ခြင်းကို ပြသခြင်းဖြစ်သည်၊၊ ကြာလာသည်နှင့်အမျှ စိတ်ထားနူးညံ့သူကို ပတ်ဝန်းကျင်ကနေရာပေးလာပြီး၊ ငြိမ်းအေးသောဘ၀ကို ကိုယ်တိုင်မဖန်တီးရဘဲ ရလာတတ်သည်ကိုတွေ့ရသည်၊၊ စိတ်ထားနူးညံ့သူ၊ အေးဆေးတည်ငြိမ်သူရှိသော ပတ်ဝန်းကျင်သည်လည်း အေးချမ်းသည့်အခြေအနေကို ပိုင်ဆိုင်ရသည်၊၊

ဘ၀တွင်အေးအေးဆေးဆေးဖြင့်၊ အပူကိုမလိုချင်သောသူများစွာတို့သည် ထက်မြက်သူများထံမှာထက် နူးညံ့သူများအထံသို့ ချည်းကပ်လေ့ရှိကြသည်၊၊ ဤသို့ဖြင့် နူးညံ့သည့်စိတ်ထား နှလုံးသားပိုင်ရှင်များမှာ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးလျက်သားဖြစ်သွားတော့သည်၊၊

သဘာဝအားဖြင့် နေရာတိုင်းတွင်အသာလိုချင်သူများမှာ ထက်မြက်သူများဖြစ်နေတတ်သည်၊ သို့သော် အများကကြောက်လန့်သဖြင့် အထီးကျန်သူများလည်း ဖြစ်ရပြန်သည်၊၊ တက္ကသိုလ်ဘုန်းနိုင်၏ “သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည် ခိုင်”စာအုပ်ထဲတွင်“စိတ်ဓာတ်ကြီးသူများ၊ ထက်မြက်လွန်းသူများကို တစ်ခါ တရံ လောကကြီးက ပြောင်လှောင်တတ်ကြောင်း၊၊”ဖော်ပြထားသည်ကို လေ့လာရဘူးပါသည်၊၊

မှန်သည်၊၊ လောကကြီးတွင် လိုအပ်သမျှကို စိတ်ဓာတ်ကြီးကြီးဖြင့်ကြိုးစားသူများကို လောကကြီးက လွဲချော်မှုများ၊ ပျက်ရယ်ပြုမှုများဖြင့် နောင်ပြောင်ကြည်စားတတ်သည်ကို ပတ်ဝန်းကျင်အတွေ့အကြုံများမှ သင်္ခန်းစာရမိသည်၊၊ သို့သော်အစဉ်တစိုက်ကြိုးစားသူများအတွက် လောကကြီးသည် ကြာကြာ မနောက်ပြောင်တတ်သည်ကိုလည်း တွေ့ရသည်၊၊

အထက်တွင်ဆွေးနွေးခဲ့သည့် ဓမ္မပဒအဆိုအမိန့်လေး၏ နောက်ခံဇာတ်ကြောင်းကို ဤနေရာတွင် တင်ပြအပ်ပါသည်၊၊ ကောသလနှင့်၊ “ဝေဒေဟီ”တို့သည် မောင်နှမအရင်းဖြစ်သည်၊ အရွယ်ရောက် သောအခါ “ကောသလလုလင်”သည် ကောသလမင်းဟုဖြစ်လာပြီး၊ နှမတော်ဝေဒေဟီသည် ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းနှင့်ထိမ်းများပြီး မိဗုရားဖြစ်လာခဲ့သည်၊၊

နှမတော်ဝေဒေဟီမှ “အဇာတသတ်မင်းသား”လေးကို ဖွားမြင်လာခဲ့သည်၊၊ အဇာတသတ်လုလင်သည် ငယ်စဉ်ကပင် သာမန်လူသားတို့ထက် ကာယအားကြီးမားသူဖြစ်သည်၊၊ ဖခင်ဗိမ္ဗိသာရမင်းကြီး နတ်ရွာ စံပြီးသောအခါ သူသည်ရာဇဂဟပြည့်ရှင် “အဇာတသတ်မင်း”ဟု ဖြစ်လာခဲ့သည်၊၊

အဇာတသတ်ရှင်ဘုရင်သည် အိမ်နီးခြင်းဖြစ်သော ဦးရီးတော် “ကောသလမင်း”၏နိုင်ငံကို အနိုင်သိမ်းပိုက်လိုသည်၊ ထို့ကြောင့် ဦးရီးတော်အားစစ်ကြေငြာပြီး စစ်တိုက်သည်၊ မြို့ငယ်များစွာကို စစ်နိုင်ပြီးသိမ်းပိုက်မိသည်၊၊ ဦးရီးတော်နန်းစိုက်သော ကောသလမြို့တော်ကလွဲလျင် မြို့တော်ကြီးများအားလုံး အဇာတသတ်လက်ထဲသို့ကျရောက်ကုန်သည်၊၊ တိုင်းပြည်ကိုအုပ်ချုပ်ပြီး ဦးရီးတော်ကို စစ်တိုက်နေသော အဇာတသတ်မှာအသက်အရွယ်အားဖြင့် နှစ်ဆယ်မျှမပြည့်သေးသော လုလင်အရွယ်မျှသာရှိသေးသည်၊၊

ကောသလမင်းကြီးသည် တူတော်နှင့်စစ်တိုက်တိုင်းရှုံးနိမ့်သဖြင့် လွန်စွာရှက်ပြီး၊ အစာမစား၊ ရေမသောက်ဘဲ အိပ်ရာတွင်အိပ်၍သာ အသေခံမည်ဟုဆုံးဖြတ်လေသည်၊၊ ကောသလဘုရင်ကြီးသည် အမိနို့နံ့မျှမစင်သေးသော တူတော်အားစစ်ရှုံးရသည်ထက် သေရသည်ကကောင်းသေးသည်ဟု တွက် ဆထားလိုက်သည်၊၊

ကောသလရှင်ဘုရင်ကြီး အစားမစားတော့ဘဲ အိပ်ရာထက်တွင်အသေခံတော့မည့်သတင်းကို ဗုဒ္ဓရှင်တော်သည် သံဃာတော်များမှတဆင့်ကြားသိရသောအခါ အထက်တွင်ဆွေးနွေးတင်ပြခဲ့သော ဓမ္မပဒဂါထာလေးကို မိန့်တော်မူခဲ့ခြင်းဖြစ်သည်၊၊

“ဘ၀တွင်အနိုင်ရလျင် ရန်သူများသည်၊ ရှုံးလျင် စိတ်ဆင်းရဲသည်၊၊ အနိုင်နှင့်အရှုံးကို မတောင့်တသော စိတ်ထားရှိသူများသာ ချမ်းသာရာရသည်၊၊”

ကမ္ဘာ့စစ်ပွဲကြီးများအကြောင်း၊ မြန်မာစစ်ပွဲကြီးများအကြောင်းကို အသေးစိတ်လေ့လာသောအခါ ထို စစ်ပွဲကြီးများသည် ကြီးမားသောပြဿနာကြီးများမှစသည်မဟုက်ခဲ့ကြဘဲ အသေးအမွှားပြဿနာ လေးများမှ “အမှိုက်ကစ ပြာသာဒ်မီးလောင်”ခဲ့ကြရသည်ကို တွေ့ရသည်၊၊ တစ်ဦးတယောက်၏ အတ္တဗဟိုရ်ပြု၊ အနိုင်ရလိုမှုအောက်တွင် လူများပေါင်းများစွာ ဒုက္ခရောက်ရသည်ကို တွေ့ရသည်၊၊

မိသားစုပြဿနာများတွင်လည်း အကြောင်းပြချက်ကြီးကြီးမားမားများမရှိဘဲ၊ အသေးအမွှားမိသားစုဝင် တစ်ယောက်ယောက်၏ လွှမ်းမိုးလိုမှုကြောင့်ဖြစ်ရသည်ကို သတိပြုမိသည်၊၊ အရာရာတွင်အနိုင်ရလိုစိတ်၊ အသာယူလိုစိတ်သည် မိသားစုဘ၀မငြိမ်းချမ်းမှု၊ အသိုင်းအ၀ိုင်းအဆင်မပြေမှုနှင့်၊ အိမ်ထောင်ရေးမသာယာမှုကို ပေးတတ်သည်ကို အထူးသတိပြုရမည်ဖြစ်သည်၊၊

အနိုင်နှင့် အရှုံးကိုထည့်သွင်းမစဉ်းစားဘဲ အများချမ်းသာဖို့ကို အလေးထားသောလူများများရှိသောပတ်ဝန်းကျင်နှင့် မိသားစုတို့သည် စင်စစ်အေးငြိမ်းချမ်းသာမှုကို ခံစားကြရသည်၊၊ ဤနေရာတွင် ဇာတ်လမ်းတစ်ခုကို အမှတ်ရမိပါသည်၊၊

တစ်ခါက ဂေါသိင်္ဂ=အင်းကြင်းဥယျာဉ်ထဲတွင် အရှင်နန္ဒိယ၊ အရှင်ကိမိလနှင့် အရှင်အနုရုဒ္ဓါတို့ သူငယ်ချင်းသုံးပါး အတူနေထိုင်ကြသည်၊၊ ထိုဥယျာဉ်သို့ တစ်နေ့သောအခါ ဗုဒ္ဓကြွလာပြီး အရှင်ကိမိလကို မေးသည်၊

“ကိမိလ, ဥယျာဉ်ထဲတွင် သုံးဦးအတူနေရသည်မှာ အဆင်ပြေကြသလား၊ တည့်မတ်ကြရဲ့လား၊”ဟုမေး မြန်းပါသည်၊ အရှင်ကိမိလမှ ဘုရားရှင်အားပြန်လည်ဖြေပုံမှာ စိတ်ဝင်စားဖွယ်ရှိသည်၊၊

“ဗုဒ္ဓအရှင်, တပည့်တော်သည် သုံးဦးအတူနေချိန်တွင် ကိုယ့်ဆန္ဒကိုထက် သူငယ်ချင်းနှစ်ပါး၏ ဆန္ဒကိုသာအမြဲကြည့်ရှုပြီး၊ ချစ်သောမျက်လုံးဖြင့်သာသူငယ်ချင်းများအပေါ်ကြည့်ရှုပြီးနေခဲ့သည့်အတွက် နေရသည်မှာအလွန်အဆင်ပြေပါကြောင်း၊ ငြိမ်းအေးမှုကိုရ ရှိပါကြောင်း”လျောက်ထားသည်၊၊ ချစ်သောမျက်လုံးဟူသည်ကို ပါဠိဝေါဟာရဖြင့် “ပိယစက္ခု”ဟု ခေါ်ပါသည်၊၊

ဗုဒ္ဓရှင်တော်က “ကိမိလ,သင့်အဖြေမှန်လှပေသည်”ဟုချီးမွှန်းပြီ၊ အခြားအရှင်နန္ဒိယနှင့် အရှင်အနုရုဒ္ဓါတို့ကို မေးသောအခါတွင်လည်း အရှင်ကိမိလနည်းတူ ဖြေကြလေသည်၊၊

လူတို့သည် နှစ်ယောက်ရှိလျင် မိမိကအသာလိုချင်သည်၊ မိမိဆန္ဒကိုသာ ဦးစားပေးသည်၊ အလွန်မှားယွင်းသော စိတ်ထားဖြစ်သည်ကို အထက်ပါဇာတ်လမ်းက သာဓကပြုနေပါသည်၊၊ သည်သို့သောစိတ်ထားမျိုးဖြင့် ငြိမ်းအေးသည့်ဘ၀နှင့်၊ ပတ်ဝန်းကျင်တစ်ခုကို မတည်ဆောက်နိုင်ချေ၊၊ အမှန်မှာ မိမိဆန္ဒထက် သူတစ်ပါးဆန္ဒကိုဦးစားပေးတတ်လျင် ဆက်ဆံရေးအဆင်ပြေပြီး၊ အေးချမ်းသည့် မိသားစုဘ၀နှင့် ပတ်ဝန်းကျင်ကိုရရှိမည် ဖြစ်သည်၊၊

ထိုသို့မဟုက်ပါမူ မိသားစုခြင်း၊ သူငယ်ချင်းခြင်း၊ မိတ်ဆွေခြင်း၊ ချစ်သူခြင်း၊ ဇနီးမောင်နှံခြင်းအမြဲတမ်း တစ်ဦး၏ပျက်စီးမှုကိုတစ်ဦးက ရှေးရှုနေတတ်သည်ကို သတိမူသင့်သည်၊၊ မိမိက သူတပါးဆန္ဒကိုအလေးထားလာသောအခါ သူတစ်ပါးသည်လည်း အလိုအလျောက် မိမိကိုအလေးထားလာမည်ကို အတ္တဗဟိုရ်ပြုသူတို့မေ့လျော့နေသည်၊၊

တစ်ဦးအလိုဆန္ဒကို တစ်ဦးကလိုက်လျောလေးစားကြရာမှ အခြင်းခြင်းလေးစားမှု၊ တန်ဖိုးထားမှု၊ ခင်မင်တွယ်တာမှု၊ ချစ်ခင်မြတ်နိုးမှုတို့ဖြင့် ဘ၀သည် အေးချမ်းပြီး၊ ငြိမ်းချမ်းသာယာလာရသည်ကို တွေ့ရမည်ဖြစ်သည်၊၊

စာတမ်းတွင်တင်ပြခဲ့သည်များကို အနှစ်ချုပ်လျင် ငြိမ်းချမ်းအေးမြသည့်ဘ၀နှင့် ပတ်ဝန်းကျင်ကိုတည် ဆောက်ရန်အတွက်-
= အနိုင်အရှုံးကို မတပ်မက်သောစိတ်ထား၊
= အနင့်နာခံစိတ်၊
= အခြင်းခြင်းလေးစားစိတ်၊
= သူတစ်ပါး၏ဆန္ဒကို အလေးထားစိတ်၊
= မိမိဘ၀နှင့် ပတ်ဝန်းကျင်ကို အမှန်တကယ် ငြိမ်းအေးစေလိုစိတ်
တို့ရှိရန် အထူးလိုအပ်ကြောင်း သုံးသပ်ရပါသည်၊၊

“အလင်းစက်”သို့ စာဖတ်သူများ အေးငြိမ်းသောဘ၀၊ သာယာသောဘ၀နှင့်၊ အေးချမ်းသည့်ပတ်ဝန်းကျင်ကို မိမိကိုယ်တိုင်အကောင်းမြင်စိတ်များ၊ အများအကျိုးကိုလိုလားသည့်စိတ်ထားများဖြင့် တည်ဆောက်နိုင်ကြပါစေကြောင်း၊ စိတ်ဓာတ်အဆင့်မြင့်မြတ်သူများဖြစ်ပါစေကြောင်း အလင်းစက်အရှင် ဆုတောင်းမေတ္တာပေးအပ်ပါသည်၊၊ ၊၊


မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာနိုင်ငံ၊
(၁၁.၆.၂၀၁၁)

အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP