ပါဠိစာပေတွင် သတ္တ၀ါတို့အသက်ရှည်နေထိုင်သည့်
“ဘုံ”အရေအတွက်(၃၁)ဘုံရှိသည်ဟု ဖော်ပြထား
ပါသည်၊၊ “ဘ၀သံသရာ”ဆိုသည်မှာလည်း လူအပါအ၀င်သတ္တ၀ါတို့
(၃၁)ဘုံတွင် လည်ပတ်ဖြစ်တည် နေရခြင်းကို ခေါ်ပါသည်၊၊
သတ္တ၀ါတို့သည် (၃၁)ဘုံထဲတွင်
လည်ပတ်ဖြစ်တည်နေကြရပါသည်၊၊ “ဘ၀သံသရာလည်သည်”ဟု
လည်း ခေါ်နိုင်ပါသည်၊၊ အဓိကအနေအားဖြင့် လူတို့သည်သာမန်သတ္တ၀ါများထက် အသိဉာဏ်ပိုပါ သည့်အတွက် မိမိတို့လည်ပတ်ဖြစ်တည်နေရမည့် ဘုံအမျိုးအစားများကို
သိသင့်လှပါသည်၊၊
(၃၁)ဘုံထဲတွင် ကောင်းသည့်ဘုံဘ၀များနှင့်၊
မကောင်းသည့်ဘုံဘ၀များပါရှိသောကြောင့် သဘာဝ အားဖြင့် အသိဉာဏ်ပိုရှိသည့်လူသားတို့အနေဖြင့်
ဘုံဘ၀ကောင်းများတွင် ဖြစ်တည်ခွင့်ရရှိရေးသည်လည်း အထူးလိုအပ်လှပါသည်၊၊
ယ္ခုစာတမ်းထဲတွင်
(၃၁)ဘုံအမျိုးအမည်များနှင့်၊ မတူညီသည့်ဘုံဘ၀များသို့ လူတို့လားရောက်ရခြင်း ၏အကြောင်းရင်းများကို
ဖော်ပြဆွေးနွေးပါမည်၊၊ ဘုံဘ၀များစွာတွင် လုံးဝမလိုလားအပ်သည့်အခြေ အနေဆိုးဝါး ဘုံဘ၀များရှိပါသည်၊၊
ဘုံဘ၀ဆိုးများသို့ လားရောက်ရခြင်း၏အကြောင်းရင်းကို လေ့လာ သုံးသပ်သိရှိခြင်းဖြင့် အထက်တန်းကျသည့်ဘ၀များကို
ပိုင်ဆိုင်နိုင်ပါမည်၊၊
(၃၁)ဘုံထဲတွင်
အဆင့်အတန်းနိမ့်ပါးပြီး၊ ဆင်းရဲမှုမှုနှင့် ပြစ်ဒဏ်များကိုခံစားရသည့်ဘုံများကို ပါဠိဝေါ
ဟာရဖြင့်“ဒုဂ္ဂတိ”ဟု ခေါ်ပါသည်၊၊ အဆင့်အတန်းမြင့်မားပြီး၊
ချမ်းသာကိုစံစားရသည့်ဘုံများကို “သုဂတိ”ဟု
ခေါ်ပါသည်၊၊ ဒုဂ္ဂတိ(၄)ဘုံတည်ရှိပြီး၊ ကျန်ဘုံများမှာ“သုဂတိ” ဖြစ်ပါသည်၊၊
သုဂတိဘုံနှင့်
ဒုဂ္ဂတိဘုံတို့သည် အရေအတွက်အားဖြင့် သုဂတိဘုံကများသော်လည်း လူအပါအ၀င် သတ္တ၀ါတို့သည် အရေအတွက်နည်းသည့်ဒုဂ္ဂတိဘုံများသို့
ကျရောက်ရသည်ကပိုများသည်ဟု ပါဠိစာ ပေကျမ်းကြီးများတွင် ဖော်ပြထားပါသည်၊၊
သတ္တ၀ါအားလုံးတို့သည်(၃၁)ဘုံသို့
ကံအားလျော်စွာဖြစ်တည်ကြရပါသည်၊၊ “ကံ”ဟူသည်မှာ
လုပ်ရပ်နှင့်၊ စိတ်ရင်းကိုဆိုလိုပါသည်၊၊ အပြုအမူများနှင့် အပြုအမူများကိုပြုလုပ်စဉ်ထားရှိသည့်
စိတ်အခြေအ နေများသည်“ကံ”အဖြစ်သို့ရောက်ပြီး၊
ကံအားလျော်စွာ(၃၁)ဘုံမှ အဆင့်အနိမ့်၊အမြင့်ဘုံဘ၀များသို့ ဖြစ်တည် လားရောက်ကြရပါသည်၊၊
ဘ၀အဆင့်အတန်းနိမ့်ပါးပြီး၊
ဆင်းရဲမျိုးစုံကိုခံစားရသည့် မကောင်းသည့်ဒုဂ္ဂတိ(၄)ဘုံ ရှိပါသည်၊၊ ကုသိုလ်ကောင်းမှုတစ်စုံတရာကို
ပြုခွင့်မရသောကြောင့် “အပါယ်(၄)ဘုံ”ဟုလည်း ခေါ်တွင်ပါသည်၊၊
(၁)
ငရဲဘုံ၊
(၂) တိရစ္ဆာန်ဘုံ၊
(၃) ပြိတ္တာဘုံ၊
(၄) အသုရကာယ်ဘုံ၊
ငရဲဘုံတွင် ငရဲကြီး(၈)ထပ်ရှိပါသည်၊၊
(၁) ဆင်းရဲမှုပြင်းထန်လျက်၊ ဝေဒနာဆိုးများကိုခံစားနေရပြီး အကုသိုလ်ကံမကုန်မခြင်း
သေလိုက်၊ အသက်ပြန်ရှင်လိုက်ဖြစ်တည်နေရသည့်ငရဲကို “သဉ္ဖိုးငရဲ”ဟု ခေါ်ပါသည်၊၊
(၂) ခန္ဓာကိုယ်ကို ကြိုးဖြင့်တိုင်းတာပြီး၊ ပုဆိန်ဖြင့်ခုတ်ထစ်ခံနေရသည့်ငရဲကို
“ကာဠသုတ် ငရဲ” ဟု ခေါ်ပါသည်၊၊
(၃) သံတောင်ဖြင့် ဖိကြိတ်ထားသည်ကိုခံနေရသည့်ငရဲမျိုးကို “သင်္ဃာတငရဲ”ဟု ခေါ်ပါသည်၊၊
(၄) ခန္ဓာကိုယ်တွင်ပါသည့် ပါးစပ်၊ နှားခေါင်းစသော အပေါက်(၉)ခုတွင် မီးလောင်ခံနေရသည့်
ငရဲမျိုးကို “ဇာလရောရုဝငရဲ”ဟု ခေါ်ပါသည်၊၊
(၅) ခန္ဓာကိုယ်တွင်ပါသည့် ပါးစပ်၊ နှားခေါင်းစသော အပေါက်(၉)ခုတွင် မီးခိုးငွေ့များလောင်ခံ
နေရသည့်ငရဲမျိုးကို“ဓူမရောရုဝငရဲ”ဟု ခေါ်ပါသည်၊၊
(၆) “သံတံကျင်”ဟုခေါ်သော“မီးကင်”ပေါ်တွင် အသားကင်သကဲ့သို့ အကင်ခံနေရသည့်ငရဲ
ကို“တာပန ငရဲ”ဟု ခေါ်ပါသည်၊၊
(၇) သံတောင်ပေါ်မှ သံတံကျင်ပေါ်သို့ကျစေပြီး၊ မီးပူတွင်အကင်ခံနေရသည့်ငရဲမျိုးကို
မဟာ တာပနငရဲဟု ခေါ်ပါသည်၊၊
(၈) သံအမိုး သံအကာ သံအခင်းများဖြင့် အမြဲတန်းပူလောင်မှုဒဏ်များကို ခံစားနေရပြီး၊
ဆင်း ရဲခြင်း၏အ ကြားတွင် ချမ်းသာမှုအနည်းငယ်ခန့်မျှ အကြားအလပ်မရှိသည့်ငရဲမျိုးကို “အ၀ီစိင ရဲ”ဟု ခေါ်ပါသည်၊၊
အထက်တွင် ဖော်ပြထားသည့်ငရဲအကြီး(၈)ထပ်မှ
ငရဲတစ်ထပ်တိုင်းတွင် ငရဲအသေးစား(၅)မျိုးစီ တည်ရှိနေပါသေးသည်၊၊
(၁) မစင်ငရဲ၊
(၂) ပြာပူငရဲ၊
(၃) လက်ပံဆူးငရဲ၊
(၄) သန်လျက်တောငရဲ၊
(၅) ကြိမ်ပိုက်ချောင်းငရဲ၊ တို့ဖြစ်ပါသည်၊၊
ငရဲပြည်သည် မြေအောက်တွင်တည်ရှိပါသည်၊၊
ငရဲသက်တမ်းသည် အနည်းဆုံးနှစ်ပေါင်း(၁၀၀၀)မှ၊ နှစ်ပေါင်းသန်းနှင့်ချီ၍ မကောင်းသည့်အပြုမူ(အကုသိုလ်)အလိုက်
ခံစားကြရပါသည်၊၊
ခွေး၊ နွား၊
ကြက်၊ ၀က်၊အစရှိသောတိရစ္ဆာန်တို့၏ ခန္ဓာကိုယ်သည်ပင် “တိရစ္ဆာန်ဘုံ”ဖြစ်ပါသည်၊၊ တိရစ္ဆာန်တို့အတွက် ဘုံသီးခြားမရှိဟု ကျမ်းများတွင်ဖော်ပြထားပါသည်၊၊
အိမ်သာ၊ ချောင်းမြောင်း၊
လမ်းအကြိုအကြား၊ အမှိုက်ပုံ၊ စသောနေရာများမှ စွန့်ပြစ်ထားသည့် မသန့်ရှင်းသောအစားအစာများကို
စားသုံးလျက်အသက်ရှင်ရသည့် သတ္တ၀ါအမျိုးအစားများကို ပြိတ္တာဟု ခေါ်ပါသည်၊၊ တစ္ဆေ၊ သရဲ၊တို့သည်
ပြိတ္တာအမျိုးအစားတွင် ပါဝင်ပါသည်၊၊
အစိုးရမှု၊ တောက်ပမှု၊
ပျော်ရွှင်မှုမရှိသော သတ္တ၀ါတစ်မျိုးကို အသုရာဟုခေါ်ပါသည်၊၊ အသုရာ(၃)မျိုး ရှိပါသည်၊၊
(၁) နတ်အမျိုးအစား အသူရာ၊
(၂) ပြိတ္တာအမျိုးအစား အသုရာ၊
(၃) ငရဲအမျိုးအစား အသုရာ၊၊
“ဝေပစိတ္တိအသုရာ”သည် တာဝတိံသာနတ်အမျိုးအစားတွင်
ပါဝင်ပါသည်၊၊ သိကြားမင်းနှင့်ပင်စစ် တိုက်နိုင်သည့် အစွမ်းရှိပါသည်၊၊ မြင်းမိုရ်တောင်အောက်တွင်နေထိုင်ပြီး၊
အသုရာစစ်သူကြီးများအဖြစ် ဝေပစိတ္တိအသုရာနှင့်၊ ပဟာရာဒအသုရာကြီးတို့က ဦးဆောင်ကြပါသည်၊၊
“၀ိနိပါတိကအသုရာ”သည် စတုမဟာရာဇနတ်အမျိုးအစားတွင်
ပါဝင်ပါသည်၊၊ တန်ခိုးအသေးစားများ ပိုင်သည့် အသုရာတို့ဖြစ်ကြပါသည်၊၊ တစ္ဆေ၊ သရဲ၊ မြေဘုတ်ဘီလူး၊စသည်များသည်
ဤအသုရာအမျိုး အစားတွင်ပါဝင်သည်ဟု ဆိုကြပါသည်၊၊
“ဝေမာနိကအသုရာ”များသည် ဆင်းရဲမှုနှင့်ချမ်းသာမှုကို
တလှည့်စီခံစား၊ စံစားနေရသည့်အမျိုးအစား များ ဖြစ်ပါသည်၊၊ တစ်ခါတရံ နတ်စည်းစိမ်ကိုရရှိပြီး၊
တစ်ခါတရံ ငရဲဆင်းရဲကိုခံယူနေရသည့် သတ္တ၀ါ အမျိုးအစားများလည်း ဖြစ်ပါသည်၊၊ ည စံ၊ နေ့
ခံ၊ သတ္တ၀ါများလည်း ဖြစ်ပါသည်၊၊ ငရဲမင်းကြီးနှင့် တစ္ဆေအချို့သည် ဤအသုရာတွင်ပါဝင်ကြပါသည်၊၊
ဝေမာနိကအသူရာအချို့သည် တရားထူးရနိုင်သည့် အစွမ်းရှိကြပါသေးသည်၊၊
“လောကန္တရိတ်အသူရာ”များသည် စင်္ကြာဝဠာကြီးများ၏နံရံကို
တွယ်ဖက်လျက်အသက်ရှင် နေထိုင်ကြ ရပါသည်၊၊ စကြာဝဠာကမ်းပါးနံရတွင် လင်းနို့များကဲ့သို့ဇောက်ထိုး
တွဲလျောင်းချလျက် အသက်ရှင် နေကြရပါသည်၊၊ အလင်းရောင်လုံးဝမရ၊ အစားအသောက်မရှိသည့် နေရာများလည်းဖြစ်ပါသည်၊၊
လက်မမြဲသည့်အခါ
ခြောက်ကြီးများထဲသို့ပြုတ်ကျသည့်ဆင်းရဲကို ခံစားရသော်လည်း အကုသိုလ်ကံ မကုန်မခြင်း မသေနိုင်ဘဲ၊
နံရံများတွင်တွယ်ဖက် တက်နေကြရပါသည်၊၊ တချို့အသုရာတို့သည် ပြုတ် ကျသဖြင့်ကျေမွသေဆုံးပြီး၊
သေသည့်နေရာတွင်ပင် ထပ်မံမွေးဖွားကြရပြီး ဆင်းရဲခံကြရပြန်ပါသည်၊၊
“ကာလကဉ္စိကအသူရာ”များသည် နှစ်ပေါင်းသန်းနှင့်ချီ၍
အစာမစားရဘဲ၊ ငတ်မွတ်ဆင်းရဲဒဏ်ကိုခံယူ နေရသည့် အသူရာအမျိုးအစားများဖြစ်ပါသည်၊၊ ပင်လယ်တွင်းဆင်းလိုက်လျင်
ရေများခမ်းသွားပြီး၊ ရေသောက်ခွင့်မရသည့်သတ္တ၀ါများလည်း ဖြစ်ပါသည်၊၊
(မှတ်ချက်/ အပါယ်လေးဘုံတွင်ပါဝင်သည့်
အသုရကာယ်သည် အထက်တွင်ဖော်ပြခဲ့သည့်အသုရာ (၅)မျိုးထဲမှ တတိယနှင့်ပဉ္စမတို့ဖြစ်ပါသည်၊၊)
“ကာမသုဂတိ(၇)ဘုံ”
လူနှင့်သတ္တ၀ါတို့သည်
အပြုအမူ(ကုသိုလ်)ကောင်းကောင်းပြုခြင်းဖြင့် ရောက်ရှိနိုင်သည့် ဘုံဘ၀(၇)မျိုး ရှိပါသည်၊၊
ကာမသုဂတိ(၇)ဘုံဟု ခေါ်တွင်ပါသည်၊၊
(၁) လူ့ဘုံ၊
(၂) နတ်ပြည်(၆)ထပ်၊ တို့ဖြစ်ကြပါသည်၊၊
လူသားတို့နေရာထိုင်ရာ
အရပ်သည် “လူ့ဘုံ”ဖြစ်ပါသည်၊၊ စီးပွားရေးနှင့်
ကျန်းမာရေးအစရှိသောအ ခြေအနေ ဆင်းရဲသည့်လူများသည်ပင် ယခင်ဘ၀များစွာမှအပြုအမူ(ကုသိုလ်)ကောင်းကောင်းရှိဖူး
သောကြောင့် လူ့ဘ၀ကိုရရှိခြင်း ဖြစ်ပါသည်၊၊
(၃၁)ဘုံတွင်တည်ရှိသော
အမြင့်ဆုံးအဆင့်အတန်းများကို လူ့ဘ၀တွင်ပြုလုပ်သည့်အပြုအမူ(ကု သိုလ်)များဖြင့်သာရရှိနိုင်ပြီး၊
အခြားသောဘ၀များတွင် ပြုလုပ်သည့်အပြုအမူများဖြင့် မရရှိနိုင်သော ကြောင့်လူ့ဘုံလူ့ဘ၀ကို
ဘ၀အားလုံးထက်သာလွန်ပြီး၊ မြင့်မြတ်သောဘ၀ဟု ခေါ်ဆိုပါသည်၊၊
လူ့ဘုံသည်“အကောင်းဘုံ”ပင်ဖြစ်သော်လည်း မွေးတွင်းပါ
‘ဆွံ့အနားမကြားသူများ၊’ ကိုယ်အင်္ဂါချို့ယွင်း
သူများ၊ ဘ၀အခြေအနေအမျိုးမျိုးတွင် နိမ့်ပါးလွန်းသူများစွာပင် ရှိပါသည်၊၊ ထိုသူများသည်
ဘုံဘ၀၏ နိမ့်ကျမှုကြောင့်မဟုတ်ဘဲ အပြုအမူ(အကုသိုလ်)များကြောင့်သာဖြစ်ကြောင်း စာတမ်းအဆုံးတွင်
ဆွေး နွေးတင်ပြထားပါသည်၊၊
“နတ်ပြည်(၆)ထပ်”
(1)နတ်မင်းကြီးလေးဦးတို့ နေထိုင်သည့်ဘုံ=စတုမဟာရာဇဘုံ၊
(2)ပရဟိတနတ်သား (၃၃)ယောက်နှင့် အခြံအရံတို့နေထိုင်သည့်နတ်ဘုံ=တာဝတိံသာဘုံ၊
(3)ချမ်းသာခြင်းသီးသန့်သာ ရှိသောဘုံ=ယာမာနတ်ဘုံ၊
(4)ဘုရားအလောင်းတော်နတ်သားတို့သာ နေထိုင်သည့်နတ်ဘုံ=တုသိတာဘုံ၊
(5)သဘာဝအလျောက် ချမ်းသာပြီးသည့်စည်းစိမ်ထက်ပိုလွန်ပြီး၊ တန်ခိုးဖြင့်ဖန်ဆင်း၍၊
ထူးကဲ သောချမ်းသာကိုစံစားနိုင်သောနတ်ဘုံ=နိမ္မာနရတိဘုံ၊
(6)မိမိလိုချင်သည့်အရာကို အစေခံနတ်များအားစေခိုင်းပြီး၊ စံစားနိုင်သည့်နတ်ဘုံ=ပရနိမ္မိတ၀သ ၀တ္တိဘုံ၊
နတ်(၆)ဘုံသည်
လူ့ဘုံထက်ချမ်းသာပါသည်၊၊ သို့သော် နတ်မှဘုရားဖြစ်သည့်ထုံးစံ မရှိဘဲ၊ လူစင်စစ်မှသာ
ဘုရားဖြစ်လေ့ရှိသောကြောင့် နတ်ပြည်ထက်လူ့ပြည်က ပိုမိုမြင့်မြတ်သည်ဟု ဆိုနိုင်ပါသည်၊၊
“တာဝတိံသာနတ်ပြည်”သည် မြင်းမိုရ်တောင်ထိပ်တွင်တည်ရှိသည်ဟု
ကျမ်းများတွင်ဆိုသောကြောင့် အထက်ကောင်းကင်တွင်တည်ရှိသည်ဟု သိမှတ်နိုင်ပါသည်၊၊ ပန်းခြံကြီးများနှင့်၊
မဏ္ဍပ်ကြီးများ၊ စေတီနှင့်၊ ရေကန်အကြီးများ၊ တည်ရှိပါသည်၊၊ နတ်ပြည်များတွင် အသက်(၁၀၀၀)မှ
နှစ်သန်းနှင့်ချီ၍ အသက်ရှည်ကြပါသည်၊၊
နတ်ပြည်တွင်
ကာမဂုဏ်(၅)မျိုးကို စိတ်ကြိုက်စံစားနေကြပြီး၊ တစ်စုံတရာအကောင်း(ကုသိုလ်)ဟူ၍ပြုရန်
ခွင့်မသာသောကြောင့် ကုသိုလ်ပြုလိုသောနတ်များသည် လူ့ဘုံသို့လာရောက်ပြီး ကုသိုလ်ပြုလေ့
ရှိကြောင်းကို ဖော်ပြထားပါသည်၊၊
သုဂတိဘုံဘ၀များထဲတွင်
“ဗြဟ္မာပြည်(၂၀)”လည်း ပါဝင်ပါသည်၊၊ ဗြဟ္မာကြီးများသည်
နတ်ပြည်ထက် ပိုမိုချမ်းသာပါသည်၊၊ အသက်လည်းအလွန်ရှည်ပါသည်၊၊
“ရူပဗြဟ္မာ(၁၆)ဘုံ”
ဗြဟ္မာများသည် နတ်တို့ကဲ့သို့
ရုပ်နာမ်အစုံ မရှိကြပါ၊၊ ဆိုလိုသည်မှာ ဗြဟ္မာများသည် ‘စိတ်’လုံးဝမရှိဘဲ ‘ရုပ်ကိုယ်ထည်’သက်သက်ဖြင့်
အချိုတည်ရှိနေကြပါသည်၊၊ အချို့မှာ ရုပ်ကိုယ်ထည်မရှိဘဲ ‘စိတ်ဝိညာဉ်’သက်သက်ဖြင့်သာတည်ရှိသည့် ဗြဟ္မာအမျိုးအစား များလည်း ရှိပါသည်၊၊
ရူပဗြဟ္မာဘုံတွင် တည်ရှိသည့်ဗြဟ္မာများသည်
ရုပ်နာမ်နှစ်မျိုးလုံး တည်ရှိကြပါသည်၊၊ သို့သော် “အသညသတ်ဗြဟ္မာ”များသည် လူဖြစ်စဉ်အခါက နာမ်(စိတ်)ကိုမဖြစ်ပေါ်စေ ရန်ဘာဝနာတစ်မျိုးကို
ဖြည့်ဆည်းခဲ့ကြသောကြောင့် ရုပ်ကိုယ်ထည်သက်သက်တည် ရှိသည့် ဗြဟ္မာများအဖြစ်သို့ လားရောက်ကြရပါသည်၊၊
(၁) ဗြဟ္မပါရိသဇ္ဖာဘုံ
(၂)
ဗြဟ္မပုရောဟိတဘုံ
(၃) မဟာဗြဟ္မာဘုံ
(၄) ပရိတ္တဘာဘုံ
(၅) အပ္ပမာဏာဘ
(၆) အာဘဿရာဘုံ
(၇) ပရိတ္တသုဘာဘုံ
(၈) အပ္ပမာဏာသုဘာဘုံ
(၉) သုဘကိဏှာဘုံ
(၁၀) ဝေဟပ္ဖိုလ်ဘုံ
(၁၁) အသညသတ်ဘုံ
သုဒ္ဓါဝါသဗြဟ္မာ(၅)ဘုံ၊
(၁) အ၀ိဟာဘုံ
(၂) အတပ္ပါဘုံ
(၃) သုဒဿာဘုံ
(၄) သုဒဿီဘုံ
(၅) အကနိဋ္ဌာဘုံ
“အရူပဗြဟ္မာ(၄)ဘုံ”
အရူပဗြဟ္မာများသည် ရုပ်ကိုယ်ထည်မရှိ၊
နာမ်သက်သက်ဖြင့်ဖြစ်တည်နေကြသော ဗြဟ္မာကြီးများ ဖြစ်ပါသည်၊၊
(၁) အာကာသာနဉ္စာယတနဘုံ
(၂) ၀ိညာနဉ္စာယတနဘုံ
(၃) အာကိဉ္စညာယတနဘုံ
(၄) နေ၀သညာနာသညာယတနဘုံ
ဤတွင်စုပေါင်းရေတွက်လျင်
(၃၁)ဘုံတိတိဖြစ်ပါသည်၊၊ (၃၁)ဘုံတွင် အပါယ်(၄)ဘုံမှ “အ၀ီစိငရဲဘုံ”
သည်အနိမ့်ပါးဆုံးနှင့်၊ ဆင်းရဲမှုအများဆုံးဘုံဖြစ်ပြီး၊ ရူပဗြဟ္မာ(၁၆)ဘုံထဲမှ “ဝေဟဖ္ဖိုလ်ဗြဟ္မာ”များ သည်အမြင့်ဆုံးနှင့်၊ အချမ်းသာဆုံး ဖြစ်ပါသည်၊၊
ကုသိုလ်အမျိုးအစား(၄)မျိုးရှိပါသည်၊၊
(၁) ကာမာဝစရကုသိုလ်၊
(၂) ရူပါဝစရကုသိုလ်၊
(၃) အရူပါဝစရကုသိုလ်၊
(၄) လောကုတ္တရာကုသိုလ်၊
တို့ဖြစ်ကြပါသည်၊၊
“ကာဝစရကုသိုလ်”ဟူသည်မှာ
သာမန်နေ့စဉ်ပြုနေကြသည့် အခြားသူကိုကူညီမှု၊ ပေးကမ်းမှု၊ ထောက်ပံ့မှု၊ အားပေးမှု၊ စောင့်ရှောက်မှု၊
ဘာသာရေးဆိုင်ရာ အလှူဒါနမျိုးစုံပြုလုပ်မှုနှင့်၊ ကိုယ်ကျင့်တရား စောင့်ထိမ်းမှု၊ စသည်တို့ဖြစ်ပါသည်၊၊
ကာမာဝစရကုသိုလ်ကိုပြုလုပ်ခြင်းဖြင့် ကာမသုဂတိ(၇)ဘုံသို့ ရောက်ရှိနိုင်ပြီး၊ စည်းစိမ်ကိုစံစားနိုင်ကြပါသည်၊၊
“ကာမာဝစရကုသိုလ်(၈)မျိုး”မှ
တစ်မျိုးမျိုးကို ပြုနေချိန်တွင် အသိညာဏ်ပါပါပြုလုပ်ခြင်း၊ အခြားသူက မတိုက်တွန်းဘဲပြုလုပ်ခြင်း၊
ပျော်ပျော်ရွှင်ရွှင်ပြုလုပ်ခြင်းတို့သည် ကုသိုလ်၏အကျိုးကိုရရှိချိန်တွင် အဆင့်မြင့်သည့်အကျိုးများကို
ရရှိနိုင်ပါသည်၊၊
ထို့အပြင် ရလိုမှုဖြင့်မပြုခြင်း၊
မေတ္တာဖြင့်ပြုခြင်း၊ အသိညာဏ်ရှိရှိပြုလုပ်ခြင်းများကို “တိဟိတ်ကုသိုလ်” ဟုခေါ်တွင်ပြီး၊ အကျိုးကိုရရှိချိန်တွင် အများတကာနှင့်မတူသည့်
အကျိုးကျေးဇူးကို စံစားရရှိနိုင်ပါ သည်၊၊
ရလိုမှုဖြင့် “ကာမာဝစရကုသိုလ်”ကိုပြုခြင်း၊ အခြားသူတိုက်တွန်းသဖြင့်ပြုခြင်း၊
စိတ်မပါဘဲပြုခြင်း၊ အ သိညာဏ်မပါဘဲပြုခြင်းများကို ငွေကုန်ခြင်း၊ လူပင်ပမ်းခြင်းများစွာဖြင့်ပြုသော်လည်း
အခြေခံမကောင်း သောလုပ်ဆောင်ချက်(ကုသိုလ်)ဟု ခေါ်ဆိုရပါသည်၊၊
အကျိုးကိုရရှိချိန်တွင် ချမ်းသာသူဖြစ်ပါလျက်
မိမိစီးစိမ်ကိုမခံစားရခြင်း၊ သားသမီးနှင့်၊ အချွေအရံနည်း ပါးခြင်း၊ မကျန်းမာခြင်း၊
စည်းစိမ်ပျက်ခြင်းစသည့်ဘေးထွက်ဆိုးကျိုးများ ရောပြွန်းနေတတ်ပါသည်၊၊
“ရူပါဝစရကုသိုလ်(၅)မျိုး”ရှိပါသည်၊၊
ရူပါဝစရကုသိုလ်ကိုပြုလျင် “ရူပဗြဟ္မာပြည်”သို့
ရောက်နိုင်ပါသည်၊၊ “အရူပါဝစရကုသိုလ်(၄)မျိုး”ရှိပါသည်၊၊
အရူပါဝစရကုသိုလ်ကိုပြုလျင် “အရူပါဝစရဗြဟ္မာ”ပြည်
သို့ ရောက်စေနိုင်ပါသည်၊၊
လူအဖြစ်ဖြင့်
အနာဂါမ်တည်လျင် “သုဒ္ဓါဝါသဗြဟ္မာပြည်”သို့
ရောက်ရပါသည်၊၊ ဆိုလိုသည်မှာ ရဟန်း သံဃာမဟုတ်ဘဲ၊ လူအ၀တ်အစားဖြင့်“အနာဂါမ်”ဖြစ်လျင် “ရဟန္တာ”အဆင့်သို့မတက်ရောက်နိုင်ဘဲ လူ့အဖြစ်မှ သုဒ္ဓါဝါသဗြဟ္မာပြည်သို့လားရောက်ပြီး၊
ထိုဘုံတွင်ရောက်မှ ရဟန္တာဖြစ်ရပါသည်၊၊
“မဂ်ကုသိုလ်(၄)မျိုး” ရှိပါသည်၊၊
“လောကုတ္တရာကိုသိုလ်”ဟုလည်း ခေါ်ပါသည်၊၊ မဂ်ကုသိုလ်ကိုပြုလုပ် (ပွားများ)လျင် “သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ”ဖြစ်နိုင်ပါသည်၊၊
ဤမဂ်ကုသိုလ်ကိုပြည့်စုံ အောင် ဖြည့်ဆည်းခြင်းဖြင့်ပင်လျင် ဗုဒ္ဓဘာသာဝင်တို့ ၏ပန်းတိုင်ဖြစ်သော
“နိဗ္ဗာန်ချမ်းသာ”ကို ရရှိနိုင် ပါသည်၊၊ အခြားလုပ်ဆောင်ချက်(ကုသိုလ်)များဖြင့် မရနိုင်ပါ၊၊
အဘိဓမ္မာတွင်
“အကုသိုလ်စိတ်(၁၂)မျိုး”ကို ဖော်ပြထားပါသည်၊၊ အကုသိုလ်စိတ်အခြေခံဖြင့် မှားယွင်း သည့်လုပ်ဆောင်ချက်(၁၀)မျိုးကိုပြုလုပ်လျင်
အပါယ်(၄)ဘုံသို့ကျရောက်ရပြီး၊ ဆင်းရဲမျိုးစုံကိုပြစ်ဒဏ် များအဖြင့် ခံစားကြရပါသည်၊၊
အပြစ်ဒဏ်ကိုတစ်စုံတယောက်က ပေးခြင်းမျိုးမဟုတ်ဘဲ ကိုယ်တိုင်ပြု လုပ်ချက်၏အကျိုးအဖြစ်ဖြင့်
ရရှိခြင်းဖြစ်ပါသည်၊၊
တိရစ္ဆာဖြစ်ရခြင်း၊
လူ့ဘ၀တွင် ပညာမတတ်မှု၊ ဆင်းရဲမှု၊ အနာရောဂါများခြင်း၊ အထီးကျန်ဆန်ခြင်း၊ ရုပ် ဆိုးခြင်း၊
လူစဉ်မမှီခြင်း၊ ပြဿနာမျိုးစုံ၏အကြားတွင်ရောက်နေရခြင်း၊ စသည်စသည်တို့သည် ဗုဒ္ဓ အဘိဓမ္မာအလိုအားဖြင့်
လူတစ်ယောက်ခြင်း၏ ကိုယ်တိုင်အပြုအမူ(အကုသိုလ်)ကြောင့်သာဖြစ်ရခြင်း ဖြစ်ပါသည်၊၊
ဆွေးနွေးတင်ပြခဲ့သည်များကို
လေ့လာကြည့်လျင် လူအပါအ၀င် သတ္တ၀ါတို့၏ဘ၀ဖြစ်တည်မှုသည် အခြားတစ်စုံတစ်ယောက်က ဖန်ဆင်းခြင်းမျိုးမဟုတ်ဘဲ၊
ကိုယ်တိုင်လုပ်ဆောင်ချက်၊ အပြုအမူကောင်း (ကုသိုလ်)၊ မကောင်း(အကုသိုလ်)တို့ကြောင့်ဖြစ်ရကြောင်း
ကောက်ချက်ချနိုင်ပါသည်၊၊
ဤတွင် Buddhist Cosmology ဟုခေါ်သော ဗုဒ္ဓစာပေတွင်ဖော်ပြထားသည့်
(၃၁)တစ်ဘုံနှင့်၊ (၃၁)ဘုံသို့ရောက်ခြင်း၏အခြေခံအကြောင်းရင်းများကို တင်ပြမှုစာတမ်းသည်
အတိုင်းအတာတစ်ခုအ ထိပြည့်စုံပြီဟု ယူဆပါသည်၊၊
“အလင်းစက်”စာဖတ်သူများ (၃၁)ဘုံမှ ချမ်းသာခြင်းပြည့်ဝသည့်
ဘုံဘ၀များတွင်ဖြစ်ခွင့်ရပြီး၊ ကမ္ဘာ လောကအကျိုးကို ဖြည့်ဆည်းအောင်မြင်သူများဖြစ်ကြပါစေကြောင်းဆန္ဒပြုလျက်
စာတမ်းကိုအဆုံး သတ်လိုက်ရပါသည်၊၊ ၊၊