Showing posts with label notes. Show all posts
Showing posts with label notes. Show all posts

Wednesday, April 18, 2012

ကိုဖြိုးအေကျော်နှင့် မသဉ္ဇာဝင်းတို့၏ မင်္ဂလာဆွမ်းအလှူ









ခေတ္တ-စင်္ကာပူနိုင်ငံ၊ ကိုဖြိုးအေကျော်+မသဉ္ဇာဝင်းတို့၏ (၃)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် နေ့ဆွမ်းအလှူတော်မှတ်တမ်း ဓာတ်ပုံများကိုအလင်းစက် စာဖတ်သူတို့ကြည်နူးပီတိဖြစ်စေရန် တင်ပြအပ်ပါသည်၊၊

မြတ်စွာဘုရားရှင်သည် "ကိုးဆယ့်တစ်ကမ္ဘာအတွင်းတွင် သဗ္ဗေညုတာရွှေညာဏ်တော်ဖြင့် ဆင်ခြင်သုံးသပ်ကြည့်သော်လည်း အလှူဒါနပြုသဖြင့်ဆင်းရဲမွဲတေသွားသူဟူ၍ မရှိ"ကြောင်းမိန့်တော်မူထားသည်ကို ပါဠိနိကာယ်ကျမ်းကြီးများတွင် လေ့လာရသည်၊၊

ထို့ပြင် အခြားပါဠိတော်တစ်ခုတွင်လည်း "လူတိုင်းလူတိုင်းသည် ဒါနကုသိုလ်စေတနာ၏အကျိုးကြီးမားပုံကို ငါဘုရားရှင်သိသလောက်သာသိကြမည်ဆိုလျင် ထမင်းတစ်လုပ်ကိုမလှူတန်းရသေးဘဲ စားကြတော့မည်မဟုတ်ကြောင်း" လမ်းညွှန်ထားသည်ကို တွေ့ရပါသည်၊၊

(၁၃၇၄)ခု၏ နှစ်ဦးနှစ်ဆန်းနေ့တွင် ရေခြားမြေခြား၌ပညာသင်ယူနေကြသည့် သံဃာတော်အရှင်မြတ်များအား နေ့ဆွမ်းလှူဒါန်းကြသော အလှူရှင်ဇနီးမောင်နှံတို့သည် ဘေးအန္တရာယ်များကင်းဝေးပြီး၊ စီးပွားလာဘ်လာဘများတိုးတက်ကြပါစေကြောင်းနှင့်၊ ကျန်းမာ၊ချမ်းသာကြပါစေကြောင်း၊ သာသနာတော်အကျိုးကို တိုး၍ထမ်းဆောင်လျက် နိဗ္ဗာန်ချမ်းသာကိုရရှိကြပါစေကြောင်း သံဃာတော်အရှင်မြတ်များ၏ကိုယ်စား "အလင်းစက်အရှင်"မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်၊၊ ၊၊

မင်္ဂလာဆွမ်းအလှူသို့ကြွရောက်ဂုဏ်ပြုတော်မူကြသည့် သံဃာတော်အရှင်မြတ်များသည် နှစ်ဦးမင်္ဂလာဆွမ်းကို ဘုန်းပေးတော်မူကြပြီး ပညာရေးအောင်ပန်းများကိုရရှိကြပါစေကြောင်း အလှူရှင်တို့၏ကိုယ်စား ဘုရားတပည့်တော်မှ ဆုတောင်းအပ်ပါသည်၊၊

မင်္ဂလာဆွမ်းဆက်ကပ်ရာတွင် ပါဝင်ကူညီကြသောလေးစားရသည့် နောင်တော်ကြီးများ၊ ညီတော်ငယ်များကိုလည်း အထူးလေးစားကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်၊၊


(မှတ်ချတ်/https://picasaweb.google.com/100920125144730752714/KoPhyoAKyawAndMaThinZarWinSWeddingThreeYearsAnniversaryLunchDonationToSriLanka?authuser=0&authkey=Gv1sRgCMyCl6jV4v6GoQE&feat=directlink တွင် အပြည့်အစုံကြည့်ရှုနိုင်ပါသည်၊၊)

အပြည့်အစုံသို့....

Friday, May 15, 2009

“ စနစ်တကျ ရှူပ်ပါ”



ရုပ်ဝတ္ထုပစ္စည်းများ ရှူပ်ထွေးပြန့်ကျဲနေမှူသည်
ဘဝ၏ ရှူပ်ထွေးတင်းကြပ်မှူကို အားဖြည့်ပေးသည်..။
သင်၏ အခန်းအတွင်း စနစ်ကျ သပ်ရပ်နေပါစေ။
သို့သော် ...
သင်၏ ဖတ်လက်စ စာအုပ်ကိုတော့ မည်သည့်နေရာ မဆို
ရပ်တည်ခွင့်ပေးလိုက်ပါ..။
အဘယ့်ကြောင့်ဆိုသော် ...
တခါတရံ၌ စနစ်မကျသော ရှူပ်ထွေးမှူသည်
စနစ်ကျသော သပ်ရပ်မှူထက်
နွေးထွေးမှူကို ပို၍ ပေးစွမ်းနိုင်သောကြောင့်ဖြစ်သည်..။


အပြည့်အစုံသို့....

  © Blogger template 'Fly Away' by Ourblogtemplates.com 2008

Back to TOP