

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က လေးဆယ့်ငါးနှစ်တိုင် ဟောကြားသင်ပြခဲ့သော တရားတော်များနှင့် သင်ကြားချက်များကို ယနေ့တိုင်သင်္ဂါယနာတင် ထိမ်းသိမ်းပြီး လိုက်နာကျင့်ကြံနေကြသည့်သူများကို ထေရာ ၀ါဒဗုဒ္ဓဘာသာဟု ခေါ်ပါသည်၊၊ ထေရာဝါဒဗုဒ္ဓဘာသာသည် ယ္ခုအခါ တကမ္ဘာလုံးသို့ ပြန့်နှံ့နေပြီ ဖြစ်သည်၊၊
ထေရာဝါဒနိုင်ငံခြင်း၊ လက်ခံသည့် ပိဋကတ်စာပေခြင်းတူသော်လည်း ဒေသအလိုက် နိုင်ငံအလိုက် ဘာသာ ရေး လက်ခံကျင့်သုံးပုံများ၊ ဘာသာရေးပွဲတော်များကျင်းပပုံများမှာ တနိုင်ငံနှင့်တနိုင်ငံအနည်း ငယ်ကွဲပြား သည်ကို တွေ့ရသည်၊၊ သီရိလင်္ကာနိုင်ငံသည် ထေရာဝါဒနိုင်ငံများထဲတွင် ကမ္ဘာသို့ပိဋကတ်စာပေ ဖြန်ဖြူးရာ၌ အား အကောင်းဆုံးနိုင်ငံဖြစ်သည်၊၊ ဤသို့ဖြစ်ရခြင်းမှာ ပါဠိစာပေကို သီရိလင်္ကာသားတို့ သင်ယူသောအခါ အင်္ဂလိပ်ဘာသာဖြင့် သင်ယူကြသည်က အကြောင်းတခုအဖြစ် ပါဝင်ပါသည်၊၊ နောင်တဖန် သီရိလင်္ကာသားတို့ ပါဠိစာပေသင်ယူသောအခါ ဘာသာရေးရှုထောင့် သက်သက်ကနေကြည့်ပြီး မလေ့လာဘဲ၊ ရှုဒေါင့်ပေါင်းစုံ ကနေကြည့်ပြီး လေ့လာသင် ယူကြသည်ကလည်း အခြားအကြောင်းတခု ဖြစ်ပါသည်၊၊
ထိုအကြောင်းများကြောင့် သီရိလင်္ကာသားတို့၏ ပါဠိစာပေတတ်ကျွမ်းမှုမှာ ဘာသာရေးစာ၊ ဘာသာရေးအသိ ပညာသက်သက်မဟုက်တော့ဘဲ ကမ္ဘာ့အသုံးချစာပေအဆင့်သို့ ရောက်သည်ဟု အရှင် ထင်မြင်မိပါသည်၊၊ သီရိလင်္ကာပါဠိပညာရှင်များထံတွင် အရှင်တို့သင်ယူခဲ့ရသည့် အတွေ့အကြုံအရ ပါဠိပါမောက္ခကြီးများမှာ ပါဠိ စာပေဖြင့် မည်သည့်အကြောင်းအရာကိုမဆို အဖြေထုတ်ပေးနိုင်သည်ကို တွေ့ရသည်၊၊ ဆိုလိုသည်မှာ သိပ္ပံသ ဘောတရား အကြောင်းအရာများကိုဖြစ်စေ၊ အခြားပညာရေးနယ်၊ အတတ်ပညာနယ်ပယ်က အကြောင်းအရာ များကိုဖြစ်စေ ပါဠိစာပေဖြင့် ကောင်းကောင်းညှိပြတတ်ကြသည်ကို အံ့သြစရာတွေ့မြင်ရပါသည်၊၊
အခြားထေရာဝါဒနိုင်ငံများ၏ ပါဠိစာပေတတ်ကျွမ်းမှုမှာ ဘာသာရေးစာပေအဖြစ်ဖြင့်သာ တတ်ကျွန်းနာလည် သဘောပေါက်ကြခြင်း ဖြစ်ပါသည်၊၊ သိပ္ပံပြဿနာတရပ်ကို ပါဠိစာပေအမြင်ဖြင့်ရှင်းလင်းပြဖို့
တစုံတယောက်က တောင်းဆိုလာလျင် “ဒါတွေသည် ဒုက္ခမှလွတ်ကြောင်းမဟုက်၍” ဗုဒ္ဓမဟောခဲ့ဟူ၍ ယတိပြတ်ငြင်းပယ် တတ်သည်ကို အတွေ့အကြုံအရ သိရသည်၊၊ သီရိလင်္ကာပါဠိစာပေရှင်များမှာ ထို့သို့မဟုက်ဘဲ ပြဿနာအရပ်ရပ်ကို အဘိဓမ္မာရှုဒေါင့်၊ ၀ိယနရှုဒေါင့်၊ သုတ္တန်ရှုဒေါင့်တို့မှ နှိုင်းယှဉ်ပြီး အံ့သြဖွယ်ရှင်းလင်း ပြတတ်ကြပါသည်၊၊
ဤဆောင်းပါးတွင် သီရိလင်္ကာပြည်သူများ ပါဠိစာပေဗဟုသုတများရခြင်း၏ အကြောင်းတခုကို စာဖတ်သူများ တွေ့ရမည် ဖြစ်ပါသည်၊၊ သီရိလင်္ကာသားတို့ ဘာသာရေးအလုပ်တွင် စာပေကိုပါထည့်သွင်းပြီး သင်ယူတတ်ကြ ပုံကို တွေ့ရမှာဖြစ်ပါသည်၊၊
မြန်မာနိုင်ငံတွင် တစ်လကို လေးသီတင်းသတ်မှတ်၍ လဆန်းရှစ်ရက် ဥပုသ်နေ့၊ လပြည့်ဥပုသ်နေ့၊ လပြည့် ကျော်ရှစ်ရက် ဥပုသ်နေ့နှင့်၊ လကွယ်ဥပုသ်နေ့ဟူ၍ ဥပုသ်နေ့များသတ်မှတ်ကာ သီတင်းသီလဆောက်တည်ကြပါသည်၊၊
သီရိလင်္ကာနိုင်ငံတွင် ဥပုသ်နေ့အစား “ပေါယနေ့”ဟူ၍သတ်မှတ်ကာ သီလဆောက်တည် ကြပါသည်၊၊
တလလျင် ပေါယနေ့ တစ်နေ့တည်းသာရှိပါသည်၊ တနှစ်လုံးမှ ပေါယနေ့ (၁၂)ရက်သာ သတ်မှတ် ထားကြပါသည်၊၊ လစဉ် လပြည့်နေ့ကို ပေါယနေ့ဟုသတ်မှတ်ပြီး သီလဆောက်တည်ကြပါသည်၊၊
“ပေါဟောယ” ဆိုသော သီရိလင်္ကာစကားလုံးမှ “ပေါယနေ့”ဟု ဖြစ်လာသည်ဟု မှတ်သားရပါသည်၊၊
“ပေါဟောယ”ဆိုသော စကားလုံးသည်လည်း “ဥပေါသထ”ဆိုသော ပါဠိစကားလုံးမှ ဆင်းသက်လာသည်ဟု လေ့လာရပါသည်၊၊ “ဥပေါသထ”စကားလုံး၏ အဓိပ္ပါယ်မှာ မြန်မာလို”ဥပုသ်နေ့”ဟူ၍ ဖြစ်ပါသည်၊၊
"ဥပ၀သထ"ဟူသောပါဠိပုဒ်ကို (ဥပ+၀သထ)ဟုနှစ်ပုဒ်ခွဲပြီး မြန်မာဘာသာပြန်လိုက်သောအခါ “နေခြင်း”ဟူ၍ အဓိပ္ပါယ်ရပါသည်၊၊ “နေခြင်း”ဆိုရာတွင်လည်း ညနေစာစားခြင်းနှင့် အခြားသော အပျော်အပါး(ကာမဂုဏ်)တို့မှ ကင်းလွတ်ပြီး၊ တရားဓမ္မဖြင့်စိတ်နှင့်ကိုယ်ကို သီလဖြင့်ဆောက်တည်၍ နေခြင်းဟူ၍ အတိအကျ အဓိပ္ပါယ်ပြန် ဆိုရပါသည်၊၊ ဤဖွင့်ဆိုချက်အရ ဥပုသ်နေ့ဟူသည်မှာ ဓမ္မဖြင့်နေသည့်နေ့၊ တနည်း သီလဖြင့်နေသည့်နေဟူ၍ မှတ်သားရမည် ဖြစ်ပါသည်၊၊
ဤသို့ဆိုလျင် မြန်မာတို့ ဆောက်တည်သော ဥပုသ်နေ့နှင့် သီရိလင်္ကာသားတို့ ဆောက်တည်သော
ဥပုသ်နေ့မှာ ပုံစံအနည်းငယ်ကွာခြားသော်လည်း မူလအဓိပ္ပါယ် ရည်ရွယ်ချက်အားဖြင့် တူညီသည်ဟု မှတ်သားရပါ သည်၊၊ ပေါယနေ့အစဉ်အလာသည် (B.C.247)အရှင်မဟိန္ဒမထေရ် သီရိလင်္ကာသို့ သာသနာပြုရောက်သည်မှ စတင်ခဲ့သည်ဟု သိရပါသည်၊၊
လစဉ်အလိုက် ပေါယနေ့များမှာ--
(၁) မေလ(ကဆုန်လပြည့်)နေ့ကို သီရိလင်္ကာအခေါ်အားဖြင့် ဝေဆခ်-ပေါယနေ့(Wesak Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့သည် ဘုရားအလောင်းတော် ဖွားတော်မူသည့်နေ့ဖြစ်သည်၊ ဘုရားအဖြစ်သို့ ရောက်သည့်နေ့မှာလည်း ဤနေ့မှာပင်ဖြစ်သည်၊၊ ပရိနိဗ္ဗာန်ပြုသည့်နေ့မှာလည်း ဤနေ့ပင်ဖြစ်သည်၊၊ မြတ်စွာဘုရားရှင် သီရိလင်္ကာနိုင်ငံသို့ တတိယအကြိမ်ကြွသော နေ့လည်းဖြစ်သည်၊၊ ဤသို့ နေ့ထူး နေ့မြတ်များနှင့် တိုက်ဆိုင်သည့်အတွက် မေလပြည့်နေ့ကို ပေါယနေ့အဖြစ်သတ်မှတ်ပြီး၊ နိုင်ငံတော် ရုံးများ၊ ကျောင်းများ၊ ဈေးဆိုင်များ၊ ကုမ္ပဏီများအားလုံးကို ပိတ်စေပြီး၊ သီလဆောက် တည်ခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် ဘ၀အတွက်အဆီအနှစ်များကို ထုတ်ယူကြလေသည်၊၊
(၂) ဂျွန်လ(နယုန်လပြည့်)နေ့ကို ဖိုဆွန်-ပေါယ(Posson Masse)နေ့ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင် သီရိ လင်္ကာနိုင်ငံသို့ (B.C 247)က အရှင်မဟာမဟိန္ဒမထေရ် သာသနာပြုရောက်လာပြီး သီရိလင်္ကာသားတို့ ဗုဒ္ဓဘာသာ စဖြစ်သည့်နေ့ ဖြစ်ပါသည်၊၊
(၃) ဂျူလိုင်(၀ါဆိုလပြည့်)နေ့ကို ဧစလ-ပေါယနေ့(Essela Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင် မယ်တော်မာ ယာသည် ဘုရားအလောင်းတော်ကိုဖွားမြင်မည့် ဆင်ဖြူတော်နိမိတ်ကို အိပ်မက်မြင်မက်သောနေ့ ဖြစ်သည်၊၊ ဘုရားအလောင်းတော် တောထွက်သည်မှာလည်း ဤနေ့တွင်ဖြစ်သည်၊၊ ဘုရား ဖြစ်တော်မူအပြီး နှစ်လအကြာ တရားဦးဓမ္မစင်္ကြာကို ဟောတော်မူသည်မှာလည်း ယနေ့တွင်ဖြစ် သည်၊၊ သံဃာတော်များ ၀ါဆိုဝါကပ် သည့် နေ့လည်း ဖြစ်ပါသည်၊၊
(၄) သြဂုတ်(၀ါခေါင်လပြည့်)နေ့ကို နိကိနိ-ပေါယနေ့(Nikini Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင်
သံဃာတော်တို့ ဒုတိယ၀ါဆိုဝါကပ်ကြရပါသည်၊၊ သံင်္ဂါယနာနှစ်တန် တင်သည့်နေ့ဟုလည်း ဆိုကြပါသည်၊၊
(၅) စက်တင်ဘာ(တော်သလင်းလပြည့်)နေ့ကို ဗိန်နာရေ-ပေါယနေ့(Binnere Masse)ဟု ခေါ်ပါသည်၊၊
သံဃာတော်များအတွက် ပ၀ါရဏာနေ့ဖြစ်ပါသည်၊၊ ကထိန်သင်္ကန်းလှူခွင့်ရသောနေ့လည်း ဖြစ်ပါသည်၊၊
(၆) အောက်တိုဘာ(သီတင်းကျွတ်လပြည့်)နေ့ကို ၀ပ်-ပေါယနေ့(Wap Masse)ဟု ခေါ်ပါသည်၊၊ မဟာပ၀ါရ ဏာနေ့ ဖြစ်သည်၊၊ မြတ်စွာဘုရားရှင်သည် တပည့်သံဃာတော်တို့အား ဒေသအနှံ့သို့ နိုင်ငံခြားသာသနာပြု အစဆုံးစေလွှတ်သည့်နေ့လည်း ဖြစ်ပါသည်၊၊ အသောကမင်းကြီးမှ အရိဋ္ဌမင်းသားအား သီရိလင်္ကာသို့ စေ လွှတ်၍ ဗောဓိပင်ကို ပင့်စေသောနေ့လည်း ဖြစ်ပါသည်၊၊ အရှင်မဟာမဟိန္ဒ ပရိနိဗ္ဗာန် ပြုသည့်နေ့လည်း ဖြစ်ပါ သည်၊၊
(၇) နိုဝင်ဘာ(တန်ဆောင်မုန်းလပြည့်)နေ့ကို အီလ်-ပေါယနေ့(Ill Masse)ဟု ခေါ်ပါသည်၊၊
တတိယသင်္ဂါယနာအပြီး အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သည် သံဃာတော်တို့အားအုပ်စုခွဲ၍ ကိုးတိုင်း ကိုးနိုင်ငံသို့ ပြည်ပသာသနာပြုများ စေလွှတ်သောနေ့ ဖြစ်ပါသည်၊၊ သီရိလင်္ကာသို့ မြတ်ဗုဒ္ဓ၏ ဓာတ်တော်များ စတင်ဆိုက်ရောက်သော နေ့လည်းဖြစ်ပါသည်၊၊
(၈) ဒီဇင်ဘာ(နတ်တော်လပြည့်)နေ့ကို ဥန်ဒုဝပ်-ပေါယနေ့(Undu Wap Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင် သင်္ဃမိတ္တာထေရီ သီရိလင်္ကာသို့ ဘုရားပွင့်တော်မူရာ မဟာဗောဓိပင်မှ တောင်ဘက်ကိုင်းကို ကူးယူလာသည့် နေ့ ဖြစ်သည်၊၊ သီရိလင်္ကာသို့ ဘိက္ခုနီသာသနာ စတင်ဆိုက်ရောက်သောနေ့လည်း ဖြစ်ပါသည်၊၊
(၉) ဂျန္န၀ါရီ(ပြာသိုလပြည့်)နေ့ကို ဒုရုသု-ပေါယနေ့(Duruthu Masse)ဟု ခေါ်ပါသည်၊၊ မြတ်စွာဘရားရှင် သက်တော်ထင်ရှားရှိစဉ်က ပထမဆုံးမကြိမ် သီရိလင်္ကာသို့ သာသနာပြုကြွတော်မူသည့်နေ့ ဖြစ်ပါသည်၊၊ မြတ်စွာဘုရားရှင်ကိုယ်တိုင် နာဂဒီပကျွန်းသားတို့အား သာသနာစတင်ပြုသောနေ့ ဖြစ်ပါ သည်၊၊
(၁၀) ဖေဖ၀ါရီ(တပိုတွဲလပြည့်)နေ့ကို န၀န်-ပေါယနေ့(Navan Masse)ဟု ခေါ်ပါသည်၊၊ ထိုနေ့တွင်
အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန်တို့ သာသနာတော်သို့ဝင်ရောက်ပြီး၊ ရဟန်းပြုသည့်နေ့ ဖြစ်ပါသည်၊၊
(၁၁) မတ်(တပေါင်းလပြည့်)နေ့ကို မေဒင်-ပေါယနေ့(Meding Masse)ဟု ခေါ်ပါသည်၊၊ ထို့နေ့တွင်
မြတ်စွာဘုရားရှင်၏ လက်ယာဘက် အောက်စွယ်တော်မြတ်ကို သီရိလင်္ကာသို့ ဆောင်ယူလာခဲ့ပါသည်၊၊ ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်၊၊
(၁၂) ဧပရယ်(တန်ခူးလပြည့်)နေ့ကို ဘတ်-ပေါယနေ့(Buck Masse)ဟု ခေါ်ပါသည်၊၊ မြတ်စွာဘုရားရှင် သီရိ လင်္ကာသို့ ဒုတိယအကြိမ်မြောက် သာသာနာပြုကြွတော်မူသည့်နေ့ ဖြစ်ပါသည်၊၊ ဤနေ့ ထူးနေ့မြတ်နှင့် တိုက် ဆိုင်သည့်အတွက် ဧပရယ်လပြည့်နေ့ကို ပေါယနေ့အဖြစ်သတ်မှတ်ပြီး၊ နိုင်ငံတော်ရုံးများ၊ ကျောင်းများ၊ ဈေး ဆိုင်များ၊ ကုမ္ပဏီများအားလုံးကို ပိတ်စေပြီး၊ သီလ ဆောက်တည်ခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းဖြင့် ဘ၀အတွက် အဆီအနှစ်များကို ထုတ်ယူကြလေသည်၊၊
ပေါယနေ့များတွင် အရက်သေစာနှင့် အသားမရောင်းရ အမိန့်ကို သီရိလင်္ကာအစိုးရမှ ထုတ်ပြန်ထားပါသည်၊၊ ပေါယနေ့ရောက်ပြီဆိုလျင် သီရိလင်္ကာပြည်သူတို့သည် မိမိတို့ကိုးကွယ်သည့် ဘုန်းတော်ကြီး
ကျောင်းတိုက်များသို့ မနက်စောစော(၆)ခန့်တွင် အရောက်လာကြရပါသည်၊၊ အဖြူရောင်တူညီဝတ်စုံ များကိုလည်း အမျိုးသမီးရော အမျိုးသားများပါ ၀တ်ဆင်ကြရပါသည်၊၊ ပေါယနေ့ သီလဆောက်တည် ရန်လာကြသော ဥပုသ်သည်များသည် ပန်းများ၊ ဆီးမီးများ၊ သစ်သီးများ၊ လှုဖွယ်ပစ္စည်းများ၊ စသည်များကို ယူလာလေ့ ရှိကြပါသည်၊၊
ပေါယနေ့များတွင် မြို့တွင်း၌ လူအလွန်တိတ်ဆိပ်သည်ကို သတိထားမိပါသည်၊၊ ကလေးရော လူကြီးများပါ နီးရာကျောင်းတိုက်များတွင် သီလဆောက်တည်ရန်သွားကြသဖြင့် လမ်းများနှင့် ဈေးများတွင် လူမရှိသလောက် ရှားလှပါသည်၊ လိုင်းကားများပေါ်တွင်လည်း စီးနင်းသူမရှိသလောက် နည်းပါးသည့် နေ့ ဖြစ်ပါသည်၊၊ အရှင်တို့ ခရီးသွားလိုသောအခါ ထိုပေါယနေ့များကိုရွေး၍ သွားလေ့ရှိပါသည်၊၊
------------------------------------------
တနေ့တာ ပေါယနေ့ အစီအစဉ်မှာ အောက်ပါအချိန်ဇယားအတိုင်း ဖြစ်ပါသည်---
(၁) နံနက်(၆)ခွဲတွင် ပေါယနေ့တနေ့တာအစီအစဉ်ကို စပါသည်၊၊
(၂) နံနက်(၆)နာရီခွဲ-ဆရာတော်တိုင်ပေးသည့် ဘုရားရှိခိုးစာဖြင့် တညီတညွတ် ရှိခိုးပြီး၊ ဆွမ်းတော် ဆက်ကပ်ကြရသည်၊၊
(၃) နံနက်(၇)နာရီတွင် နံနက်စာ အစားအသောက်ကို အလှုရှင်တဦးမှ လှုသည်ကို စားကြရပါသည်၊၊
(၄) နံနက်(၈)နာရီတွင် ဆရာတော်ထံမှ သီလဆောက်တည်ပြီး၊ တရားနာယူရပါသည်၊၊
(၅) နံနက်(၉)နာရီတွင် ဆရာတော်ထံမှ ပါဠိစာပေသင်ကြားမှုကို တက်ရောက် သင်ကြားကြရပါသည်၊၊
(၆) နံနက်(၁၀)တွင် ပါဠိစာပေကျွမ်းကျင်သည့် အထူးဖိတ်ခေါ်ထားသော လူပညာရှိတဦးထံမှ ပိဋ ကတ်တော်မှ ခေါင်းစဉ်တခုကို ဆွေးနွေးတင်ပြသည်ကို တက်ရောက်ကြရပါသည်၊၊ ပိဋကသင်ကြား ချိန်ဖြစ်ပါသည်၊၊
(၇) နံနက်(၁၁)နာရီတွင် ဥပုသ်သည်များအားလုံး စုပေါင်း၍ ဘုရားဆွမ်းကပ်ကြရပါသည်၊၊ ဘုရား ဆွမ်းကပ် စာပိုဒ်များကို ဆရာတော်မှ တိုင်ပေးသည်ကို လိုက်ဆိုကြပါသည်၊၊
(၈) နံနက်(၁၂)နာရီတွင် အလှုရှင်တဦးမှ လှူဒါန်းသော နေ့လယ်စာအာဟာကို စားသုံးကြရပါသည်၊၊
နေ့လယ်စာအာဟာရကို စားသုံးနေစဉ်မှာလည်း ပါဠိဆရာတဦးမှ ဆွမ်းနှင့်ဆက်စပ်သော ပစ္စဝေက္ခဏာ ဆင်ခြင်ပုံအကြောင်းအရာများကို ရှင်းလင်းရွတ်ဆိုပြနေပါသည်၊၊ ဥပုသ်သည်များအနေဖြင့် သတိလက်လွတ် အစာအာဟာရကို မစားသုံးစေဘဲ ဆင်ခြင်၍စားသောက်ကြရန် ဤသို့ပြုလုပ်ခြင်း ဖြစ်ပါသည်၊၊ နေ့လယ်စာစားသုံးအပြီးတွင် တစ်နာရီခန့် အနားပေးပါသည်၊၊
(၉) နေ့လယ်(၁)နာရီတွင် ၀ိပဿနာနှင့်စပ်သော တရားတော်ကို ဟောကြားပါသည်၊၊ တရားတော်ကိုနာယူ အပြီး တစ်နာရီခန့် တရားအားထုတ်ကြရပါသည်၊၊
(၁၀) နေ့လယ်(၂)နာရီတွင် လမ်းလျောက်၍ တရားမှတ်ကြရပါသည်၊၊ ထိုအချိန်တွင် အနားယူမည်ဆိုက ယူနိုင်ပါသည်၊၊
(၁၁) ညနေ(၃)နာရီတွင် အထူးပင့်ဖိတ်ထားသော ဓမ္မကထိကဆရာတော်တပါးမှ အထူးတရားပွဲဟောကြား သည်ကို နာယူကြရပါသည်၊၊ တရားပွဲပြီးဆုံးလျင် မိမိမေးလိုရာကို ဓမ္မကထိကဆရာတော်အထံတွင် မေးမြန်းနိုင်ပါသည်၊၊
(၁၂) ညနေ(၅)နာရီတွင် ဆရာတော်ထံမှ ဥပုသ်သည်များအားလုံး ပရိတ်တရား နာယူကြရပါသည်၊၊
(၁၃) ညနေ(၆)နာရီတွင် ဆရာတော်အထံမှ သြ၀ါဒအဆုံးအမများကို နာယူကြရပါသည်၊၊ ဆရာတော် ဆုံးမသည်ကို နာယူအပြီး၊ ညနေ(၇)နာရီခန့်တွင် ပေါယနေ့ တနေ့တာ သီလဆောက်တည်မှု၊ အလှုဒါန ပြုမှုများအတွက် ရေစက်ချ၊ အမျှဝေတရားတော်နာယူပြီး၊ ပေါယနေ့အစီအစဉ်များ အဆုံးသတ်ပါသည်၊၊
သီရိလင်္ကာဗုဒ္ဓဘာသာဝင်တို့၏ ပေါယနေ့ သီလဆောက်တည်ပွဲသည် နံနက်(၆)နာရီမှစတင်ပြီး၊ ညနေ (၇)နာရီခန့်တွင် ပြီးပါသည်၊၊ တချို့ကျောင်းတိုက်များတွင် ညပိုင်းအထူးတရားပွဲများပါ ကျဉ်းပလေ့ရှိသည်၊၊
တနေ့တာလုံးကို တရားဖြင့်နေသည်ဟုပင် ထင်မိပါသည်၊၊ တူညီဝတ်စုံ အဖြူရောင်လေးများကို အမျိုးသမီးရော၊ အမျိုးသားများပါဆင်တူ ၀တ်ဆင်ထားကြသည်ကလည်း ငြိမ်းအေးသည့် သဘောကို ပြသနေသယောင် မြင်ရသူကို အေးမြစေပါသည်၊၊
ထူးခြားမှုလေးတခုကိုလည်း တင်ပြချင်ပါသေးသည်၊၊ သီရိလင်္ကာတို့ ဆရာတော်များရှေ့တွင် တရားနာ ထိုင်သည့်အခါတွင် ဖြစ်စေ၊ ဆွမ်းကပ်သည့်အခါတွင်ဖြစ်စေ ထိုင်သောအခါ သံဃာတော်များဘက်သို့ ခြေဆင်းပြီး ထိုင်လေ့ရှိပါသည်၊၊ အရှင်တို့ သီရိလင်္ကာရောက်စကဆိုလျင် ကိုယ့်ဘက်ကို ခြေဆင်းထား သော အမျိုးသမီး၊ အမျိုးသားများကို တွေ့ရသောအခါ ရိုင်းသည်ဟု ထင်ခဲ့ပါသည်၊၊ နောင်ကြာလာ သောအခါတွင်မှ ဤထိုင်နည်းသည် သူတို့ယဉ်ကျေးမှုအရ ယဉ်ကျေးသည့် ထိုင်ပုံဖြစ်သည်ဟု သိလာ ရပါသည်၊၊
မြန်မာရှေးစကားထဲတွင် “မိန်းမပြင်း ခြေဆင်း၊ ယောကျာင်္းပြင်း ကျောခင်း”ဟု အဆိုတခုရှိပါသည်၊၊ သီရိလင်္ကာတို့ အလှုဒါနပွဲ၊ တရားပွဲ၊ အခြားမင်္ဂလာရှိအခန်းအနားများတွင် ခြေဆင်းပြီး ထိုင်လေ့ရှိသောကြောင့် အရှင်တို့ မြန်မာယဉ်ကျေးမှုနှင့် မတူသည့် ထိုင်ပုံယဉ်ကျေးမှုတခုကို သင်ယူရရှိသည်ဟုသာ သဘောထားရပါ တော့သည်၊၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုပုံစံသည် အခြားလူမျိုးတခုအတွက် ရိုင်းစိုင်းသည့် အပြုအမူတခု ဖြစ်တတ်သည်ဆိုသည့်စကားမှာ ဤနေရာတွင် တကယ်မှန်လေသည်၊၊
ပေါယနေ့ တနေ့တာ လုပ်ငန်းစဉ်များကို သုံးသပ်ကြည့်သောအခါ သာမာန်အားဖြင့် သီလဆောက် တည်သည်ဟု ဆိုသော်လည်း၊ ပါဠိစာပေသင်ကြားချိန်၊ တရားဆွေးနွေးချိန်၊ တရားထိုင်ချိန်၊ တရားနာ ယူချိန်၊ စသည်အားဖြင့် တစ်နေ့တည်းဖြင့် တော်တော်စုံလင်အောင် အလုပ် လုပ်ကြသည်ကို သတိပြုမိသည်၊၊
သီရိလင်္ကာတို့သည် တစ်လလျင် တကြိမ်တည်းသာ ဥပုသ်နေ့အဖြစ်သတ်မှတ်၍၊ သီလဆောက်တည်ကြ သော်လည်း တနေ့တည်းကို စနစ်တကျအချိန်ဆွဲ၍ အကျိုးရှိအောင် သီလဆောက်တည်ကြသည်ကို တွေ့နိုင် သည်၊၊ ဥပုသ်နေ့ သီလဆောက်တည်ပွဲဆိုသည်ထက် မြန်မာနိုင်ငံ ရိပ်သာ တရားစခန်းပွဲနှင့်ပင် ဆင်ဆင်တူ နေပါသည်၊၊ ပေါယနေ့အစီအစဉ်များအားလုံး ပြီးဆုံးသောအခါ ပေါယဥပုသ်သည်တို့ မိမိတို့အိမ်သို့အသီးသီး ပြန်ကြပြီး၊ အိမ်ရှေ့တွင် ပရိတ်ရွတ်ဖတ်ခြင်းများ၊ တရားဆွေးနွေးခြင်းများကို ပြုလုပ်လေ့ရှိကြသည်ဟု ဆိုပါသည်၊၊
တနှစ်တာအတွက် ပေါယနေ့(၁၂)ရက်ရှိသည်၊ ထို(၁၂)ရက်ထဲမှ ဖိုဆွန်-ပေါယနေ့နှင့်၊ ဝေဆခ်-ပေါယ နေ့ကို သီရိလင်္ကာ၏ ဘာသာရေးပွဲတော်ကြီးအဖြစ် သတ်မှတ်၍ တနိုင်ငံလုံးပွဲတော်များကျင်းပလေ့ ရှိပါသည်၊၊ မြန်မာနိုင်ငံ ဘုရားပွဲကြီးများကျင်းပသကဲ့သို့ ဖြစ်ပါသည်၊၊ ပြပွဲအမျိုးမျိုး၊ အတီးအမှုတ်၊ ရိုးရာ အကအခုန်များ၊ ဇာတ်ပွဲများ၊ ဆီမီးထွန်းပွဲများစသည်တို့ ကျင်းပခြင်းဖြစ်ပါသည်၊၊
ပေါယနေ့တနေ့တည်းတွင် ဒါနကုသိုလ်အလုပ်ဖြစ်သည့် ဥပုသ်သည်များအား ဆွမ်းနှင့်၊ ဆေး၊ အဖျော် ရည်လှူဒါန်းမှု ဒါနကုသိုလ်၊ သီဆောက်တည်မှု သီလကုသိုလ်၊ တရားမှတ်ရှုမှု ဘာဝနာကုသိုလ်၊ ပါဠိစာပေ သင်ယူမှု ဓမ္မကုသိုလ်၊ တရားဟောမှု ဓမ္မကုသိုလ်၊ တရားနာယူမှု ဓမ္မကုသိုလ်၊ ဝေယျာဝစ္စ အလှူ၊ စသည့်ကုသိုလ်များကို စေတနာပါပါ လုပ်နေကြသည်ကို တွေ့မြင်ရသည့်အတွက် အရှင့်အနေဖြင့် ပေါယနေ့ကို ဘ၀အတွက် အကောင်းဆုံးအဆီအနှစ်ကို ထုတ်ယူသည့်နေ့ဟူ၍ပင် သဘောပေါက်မိပါသည်၊၊
ဤသို့ဖြင့် သီရီလကာပြည်သူတို့သည် သူတို့၏ဘ၀ကို ဘာသာရေးဖြင့် ပုံသွင်းယူတတ်ကြသည်ကို နည်းယူဖွယ် တင်ပြလိုက်ရပါသည်၊၊ အရှင်တို့တွေ့ရသလောက်ဆိုလျင် သီရိလင်္ကာနိုင်ငံကို ခေတ်ပေါ် ရုပ်ဝတ္ထုက များစွာဆွဲ ဆောင်မှု မပြုနိုင်သေးသည်ကို တွေ့ရသည်၊၊ အနေအထိုင် အစားအသောက် အလွန်ရိုးသော လူမျိုးအဖြစ် ကျန် ရှိနေသေးသည်ကို တွေ့ရပါသည်၊၊ ဘာသာရေးကို နိုင်ငံတော်ပညာ ရေးအဖြစ်နှင့် ယဉ်ကျေးမှုဓလေ့များအဖြစ် ပါ အသိမှတ်ပြုထားကြသော သီရိလင်္ကာတို့၏ နေ့စဉ်ဘ၀သည် လွန်စွာအေးချမ်းသည်ကို တွေ့ရပါသည်၊၊
ပေါယနေ့ဆောင်းပါးကို ဖတ်ရသော “အလင်း စက်” စာဖတ်သူများအားလုံး မိမိတို့၏ ရှည်လျားလှ သော နေ့-ညများထဲမှ အနှစ်ရှိသောနေ့များ ညများကို အတိအကျသတ်မှတ်ပြီး၊ ဘ၀အတွက် အဆီအ နှစ်ဖြစ်သော ကောင်းမှုကုသိုလ်များကို ထုတ်ယူနိုင်ကြပါစေလို့ မေတ္တာဖြင့် ဆန္ဒပြုလိုက်ပါတယ်၊၊
အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၃.၁.၂၀၁၁)
"ဘ၀ကို အလင်းပေးတဲ့ အလင်းစက်"
Thursday, January 20, 2011
ဘ၀အတွက် အဆီအနှစ် “ပေါယနေ့”
Posted by အလင်း စက် at 10:42 PM 1 comments
Friday, January 7, 2011
သီရိလင်္ကာနှင့် မြန်မာဆက်စပ်မှု လေ့လာချက်၊၊ ၊၊


အရှင် သီရိလင်္ကာသို့ပညာသင်ရောက်ခဲ့သည်မှာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ၊၊ သီရိလင်္ကာရိုးရာနှင့် ဒေသန္တရအလေ့အထတို့ကိုလည်း ရင်းနှီးကျွမ်းဝင်ခဲ့ပြီ၊၊ ပူစပ်ဆိမ့် သီရိလင်္ကာအစားအစာတို့ကိုလည်း မြိန်မြိန်ယှက်ယှက် စားတတ်ခဲ့ပြီ၊၊ လူမျိုးကိုချစ်တတ်၍ ဘာသာစကားပင်အတော်အတန် ပြောတတ် ခဲ့ပြီ၊၊ ရှေးနှစ်ပေါင်းများစွာကပင် ရင်းနှီးမှုရှိခဲ့သော သီရီလင်္ကာနှင့် မြန်မာတို့၏ ဆက်စပ်ခဲ့ပုံများကို လေ့လာလိုစိတ် ဖြစ်ခဲ့သည်မှာ အတန်ပင်ကြာပြီ၊၊
ယ္ခုလေ့လာလို့ရသမျှ သမိုင်းအစအနလေးများကို ရေးချလိုက်မိသည်၊၊ ပြည့်စုံသည်ကား မဟုက်၊ အစအန သမိုင်းအပွန်းအပဲ့လေးများသာ ဖြစ်နိုင်သည်၊၊ သို့သော် ၀ါသနာအလျှောက်လေ့လာလိုသူများအတွက် ကျေးဇူးပြုမည်မှာ မလွဲပေ၊၊ သမိုင်းဟုဆိုလိုက်ကတည်းက မည်သည့်သမိုင်းမှ မျက်မြင်အဖြစ် အပျက်များကဲ့သို့ တိကျသေခြာမည် မဟုက်သည်မှာ သေခြာသည်၊၊ လေ့လာ၍ရသမျှမှတ်တမ်းများကို စိတ်ဝင် စားဖွယ်ဖြစ် အောင် ရေးရသည်မှာ သမိုင်းအလုပ်ပင်ဖြစ်သည်၊၊
သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းကမူ “မအအောင် သမိုင်းကို သင်သင့်သည်၊ သိသင့်သည်”ဟု ပြောခဲ့ဘူးသည်၊၊ မှန်ပါသည်၊၊ ယ္ခုအခါ သီရိလင်္ကာသို့နှစ်စဉ် မြန်မာသံဃာတော်(၁၀၀)ခန့် ပညာသင် လာရောက်နေရသည့်အတွက် သီရိလင်္ကာသည် မြန်မာသံဃာ့ပညာရေး၏ ကျေးဇူးရှင်ဖြစ်မှန်းမသိ ဖြစ်နေသည်ဟု ထင်ရသည်၊၊ ဤအထင်မှာ ရာနှုံးပြည့်မမှန်၊ အဘယ့်ကြောင့်ဆိုသော် ရှေးယခင်က သီရိလင်္ကာသားတို့ မြန်မာပြည်သို့လာရောက်ပြီး မြန်မာ့ပညာရေးကို နည်းယူခဲ့ကြဘူးသောကြောင့် ဖြစ်သည်၊၊
အရှင် ဤစာတမ်းထဲတွင် သီရိလင်္ကာသားတို့ မြန်မာပြည်သို့လာရောက်ပြီး ပညာသင်ခဲ့ပုံများကို မဖော် ပြတော့ဘဲ မြန်မာသံဃာတော်တို့ သီရိလင်္ကာသို့လာရောက် ပညာသင်ကြားပုံများကို သမိုင်းနောက်ခံ ၍တင်ပြမည် ဖြစ်ပါသည်၊၊ မြန်မာပညာရေး၏အစသည် ပါဠိပညာရေး (ခေါ်) ဘုန်းကြီးကျောင်း ပညာ ရေးမှစခဲ့သည်ကို အလွယ်တကူလေ့လာ၍ သိနိုင်ပါသည်၊၊ ထိုမှတဆင့် တဆင့်တက်ပြီး လက်ရှိခေတ် ပညာရေးစနစ်သို့ကူးမြောက်ခဲ့ရသည်၊၊
ပုဂံခေတ်ဦးတွင် မြန်မာတို့ပါဠိပညာရေးကို နိုင်ငံတော်ပညာရေးအဖြစ် အသုံးပြုလေ့လာလိုက်စားခဲ့ပုံများကို ပုဂံသမိုင်းများတွင်တွေ့နိုင်သည်၊၊ သို့ဆိုလျင် ပုဂံပညာရေးဘယ်ကလာသလဲဆိုသည့် မေးခွန်းကို အဖြေရှာသင့်လှသည်၊၊ ပုဂံခေတ်ကျောက်စာများတွင် ရှေးခေတ်မြန်မာတို့ ပါဠိစာပေကျွမ်းကျင် ပုံတစိတ်တပိုင်းကိုမူ သတ်သေအဖြစ်တွေ့ရနိုင်သည်၊၊ မည်သည့်နိုင်ငံက မည်သည့်နိုင်ငံ၏ ကျေးဇူးရှင် ဖြစ်ဟုသာ အတတ်မပြောနိုင်သည်၊ တနိုင်ငံနှင့် တနိုင်ငံကျေးဇူးမကင်းသည့် နှစ်နိုင်ငံမှာ မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့ဖြစ်သည်၊၊ ဘာသာရေးအရ၊ ပညာရေးအရနှင်၊့ စီးပွားရေးအရ၊ စစ်ရေးအရပါ များ စွာ ဆက်ဆံခဲ့ဘူးသည့် သီရိလင်္ကာ+မြန်မာ့ဆက်ဆံရေးများစွာထဲမှ သံဃာတော်တို့၏ ဆက်ဆံရေးကို သမိုင်းရှာပုံတော်ဖွင့်က ဤသို့ဤပုံတွေ့မြင်နိုင်သည်၊၊
----------------------------------------------
ကျန်စစ်မင်း၏ သမီးတော်ရွှေအိမ်သည်နှင့် သားမက်တော် စောယွမ်းမင်းသားတို့မှ အလောင်းစည်သူ အမည်ရှိ သားတော်ကိုဖွားမြင်ခဲ့သည်၊၊ အလောင်းစည်သူမင်းမှ သားတော်အကြီး မင်းရှင်စောနှင့် သားတော်အငယ် နရသူတို့ကိုလည်း ရရှိခဲ့သည်၊၊ အလောင်းစည်သူမင်းကြီး နတ်ရွာစံသောအခါ ညီငယ်နရသူမှ အကိုကြီးမင်းရှင်စောကို လုပ်ကြံ၍ ထီးနန်းကိုရယူခဲ့သည်၊၊
နရသူမင်းမှလည်း သားတော်အကြီး နရသိင်္ခနှင့် သားတော်အငယ် နရပတိစည်သူတို့ကို ထီးနန်းဆက် ဖွားမြင်ခဲ့ပြန်သည်၊၊ ခမည်းတော် နတ်ရွာစံသောအခါ အကိုကြီးဖြစ်သူ နရသိင်္ခ ထီးနန်းကိုဆက်ခံခဲ့သည်၊၊ ညီတော်အငယ် နရပတိစည်သူမှာ အိမ်ရှေ့စံဖြစ်သည်၊၊ နရသိင်္ဂဘုရင်တွင် ပညာရှိအမတ်တဦး ရှိသည်၊၊ အနန္တသူရိယ အမတ်ဖြစ်သည်၊၊ အနန္တသူရိယအမတ်၏ “မျက်ဖြေလင်္ကာ”မှာ ယနေ့တိုင် မြန်မာစာပေသမိုင်းတွင် ထင်ရှားသည်လက်ရာတခု ဖြစ်သည်၊၊
ဝါးတောအတွင်းမှရသော”ဝေဠုဝတီ”အမည်ရှိ အမျိုးသမီးတယောက်ကို ညီအကိုလုကြရာမှ အကိုဖြစ်သူရှုံးနိမ့် နတ်ရွာစံရပြီး ညီဖြစ်သည့် နရပတိစည်သူသည် ပုဂံထီးနန်းကိုရရှိခဲ့ပြန်သည်၊၊ မှားယွင်းသည့် နရပတိစည်သူ၏ လုပ်ရပ်တခုမှာ အကိုလက်ထက်က ပညာရှိအမတ်များကို သတ်မိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သမိုင်းဆရာတို့ ဝေဖန်ကြသည်၊၊ အသတ်ခံသွားရရှာသည့် ပညာရှိအမတ်များနှင့် သူရဲ ကောင်းစစ်သည်များအထဲတွင် "အနန္တသူရိယ"ပညာရှိအမတ်ကြီးလည်း ပါသွားခဲ့သည်၊၊ နိုင်ငံတိုင်း၏ သမိုင်းတွင်အသုံးပြုလျှက်ရှိသော “ဖြုတ် ထုတ် သတ်” အစဉ်အလာသည် ယနေ့ခေတ်တွင်မှ မဟုက် ပုဂံခေတ်ကပင်ရှိခဲ့ကြောင်း မအံ့သြစရာ တွေ့ရပြန်သည်၊၊
ထူးဆန်းသည်မှာ နရပတိစည်သူဘုရင်သည် ရန်သူဘက်သားကိုမှ သတ်သည်မဟုက်၊ သစ္စာခံတပည့်ရင်းကိုလည်း သတ်ဖြတ်ခဲ့သည့် လုပ်ရပ်ဖြစ်သည်၊၊ “မင်းရေးကိုမထောက် မြင်းရေးကိုထောက် သည်”ဟု မြန်မာစာပေသမိုင်းတွင် အဆိုတခုရှိသောဇာတ်လမ်းမှ အသက်စွန့်၍ နန်းတော်ထဲမှ ထွက်ပြေးလာပြီး သတင်းပို့သည့် “ငအောင်စွာ”သည် နရပတိစည်သူ၏ လက်ရုံးတပည့်ကြီး ဖြစ်သည်၊၊ ကံမကောင်းသည်မှာ သတင်းပို့သည့်အတွက် “မျက်နှာမရဘဲ ခြေရာရ”ခဲ့ရှာသည့် “ငအောင်စွာအ မတ်”သည် ဆရာရင်းနရပတိစည်သူ၏ လက်ချက်ဖြင့် တောထဲတွင် အသက်ထွက်ခဲ့ရသည်၊၊ အ လောင်း စည်သူမင်းကြီး နတ်ရွာစံကံတော်ကုန်သောအခါ သားတော်အကြီးဖြစ်သည့် မင်းရှင်စော သည် နန်းတော်တွင်းတွင်ရှိမနေဘဲ အဝေးသို့ရောက်နေသည့်အချိန်ဖြစ်သည်၊၊ ထို့ကြောင့် ညီတော် အငယ် နရသူကထီးနန်းကို သိမ်းပိုက်လိုက်သည်၊၊
မင်းရှင်စောသိသောအခါ ညီတော်ကိုတိုက်ခိုက်၍ နန်းကိုယူမည်ဟု စစ်ကြေငြာသောအခါ ညီတော်မှ နောင်တော်အကြီးအားမယှဉ်ဝံ့၍ စစ်မပြုဘဲ စေ့စပ်ဆွေးနွေး၍ ထီးနန်းရေးရာကို တိုင်ပင်လိုကြောင်း၊ နောင်တော်အား အစဉ်အလာအတိုင်း ထီးနန်းကိုလွှဲအပ်ပါမည့်အကြောင်း ဖခင်လက်ထက်ကပင် ကိုးကွယ်ခဲ့သည့် ဆရာတော်တပါးဖြစ်သည့် “ပံ့သုကူမထေရ်”အား ကြားဝင်ပြီး ဖြန်ဖြေစေခဲ့သည်၊၊
ဤသမိုင်းကိုထောက်၍ ပုဂံခေတ်ကပင် ရဟန်းသံဃာတော်များ နိုင်ငံရေးရာကိစ္စများတွင် ပါဝင်ခဲ့ဘူး ကြောင်းမှတ်သားရသည်၊၊ နောင်တော်အကြီး မင်းရှင်စောသည် ဆရာအရှင်ပြောစကားကို ရိုသေ သည်ကတကြောင်း ညီတော်ကိုလည်း ယုံလိုက်မိသည်ကြောင့် စေ့စပ်ဖြန်ဖြေမှုကိုလက်ခံပြီး စစ်မပြု တော့ဘဲ နန်းတော်ထဲသို့ အေးအေးသာသာပင် ၀င်ခဲ့တော့သည်၊၊
ညီတော် နရသူသည် နောင်တော်အား ထီးနန်းကိုအလွယ်တကူပင် လွှဲအပ်လိုက်သည်၊၊ သို့သော် ညဘက်ရောက်သောအခါ တိတ်တဆိပ်လုပ်ကြံလိုက်သည်၊၊ ထီးနန်းကိုလည်း အသာအယာပင် ယူလိုက်နိုင်သည်၊၊ ပြည်သူပြည်သားတို့က နရသူနှင့် ပံသုကူမထေရ်တို့ပူးပေါင်းပြီး သူတို့လေးစားသ ည့် ဘုရင်အားလုပ်ကြံလိုက်သည်ဟု တီးတိုးပြောဆိုကြလေသည်၊၊
ပံသူကူမထေရ်သည် ထိုလုပ်ကြံမှုသတင်းနှင့် ပြည်သူတို့၏ တီးတိုးစကားများကိုကြားသိသောအခါ လွန်စွာ ရှက်နိုးတော်မူသည်ကတကြောင်း၊ နရသူမင်းယုတ်အားလည်း ဒေါသဖြစ်သည်ကြောင့် ပုဂံပြည်တွင် မနေတော့ဘဲ သီဟိုဠ်ပြည် (ခေါ်) သီရိလင်္ကာနိုင်ငံသို့ ထွက်ခွါခဲ့တော့သည်၊၊ မြန်မာနှင့် သီရိလင်္ကာသံဃာဆက်သွယ်မှုသည် ဤသမိုင်းအထောက်အထားအရ ပံသုကူမထေရ်မှ စတင်ခဲ့ ကြောင်း မှတ်သားရမည် ဖြစ်ပါသည်၊၊ ပံသုကူမထေရ်သည် နရပတိစည်သူမင်းလက်ထက်သို့ရောက် သောအခါမှ ပုဂံပြည်သို့ပြန်လည် ကြွရောက်ခဲ့သည်ဟု မှတ်တမ်းများကဆိုပါသည်၊၊ ဤမှတ်တမ်းအရ သီရိလင်္ကာနိုင်ငံ၊ သီဟိုဠ်ပြည်သို့ မြန်မာပြည် ပုဂံမှအစောဆုံးရောက်ရှိ သာသနာပြုသည်သူမှာ ပံသုကူ မထေရ်ဖြစ်သည်ဟု မှတ်သားရပါသည်၊၊
----------------------------------------
အနော်ရထာမင်းကြီးလက်ထက်တွင် မြန်မာနှင့်သီရိလင်္ကာဆက်သွယ်မှုအတော်ခိုင်မာနေပြီဟု ဆိုပါသည်၊၊ အနော်ရထာမတိုင်မှီကပင် သာသနာရေးအဆက်သွယ်များရှိသည်ဟု တချို့သမိုင်း မှတ်တမ်း များက ဆိုပါသည်၊၊ သီရိလင်္ကာသားတို့က မြန်မာပြည်ကို ထိုအချိန်က “ရာမညဒေသ”ဟုခေါ်သည်ဟု လည်း မှတ်တမ်းတင်ထားသည်၊၊ အမှန်မှာ“ရာမညဒေသ”ဟူသည်မှာ မွန်နိုင်ငံကိုခေါ်သည့် ဝေါဟာရ ဖြစ်သည်၊၊ သို့သော် သီဟိုဠ်သားတို့က မြန်မာတနိုင်ငံလုံးကိုပင် ရာမညဒေသဟု ခေါ်ဆိုကြသည်၊၊
အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် ပထမ၀ိဇယဗာဟု(A.D-1055-1110)ထံသို့ သံတမန်အဖွဲ့စေလွှတ်၍ ဗုဒ္ဓစွယ်တော်ကို တောင်းခံဘူးကြောင်းမှတ်တမ်းတွင် လေ့လာရသည်၊၊
ထိုအချိန်က မြန်မာနှင့် သီရိလင်္ကာသည် သာသနာရေးအရသာမကဘဲ နိုင်ငံရေးအရလည်းများစွာ ဆက်သွယ်မှုရှိနေပြီဖြစ်သည်၊၊ သီရိလင်္ကာဘုရင် ၀ိဇယဗာဟုမင်းလက်ထက်တွင် အိန္ဒိယနိုင်ငံ တောင် ပိုင်းမှ ဓမ်မိန်လလူမျိုးများ ကျုးကျော်တိုက်ခိုက်လာမှုကြောင့် စီးပွားရေး၊ စစ်ရေး၊ သာသနာရေးတို့ ဆုပ်ယုတ်ခဲ့ရသည်၊၊ ထိုအခါ သီရိလင်္ကာမင်း၏ တောင်းခံမှုကြောင့် မြန်မာဘုရင် အနော်ရထာသည် အကူညီများစွာပေးခဲ့သည်ဟု သီရိလင်္ကာမှတ်တမ်းများက ဆိုပါသည်၊၊
သီရိလင်္ကာတွင် ဤကဲ့သို့စစ်ဘေး၊ စီးပွားရေးဘေးတို့နှင့်ရင်ဆိုင်နေရသောကြောင့် သာသနာဆုပ်ယုတ်လာပြီး ပညာရေးဘက်တွင် ရဟန်းခံပေးတတ်သည့် သံဃာပင်ရှားပါးသည်အထိ ဖြစ်လာသည်၊၊ သီရိလင်္ကာဘုရင်သည် အနော်ရထာမင်းထံအကူညီတောင်းမှုကြောင့် မြန်မာပြည်မှ သံဃာတော်များ သီရိလင်္ကာသို့ကြွရောက်၍ ရဟန်းခံပေးခြင်းစသည့်သာသနာ့ကံများ ပြုခဲ့ကြရလေသည်၊၊ အနော်ရထာဘုရင်နှင့် ၀ိဇယဗာဟုမင်းတို့သည် အလွန်ရင်းနှီးသော အကြည်တော်မင်းများ ဖြစ်ခဲ့ကြသည်ဟု သမိုင်းမှတ်တမ်းများက ဆိုပါသည်၊၊
------------------------------------------
ဒုတိယမြောက် သီရိလင်္ကာသို့ကြွရောက်သည့်မထေရ်မှာ ငှတ်ပစ်တောင်ဂိုဏ်းချုပ် ဥတ္တရာဇီဝမထေရ် ဖြစ်သည်၊၊ ဥတ္တရာဇီဝမထေရ်သည် သူနှင့်အတူ တပည့်ရဟန်းတော်များနှင့်အတူ ကိုရင်ကြီး ဆပ္ပဒကို လည်း သီရိလင်္ကာသို့ခေါ်ခဲ့သည်၊၊ ဥတ္တရာဇီဝမထေရ်သည် သီရိလင်္ကာတွင် ဒေသခံသီရိလင်္ကာ သံဃာတော်များနှင့်အတူ ဘုရားစုံဖူးခြင်း၊ လေ့လာရေးများသွားခဲ့သည်၊၊
ဥတ္တရာဇီဝမထေရ် သီရိလင်္ကာသို့ဘုရားဖူးနှင့် သာသနာပြုခရီးထွက်ခဲ့သည်မှာ (၁၁၈၀)ခုတွင် ဖြစ်ပါ သည်၊၊ ထိုအချိန်က မြန်မာနိုင်ငံခြားသင်္ဘောဆိပ်မှာ ပုသိမ်မြို့တွင်ရှိခဲ့သည်၊၊ မထေရ်နှင့်အတူ သီရိလင်္ကာသို့အတူလိုက်ပါလာခဲ့သော ဆပ္ပဒသာမဏေသည် ပုသိမ်မြို့အပိုင် ဆပ္ပဒရွာမှ ဖြစ်သည်၊၊ ထိုရွာကိုယ္ခုအခါ “ဂပုတောရွာ”ဟုခေါ်ပါသည်၊၊ သီရိလင်္ကာသို့ရောက်ကြသောအခါ ဥတ္တရာဇီဝမထေရ်သည် သီရိလင်္ကာသံဃာတော်များနှင့် ဆက်ဆံရေးလွန်စွာပြေလည်ခဲ့သည်၊၊ သီရိလင်္ကာသံဃာနှင့် မြန်မာပြည်သံဃာတို့သည် ရေမြေဒေသမတူသော်လည်း မူလရေသောက်မြစ်မှာ အတူတူဖြစ်သည်ဟု သဘောထားကြသောကြောင့် နှစ်နိုင်ငံသံဃာ့ဆက်ဆံရေး ပြေလည်ခြင်းဖြစ်ပါသည်၊၊ အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတွင် တတိယသင်္ဂါယနာပြီးသောအခါ အာသောကမင်းကြီး၏ အစီအစဉ်ဖြင့် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုများစေလွှတ်ခဲ့လေသည်၊၊
ထိုအထဲတွင် မြန်မာပြည် သထုံဒေသသို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ကြွရောက် သာသနာပြုခဲ့ကြပြီး၊ သီရိလင်္ကာသို့ အရှင်မဟာမဟိန္ဒမထေရ်ကြွရောက် သာသနာပြုခဲ့ကြလေသည်၊၊ ထို့ကြောင့် သီရိလင်္ကာနှင့် မြန်မာတို့တွင်ရှိသော သာသနာတော်မှာ ရေမြေဒေသကွာသော်လည်း မူလ ရေသောက်မြစ်မှာ တတိယသင်္ဂါယနာမှ ဆင်းသက်လာသည်ချည်းဖြစ်ရကား အတူတူဟုပင် ဆိုရမည် ဖြစ်ပါသည်၊၊ ထို့ကြောင့် ရှေးယခင်ကရော ယနေ့တွင်ပါ သီရိလင်္ကာနှင့် မြန်မာနိုင်ငံသာသနာ ရေးဆက်ဆံမှု အဆင်ပြေခဲ့ကြခြင်း ဖြစ်သည်၊၊
အနော်ရထာမင်းလက်ထက် သီရိလင်္ကာနိုင်ငံ၏ သာသနာရေးဆုပ်ယုတ်မှုကို မြန်မာပြည် ဆရာတော်ကြီးများက ကူညီအားပေးခဲ့ဘူးပြီး၊ ဓမ္မစေတီမင်းလက်ထက် မြန်မာပြည်သာသနာရေး ဆုပ်ယုတ်မှုကို သီရိလင်္ကာဆရာတော်ကြီးများက ကူညီအားပေးခဲ့ဘူးကြောင်း မှတ်တမ်းများတွင် လေ့လာနိုင်ပါ သည်၊၊ လက်ရှိသီရိလင်္ကာသံဃာတော်များမှာ တတိယသင်္ဂါယနာအပါဝင် ရှင်မဟာမဟိန္ဒ၏တပည့် စဉ်ဆက်များဖြစ်ကြပြီး၊ မြန်မာနိုင်ငံသံဃာတော်များမှာ တတိယသင်္ဂါယနာဝင် အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ်တို့၏ တပည့်အစဉ်အဆက်များ ဖြစ်ပါသည်၊၊ ထို့ကြောင့် သီရိလင်္ကာနှင့် မြန်မာသာ သနာသည် လက်ခံသည့်ပါဠိစာပေခြင်း၊ ထိမ်းသိမ်းကြသည့် ၀ိနည်းသိက္ခာပုဒ်ခြင်းအားလုံး အတူတူ ပင်ဖြစ်ပါသည်၊၊ ထေရာဝါဒညီအကိုနိုင်ငံများဖြစ်သည်ဟုဆိုက ဆိုနိုင်ပါသည်၊၊
ဥတ္တရာဇီဝမထေရ်သည် သီရိလင်္ကာတွင် ဘုရားဖူးခြင်း ဒေသန္တရလေ့လာခြင်းများပြီးဆုံးသောအခါ ရဟန်းခံရန် အသက်ပြည့်နေပြီဖြစ်သော ဆပ္ပဒသာမဏေကို သီရိလင်္ကာသံဃာတော်များနှင့်အတူ တကွတစ်သိမ်တည်းတွင် ရဟန်းခံခြင်းသံဃာ့ကံကို အတူတကွချစ်ကြည်ရင်းနှီးစွာပြုခဲ့ကြသည်၊၊ ဆပ္ပဒသာမဏေသည် သီရိလင်္ကာတွင်ရဟန်းဖြစ်သော မြန်မာ့ပထမဆုံးရဟန်းအဖြစ် မော်ကွန်းဝင် ဖြစ်သည်၊၊
ဆရာဖြစ်သည့် ဥတ္တရာဇီဝမထေရ်နှင့် အခြားသံဃာတော်များ မြန်မာပြည်သို့ ပြန်ကြွသွားကြသော် လည်း ရဟန်းသစ်ဆပ္ပဒသည် မြန်မာပြည်သို့မပြန်တော့ဘဲ သီရိလင်္ကာတွင်ပညာသင်ရန် ကျန်ရစ်ခဲ့ပါသည်၊၊ ပရက္ကမဗာဟုမင်းလက်ထက်ဖြစ်သော ထိုပေါလန္နရုဝခေတ်တွင် သီရိလင်္ကာနိုင်ငံ၌ ပညာရေး အလွန်တိုးတက်သည်၊၊ အရှင်မဟာဗုဒ္ဓဃောသရေးသားစီရင်ခဲ့သော အဋ္ဌကထာများကို ဖွင့်ဆိုသည့် ဋီကာကျမ်းများကို သံဃာတော်များအုပ်စုဖွဲ့၍ ရေးသားကြသည်အထိ စာပေထွန်းတောက်သည်၊၊ အဋ္ဌကထာများကို ဋီကာဖွင့်ဆိုရန်အတွက် ပညာတတ်သံဃာ (၁၀၀၀)ကို ရွေးချယ်ပြီး ရေးသားစေသည်ဟု ၀ံသမှတ်တမ်းများတွင် လေ့လာရသည်၊၊
(၁၁၆၃)ခု ပရက္ကမဗာဟုမင်းသည် ပုဂံပြည် နရသူ၊ မင်းယဉ်နရသိင်္ခ၊ နရပတိစည်သူတို့နှင့်ခေတ်ပြိုင် ဖြစ်ပါသည်၊၊ တိုင်းပြည်လည်းအေးချမ်းသာယာပြီး၊ စီးပွားရေး စစ်ရေးအလွန်တိုးတက်သောခေတ်ဖြစ် သည်ဟု မှတ်တမ်းတင်ပါသည်၊၊ ဆပ္ပဒမထေရ်သည် ထိုကဲ့သို့ပညာရေးထွန်းတောက်သော ခေတ်တွင် ထိပ်တန်း ပညာရှင်များ၏အထံတွင် ပညာသင်ခွင့်ရသဖြင့် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့ကို အလွန် ကျွမ်းကျင်ခဲ့ သည်ဟုလည်း ချီးမွန်းကြပါသည်၊၊ မြန်မာ့အစောဆုံး သီရိလင်္ကာပညာသင် ရဟန်းတော် မှာလည်း ဆပ္ပဒရဟန်းတော်ဖြစ်ကြောင်း မှတ်ယူရမည်ဖြစ်ပါသည်၊၊ ဆယ်နှစ်ခန့်မျှ ပညာသင်ပြီးသောအခါ ဆပ္ပဒမထေရ်သည် သီရိလင်္ကာသား ရဟန်းလေးပါးနှင့်အတူ မြန်မာပြည်ပုဂံသို့ ပြန်ကြွခဲ့ပါ သည်၊၊
သီရိလင်္ကာတွင် နှစ်များစွာပညာသင်ခဲ့သော ဆပ္ပဒမထေရ်သည် သီရိလင်္ကာ၏ ပညာရေးသြဇာလွှမ်းမိုးမှုကို များစွာခံခဲ့ရကြောင်းလည်း မှတ်သားရပါသည်၊၊ သူသည် မြန်မာပြည်ရောက်သောအခါ မြန်မာ သံဃာတော်များအတူတကွ ကံကြီးကံငယ်များကို အတူတကွ မပြုလိုတော့သည့် စိတ်များဝင်ခဲ့သည်၊၊ ထို့ကြောင့်ပင် သီရိလင်္ကာသား ရဟန်းတော်လေးပါးကို သူနှင့်အတူ မြန်မာပြည်သို့ခေါ်ယူခဲ့ခြင်း ဖြစ်ပါ သည်၊၊ ပုဂံကျောက်စာအချို့တွင် ဆပ္ပဒမထေရ်သည် ပညာမာန်၊ လူမျိုးမာန်ကြီးသူဖြစ်ကြောင်း ဖော်ပြ ထားချက်များရှိသည်ဟု ကျောက်စာပညာရှင်များ၏ လေ့လာချက်ကိုလည်း တွေ့ရပါသည်၊၊
ဆပ္ပဒမထေရ်မြန်မာပြည်သို့ပြန်ရောက်ချိန်တွင် သူ၏ဆရာ ဥတ္တရာဇီဝမထေရ်သည် ပျံလွန်တော်မူပြီးပြီ ဖြစ် သည်၊၊ ဆပ္ပဒမထေရ် သီရိလင်္ကာမရောက်ခင်က ပုဂံတွင်သူ၏ဆရာ ဥတ္တရာဇီဝမထေရ်သည် သံဃာဦးဆောင်ဖြစ်သည်၊၊ ယ္ခုသူပြန်ရောက်လာသောအခါ တခြားဆရာတော်ကြီးတပါးက ဦးဆောင်လုပ်နေသည့် အချိန်ဖြစ် သည်၊၊ ဆပ္ပဒမထေရ်သည် လူမျိုးရေးစိတ်ဓာတ်ပြင်းထန်သူဖြစ်သည်၊၊ သူ၏ဆရာနှင့် ဆပ္ပဒမထေရ်တို့သည် မွန် လူမျိုးများဖြစ်ပြီး၊ မြန်မာသံဃာတော်များအုပ်ချုပ်နေသည်ကို လက်မခံလိုသည့် သဘောထားများကို ပြသခဲ့ သည်၊၊
သီဟိုဠ်ပြန် ဆပ္ပဒမထေရ်အား ထိုအချိန်ကမင်းဖြစ်နေသည့် နရပတိစည်သူသည် အလွန်ကြည်ညိုသည်၊၊ ဆပ္ပဒမထေရ်သည် မင်း၏အကူညီ အားပေးမှုကိုများစွာရသောကြောင့် သီးခြားဂိုဏ်းကြီးတခု ကိုတည်ထောင်လိုက်လေသည်၊၊ သီဟိုဠ် မဟာဝိဟာရနိကာယ ဂိုဏ်းအစွဲနှင့် မွန်လူမျိုးအစွဲကြီးမှုတို့ သည် ဆပ္ပဒမထေရ်အား ဂိုဏ်းသီးခြားတည်ထောင်ရန် လှုံ့ဆော်ခဲ့သည်ဟု သုတေသီတို့က ဆိုကြ သည်၊၊ ဆပ္ပဒမထေရ်သည် သီဟိုဠ်ဂိုဏ်းကြီးတခုကို ပုဂံ၌တည်ထောင်လိုက်လေသည်၊၊ ထိုဂိုဏ်း အမည်ကို “ပစ္ဆိမဂိုဏ်း”ဟူ၍ ခေါ်သည်၊၊ အရင်ရှိနှင့်သောဂိုဏ်းကို “ပုရိမသံဃာဂိုဏ်း”ဟူ၍ ခေါ်ပါသည်၊၊ မူလသံဃာ့ဂိုဏ်းသည် အရှင်အရဟံမထေရ် သထုံမှဆောင်ယူလာသော ရာမညနိကာယ ဂိုဏ်း ဖြစ်ပြီး၊ ဆပ္ပဒမထေရ် တည်ထောင်သောဂိုဏ်းမှာ သီရိလင်္ကာမှယူဆောင်လာသော မဟာဝိဟာရနိ ကာယ ဂိုဏ်းဖြစ်ပါသည်၊၊
ပုဂံသာသနာတွင် အစဆုံးဂိုဏ်းခွဲထွက်သည်မှာ ဆပ္ပဒမထေရ်မှပင် စခဲ့ပါသည်၊၊ ဆပ္ပဒမထေရ် တည် ထောင်သောဂိုဏ်းသည် မင်း၏အရိပ်ကိုရသဖြင့် လွန်စွာတိုးတက်လာခဲ့ပြီး ပုဂံပြည်တွင်မကဘဲ အောက်မြန်မာပြည်အထိပင် တိုးတက်စည်ပင်ခဲ့သည်ဟု ဆိုပါသည်၊၊ ညောင်ဦးမြို့အ၀င်တွင် ဆပ္ပဒမ ထေရ်အထိမ်းအမှတ် “ဆပ္ပဒစေတီ”ဟု စေတီတဆူတည်ထားသည်ကို ယနေ့တိုင် မူလပကတိအတိုင်း တွေ့မြင်နိုင်ပါသည်၊၊ နှစ်ပေါင်း(၉၀၀)ကျော်က ထိုစေတီသည် ပုဂံခေတ်သာသနာနှင့် သီဟိုဠ်ခေတ် သာသနာတို့ကို တစိတ်တဒေသပြောပြနေသော သမိုင်းမှတ်တမ်းကြီး တခုလည်းဖြစ်ပါသည်၊၊
ကုန်းဘောင်ခေတ်တွင် သီရိလင်္ကာသာသနာရေးမှာ အဆက်ပြတ်လုနီးပါးမျှ ဆုပ်ယုတ်သွားခဲ့ရသည်၊၊ ထိုအခြေနေကို မြန်မာပြည်မှ ကူညီအားဖြည့်ပေးခဲ့မှုကြောင့် ယနေ့တိုင် သီရိလင်္ကာတွင် ဗုဒ္ဓသာသနာနှင့် ရဟန်းတော်များကိုမြင်ခွင့်ရခြင်းဖြစ်ပါသည်၊၊ ယနေ့သီရိလင်္ကာတွင်မြင်တွေ့နေရသော သာသနာမှာ မြန်မာပြည်မှ ရယူထားသောသာသနာဖြစ်ပါသည်၊၊ ထို့ကြောင့် လက်ရှိသီရိလင်္ကာသာသနာ့ဂိုဏ်း နာမည်များမှာလည်း မြန်မာနာမည်များဖြစ်နေခြင်း ဖြစ်ပါသည်၊၊
အသေးစိတ်တင်ပြပါမည်၊ သာသနာတော်နှစ် (၂၃၄၄)ခုနှစ်တွင် သီရိလင်္ကာသာမဏေ(၆)ပါးနှင့် ဒါယကာတဦး မြန်မာနိုင်ငံအမရပူရမြို့သို့လာရောက်ပြီး၊ ဆင်ကြိုးရွှေဂူသိမ်၌ ဉာဏာဘိဝံသ ဓမ္မသေနာပတိမထေရ်ကို ဥပဇ္ဈာယ်ပြုလျှက် ရဟန်းခံကြသည်၊၊ အခြားသီရိလင်္ကာရဟန်းများစွာလည်း မြန်မာပြည် အမရပူရသို့လာပြီး ရဟန်းသစ်ခံယူကြသည်၊၊ ထိုရဟန်းများ သီရိလင်္ကာသို့ပြန်ရောက် သောအခါ “အမရပူရနိကာယဂိုဏ်း”ကိုတည်ထောင်ကြလေသည်၊၊
သာသနာတော်နှစ်(၂၄၀၆)ခုတွင် သီရိလင်္ကာမှ အရှင်ဓမ္မာလင်္ကာရ၊ အရှင်သုမနတိဿအပါအ၀င် ရ ဟန်းတော် (၁၇)ပါးတို့သည် ရာမညတိုင်း ပဲခူးမြို့သို့လာရောက်ပြီး သဒ္ဓမ္မဓရမဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ ကလျာဏီသိမ်တော်ကြီးတွင် သိက္ခထပ်ကြသည်၊၊ ထိုရဟန်းတော်များ သီဟိုဠ်သို့ပြန်ရောက် သောအခါ “ရာမညနိကာယဂိုဏ်း”ကို တည်ထောင်ကြလေသည်၊၊
ဒုတိယကမ္ဘာစစ်မတိုင်မှီက သီရိလင်္ကာသားရဟန်းများသည် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သို့ရောက်လာပြီး ပညာသင်ယူကြသည်၊၊ ထိုရဟန်းတော်များအထဲမှ အရှင်သီရိသဒ္ဓမ္မမထေရ်သည် သီရိလင်္ကာ ပြန်ရောက်သောအခါ ကိုလမ်ဘိုမြို့ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ကိုတည်ထောင်ပြီး၊ “ရွှေကျင်နိကာ ယဂိုဏ်း”ကိုတည်ထောင်ခဲ့လေသည်၊၊ ထိုဂိုဏ်းကြီး သုံးဂိုဏ်းမှာယနေ့တိုင် သီရိလင်္ကာတွင် ထင်ရှား ရှိနေပါသည်၊၊ မြန်မာပြည်မှ ကူးယူထားသောဂိုဏ်းကြီးများ ဖြစ်ပါသည်၊၊
-------------------------------------------
ထူးခြားသည်မှာ သီရိလင်္ကာနိုင်ငံတွင် မြန်မာဆရာတော်ကြီးများ ကျောင်းတည်ထောင်၍ သီရိလင်္ကာ လူမျိုးတို့အား စာပေသင်ကြားပေးခြင်း ဖြစ်သည်၊၊ ၀ိနယာလင်္ကာရဆရာတော်ကြီးသည် သီရိလင်္ကာတွင် ကျောင်းပေါင်းများစွာတည်ထောင်၍ စာပေများ သင်ကြားပို့ချခဲ့သဖြင့် ယနေ့တိုင်ဆရာတော်ကြီး မွေးထုတ်ခဲ့သည် တပည့်သီရိလင်္ကာလူမျိုးတချို့မှာ သီရိလင်္ကာလက်ရှိပညာရေး၏ ထိပ်တန်းခေါင်း ဆောင်ကြီးများ အဖြစ်မြင်တွေ့ရသည်၊၊
ဆရာတော်ကြီးအားဂုဏ်ပြုသောအားဖြင့် သီရိလင်္ကာနိုင်ငံ၊ မြို့တော်ကိုလမ်ဘို၏ အလယ်တွင် “၀ိနယာ လင်္ကာရလမ်း”ဟု မိန်းလမ်းမကြီးတခုကို နာမည်ပေးထားပါသည်၊၊ ဆရာတော်သည် မကုဋာ ရာမအပါအ၀င် ကျောင်းတိုက်ကြီးငါးခုကို တည်ထောင်၍ သီရိလင်္ကာသားတို့အား ပညာသင်ပေးခြင်း တရားပြခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊ ဆရာတော်၏ ပညာသိက္ခာ၊ သီလသိက္ခာ၊ သမာဓိ သိက္ခာတို့ကြောင့် သီရိလင်္ကာသားတို့ လွန်စွာကြည်ညိုလေးစားကြသည်မှာ မိန်းလမ်းမကြီး၏ အမည်ကို ဆရာတော်၏ အမည်တူမှည့်ခေါ်ခြင်းက သက်သေပြုနေပါသည်၊၊
ဆရာတော် ဦးဝိနယာလင်္ကာရသည် မကုဋာရာမမြန်မာကျောင်းတိုက်ကြီးကို သာသနာတော်နှစ်(၂၄၈၆)ခုတွင် စတင်တည်ထောင်ခဲ့သည်ဟု သိရပါသည်၊၊ ဆရာတော်ကြီးသည် ထိုကျောင်းတိုက်ကြီးအား(၁၉၅၁)ခုတွင် ဆရာတော် ဦးသိဂ္ဂ၀အား အပြီး အပိုင်လှုဒါန်းခဲ့ပါသည်၊၊ ယ္ခုအခါ မကုဋာရာမမြန်မာကျောင်းတိုက်ကြီးသည် နှစ်(၈၀)ကျော် သက်တမ်းရှိခဲ့ပြီ ဖြစ်သည်၊၊
မကုဋာရာမမြန်မာကျောင်းတိုက်ကြီး၏ ၀ိဟာရာဓိပတိ ဆရာတော်ကြီးဦးသိဂ္ဂ၀နှင့် ဂေါဆရာတော်ကြီး ဦးဉာဏိန္ဒတို့သည်လည်း သီရိလင်္ကာတွင် နှစ်ပေါင်းများစွာ သီတင်းသုံးပြီး သာသနာပြုခဲ့ပါသည်၊၊ ဆရာတော် ဦးကေလာသသည် စစ်အတွင်းနေသူမရှိသည့် မြန်မာကျောင်းတိုက်ကြီးများကို တပါးတည်းကြံ့ကြံ့ခံ ထိမ်းသိမ်းခဲ့သည့်အတွက် ယနေ့တိုင် မြန်မာစာသင်သားသံဃာတော်တို့ သီရိလင်္ကာတွင် နေစရာအထူး ပင်ပမ်းမှုမရှိဘဲ ပညာသင်ကြားခွင့်ရကြပါသည်၊၊
ထို့နောင်သီရိလင်္ကာစစ်ရေးအတော်အတန်အေးချမ်းလာသောအခါ မြန်မာပြည်မှ ချမ်းမြေ့ဆရာတော်၊ ဒေါက်တာနန္ဒမာလာဘိဝံသ၊ မန္တလေးသာသနာ့တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်ပဏ္ဍိတ၀ရာဘိဝံသ၊ အောက်စဖို့တက္ကသိုလ် ပါမောက္ခဒေါက်တာဓမ္မသာမိ၊ စသည်အားဖြင့် မြန်မာပညာရေး ထူးချွန်သည့် သံဃာတော်အရှင်သူမြတ်များသည် သီရိလင်္ကာတက္ကသိုလ်ကြီးအသီးသီးတွင် တက်ရောက်ပြီး ပညာသင်ယူခဲ့ကြပါသည်၊၊
မှတ်တမ်းများအရ (၂၀၀၀)ခုနှစ်အစောပိုင်းက သီရိလင်္ကာသို့ မြန်မာစာသင်သားသံဃာတော် အနည်းစုမျှ လောက်သာ ပညာသင်လာရောက်ကြသည်ဟု သိရသည်၊၊ (၂၀၀၀)ခုနှစ် နောက်ပိုင်းတွင်မူ နှစ်စဉ်(၁၀၀) ကျော်ခန့် မြန်မာသံဃာတော်တို့ သီရိလင်္ကာသို့လာရောက် ပညာသင်ယူကြသည်ကို တွေ့လာရပါသည်၊၊ သီရိ လင်္ကာသို့ ပညာသင်ရောက်လာသမျှ မြန်မာပြည်ဖွားတိုင်းရင်းအားလုံး သံဃာတော်များသည် မကုဋာရာမ မြန် မာကျောင်းတိုက်ကြီးတွင် သီးတင်းသုံးပြီး အဆင့်မြင့်ပါဠိစာပေများနှင့် ဘာသန္တရစာပေများ၊ ခေတ်သစ် အ တတ်ပညာရပ်များကို အင်္ဂလိပ်Medium ဖြင့်သင်ကြားကြရပါသည်၊၊ (၂၀၁၀)ခုနှစ် ၀ါဆိုသံဃာစာရင်းအရ ယ္ခု နှစ်မကုဋာရာမတွင် တည်းခိုပြီးပညာသင်ကြားကြသည့် သံဃာတော်အရေအတွက် (၂၇၀)ကျော်သည်ဟု သိရသည်၊၊
ခေတ်သစ် မြန်မာသံဃာပညာရေးတွင် သီရိလင်္ကာမကုဋာရာမမြန်မာကျောင်းတိုက်ကြီးသည် အလွန် ပင်ကျေးဇူးကြီးလှပါသည်၊၊ ၀ိနယာလင်္ကာရဆရာတော်ကြီးသည် သီရိလင်္ကာတွင် ကျောင်းတိုက်ငါးခု တည်ထောင်ခဲ့သော်လည်း ယ္ခုအခါ သုံးတိုက်သာကျန်ရှိတော့သည်၊၊ စစ်ဘေးအတွင်းက စောင့်ရှောက်မည့် မြန်မာသံဃာမဲ့သွားသွားသော မြန်မာကျောင်းတိုက်ကြီးများကို သီရိလင်္ကာ သံဃာ့ဂိုဏ်းများက သိမ်းယူလိုက်ကြပါသည်၊၊ လက်ရှိသီရိလင်္ကာနိုင်ငံ မြန်မာကျောင်းတိုက်များမှာ ကန်ဒီမြို့မြန်မာ ကျောင်းတိုက်၊ အနုရာဓပူရမြို့ မြန်မာကျောင်းတိုက်နှင့် ကိုလမ်ဘိုမြို မြန်မာမကုဋာရာမကျောင်း တိုက်ကြီးတို့ ဖြစ်သည်၊၊
ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း သီရိလင်္ကာတွင် ပညာသင်ကြားခဲ့ပြီး သာသနာပြုနေကြသည့် မြန်မာ ပညာတတ် သံဃာတော်များနိုင်ငံအနှံ့အပြားတွင် ရှိနေပြီဖြစ်ပါသည်၊၊
သီရိလင်္ကာတွင် ဘုရားရှင်၏အောက်၊ ယာဘက်စွယ်တော်အစစ်နှင့် မြတ်စွာဘုရား ပွင့်တော်မူခဲ့သည့် အိန္ဒိယမဟာဗောဓိပင်မှ တောင်ဘက်အကိုင်းကို ကူးယူစိုက်ထားသည့် ဗောဓိပင်ကြီးသည် ဘုရားရှင် လက်ထက်မှ ယနေ့တိုင်နှစ်ပေါင်း(၂၅၀၀)ကျော်မပျက်မစီး ရှိနေသေးသည့်အတွက် မြန်မာပြည်မှ ဘုရားဖူးများလာရောက်ကြသည့် ဘုရားဖူးများသည်လည်း မကုဋာရာမမြန်မာကျောင်းတိုက်ကြီးတွင် တည်းခိုခွင့်ရကြလေသည်၊၊ ဤနိုင်ငံလေးတွင် စွယ်တော်နှင့် ခြေတော်ရာ၊ ဗောဓိပင်အပြင် အခြားစိတ် ၀င်စားဖွယ် ရှေးဟောင်းကျောင်းတော်ရာများ၊ စေတီပထိုးများ၊ နန်းတော်ဟောင်းများတည်ရှိရာ ကျောက်တောင်များဖြင့် ပြည့်နှက်နေပါသည်၊၊
မြန်မာပြည်တွင် အဓိကသင်ယူနေကြရသည့် ပါရာဇိကဏ်အဋ္ဌကထာ၊ သီလက္ခန်အဋ္ဌကထာ၊ ဓမ္မသင်္ဂ ဏီအဋ္ဌကထာကြီးများတွင်ပါဝင် သော မဟာဝိဟာရကျောင်းတိုက်ကြီးများ၊ ဇေတ၀နကျောင်းတိုက် ကြီးများ၊ အဘယဂိရိကျောင်းတိုက်ကြီးများမှာ ယနေ့တိုင် UNESCO ရှေးဟောင်းသုတေသန၏ တူးဖော် ရှာဖွေမှုဖြင့် အလုံးစုံနည်းနည်းမျှလေ့လာနိုင်ပြီ ဖြစ်ပါသည်၊၊ နှစ်စဉ်မြန်မာပြည်မှ ဘုရားဖူးများလာ ရောက်ပြီး ဘုရားဖူးကြသည်ကိုလည်း တွေ့ရပါသည်၊၊
အရှင်စုစည်းရှာဖွေပြီး သီရိလင်္ကာနှင့် မြန်မာသာသနာရေးဆက်စပ်ပုံ သမိုင်းကိုတင်ပြခဲ့သည်မှာ အတိုင်းတာတခုထိပြည့်စုံပြီဟု ယူဆပါ သည်၊၊ အမှားအယွင်းများတွေ့ရှိလျင် အကြံပြုဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါသည်၊၊ ၀ါသနာပါ၍ လေ့လာလိုသူများအတွက် အနည်းငယ် အထောက်ကူမျှရသည်ဆိုလျင် အရှင်ရေးသားကျိုးနပ်ပြီဟု ယူဆပါမည်၊၊ သာသနာသမိုင်းသည် ရာဇာသမိုင်းများနှင့် ဆက်စပ်နေသည့် အတွက် ပုဂံမင်းအချို့၏ မှုန်ပြပြသမိုင်းပြကွက်များကိုလည်း ထည့်သွင်းရေးသား ထားပါသည်၊၊
“အလင်း စက်”စာဖတ်သူများ သမိုင်းကိုသိသဖြင့် တော်သူ၊ တတ်သူများ ဖြစ်ကြပါစေ၊၊ ၊၊
အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၈.၁.၂၀၁၁)
(မှတ်ချက်/ ပုဂံခရီးသည်(ပါရဂူ)၊ ထေရာဝါဒဗုဒ္ဓသာသနာ(အရှင်ဧသိက)၊ သာသနာလင်္ကာရစာတမ်း နှင့် အခြားမှတ်တမ်းများကို စုစည်း၍ ဤစာတမ်းကို တင်ပြပါသည်၊၊)
Posted by အလင်း စက် at 7:11 PM 0 comments
Thursday, December 30, 2010
ပါဠိစာပေ၊၊ ၊၊


အရှင်ရေးခဲ့သမျှ ဆောင်းပါးနှင့် စာတမ်းများထဲတွင် ‘ပါဠိစာပေ’ဆိုတဲ့ စကားလုံးကို စာဖတ်သူများ အကြိမ်များစွာ တွေ့ခဲ့ကြပါသည်၊၊
ပါဠိစာပေအကြောင်း မိတ်ဆက်စာတမ်းကို ယ္ခုတင်ပြလိုက်ပါတယ်၊ “အလင်း စက်” စာဖတ်သူများ ပါဠိစာပေဆိုင်ရာ ဗဟုသုတများစွာ ရလိမ့်မယ်လို့ ယူဆပါတယ်၊၊ ပါဠိစာပေ မည်မျှကျယ်ပြန့်သည်ဆိုသည်ကိုလည်း စာရှုသူများ တွေ့ရမှာဖြစ်ပါတယ်၊၊
ပါဠိစာပေတခုတည်းကိုပင် နိုင်ငံပေါင်းများစွာမှာ တက္ကသိုလ်ကြီးများ ဖွင့်လှစ်၍ သင်ယူနေကြရပါ တယ်၊၊ ပါဠိစာပေမှာ ဖော်ပြထားတဲ့ အတတ်ပညာများအကြောင်း၊ စိတ်ပညာဆိုင်ရာ၊ အတွေး ခေါ်ပညာဆိုင်ရာများ၊ စီးပွားရေးအကြောင်း၊ လူမှုရေးအကြောင်း၊ နိုင်ငံရေးအယူအဆများအကြောင်း၊ ဘာသာကိုးကွယ်မှု အကြောင်း၊ ဆေးဘက်ဆိုင်ရာ တင်ပြထားပုံများသည် ယနေ့ခေတ်ပေါ် ပညာရပ် များထက် အဆင့် မနိမ့်ကြောင်းကိုလည်း များစွာသော ခေတ်ပညာရှင်၊ အတွေးအခေါ်ပညာရှင်တို့ အသိမှတ်ပြုကြပြီး ဖြစ်သည်၊၊
မြတ်စွာဘုရားရှင်တို့လက်ထက်က အန္ဒိယနိုင်ငံမှာ တိုင်းကြီး(၁၆)တိုင်း ရှိတယ်လို့ အန္ဒိယနိုင်ငံသမိုင်း များမှာ ဖော်ပြပါတယ်၊၊ ထိုတိုင်းကြီး(၁၆)တိုင်းထဲမှာ ဥဇ္ဇေနီပြည်နှင့် မာဂဓတိုင်းတို့မှာ ပါဠိဘာသာစ ကားကို နိုင်ငံတော်ရုံးသုံး ဘာသာစကားအဖြစ် အသုံးပြုကြပါတယ်တဲ့၊၊
မြတ်စွာဘုရားရှင်ရဲ့ အတ္ထုပ္ပတ္တိကို လေ့လာကြည့်တဲ့အခါမှာလည်း ဘုရားရှင်သည် မာဂဓတိုင်းမှာ အနေများတာကို တွေ့ရပါတယ်၊၊ မြတ်စွာဘုရားရှင်အနေဖြင့် သူအနေများသည့် မာဂဓတိုင်းဘာသာစကားဖြင့် များစွာ သော တရားတော်များကို ဟောကြားခဲ့လိမ့်မည်ဟု ပါဠိသုတေသီတို့ ခန့်မှန်းကြပါသည်၊၊
မြတ်စွာဘုရားရှင် အသက်ရှင်နေထိုင်ပြီး(၄၅)နှစ်ကြာ ဟောပြောသင်ပြခဲ့သမျှကို ပါဠိစာပေဟုခေါ် ဆိုတာ ဖြစ်ပါတယ်၊ ဗုဒ္ဓရှင်တော်၏ ဟောပြော သင်ပြချက်များဖြစ်သောကြောင့် ဗုဒ္ဓစာပေဟုလည်း ခေါ်ပါသည်၊၊ ပါဠိစာပေသည် ကျယ်ပြန့်လွန်းအားကြီးလို့ အပိုင်းကြီး သုံးပိုင်းခွဲထားရပါတယ်၊၊ အပိုင်းကြီးသုံးပိုင်းဆိုတာ---
(၁) ၀ိနယ ပါဠိစာပေကဏ္ဍ၊
(၂) သုတ္တန္တ ပါဠိစာပေကဏ္ဍ၊
(၃) အဘိဓမ္မာ ပါဠိစာပေကဏ္ဍ၊ တို့ဖြစ်ပါတယ်၊၊
ဝိနယ ပါဠိစာပေဆိုတာကိုပဲ “၀ိနယ ပိဋက”လို့ခေါ်တွင်ပါတယ်၊ သုတ္တန္တ ပါဠိစာပေကို “သုတ္တန္တ ပိဋက” လို့ ခေါ်ပါတယ်၊ အဘိဓမ္မာ ပါဠိစာပေကိုတော့ “အဘိဓမ္မာပိဋက”လို့ခေါ်ပါတယ်၊၊ ပေါင်းလိုက်ရင် “တိပိဋက ပါဠိစာပေ”ဆိုတာ ဖြစ်လာပါတယ်၊၊ ဗုဒ္ဓစာပေလို့လည်း ခေါ်ပါတယ်၊၊ မြန်မာလိုအားဖြင့် ပိဋကတ်သုံးပုံလို့ ခေါ်ကြပါတယ်၊၊
(က) ၀ိနယ ပိဋကမှာ အုပ်ရေ (၅)အုပ်၊ စာမျက်နှာပေါင်း (၂၂၆၀)ရှိပါတယ်၊၊
(ခ) သုတ္တန္တ ပိဋကမှာ အုပ်ရေ (၂၃)အုပ်၊ စာမျက်နှာပေါင်း (၁၀၈၉၈)ရှိပါတယ်၊၊
(ဂ) အဘိဓမ္မာ ပိဋကမှာ အုပ်ရေ (၁၂)အုပ်၊ စာမျက်နှာပေါင်း (၃၅၉၇)ရှိပါတယ်၊၊
စုစုပေါင်း ပိဋကသုံးပုံမှာ စာမျက်နှာပေါင်း (၁၆၇၅၅)ရှိပြီး၊ နှစ်လက်မခန့်ထူသည့် ဆိုက်ကြီးစာအုပ် ပေါင်း(၄၀)နှင့် ကျမ်းအရေအတွက်(၅၃)မျှ ရှိပါတယ်၊၊ ပိဋကသုံးပုံတွင် သုတ်(stories)ပေါင်း (၄၀၀၀၀) ရှိသည်ဟုလည်း မှတ်သားရပါသည်၊၊
“၀ိနယပိဋက”မှာ မြတ်စွာဘုရားရှင်က သာသနာတော်အတွင်းမှာရှိတဲ့ကြတဲ့ ရဟန်းတော်များနှင့် ရဟန်းအမျိုးသ္မီးများအတွက် လိုက်နာရန်စည်းကမ်းများကို သင်ပြထားပါတယ်၊၊ “သုတ္တန္တ ပိဋက”မှာ စီးပွားရေး လူမှုရေး နိုင်ငံရေး၊ ဘာသာတရား ကျင့်ဝတ်များ၊ ပညာရပ်အမျိုးမျိုး၏ အကြောင်းများ၊ ဗုဒ္ဓခေတ် အန္ဒိယနိုင်ငံ အတွေးအခေါ်များ၊ သိပ္ပံပညာအကြောင်းများ၊ ဆေးပညာအတက်များစသည့် အကြောင်းအရာ အမျိုးမျိုးကို ဟောပြောသင်ပြထားပါတယ်၊၊
“အဘိဓမ္မာပိဋက”မှာတော့ သတ္တ၀ါတစ် ဦး၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းထားပုံ၊ စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းထားပုံများအပြင် လေးနက်သည့် အတွေး အခေါ်များ၊ စိတ်ပညာရပ်များကို သင်ပြထားပါတယ်၊၊
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုသွားတာ နှစ်ပေါင်း(၂၅၀၀)ကျော်လာပါပြီ၊ ခေတ်စနစ်ပေါင်းများစွာ ခြားခဲ့ ပါပြီ၊၊ ဒီလို ခေတ်တွေ လူနေမှုစနစ်တွေ မတူတော့တဲ့အခါ ယဉ်ကျေးမှုပုံစံ၊ ရိုးရာပုံစံ၊ အပြောအဆို၊ အနေအထိုင်ပုံစံတွေ၊ အတွေးခေါ် အယူအဆတွေ၊ ယုံကြည်မှုပုံစံများပါ မတူဖြစ်လာပါတယ်၊၊
မြတ်စွာဘုရား လက်ထက်က သူ့ခေတ် သူ့အခါအလျောက် ဟောကြားချက်တွေ၊ သင်ပြချက်တွေကို ခေတ်သစ် စနစ်သစ်လူသားတို့ နားလည်ရခက်လာပါတယ်၊ တချို့ဟောကြားချက်များကို လုံးဝနား မလည်နိုင်သည်အထိ ဖြစ်လာပါတယ်၊၊
ဒီလိုအခြေအနေမျိုးမှာ နားလည်ရခက်တဲ့ ဗုဒ္ဓရှင်တော်ရဲ့ သင်ပြချက် ဟောပြောချက်များကို ခေတ်အခါ အလျောက် နားလည်ရလွယ်အောင် အဓိပ္ပါယ်ဖွင့်ဆို ရေးပြထားတဲ့ ပါဠိစာပေကျမ်းများ ပေါ်ထွက်လာ ပါတယ်၊၊ ထိုကျမ်းများကို အဋ္ဌကထာလို့ခေါ်ပါတယ်၊၊ ပိဋကသုံးပုံလုံးအတွက် အဋ္ဌကထာကျမ်းပေါင်း (၅၁)အုပ်ရှိတယ်လို့ ပါဠိစာပေသမိုင်းမှာ လေ့လာရပါတယ်၊၊
အင်္ဂလိပ်လိုတော့ Commentary လို့ခေါ်မည် ထင်ပါသည်၊၊ မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်က မြတ်စွာဘုရားရှင်နှင့် မြတ်စွာဘုရား၏ တပည့် ကြီးများ ဟောပြောသင်ပြသည့် ပါဠိစာပေကို “ပါဠိတော်”လို့ နာမည်သုံးနှုံးပြီး၊ မြတ်စွာဘုရား လွန်တော်မူပြီး ခေတ်ပေါင်းများစွာကြာမှ ပေါ်ထွက်လာသည့် ပါဠိစာပေများကိုတော့ အဋ္ဌကထာလို့ အမည်သုံးနှုံး ပါတယ်၊၊
အဋ္ဌကထာဆိုတဲ့ကျမ်းများက အဓိပ္ပါယ်ဖွင့်ဆို ရှင်းပြထားသည့်တိုင် နားလည်ရခက်နေသေးသည့် ပါဠိတော်ပုဒ်များ၊ ရှင်းမပြဘဲကျန်နေသေးသည့် ပါဠိတော်ပုဒ်များကို အဓိပ္ပါယ်ထပ်မံ ရှင်းပြထားသည့် ကျမ်းများလည်း ပေါ်ထွက်လာပါတယ်၊ ထိုကျမ်းများကိုတော့ “ဋီကာ”လို့ခေါ်ပါတယ်၊၊
ပိဋကသုံးပုံအတွက် ဋီကာကျမ်းပေါင်း အုပ်ရေ(၂၆)အုပ်ရှိတယ်လို့ လေ့လာရပါတယ်၊၊ အဋ္ဌကထာနှင့် ဋီကာကျမ်းများသည် ပါဠိတော်ထက် စာအုပ်ဆိုက်များစွာ ကြီးပါတယ်၊၊
စုစုပေါင်းလိုက်ရင် ပါဠိစာပေဆိုတဲ့အထဲမှာ---
၁. ပါဠိတော် အုပ်ရေ (၄၀)၊
၂. အဋ္ဌကထာ အုပ်ရေ (၅၁)၊
၃. ဋီကာအုပ်ရေ (၂၆)၊ တို့သည် ပါဠိစာပေ၏ Primary Sources များအဖြစ် ပါဝင်ပါတယ်၊၊
ဗုဒ္ဓဘာသာကို စနှစ်တကျ နားလည်သဘောပေါက်လိုသူများ၊ ဗုဒ္ဓဘာသာဆိုတာ ဘယ်လိုဘာသာမျိုးလဲဟု အသေးစိတ် သိလိုသူများအနေဖြင့် သူများပါးစပ်ဖျားတွင် လမ်းဆုံးမနေဘဲ အရှင်တင်ပြထားသည့် ဤကျမ်းကြီးများကို ပါဠိဘာသာဖြင့်ဖြစ်စေ၊ ဘာသာပြန်အကူ အညီဖြင့်ဖြစ်စေ ကိုယ်တိုင်လေ့လာ သင့်ပါတယ်၊၊
ကမ္ဘာ့ဘာသာကြီးများအထဲတွင် ဗုဒ္ဓဘာသာသည် စာပေခိုင်မာ၊ သမိုင်းအထောက်ထား ခိုင်မာသည့် ဘာသာတခုဖြစ်ကြောင်း ပါဠိစာပေနှင့် ဗုဒ္ဓစာပေကို အသေးစိတ်လေ့လာသော “ရိုင်းဒေး ဗစ်”စသည့် အနောက်တိုင်း ပညာရှင်များ၊ The light of Asia စာအုပ်ကိုရေးသားခဲ့သည့် “ဆာအက် ဒ၀င် အာနိုး”စသူတို့က ဆိုပါသည်၊၊
ပါဠိစာပေသည် ဤမျှကျယ်ပြန့် နက်နဲပါတယ်၊၊ အပေါ်တွင်ရေတွက်ပြထားချက်သည် ပါဠိဘာသာနှင့် စာအုပ်အရေအတွက် ဖြစ်သည်၊ ထိုပါဠိကို ဘာသာပြန်ထားသည့် မြန်မာပြန်စာအုပ်အရေအတွက်မှာ ထို့ထက် များပါသည်၊၊
ပိဋကသုံးပုံလုံးနီးနီးကို အင်္ဂလိပ်ဘာသာသို့လည်း ပြန်ဆိုထားပြီး ဖြစ်ပါတယ်၊၊ ကမ္ဘာ့ဘာသာ World Religion တွင် ဗုဒ္ဓဘာသာသည် စာပေနယ်အကျယ်ပြန့်ဆုံးဖြစ်ကြောင်း ကမ္ဘာ့လုံးဆိုင်ရာ ပညာရေးအဖွဲ့၏ အစီရင်ခံစားများတွင် လေ့လာရပါသည်၊၊
ဤပါဠိစာပေကိုပင် တက္ကသိုလ်ကြီးများဖွင့်လှစ်၍ နိုင်ငံပေါင်းများစွာမှာ သင်ကြားနေကြရပါတယ်၊၊ ကမ္ဘာ့တက္ကသိုလ်ကြီးများတွင်လည်း Buddhist Literature Studies ကို Main Faculties များအဖြစ် သင်ကြား နေကြရကြောင်း သိရပါတယ်၊၊
တက္ကသိုလ်ကြီးတွင် ကမ္ဘာ့စာပေတရပ်အနေဖြင့် သင်ကြားရ လောက်အောင်လည်း အဆင့်မြင့်သည့် စာပေဖြစ်ပါသည်၊၊ ပါဠိစာပေမှာ လုံးဝမပါဝင်သည့် Arts and Imformations ဆိုတာ မရှိပါဘူး၊ သုတေသနပြုပြီး လက်ဆင့်ကမ်း အဆင့်မြှင့်ပြီးသာ အသုံးပြုနိုင်ကြ မယ်ဆိုရင် ယ္ခုထက်များစွာ တိုးတက်ပြီး လူတို့အကျိုးများဖွယ်ရှိပါတယ်၊၊
ပါဠိတော်စာရင်း၊ အဋ္ဌကထာစာရင်းနှင့် ဋီကာစာရင်းများထဲတွင် မပါဝင်ဘဲ သီးခြားတည်ရှိနေသည့် ကျမ်းကြီးများ ရှိပါသေးတယ်၊၊ ထိုကျမ်းကြီးများကတော့ မူလဋီကာကျမ်းများ၊ အနုဋီကာကျမ်းများ၊ မဓုဋီကာကျမ်းများ၊ ယောဇနာကျမ်းများ၊ ဂဏ္ဍိကျမ်းများ၊ ဒီပနီကျမ်းများ၊ ဆိုရိုးကျမ်းများ၊ အရကောက်ကျမ်းများ ဖြစ်ပါတယ်၊၊
ထိုကျမ်းကြီးများမှာ ပိဋကသုံးပုံထက်ပင် အုပ်ရေ အရေအတွက် များပါသည်၊၊ ဤကျမ်းကြီးများမှာ ပါဠိစာပေဖြင့်ရေးသားထားသည့် ကျမ်းကြီးများ ဖြစ်သောကြောင့် ပါဠိစာပေဆိုသည့် Frame ထဲတွင် ထည့်သွင်းရမည် ဖြစ်ပါသည်၊၊ ပါဠိစာပေနှင့် ဗုဒ္ဓဘာသာအကြောင်း လေ့လာလိုသူများအနေဖြင့် ဤကျမ်းကြီးများကို Secondary Sources များအဖြစ် လေ့လာရမည် ဖြစ်ပါသည်၊၊
မျက်မှောက်ခေတ်တွင် “ဒေးကာနယ်ဂီ,စင်မြူရယ် စမိုင်း”တို့၏ မိတ္တဗလဋီကာကဲ့သို့သော တက်ကျမ်း များ များစွာရေပန်းစားသည်ကို သတိပြုမိသည်၊၊ ဗုဒ္ဓစာပေ (ခေါ်) ပါဠိစာပေတွင် ထိုကဲ့သို့ ကျမ်းများ လည်း ရှိပါသည်၊၊ ထိုကျမ်းများကို နီတိစာပေဟု ခေါ်ပါသည်၊၊ လောကနီတိစသည့် ကျမ်းများ ဖြစ်သည်၊၊ ပါဠိဘာသာဖြင့်ရေးသော ကျမ်းပင်ဖြစ်သောကြောင့် နီတိစာပေကိုလည်း ပါဠိစာပေထဲတွင် ထည့်သွင်းရမည် ဖြစ်သည်၊၊
ပါဠိစာပေထဲတွင်နောက်ဆုံး ကျန်နေသေးသည့် ကျမ်းများမှာ “၀ံသကျမ်း”များ ဖြစ်ပါသည်၊၊ သာသနာ ၀ံသ၊ မဟာဝံသ၊ ဗောဓိဝံသ၊ ဒါဌာဝံသ၊ ဒီပ၀ံသ၊ ထူပ၀ံသစသည်ဖြင့် “၀ံသ”ကျမ်းပေါင်း(၅၀)ကျော် ရှိသည်ဟု ပါဠိစာပေသမိုင်းတွင် ဖော်ပြထားပါသည်၊၊ မြန်မာပြည်တွင်မူ “၀င်ကိုး ၀င်” တတ်ရင် စာတတ်သည်ဟု ပြောစမှတ်ရှိသည်၊၊
ဤ၀ံသကျမ်းများသည်လည်း ပါဠိဘာသာဖြင့် ရေးသားထား သောကျမ်းများ ဖြစ်သောကြောင့် ပါဠိစာပေစာရင်းတွင် မှတ်သားရပါမည်၊၊ “၀ံသစာပေ”သည် ပါဠိစာပေနှင့် ဗုဒ္ဓဘာသာကိုလေ့လာ လိုသူများအတွက် Sub-secondary Sources အနေဖြင့် လေ့လာရန်လိုအပ်သော စာပေအမျိုးအစား ဖြစ်သည်၊၊ ၀ံသစာပေသည် ပါဠိတော်ကဲ့သို့ အဋ္ဌကထာ ကျမ်းများ၊ ဋီကာကျမ်းများအထိပင် ရှိသည်၊၊ ၀ံသစာပေသည် အဓိကအားဖြင့် သမိုင်းအချက် အလက် များကို ဖော်ပြထားသော ကျမ်းများဖြစ်ပါသည်၊၊
သီရိလင်္ကာပါဠိစာပေတွင် ၀ံသကျမ်းပေါင်း(၅၀)ကျော်ရှိသည်ဟု သိရသည်၊၊ ယနေ့အချိန်အထိ ဤ၀ံသကျမ်းများကို တလေးတစား သင်ယူနေကြသည်ကို အရှင်ကိုယ်တိုင်ပင် သီရိလင်္ကာ Sunday School နှင့် ပရိဝေဏ (ခေါ်) စာသင်တိုက်ကြီးများတွင် တွေ့ခဲ့ရပါသည်၊၊
ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာနှင့် ၀ံသစာပေများကို သင်ကြားရလွယ်ကူအောင် စီရင်ထားသော ပါဠိသဒ္ဒါကျမ်းများစွာလည်း ရှိပါသည်၊၊ Pᾶli Grammar ဟု မှတ်သားရပါမည်၊၊ ထင်ရှားသော ပါဠိသဒ္ဒါကျမ်းများမှာ ကစ္စည်းသဒ္ဒါကျမ်း၊ ပါဏိနိသဒ္ဒါကျမ်း၊ မောဂ္ဂလာန်သဒ္ဒါကျမ်း၊ သဒ္ဒနီတိဓာတု မာလာ သဒ္ဒါကျမ်း၊ ရူပသိဒ္ဓိ သဒ္ဒါကျမ်းစသည်တို့ ဖြစ်သည်၊၊ ပါဠိဘာသာဖြင့် ရေးသားထားသော သဒ္ဒါကျမ်းပေါင်း (၂၀)ခန့် ရှိသည်ဟု ကြားဖူးပါသည်၊၊ ယ္ခုအခါအချို့ ပါဠိသဒ္ဒါကျမ်းများမှာ အစအနရှာ မရ တော့ချေ၊၊ (အချို့သဒ္ဒါကျမ်းများမှာ သက္ကတမူများ ဖြစ်သည်၊၊)
စင်စစ် ပါဠိသဒ္ဒါဟူသည် မြတ်စွာဘုရားရှင်ဟောကြားခဲ့သော ပါဠိတော်များ မဟုက်ချေ၊ ရှေးခေတ် ပါဠိပညာရှင် ဆရာတော်ကြီးများမှ ပါဠိစာပေ သမုဒြာကိုကူးခတ်ရင်း တူရာတူရာ ပါဠိအသွားအလာ နှင့် ပါဠိပုဒ်ပုံစံ စနစ်များကို ထုပ်နှုတ်မှတ်သားခဲ့ရာမှ ပါဠိလိုမှတ်သားခဲ့ခြင်း ဖြစ်သောကြောင့် နောင်အခါတွင် ကျမ်းအဆင့် ထိရောက်လာပြီး၊ ပါဠိစာပေတတ်လိုလျင် ပါဠိသဒ္ဒါကို အရင်တတ်အောင် သင်ရသည်အထိ ဖြစ်လာတော့သည်၊၊ အမှန်မှာ ပါဠိစာပေကို လေ့လာရာမှ ပါဠိစာပေ စနစ်ကို သိလာခြင်းသာ ဖြစ်သည်၊၊ ပါဠိသဒ္ဒါတတ်ပြီးမှ ပါဠိစာပေတတ်ခြင်း မဟုက်ဘဲ၊ ပါဠိစာပေတတ်ရာက ပါဠိစာပေ တည်ဆောက်ထားပုံ သဒ္ဒါဟူသည်ကို သဘောပေါက် နားလည်လာခြင်းဖြစ်သည်၊၊
ယနေ့ခေတ်တွင်မူ “သဒတ်မတာ စပ်မတာ၊ သဒါတတ်မှ စာတတ်သည်” ဟူ၍ ပါဠိစာပေကို အစလေ့ လာသူတို့ လွဲမှားစွာ သဘောပေါက်နေကြသည်မှာ အံ့သြဖွယ်ဖြစ်သည်၊၊ ဤကဲ့သို့သော ဆိုရိုးများကို အလေးဂရုပြုလွန်းပြီး ပါဠိသဒ္ဒါစာမေးပွဲကြီးများစွာကျင်းပ၍ သဒ္ဒါကျမ်းများကိုချည်း အာရုံစိုက်နေရ သောကြောင့် ပါဠိစာပေလေ့လာသော ပါဠိစာသင်သူအချို့မှာ တကယ့်ပါဠိစာပေကို လေ့လာသည့် အဆင့်အထိ မရောက်ဘဲ၊ ပါဠိသဒ္ဒါပင်လယ်တွင် နစ်မျောကြသည်ကိုလည်း အရှင်တို့မြန်မာ ပါဠိပညာ ရေးတွင် ရင်လေးစွာ တွေ့မြင်ရပါသေးသည်၊၊
သီရိလင်္ကာနိုင်ငံတွင် ပါဠိသဒ္ဒါကျမ်း များများမရှိ၊ များစွာလည်း မသင်ယူကြပါ၊ သို့သော် ပါဠိစာပေ အရာတွင် မြန်မာရဟန်းတော်များထက် သာလွန်သည်ကို ထေရာဝါဒနိုင်ငံအားလုံး သီရိလင်္ကာနိုင်ငံသို့ ငွေကုန် ကြေးကျခံပြီး ပညာသင်လာရောက် နေကြသည်က သက်သေပြုနေပါသည်၊၊ ကမ္ဘာသို့ ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓစာပေကို ဖြန့်ဖြူးရာတွင်လည်း သီရိလင်္ကာသားတို့က အခြားထေရာဝါဒ ဗုဒ္ဓဘာ သာ နိုင်ငံသားများထက် များစွာပင်ရှေ့ရောက်သည်ကို လက်တွေ့အားဖြင့် ၀န်ခံရပေမည်၊၊
ပါဠိစာပေကို အနှစ်ချုပ်ကြည့်လျင်---
၁. ပါဠိတော်၊
၂. အဋ္ဌကထာ၊
၃. ဋီကာ၊
၎. ၀ံသ၊
၅. နီတိ၊
၆. ပါဠိသဒ္ဒါ၊
၇. မြန်မာပြန် ပိဋကသုံးပုံ၊
၈. အင်္ဂလိပ်ဘာသာပြန် ပိဋကသုံးပုံဟူ၍ တွေ့ရမည် ဖြစ်ပါသည်၊၊
စာဖတ်သူများ အထက်တွင် ပါဠိတော်စာအုပ်ရေ(၄၀)ရှိသည်ဟု အရှင်တင်ပြခဲ့သည်ကို မှတ်မိမည် ထင်ပါသည်၊၊ ထိုပါဠိတော် အုပ်ရေ(၄၀)မှ ပါဠိတော် အုပ်ရေ(၂၀)ကို အလွတ်အာဂုံနှင့် သဘောရေးဖြေ အောင်မြင်စွာ ပြန်ဆို၊ ဖြေကြားနိုင်လျင် “တိပိဋကဘွဲ့”ကို မြန်မာပြည်တွင် ပေးအပ်ပါသည်၊၊
တိပိဋက စာမေးပွဲအတွက် ပါဠိတော်အုပ်ရေ လေးဆယ်မှ အုပ်ရေနှစ်ဆယ်ကို ရွေးချယ်ပြီး၊ နှုတ်တက်အာဂုံနှင့်၊ သဘောအဓိပ္ပါယ်ရေးဖြေ စာမေးပွဲကြီးကို မြန်မာပြည်တွင် နှစ်စဉ်ကျင်းပ ပါသည်၊၊ စာမေးပွဲဖြေဆို သည့် ရက်ပေါင်း (၃၃)ရက် ကြာသည်ဟုလည်း တိပိဋကမှတ်တမ်းများတွင် လေ့လာရပါသည်၊၊ အရှင် လေ့ လာမိသမျှ သီရိလင်္ကာနိုင်ငံတွင်လည်း “တိပိဋကာစရိယ”ဆိုသော စာမေးပွဲကြီးရှိပါသည်၊ အလွန် ခက်ခဲသည့် စာမေးပွဲကြီး ဖြစ်သည်ဟုလည်း သိရပါသည်၊၊
(၁၃၁၀)ခု မှစတင်ခဲ့သော တိပိဋကစာမေးပွဲကြီးသည် (၁၃၇၂)ခု၊ ယနေ့ဆိုလျင် နှစ်ပေါင်း(၆၂)ရှိခဲ့ပြီ၊ ဤမျှကြာသောနှစ်များအတွင်း တိပိဋကစာမေးပွဲအောင်သမြင့် တိပိဋကဘွဲ့ရရှိသွားသော မြန်မာရ ဟန်းတော်ပေါင်း(၁၂)ပါးမျှ ရှိသည်ဟုလည်း ဆိုပါသည်၊၊ တိပိဋကစာမေးပွဲတွင် ဖြေဆိုရသော သင်ရိုးပိဋက အုပ်(၂၀)မှာ---
ဝိနယပိဋက အတွက်---
(၁) ပါရာဇိကဏ် ပါဠိတော် (၁)အုပ်၊ စာမျက်နှာ
(၂) ပါစိတ် ပါဠိတော် (၁)အုပ်၊
(၃) မဟာဝါ ပါဠိတော် (၁)အုပ်၊
(၄) စူဠ၀ါ ပါဠိတော် (၁)အုပ်၊
(၅) ပရိဝါ ပါဠိတော် (၁)အုပ်၊ စုစုပေါင်း (၅)အုပ်၊ စာမျက်နှာ(၂၂၆၀)ဖြစ်ပါသည်၊၊
သုတ္တန္တပိဋကအတွက်---
(၁) သုတ်သီလက္ခန် ပါဠိတော် (၁)၊ စာမျက်နှာ(၂၃၆)၊
(၂) သုတ်မဟာဝါ ပါဠိတော် (၁)၊ စာမျက်နှာ(၂၈၃)၊
(၃) သုတ်ပါဌေယျ ပါဠိတော် (၁)၊ စာမျက်နှာ(၂၆၀)၊ စုစုပေါင်း (၃)အုပ်၊စာမျက်နှာပေါင်း(၇၇၉) ဖြစ်ပါသည်၊၊
အဘိဓမ္မာ ပိဋကအတွက်---
(၁) ဓမ္မသင်္ဂဏီပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၂၈၉)၊
(၂) ၀ိဘင်္ဂပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၄၅၃)၊
(၃) ဓာတုကထာပါဠိတော်၊ ပုဂ္ဂလပညတ်ပါဠိတော် (၁)အုပ်၊ စာမျက်နှာ (၁၀၀+၈၅=၁၈၅)၊
(၄) ကထာဝတ္ထုပါဠိတော် (၁)အုပ်၊ စာမျက်နှာ(၄၉၃)၊
(၅) ယမိုက်ပါဠိတော် (၃)အုပ်၊ စာမျက်နှာ(၉၀၄)၊
(၆) ပဌာန်းပါဠိတော် (၅)အုပ်၊ စာမျက်နှာ(၃၅၉၇)၊၊ စုစုပေါင်း(၁၂)အုပ်၊ စာမျက်နှာပေါင်း(၄၉၉၈)၊ ဖြစ်ပါသည်၊၊
ဖော်ပြခဲ့ပြီးသည့် ပါဠိတော်သက်သက် အုပ်ရေ (၂၀)၊ စာမျက်နှာ(၈၀၀၀)ကျော်ခန့်ကို သင်ရိုးပိဋကတ်ဟု ခေါ်စမှတ်ပြုပါသည်၊၊ ကျန်နေသေး သည့် ပါဠိတော် အုပ်ရေ(၂၀) ကို ကျမ်းအိပ်ဟု ခေါ်တွင်ကြောင်းလည်း မှတ်သားရပါသေးသည်၊၊ တိပိဋကစာမေးပွဲတွင် မပါဝင်ဘဲ ကျန်နေသည့် ကျမ်း(၂၀)မှာ---
(၁) မဇ္ဈိမနိကာယ်မှ ပဏ္ဏာသသုံးကျမ်း (၃)အုပ်၊
(၂) သံယုတ္တနိကာယ်မှ ငါးကျမ်း (၃)အုပ်၊
(၃) အင်္ဂုတ္တရနိကာယ်မှ ဆယ့်တစ်ကျမ်း (၃)အုပ်၊
(၄) ခုဒ္ဒကနိကာယ်မှ ဆယ့်ကိုးကျမ်း (၁၁)အုပ်၊ စုစုပေါင်း အုပ်ရေ(၂၀)ဖြစ်ပါသည်၊၊
တိပိဋက စာမေးပွဲ တွင် မပါဝင်သည့်အတွက် ကျက်မှတ်သူမရှိ၍ ကျမ်းအိပ်ဟု ခေါ်တွင်နေသည့် ဤကျမ်း(၂၀)ကို ယ္ခုအခါတွင် မစိုးရိမ်ဆရာတော်ကြီး ဦးသီရိန္ဒစသည့် ဆရတော်ကြီးများဦးစီး၍ “နိကာယ် စာမေးပွဲ” ကြီးများ ကျင်းပပြီး အသက်ဝင်သော ကျမ်းကြီးများဖြစ်လာအောင် ကြိုးစားနေကြသည်ဟုလည်း ပါဠိ စာပေ အကဲခပ်သူများက ဆိုပါသည်၊၊
+ မဇ္ဈိမနိကာယ် မှ ပဏ္ဏာသ(၃)အုပ် ဟူသည်မှာ +
(၁) မူလ ပဏ္ဏာသ (၁)အုပ်၊
(၂) မဇ္ဈိမ ပဏ္ဏာသ (၁)အုပ်၊
(၃) ဥပရိ ပဏ္ဏာသ (၁)အုပ်၊ စုစုပေါင်း (၃)အုပ်ဖြစ်ပါသည်၊၊
+ သံယုတ္တနိကာယ်မှ ငါးကျမ်း (၃)အုပ် ဟူသည်မှာ +
(၁) သဂါထာဝဂ္ဂ္ဂ သံယုတ် (၁)အုပ်၊
(၂) နိဒါန၀ဂ္ဂ၊ ခန္ဓ၀ဂ္ဂ သံယုတ် (၁)အုပ်၊
(၃) သဠာယတန၀ဂ္ဂ၊ မဟာဝဂ္ဂ သံယုတ် (၁)အုပ်၊ စုစုပေါင်း(၃)အုပ် ဖြစ်ပါသည်၊၊
+ အင်္ဂုတ္တရနိကာယ်မှ ဆယ့်တစ်ကျမ်း(၃)ဟူသည်မှာ +
(၁.၂.၃) ဧကက နိပါတ်မှစ၍ ဧကာဒသက နိပါတ်အထိ (၃)အုပ် ဖြစ်ပါသည်၊၊
+ ခုဒ္ဒကနိကာယ်မှ ဆယ့်ကိုးကျမ်း(၁၁)အုပ် ဟူသည်မှာ +
(၁) ခုဒ္ဒကပါဌ ပါဠိ၊
(၂) ဓမ္မပဒ ပါဠိ၊
(၃) ဥဒါန ပါဠိ၊
(၄) ဣတိဝုတ္တက ပါဠိ၊
(၅) သုတ္တနိပါတ ပါဠိ၊
(၆) ၀ိမာန၀တ္ထု ပါဠိ၊
(၇) ပေတ၀တ္ထု ပါဠိ၊
(၈) ထေရဂါထာ ပါဠိ၊
(၉) ထေရီဂါထာ ပါဠိ၊
(၁၀) ဇာတက ပါဠိ၊
(၁၁) နိဒ္ဒေသ ပါဠိ၊
(၁၂) ပဋိသမ္ဘိဒါမဂ္ဂ ပါဠိ၊
(၁၃) အပါဒါန ပါဠိ၊
(၁၄) ဗုဒ္ဓ၀ံသ ပါဠိ၊
(၁၅) စရိယာပိဋက ပါဠိ၊
(၁၆) နေတ္တိ ပါဠိ၊
(၁၇) ပေတကောပဒေသ ပါဠိ၊
(၁၈) မိလိန္ဒပဥှာ ပါဠိ၊
(၁၉) သုတ္တသင်္ဂဟ ပါဠိ၊ စုစုပေါင်း (၁၉)အုပ် ဖြစ်ပါသည်၊၊
ဤစာတမ်းတွင် အရှင်တင်ပြ ရေတွက်ပြခဲ့သည်မှာ ပါဠိတော်အုပ်ရေ (၄၀)ကို အဓိကတင်ပြလိုက်ခြင်း ဖြစ်ပါသည်၊ အဋ္ဌကထာ အရေတွက်နှင့် ဋီကာစသည်တို့၏ စာရင်းအတိအကျကိုလည်း အရှင်ကြိုးစားပါအုံးမည်၊၊
အရှင် ပါဠိစာပေမိတ်ဆက်ကို တင်ပြလာခဲ့သည်မှာ ဤမျှဆိုလျင် အတိုင်းအတာတခုအထိ ပြည့်စုံပြီ ဟု ယူဆပါသည်၊၊ အရှင့်ထက် ပါဠိစာပေ တတ်ကျွမ်းသည့် ပါဠိပညာရှင်များအနေဖြင့် ဤစာတမ်းတွင် မှားယွင်းမှု တစုံတရာ၊ လွဲချော်မှုတစုံတရာတွေ့ခဲ့ပါလျင် အကြံပြုဆွေးနွေးဖို့ တောင်းပန်လိုက်ပါသည်၊၊
ပါဠိစာပေကို စိတ်ပါဝင်စားသူများ၊ ဗုဒ္ဓဘာသာကို လေ့လာသုတေသနပြုလိုသူများ အနေဖြင့် အရှင် တင်ပြခဲ့သည်များမှ ခြေရာခံပြီး ဆက်လက်လေ့လာရန်ဖြစ်ပါသည်၊၊ အရှင်၏တင်ပြမှာမှုမှာ ဗုဒ္ဓစာပေ ကို တကယ်လေ့လာ သုတေသနပြုလိုသူအတွက် သေးငယ်သည့် အကူလေးမျှသာ ဖြစ်ပါသည်၊၊
ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓစာပေဟူသည်ကို ဘာမှန်းမသိဘဲ ဗုဒ္ဓဘာသာကို စွန့်လွှတ်ပြီး၊ အခြားဘာသာသို့ ကူးပြောင်းကြသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များကို “အလင်း စက်”၏ ပါဠိစာပေ မိတ်ဆက်က အကျိုးတစုံတရာ ဖြစ်စေလိမ့်မည်ဟု အရှင်ယုံကြည်ပါသည်၊၊ လေ့လာလိုသူများအတွက် အဋ္ဌကထာစာရင်းကို နောက်ဆက်တွဲအဖြစ်ဖော်ပြပေးလိုက်ပါသည်၊၊
ပိဋကသုံးပုံအတွက် အဋ္ဌကထာစာရင်း---
ဝိနယပိဋက--
(၁) ၀ိနယ ပိဋကပါဠိ > သမန္တပါသာဒိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၂) ပါဋိမောက္ခပါဠိ> ကင်္ခါဝိတရဏိအဋ္ဌကထာ (ဗုဒ္ဓဃောသ)
သုတ္တန္တပိဋက---
(၁) ဒီဃနိကာယပါဠိ >သုမင်္ဂလ၀ိလာသိဏီအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၂) မဇ္ဈိမနိကာယပါဠိ > ပပဉ္စသူဒနီအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၃) သံယုတ္တနိကာယပါဠိ > သာရတ္ထပ္ပကာသိနီ (ဗုဒ္ဓဃောသ)
(၄) အင်္ဂုတ္တရနိကာယပါဠိ > မနောရတ္ထပူရဏီအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၅) ခုဒ္ဒကနိကာယ---
(၁) ခုဒ္ဒကပါဌပါဠိ > ပရမတ္ထဇောတိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၂) ဓမ္မပဒပါဠိ > ဓမ္မပဒအဋ္ဌကထာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၃) ဥဒါနပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ (ဓမ္မပါလ)
(၄) ဣိတိဝုတ္တကပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ(ဓမ္မပါလ)
(၅) သုတ္တနိပါတ ပါဠိ > ပရမတ္ထဒီပနီအဋ္ဌကထာ( ဓမ္မပါလ)
(၆) ၀ိမာန၀တ္ထုပါဠိ > ပရမတ္ထဇောတိကာအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၇) ပေတ၀တ္ထုပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ (ဓမ္မပါလ)
(၈) ထေရဂါထာပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ(ဓမ္မပါလ)
(၉) ထေရီဂါထာပါဠိ> ပရမတ္ထဒီပနီ အဋ္ဌကထာ(ဓမ္မပါလ)
(၁၀) ဇာတကပါဠိ > ဇာတကအဋ္ဌကထ (ဓမ္မပါလ)
(၁၁) နိဒ္ဒေသ ပါဠိ> သဒ္ဓမ္မပဇ္ဇောတိကာ အဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၁၂) ပဋိသမ္ဘီဒါမဂ္ဂပါဠိ > သဒ္ဓမ္မပ္ပကာသိနီအဋ္ဌကထာ (ဥပသေန)
(၁၃) အပါဒါနပါဠိ> ၀ိသုဒ္ဓဇန၀ိလာသိနီ အဋ္ဌကထာ (အမည်မသိ)
(၁၄) ဗုဒ္ဓ၀ံသပါဠိ > မဓုရတ္ထ၀ိလာသိနီအဋ္ဌကထာ (ဗုဒ္ဓဒတ္တ)
(၁၅) စရိယာပိဋကပါဠိ > ပရမတ္ထဒီပနီ အဋ္ဌကထာ (ဓမ္မပါလ)
အဘိဓမ္မာပိဋက---
(၁) ဓမ္မသင်္ဂဏီပါဠိ > အတ္ထသာလိဏီ အဋ္ဌကထာ ( ဗုဒ္ဓဃောသ)
(၂) ၀ိဘင်္ဂပါဠိ > သမ္မေဟ၀ိနောဒနီအဋ္ဌကထာ ( ဗုဒ္ဓဃောသ)
(၃) ကထာဝတ္ထုပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ (ဗုဒ္ဓဃောသ)
(၄) ပုဂ္ဂလပညတ္တိပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)
(၅) ဓာတုကထာပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)
(၆) ယမကပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ(ဗုဒ္ဓဃောသ)
(၇) ပဋ္ဌာနပါဠိ > ပဉ္စပ္ပကရဏအဋ္ဌကထာ (ဗုဒ္ဓဃောသ)
အရှင်အနေဖြင့် Religion ခေါ် ကိုးကွယ်မှု ဘာသာတိုင်းတွင် စာပေရှိသည်၊ ထိုစာပေများကို ကိုယ်တိုင်လေ့လာပြီး၊ လက်တွေ့ကျသည်၊ အကျိုးအကြောင်း ခိုင်လုံသည်၊ အစစ်ဆေး အစမ်းသတ် ခံနိုင်သည်၊ ယုတ္တိရှိသည်ဟု ကိုယ်တိုင်သိပြီးမှသာ ကိုးကွယ်မှုကို ရွေးချယ်သင့်ကြောင်း တင်ပြအကြံပြု လိုပါသည်၊၊ မည်သည့်ဘာသာသည် အကောင်းဆုံး ဖြစ်သည်ဟုကား အရှင့် ဉာဏ်ဖြင့် မဆုံးဖြတ်ဝံ့ပါ၊၊ “အလင်း စက်” စာဖတ်ပရိတ်သတ်များ စာပေဖြင့်အလှဆင်ပြီး၊ စာပေဖြင့်ပင်ဘ၀ကို တည်ဆောက် အောင်မြင်ကြပါစေ..………..!
အရှင်ကေ၀လ (အလင်း စက်)
(၂၇.၁၁.၂၀၁၀)
(မှတ်ချက်/ တိပိဋကဓရ ရွှေရတုစာစောင်(၁၃၁၀-၁၃၆၀)၊ တိပိဋက ပါဠိစာပေသမိုင်း (မိုင်းခိုင်းမြို့ စားကြီး)၊ Guide to Tipitaka by U Kolay,A hand book of Lᾶli Literature by Oskar von Hinuber,The Pᾶli Literature of Ceylon by G.P.Malalasekera တို့ကို ကိုးကားပြီး ၍စာတမ်းကို ရေးပါသည်၊၊)
Posted by အလင်း စက် at 4:25 AM 1 comments
Sunday, December 26, 2010
လမ်းလျှောက် တရားရှုမှတ်ပုံ၊၊ ၊၊


အရှင် “အလင်း စက်”ဆိုက်တွင် အာနာပါနသတိနှင့်စပ်၍ စာတမ်းနှစ်ခုကို တင်ပြခဲ့ပါသည်၊ (၁) သတိပဋ္ဌာန်မိတ်ဆက်၊ (၂) အာနာပါနသတိ=ထွက်လေ+၀င်လေရှုမှတ်ပုံတို့ ဖြစ်ပါသည်၊၊ စာဖတ်သူများထံမှ အားပေးစကားများကို ကြားသိရသည့်အတွက် အရှင် ကျေနပ်မိပါသည်၊၊ စာဖတ်သူများကိုလည်း အထူး လေးစားမိပါသည်၊၊ ယ္ခုတခါ လိုနေသေးသည့် လမ်းလျှောက်၍ တရားရှုမှတ်ပုံကို စာဖတ်သူသို့ တင်ပြလိုက်ပါ သည်၊၊ စာဖတ်သူများ လိုအပ်သည့်အခါ ဆရာလွတ်အားထုတ်နိုင်စေရန် ရည်ရွယ်၍ တင်ပြခဲ့ခြင်းများ ဖြစ်ပါ သည်၊၊ အရှင် အထက်ပါစာကြောင်းတွင် “လိုအပ်သည့်အခါ”ဆိုသည့် စကားလုံးကို သုံးလိုက်သည်ကို စာဖတ် သူ သတိပြုမိမည်ထင်ပါသည်၊၊ မှန်ပါသည်၊၊
လူတို့သည် တရားနှင့်ပျော်သည်ထက် အဆင်သင့်သလို ပျော်ပျော်ပါးပါးနေသည်က များသည်၊၊ အပျော်များချည်း သက်သက်သီးသန့် ခံစားခွင့်ရသည့်နေရာမှာ လူတို့နေရာမဟုက်ပေ၊ လူသားတို့၏နေရာ ဤကပ္ပါတွင် အပျော်ရော အပျင်းရော၊ သုခရော ဒုက္ခရော၊ အချစ်ရော အမုန်းရော၊ နှစ်သက်စရာရော မနှစ်မြို့စရာရော၊ ရောပေါင်းများစွာ စုပြုံနေသည့်နေရာ ဖြစ်သည်၊၊ တခါတရံလူတို့အတွက် ရွှေငွေများစုပုံ ရှိနေ လျှက်ပင် အားကိုးရာမရှိ ဖြစ်နေတတ်သည်၊၊ ရှိနေသည့် ပိုင်ဆိုင်မှုများက ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်း မပေးနိုင်သည့် အခြေနေများစွာကို လူတိုင်းကြုံဘူးကြရပေမည်၊ ထိုအခါမျိုးတွင် ဘာသာရေး တခုခု၏ အဆုံးအမများ ကျင့်စဉ်များက အံ့သြဖွယ်ရာ ကိုယ့်အတွက်အားကိုးဖွယ်ရာ ဖြစ်နေတတ်သည်၊၊
အာနာပါနသတိ=ထွက်လေ+၀င်လေရှုမှတ်မှုသည် ဗုဒ္ဓ၏ဟောကြားချက်ဖြစ်သော်လည်း ဘာသာမရွေး၊ လူမျိုးမရွေး ကျင့်ကြံအားထုတ်ပြီး၊ အကျိုးကျေးဇူးကို ခံစားနိုင်သော ပညာရပ်တခုဖြစ်သည်၊၊ ဘ၀အားကိုးရာ မဲ့နေသော လူတို့အတွက် အရှင် ကြိုးစားပြီး ဤစာတမ်းသုံးခုကို တင်ပြပေးပါသည်၊၊
…………………………………………………………..
အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ရာတွင် ဣရိယာပုထ်(၄)မျိုးဖြင့် ရှုမှတ်နိုင်ပါသည်၊၊ ဣရိယာပုထ် (၄)မျိုးဆိုတာ--
(၁) သွားလျှက် အားထုတ်ရှုမှတ်မှု၊
(၂) ရပ်လျှက် အားထုတ်ရှုမှတ်မှု၊
(၃) ထိုင်လျှက် အားထုတ်ရှုမှတ်မှု၊
(၄) လျောင်းလျှက် အားထုတ်ရှုမှတ်မှုတို့ ဖြစ်ပါသည်၊၊
ရပ်လျှက် အားထုတ်ရှုမှတ်ပုံနှင့် လျောင်းလျှက် ရှုမှတ်ပုံများမှာ ထိုင်လျှက်အားထုတ် ရှုမှတ်ပုံနှင့် များစွာ မကွာခြားပါ၊၊ နည်းတူ အားထုတ်နိုင်ပါသည်၊၊ သွားလျှက်(လမ်းလျှေက်) အားထုတ်ရှုမှတ်ပုံမှာကား ထိုင်လျှက် အားထုတ် ရှုမှတ်ပုံနှင့် များစွာကွာခြားပါသည်၊၊ သွားလျှက် အာနာပါနသတိရှုမှတ်ပုံကို စင်္ကြံကမ္မဋ္ဌာန်းဟုလည်း ခေါ်ကြပါသည်၊၊
စင်္ကြံကမ္မဋ္ဌာန်း အားထုတ်ရာတွင် အဆင့်လေးဆင့်ရှိပါသည်၊ အဆင့်လေးဆင့်ကို စနစ်တကျအားထုတ် ရှုမှတ်မည်ဆိုလျင် သတိအား အမြန်ဆုံးကောင်းလာတတ်ပြီး၊ တရားအားထုတ်ရသည်ကိုလည်း ပျော်လာတတ် ပါသည်၊၊ ထိုင်လျှက်အားထုတ်ခြင်းသည် အချိန်ကြာလာသောအခါ ဝေဒနာဖိစီးလွန်းပြီး ငြီးငွေ့လာတတ်သည်ဟု အတွေ့အကြုံများစွာရှိသည့် ဆရာတော်တပါး မိန့်ဘူးသည်ကို သတိရမိပါသည်၊၊
ထို့ကြောင့် အာနာပါနသတိ=ထွက်လေ+၀င်လေကို အားထုတ်သောအခါ ထိုင်၍အားထုတ် ရှုမှတ်နည်း တမျိုး တည်းကိုမပြုဘဲ စင်္ကြံကမ္မဋ္ဌာန်းနှင့်တွဲပြီး၊ ထိုင်၍ နာရီဝတ်၊ လမ်းလျှောက်၍ နာရီဝက်စသည်အားဖြင့် အားထုတ် ရှုမှတ်မည်ဆိုလျင် ပို၍အကျိုးသက်ရောက်မည် ဖြစ်ပါသည်၊ ခန္ဓာကိုယ်ပင်ပမ်းမှုလည်း များစွာသက်သာမည် ဖြစ်ပါသည်၊၊
လမ်းလျှောက်၍ မှတ်ပုံအဆင့်(၄)မျိုး--
(၁) လှမ်းတယ်၊
(၂) လှမ်းတယ်၊ ချတယ်၊
(၃) မတယ်၊ ရွှေ့တယ်၊ ချတယ်၊
(၄) မတယ်၊ ကြွတယ်၊ ချတယ်၊ ထိတယ်၊
စင်္ကြံကမ္မဋ္ဌာန်းရှုမှတ်မည့်သူသည် ခြေအလှမ်းနှစ်ဆယ်ခန့် လျှောက်လှမ်းစာမျှ မြေနေရာတခုကို ရွေးချယ်ရပါ မည်၊ ညီညာသည့် မြေနေရာဖြစ်လျင် ပိုကောင်းပါသည်၊၊ မတ်တတ်ရပ်သောအခါတွင်လည်း ခန္ဓာကိုယ်ကို တည့်မတ်အောင် ရပ်ရပါမည်၊ စိတ်ကိုခြေဖမိုးပေါ်တွင် ထားရပါမည်၊၊ ပထမဆုံးစလှန်းသည့် ခြေလှမ်းကို ညာဘက်က စလှမ်းသည်ဖြစ်လျင် “ညာလှမ်းတယ်”၊ ဘယ်ဘက်ကစလှမ်းသည်ဖြစ်လျင် “ဘယ်လှမ်းတယ်” ဟုမှတ် ရမည် ဖြစ်ပါသည်၊၊ မိမိစတင်၍ ခြေလှမ်းသည့်ဘက်မှစတင်ပြီး “ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊” “ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်”ဟု မှတ်သည်ကို စင်္ကြံကမ္မဋ္ဌာန်းပထမအဆင့် မှတ်နည်းဟု ခေါ်ပါသည်၊၊ တရားအမှတ်ဖြင့် ခြေလှမ်းသောအခါတွင် သာမာန်မနှေးလွန်း၊ မမြန်လွန်းသောခြေလှမ်းဖြင့် သတိမှတ်သင့် ပါသည်၊၊
စင်္ကြံကမ္မဋ္ဌာန်းရှုမှတ်သောအခါတွင်လည်း ထိုင်လျှက်ရှုမှတ်စဉ်ကကဲ့သို့ပင် နာကျင်မှုအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုး၊ ဝေဒနာအမျိုးမျိုးနှင့် အာရုံအမျိုးမျိုးတို့ ၀င်ရောက်လာမည်ဖြစ်ပါသည်၊၊ စိတ်အပြင်သို့လွင့်ခြင်းများ၊ အတိတ်က အဖြစ်အပျက်များကို ပြန်လည်သတိရနေခြင်းများလည်း ဖြစ်ပေါ်လာမည်ပင် ဖြစ်ပါသည်၊၊ ဖြစ်ပေါ်လာသမျှကို သတိမလွတ်ဘဲ မှတ်နေရမည်ဖြစ်ပါသည်၊၊ ပေါ်လာသမျှကို မှတ်နေရင်းက ထိုအဖြစ်အပျက်များနှင့် အာရုံများ အလိုလို ရပ်တန့်သွားမည် ဖြစ်ပါသည်၊၊ ရပ်တန့်သွားသောအခါ မူလရှုမှတ်နေသည့် ခြေလှမ်းမှု “ဘယ်လှမ်း တယ်၊ ညာလှမ်းတယ်”ကို ပြန်လည် ရှုမှတ် ရမည်ဖြစ်ပါသည်၊၊
“ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်”ဟုဆိုသော ပထမဆင့်ကို ရှုမှတ်သဖြင့် သတိခိုင်လာပြီ၊ ခြေလှမ်းတိုင်းကို သတိကပ်လာပြီဆိုလျင် “ခြေတစ်လှမ်း ကုဋေတသန်း”ဆိုသကဲ့သို့ ပထမဆင့်ကို အောင်မြင်လာပြီ ဖြစ်ပါသည်၊၊ ဤပထမအဆင့်သည် မှတ်ရလွယ်ကူလွန်း၍ တရားမှတ်တာ ဒီလောက်လွယ်ရသလားဟုပင် မေးသူများ ရှိပါသည်၊၊ လွယ်သည်ဟု ထင်ရပေသည့် ကိုယ့်ခြေလှမ်းကို သတိထားသူအလွန်နည်းလွန်းသောကြောင့် တသက်တာ ခလုတ်တိုက်ပြီး ခြေမကွဲဘူးသူ မရှိသလောက်ရှားလှသည်၊၊ ငယ်စဉ်ကတည်းကသာ သတိပဋ္ဌာန်ဗဟုသုတရှိသူဖြစ်ပါက လူတိုင်းသတိကောင်းပြီး၊ ပညာရေးဘက်တွင်လည်း တော်သူချည်းဖြစ် မည်မှာ မလွဲပါချေ၊၊
စင်္ကြံကမ္မဋ္ဌာန်း ပထမအဆင့်ကို အောင်မြင်ပြီး ခြေလှမ်းတိုင်းကို သတိခိုင်မာလာပြီးသူသည် ဒုတိယအဆင့်သို့ တဆင့်တက်ပြီး ရှုမှတ်အားထုတ်ရမည် ဖြစ်ပါသည်၊၊ ဒုတိယအဆင့်တွင် ခြေလှမ်းရာတွင် ခြေလှမ်းမှုနှင့် ခြေ မြေသို့ချမှုကို မှတ်ရမည်ဖြစ်ပါသည်၊၊ ခြေထောက်စလှမ်းသည်ကို ‘လှမ်းတယ်’ဟု မှတ်ရပါမည်၊ မြေသို့ခြေချလိုက် သည်ကို ‘ချတယ်’ဟု မှတ်ရမည် ဖြစ်ပါသည်၊၊ ခြေလှမ်းတိုင်းကို မှတ်နေရမည် ဖြစ်ပါသည်၊၊ ဤအဆင့်တွင် အဆင့်နှစ်မျိုးဖြစ်နေသည်ကို ရှုမှတ်သူအနေဖြင့် သိရမည်ဖြစ်ပါသည်၊၊ လှမ်းတယ်+ချတယ်ဟူ၍ ဖြစ်ပါသည်၊၊
ဒုတိယအဆင့်ကို ရှုမှတ်အောင်မြင်ပြီးလျင် တတိယအဆင့်သို့ တဆင့်တက်ပြီး အားထုတ်ရှုမှတ်ရမည် ဖြစ်ပါသည်၊ တတိယအဆင့်တွင် တရားရှုမှတ်သူသည် ခြေလှမ်းရန်အတွက် ခြေထောက်မသည်ကို ‘မတယ်’ဟု မှတ်ရပါသည်၊ ခြေရှေ့သို့ရွှေ့လိုက်သည်ကို ‘ရွှေ့တယ်’၊ ခြေမြေသို့ချလိုက်သည်ကို ‘ချတယ်’ဟု သုံးဆင့် မှတ်ရမည် ဖြစ်ပါသည်၊၊ ဤအဆင့်တွင် တရားရှုမှတ်သူသည် ခြေလှမ်း၏ အမူအရာသုံးမျိုးကို မှတ်သားနေရ သည်ကို သတိပြုရမည် ဖြစ်ပါသည်၊၊ မတယ်+ရွှေ့တယ်+ချတယ်ဟူ၍ ဖြစ်ပါသည်၊၊
တတိယအဆင့်ကို ရှုမှတ်အောင်မြင်ပြီးလျင် စတုတ္ထအဆင့်ကို နောက်ဆုံးအဆင့်အဖြစ် တဆင့်တက်ပြီး အားထုတ် ရှုမှတ်ရမည် ဖြစ်ပါသည်၊၊ စတုတ္ထအဆင့်တွင် တရားရှုမှတ်သူသည် ခြေလှမ်းရန် ခြေထောက်ကို မသည်ကို ‘မတယ်’ဟု မှတ်ရပါသည်၊ ခြေထောက်ရှေ့သို့ရွှေ့လိုက်သည်ကို ‘ရွှေ့တယ်’ဟု မှတ်ရပါသည်၊ မြေသို့ ခြေထောက် ချလိုက်သည်ကို ‘ချတယ်’ ဟု မှတ်ရပါသည်၊ မြေနှင့် ခြေဖ၀ါးတို့ထိသည်ကို ‘ထိတယ်’ဟု အဆင့်လေးဆင့်ခွဲပြီး မှတ်ရမည် ဖြစ်ပါသည်၊၊ ဤအဆင့်တွင် တရားရှုမှတ်သူအနေဖြင့် ခြေလှန်း၏ အမူအရာ လေးမျိုးကို သတိကပ်ပြီး ရှုမှတ်နေရသည်ကို သတိပြုရမည် ဖြစ်ပါသည်၊၊ မတယ်+ရွှေ့တယ်+ ချတယ်+ထိ တယ်၊ ဟုအဆင့်လေးမျိုး ဖြစ်ပါသည်၊၊
လမ်းလျှောက်ကမ္မဌာန်းတွင်လည်း အမှတ်သတိနှင့် သမာဓိတို့ အားကောင်းလာသောအခါ၊ နိမိတ်သုံးမျိုးနှင့်၊ အသိဉာဏ်အမျိုးမျိုးတို့ ပေါ်ပေါက်လာမည်ဖြစ်ပြီး၊ လိုအပ်သည့်အဆင့်တွင် ၀ိပဿနာသို့ကူးရမည် ဖြစ်ပါသည်၊၊ ၀ိပဿနာသို့ကူးသောအခါ ခြေလှမ်းသောအခါ လှမ်းသောအမူအရာများသည် ရုပ်ဖြစ်သည်၊ အမှတ်သတိများ သည် နာမ်ဖြစ်သည်ဟု ခြေလှမ်းတိုင်းကို ရုပ်+နာမ်ကွဲအောင် ကြိုးစားရမည် ဖြစ်ပါသည်၊၊ ခြေလှမ်းအမူအရာ များကို ရုပ်+နာမ်ကွဲပြီဆိုလျင်၊ ရုပ်သည်လည်း မမြဲ၊ ဆင်းရဲမှု၊ အစိုးမရမှုသက်သက်မျှသာ ဖြစ်သည်ဟု လက္ခဏာရေး သုံးမျိုးထင်အောင် ကြိုးစားရမည် ဖြစ်ပါသည်၊၊ နာမ်သည်လည်း မမြဲ၊ ဆင်းရဲ၊ အစိုးမရသက်သက် မျှသာ ဖြစ်သည်ဟု လက္ခဏာရေးသုံးပါး ထင်အောင်ကြိုးစား အားထုတ်ရမည် ဖြစ်ပါသည်၊၊
ဤကဲ့သို့ရှုမှတ်ခြင်းဖြင့် အကျိုး+အကြောင်းဆပ်စပ်ပုံများ၊ ရုပ်+နာမ်တို့သည် အကြောင်းတခုခုကြောင့် အကျိုး အဖြစ် ဖြစ်ပေါ်လာနေပုံများကို သဘောပေါက်လာမည် ဖြစ်ပါသည်၊၊ ရုပ်သည် ရုပ်၏သက်တမ်းရှိသမျှသာ ရပ် တည်ပြီး ပျက်စီးသွားရပုံ၊ နာမ်သည်လည်း နာမ်သက်ရှိသမျှသာ ရပ်တည် အသက်ရှည်ပြီး ပျက်စီးပုံများကို ၀ိပဿနာအမြင်ဖြင့် သဘောပေါက်လာသောအခါ ရုပ်ကိုစွဲလန်းမှု၊ နာမ်ကိုစွဲလန်းမှုများလျော့ပါးလာမည် ဖြစ်ပါသည်၊၊ လူနှင့်အခြားသက်ရှိအရာများ၊ သက်မဲ့ အရာဝတ္ထုများအားလုံးသည် ရုပ်နာမ်နှစ်မျိုးဖြင့် ပေါင်းစပ်ဖွဲ့ စည်းထားသည်ဖြစ်ရကား၊ ရုပ်နှင့်နာမ်ကို စွဲလန်းမှု နဲလာသောအခါ၊ လုံးဝမစွဲလန်းတော့သောအခါတွင် အခြား ကိလေသာစိတ်များပါ ကုန်ခမ်းသွားမည် ဖြစ်ပါသည်၊၊
ဤအဆင့်များသည် နေ့ခြင်းညခြင်းရောက်နိုင်သောအဆင့်များကား မဟုက်ပါ၊၊ ပါရမီပြည့်ဝသူဖြစ်က လွယ် လွယ်ပင် ရရှိတတ်ပြီး၊ ပါရမီနည်းသူများဖြစ်ပါက သက်တမ်းနှင့်ချီပြီးကြိုးစားရတတ်ပါသည်၊၊ မှတ်သားသင့် သည်မှာ ဤအဆင့်များအထိမရောက်သည့်တိုင် အာနာပါနသတိနှင့် ၀ိပဿနာ၏အကျိုးသည် လက်ရှိဘ၀တွင် ရသည်များ ရှိပါသည်၊၊ ထိုအကျိုးများမှာ စိတ်ဖိစီးမှုမရှိခြင်း၊ ပူပင်မှုများလျော့ကျခြင်း၊ စိတ်သက်သာကြည်လင် ခြင်း၊ ခန္ဓာကိုယ်ပေါ့ပါးခြင်း၊ ကျန်းမာရေးကောင်းခြင်း၊ စိတ်တည်ငြိမ်ခြင်း၊ စီးပွားရေးလုပ်ရာတွင် အတွေးကောင်း များရခြင်း၊ စသည်တို့ဖြစ်ပါသည်၊၊
အရှင် လမ်းလျှောက်၍ တရားရှုမှတ်ပုံကိုတင်ပြခဲ့သည်မှာ ဤတွင်အခြေခံအဆင့် ပြည့်စုံပြီဟု ယူဆပါသည်၊၊ ဆက်လက်လေ့လာပြီး ကြိုးစား အားထုတ်ရန်ဖြစ်ပါသည်၊၊ တရားအားထုတ်သဖြင့် ဉာဏ်ထူးများကို ရရှိပြီး၊ မဂ်အဆင့် ဖိုလ်အဆင့် ရသွားကြသော သူတော်စဉ်တို့သည် ထိုင်လျှက်တရားမှတ်ရင်း ရသွားကြသူများရှိသလို ရပ်လျှက်၊ သွားလျှက်၊ လျောင်းလျှက်တရားထူး ရရှိသွားသူများလည်း ရှိပါသည်၊၊ စာဖတ်သူအနေဖြင့် မိမိသမာဓိအရဆုံးပုံစံဖြင့် တရားအားထုတ် ရှုမှတ်ရန်ဖြစ်ပါသ်ည၊၊
သမာဓိရသည်ဆိုသည်မှာ စိတ်ငြိမ်သက်သည်ကို ဆိုလိုပါသည်၊၊ သမာဓိမရသည့်ပုံစံဖြင့် ဇွတ်အားထုတ်နေ ပြန်လျင်လည်း တရားမတက်ဘဲဖြစ်နေတတ်ပါသည်၊၊ ထို့ကြောင့် မိမိ ရှုမှတ်၍အကောင်းဆုံးပုံစံဖြင့် အာနာပါန သတိကို ရှုမှတ်ကြရန်ဖြစ်ပါသည်၊၊ “အလင်း စက်”စာဖတ်သူများ အာနာပါနသတိကို ရှုမှတ်သဖြင့် လောကီဘ၀ ငြိမ်းချမ်း သာယာပြီး၊ လောကုတ္တရာသုခဖြစ်သည့် ဈာန်ချမ်းသာ၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာကို ရကြပါစေ………..၊၊ ၊၊
အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၂၆.၁၂.၂၀၁၀)
(မှတ်ချက်/ ဤစာတမ်းငယ်ကို ဆရာတော် ဦးသီလာနန္ဒ၏ “The Benefits of Walking Meditation” စာအုပ်နှင့် အရှင်ကိုယ်တိုင် အားထုတ်ခဲ့သည့် အတွေ့အကြုံများကို ကိုးကားပြီး ရေးပါသည်၊၊)
Posted by အလင်း စက် at 2:30 AM 0 comments
Wednesday, December 22, 2010
ဆွမ်းအလှူဓာတ်ပုံ
၂၀.၁၂.၂၀၁၀..နေ့က သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမ မြန်မာကျောင်းတိုက်ကြီးမှာ အလင်းစက်တို့သူငယ်ချင်းများစုပေါင်းပြီး နေ့ဆွမ်းဆက် ကပ်ကြတဲ့ ဓာတ်ပုံမှတ်တမ်း မြင်ကွင်းလေးများကိုကြည့်ပြီး၊ "အလင်း စက်"စာဖတ်သူများ ပီတိဖြစ်စေဖို့ တင်ပြပေးလိုက်ပါတယ်၊၊ နိုင်ငံခြားစာသင် သံဃာတွေဆိုတော့ ဈေးကို ကိုယ်တိုင်သွား၊ ကိုယ်တိုင်လှီးဖြတ်၊ ချက်ပြုတ်ရတာ ပျော်စရာပါ၊ သူငယ်ချင်းများအားလုံးရဲ့ စေတနာကို "အလင်း စက်"က မှတ်တမ်းတင်သည့်အနေဖြင့် ဓာတ်ပုံမှတ်တမ်းများကို တင်ပြလိုက်တာ ဖြစ်ပါတယ်၊၊
ဆက်ကပ်တဲ့ ဟင်းလျာများကိုလည်း တင်ပြလိုက်ပါတယ်ဗျာ--
(၁) ၀တ်သားဟင်း
(၂) ပင်လယ်ငါးခေါင်းချည်ရည်
(၃) ငါးခြောက်ကျော်
(၄) ဆီပြန်ပဲနှပ်
(၅) ဆလတ်ရွက်တို့စရာ
(၆) အစိမ်းကျော်
(၇) ရေခဲမုန့်စတဲ့ အချိုပွဲစသည်တို့ ဖြစ်ပါတယ်၊၊
ကြွရောက်ပြီး ဆွမ်း ဘုန်းပေးကြတဲ့ သီရိလင်္ကာနိုင်ငံ တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူနေကြတဲ့ (၂၀၀)ခန့် သံဃာတော်များကိုလည်း အထူးလေးစား ကြည်ညိုမိပါတယ်၊၊ ဒီထက်ပို၍ ပို၍အဆင့်မြင့်တဲ့ ပညာရပ်များကိုလည်း ချမ်းချမ်းသာသာ သင်ယူနိုင်စေကြောင်း "အလင်း စက်"မှ ဆွမ်းအလှူရှင် သူငယ်ချင်းများရဲ့ကိုယ်စား ဆုတောင်းပေးပါတယ်၊၊
Posted by အလင်း စက် at 3:55 AM 0 comments
Wednesday, December 15, 2010
အာနာပါနသတိ (ထွက်လေ+၀င်လေရှုမှတ်ပုံ)




နိဒါန်း စကား-
ဤကမ္ဘာလောကတွင် ဂင်္ဂါဝါဠုသဲစုမက မရေတွက်နိုင်သော ဘုရားရှင်တို့ ပွင့်ပေါ်ခဲ့ကြပါသည်၊၊ ပွင့် တော်မူပြီးသော ဘုရားအဆူဆူတို့သည် အာနာပါနသတိခေါ် ထွက်လေ+၀င်လေကိုသတိကပ် ရှုမှတ်ခြင်းဖြင့် ဘုရားဖြစ်တော်မူရကြောင်း ပါဠိတော်များစွာတို့တွင် ဖော်ပြထားပါသည်၊၊ ဤသို့လျင် အာနာ ပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ခြင်းသည် ဘုရားအဖြစ်သို့ ရောက်စေတတ်သောနည်းဖြစ် သည်ဟု ဆိုရာရောက်ပါသည်၊၊
မှန်ပါသည်၊၊ သတိပဋ္ဌာန်လေးပါးတွင် ကာယာနုပဿနာသတိပဋ္ဌာန်၌ ပါဝင်သော အာနာပါန သတိ= ထွက်လေ+၀င်လေကို သတိကပ် ရှုမှတ်မှုသည် ဘုရားအဖြစ်နှင့် နိဗ္ဗာန်သို့ရောက်စေရန် တစ်ခုတည်းသော လမ်းစဉ်ဖြစ်သည်ဟု မဟာသတိပဋ္ဌာနသုတ်တွင် မြတ်စွာဘုရားရှင် ဟောတော်မူပါသည်၊၊
“မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထရှင်ရသေ့သည် မဟာဗောဓိပင်အခြေ၌ ထိုင်တော်မူလျှက် အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်တော်မူပါသည်၊ ဘုရားအဖြစ်သို့မရောက်မခြင်း မထတော့ဟုလည်း ဓိဌာန်တော်မူပါသည်၊ ဘုရားအလောင်းတော်သည် အာနာပါနသတိ=ထွက်လေ+ ၀င်လေကို ရှုမှတ်တော်မူရင်း သမာဓိအဆင့်ဆင့် ဉာဏ်စဉ်အဆင့်ဆင့်တို့ ဖြစ်ပေါ်လာပြီး၊ ဈာန်လေးပါး၊ ဉာဏ်လေးပါးတို့ကို ရရှိတော်မူပြီး၊ အာရုဏ်တက်အချိန်တွင် သဗ္ဗေညုတာအစစ် ဘုရားအဖြစ်သို့ ရောက်တော် မူပါသည်၊၊”
ဤဖော်ပြချက်တွင် သိဒ္ဓတ္ထရသေ့ ဘုရားအလောင်းတော်သည် အာနာပါနသတိ=ထွက်လေ+၀င်လေ ကို သတိကပ်ရှုမှတ်သဖြင့် ဘုရားအဖြစ်သို့ရောက်ရသည်ကို စာဖတ်သူ သိရှိရမည် ဖြစ်သည်၊၊ အာနာ ပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ခြင်းသည် မျက်မှောက်ဘ၀အတွက် ကျန်းမာရေးကောင်းခြင်း၊ စိတ်တည်ငြိမ်ခြင်း၊ သတိကောင်းခြင်း၊ ကိုယ်ခန္ဓာပေါ့ပါးခြင်း၊ စီးပွားရေးလုပ်ငန်းများတွင် အောင်မြင်မှု ရခြင်း၊ ချစ်ခင်သူပေါများခြင်း၊ မျက်နှာအသွင် ရွှင်ပြခြင်း၊ စသော အကျိုးတရားများကို ရရှိစေနိုင်ပါ သည်၊၊
အနာဂတ်ဘ၀တွင်လည်း ဆိုးဝါးလွန်းသည့် ဘ၀များသို့ မကျရောက်ရဘဲ၊ သုဂတိဘ၀၊ အဆင့် အတန်းရှိသော ဘ၀များတွင် ဖြစ်ရပါသည်၊၊ ထိုမျှမက အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ခြင်းသည် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်များနှင့် နိဗ္ဗာန်ကိုရစေတတ်သော အကျင့်လည်း ဖြစ်ပါသည်၊၊ ပါရ မီပြည့်ဝနေသူဖြစ်ပါက ယ္ခုဘ၀တွင်ပင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်နှင့် ရဟန္တာဖြစ်စေသော အကျင့်လည်း ဖြစ်ပါသည်၊၊ ဘုရားဆုပန်ထားသူများအတွက်မူ အာနာပါနသတိကို သတိကပ်ရှုမှတ် ပွားများခြင်းဖြင့် ဘုရားအဖြစ်သို့ ရောက်စေသောကျင့်စဉ်၊ လမ်းစဉ်ဖြစ်ပါသည်၊၊
ဤအကျိုးကျေးဇူးများကို လေ့လာသိရှိရသဖြင့် တရားစခန်းများသို့ မ၀င်နိုင်သူများ၊ ကျင့်ကြံလိုသူများ အတွက် အကျိုး များသော အာနာပါနသတိ=ထွက်လေ+၀င်လေရှုမှတ်ပုံကို ပါဠိတော် အဋ္ဌကထာ ကျမ်းစာအသီးသီးတို့မှ လေ့လာစုစည်းလျှက် တင်ပြလိုက်ရပါသည်၊၊ အလုပ်ကိစ္စများသဖြင့် ရိပ်သာ များတွင် ၀င်ရောက်နည်းခံပြီး ကမ္မဌာန်းနည်းပြဆရာများဖြင့် နည်းယူခွင့်မရကြသော သူများအတွက် ဤစာတမ်းငယ်တွင် အာနာပါနသတိ=ထွက်လေ+၀င်လေရှုမှတ်အားထုတ်နည်းကို အခြေခံမှစတင်ပြီး တင်ပြထားပါသည်၊၊ အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ် ပွားများ၊ ကျင့်ကြံအားထုတ်ပြီး ဘ၀အလင်းရသူများ ဖြစ်ကြပါစေ……
------------------------------------------------------------------------
သီလဆောက်တည်-
အာနာပါနသတိ=ထွက်လေ+၀င်လေကို စတင်ရှုမှတ်မည့်သူသည် ပထမဆုံး ငါးပါးသီလဆောက် တည်ရပါသည်၊၊ သီလဆောက်တည်သည်မှာ အစဉ်အလာအရ ဖြစ်သည်၊ ပါဠိတော်တွင် ညွှန်ထားခြင်း မရှိပါ၊၊ ပါဠိတော်မူရင်းတွင် တရားရှုမှတ်ရန်သင့်တော်သည့်နေရာ အရပ်(၃)မျိုးကို ညွှန်ကြားထားပါသည်၊ နေရာမျိုးမှာ---
(၁) တော အရပ်
(၂) သစ်ပင်ရင်း အရပ်
(၃) ဆိပ်ငြိမ်သည့် အရပ်၊ တို့ဖြစ်ပါသည်၊၊
ဤနေရာသုံးမျိုးမှာ အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ရန်သင့်တော်သည့် နေရာဒေသ များအဖြစ် မြတ်စွာဘုရားရှင်ကိုယ်တိုင် ညွှန်ကြားထားပါသည်၊၊
ထိုင်သည့်ပုံစံ-
အာနာပါနသတိ=ထွက်လေ+၀င်လေကို ရှုမှတ်ရန်ထိုင်သည့်အခါ အမျိုးသားဖြစ်လျင် တင်ပလ္လင်ခွေ၍ ထိုင်ရပါမည်၊ ထိုင်သည့်အခါ မိမိကိုယ်နှင့် ဦးခေါင်းကို တည့်မတ်အောင်ထားရမည် ဖြစ်ပါသည်၊၊ လက်ဝါးနှစ်ဘက်ကို တင်ပလ္လင်ခွေအလယ်တည့်တည်၌တင်ပြီး၊ ဘယ်ဖက်ဖ၀ါးပေါ်တွင် ညာဘက် လက်ဖ၀ါးကိုထပ်လျှက်၊ ပက်လက်လှန်တင်ထားရပါမည်၊ မျက်စေ့ကို ညင်သာစွာမှိတ်ပြီး စိတ်ကို နှာသီးဖျား၌ထားရပါမည်၊၊
ထိုသို့စိတ်ကို နှာသီးအ၀၌ ထားသောအခါ အသက်ရှူသည့်အခါနှင့် အသက်ရှူထုတ်လိုက်သည့်အခါတွင် နှာသီးအ၀မှလေဖြတ်သွားသည်ကို သိလိုက်ရမည် ဖြစ်ပါသည်၊၊ ဤသို့သိလိုက်ရလျင် နှာသီးအ ၀မှလေထွက်လာလျင် ထွက်သည်ဟုမှတ်ရပါမည်၊ အသက်ရှူသွင်းသဖြင့် နှာသီးဝမှလေ၀င်လာလျင် ၀င်သည်ဟု မှတ်ပါမည်၊၊ အစပိုင်းတွင် အလေ့အကျင့်မရသဖြင့် အနည်းငယ်မှတ်ရခက်သော်လည်း နာရီအတန်ကြာမျှ လေ့ကျင့်မိသွားသောအခါ မှတ်ရသည်မှာ ပို၍လွယ်ကူလာမည် ဖြစ်ပါသည်၊၊ မိန်းကလေးဖြစ်လျင် အမျိုးသားများကဲ့သို့ တင်ပလ္လင်ခွေ၍ဖြစ်စေ၊ အမျိုးသမီးထိုင်နည်းဖြင့် ဖြစ်စေ ထိုင်ရပါမည်၊ ကျန်သည့်ထိုင်ပုံနှင့် ရှုမှတ်နည်းမှာ အမျိုးသားများနှင့် နည်းတူဖြစ်ပါသည်၊၊
ထွက်လေ+၀င်လေမှတ်ပုံ-
အသေးစိတ် တင်ပြပါမည်၊ ထွက်သက်+၀င်သက်ရှုရာတွင် ပိဋကတ်စာပေများ၌ ဆိတ်ငြိမ်ရာအရပ်၌ သွားပြီးရှုမှတ်ရမည်ဟူ၍၄င်း၊ ကိုယ်ကိုဖြောင့်မတ်စွာ ထားရမည်ဟူ၍၄င်း၊ ဖော်ပြထားခြင်းများ ရှိပါသည်၊၊ ထိုသို့ဖော်ပြထားခြင်းမှာ အာနာပါန(ခေါ်) ထွက်သက်+၀င်သက်ကို ရှုရာ၌အသင့်တော်ဆုံးကို ဖော်ပြထားခြင်းမျှ ဖြစ်ပါသည်၊၊ ထို့ကြောင့် အာနာပါန (ခေါ်) ထွက်လေ+၀င်လေကိုရှုမှတ်ရာ၌ အခြေအနေအရ ကြုံသလိုရှုမှတ်နိုင်ပါသည်၊၊ ထွက်သက်+၀င်သက်ရှုရာတွင် သတိမှတ်နည်း (၈)နည်း ရှိပါသည်၊၊ ထိုရှစ်နည်းတွင် မိမိတို့နှင့်သင့်လျော်သည့်နည်းကို အသုံးပြုပြီး ရှုမှတ်နိုင်ပါသည်၊၊ အစဆုံး တရားအားထုပ်သည့် ယောဂီအတွက် အသင့်တော်ဆုံး(၃)နည်းရှိပါသည်၊၊ ထိုသုံးနည်းမှာ---
(၁) ရေတွက်၍ မှတ်နည်း(ဂဏနာ)
(၂) မရေတွက်ဘဲ မှတ်နည်း(အနုဗန္ဒနာ)
(၃) ထိသိနည်း(ဖုသနာ)၊ တို့ဖြစ်သည်၊၊
-------------------------------------------------------------------
(၁) ရေတွက်၍ မှတ်နည်း-
ရေတွက်၍မှတ်နည်းသည် ငါးမျိုးရှိပါသည်-
(၁) တစ်မှ ငါးအထိရေတွက်နည်း၊
(၂) တစ်မှ ခြောက်အထိရေတွက်နည်း၊
(၃) တစ်မှ ခုနှစ်အထိရေတွက်နည်း၊
(၄) တစ်မှ ရှစ်အထိရေတွက်နည်း၊
(၅) တစ်မှ ကိုးအထိရေတွက်နည်း၊
(၆) တစ်မှ တဆယ်အထိရေတွက်နည်း၊ တို့ဖြစ်ပါသည်၊၊
ရေတွက်၍ရှုမှတ်နည်းဟူသည်မှာ အသက်ရှူသည်ကို တစ် နှစ် သုံးစသည်ဖြင့် ရေတွက်၍ မှတ်နည်း ကိုခေါ်ပါသည်၊၊ ရေတွက်၍မှတ်နည်းသည် ပုတီးစိတ်သည်နှင့်ဆင်ဆင်မျှ တူပါသည်၊၊ မိမိတို့အသက်ရှု သောအခါ ၀င်သက်ကိုလည်း ရှူရသည်၊ ထွက်သက်ကိုလည်း ရှူရသည်၊၊ ထိုဝင်သက်+ထွက်သက် နှစ်မျိုးတွင် ထင်ရှားရာကစ၍ မှတ်ရပါသည်၊၊ မှတ်သည့်အခါ ထွက်သက်ကစ၍မှတ်လျင် လေထွက် သည်ကို (တစ်)ဟုရေတွက်၍ မှတ်ရပါသည်၊၊ လေ၀င်သည်ကို (နှစ်)ဟု မှတ်ရပါသည်၊၊ ဤနည်းဖြင့် (ငါး)အထိ မှတ်ရပါသည်၊၊ ငါးအထိ ပြည့်သောအခါ တစ်မှစ၍ ပြန်လည်ရေတွက်ရမည် ဖြစ်ပါသည်၊၊
အသက်ရှူထုတ်သည်နှင့် အသက်ရှူသွင်းသည်ကို တစ် နှစ် သုံးဟု ရေတွက်နေခြင်းပင် ဖြစ်ပါသည်၊၊ ဤနည်း၏ အဓိကရည်ရွယ်ချက်မှာ သတိကိုထူထောင်ရန် ဖြစ်ပါသည်၊၊ ရှုမှတ်ရန်လည်း အလွန်လွယ် ကူပါသည်၊၊ အမှတ်သတိခိုင်မာလာသည်အထိ ရေတွက်၍ မှတ်နည်းကို ရှုမှတ်ရပါသည်၊၊ ခုနှစ်ရက် အဓိဌာန်ဖြင့် ရှုမှတ်သူဖြစ်လျင် နှစ်ရက်ခန့်ဤနည်းကို ရှုမှတ်သင့်ပါသည်၊၊ ဤနည်းဖြင့် သတိကောင်း လာပြီဆိုလျင် ယောဂီအနေဖြင့် မရေတွက်ဘဲမှတ်သည့်နည်း=အနုဗန္ဒနာကို အသုံးပြုရမည် ဖြစ်ပါ သည်၊၊ ဤနည်းကို နာရီအတန်ကြာသည်အထိ မှတ်လျင် သတိအားကောင်းလာမည် ဖြစ်ပါသည်၊ စိတ် ပြန့်လွင့်မှုလည်း နည်းလာမည် ဖြစ်ပါသည်၊၊
(၂) မရေတွက်ဘဲ မှတ်နည်း-
အထက်ပါနည်းဖြင့်မှတ်၍ စိတ်မပြန့်လွင့်တော့သော ယောဂီသည် မရေတွက်ဘဲမှတ်သည့်နည်းကို ဆက်လက်၍ ရှုမှတ်ရမည် ဖြစ်ပါသည်၊၊ မရေတွက်ဘဲမှတ်နည်းဆိုသည်မှာ ထွက်သက်လေ+၀င်သက်လေကို နှာသီးဖျားမှစောင့်၍ နှာသီးဝမှလေထွက်လျင် ထွက်သည်ဟု မှတ်ရပါသည်၊ ၀င်လျင် ၀င်သည်ဟု မှတ်ရပါမည်၊ တစ် နှစ်စသည် မရေတွက်ရပါ၊၊ ထွက်လေ+၀င်လေကို သီးသန့်မှတ်ခြင်း ဖြစ်ပါသည်၊၊
(၃)ထိ သိ မှတ်နည်း
ထိသိနည်းဟူသည်မှာ ထွက်လေ+၀င်လေတို့ ထွက်တိုင်း သိ၊ ၀င်လာတိုင်း သိဖြစ်အောင်မှတ်နည်း ဖြစ်ပါသည်၊၊ ဤမှတ်နည်းတွင် ထွက်လေ+၀င်လေ+အသိဟု အစိတ်အပိုင်းသုံးမျိုးကို တွေ့ရမည် ဖြစ်ပါသည်၊၊ ထွက်သက်+၀င်သက်ကို မှတ်သောအခါ အဆင့်သုံးမျိုးရှိပါသည်၊၊ အဆင့်သုံးမျိုးမှာ---
(၁) နှာသီးဖျား၌ လေတိုးထိမှုသဘော၊
(၂) ထွက်သက်၊
(၃) ၀င်သက်တို့ ဖြစ်ပါသည်၊၊ သုံးဆင့်လုံးကို သိရပါမည်၊၊
ဥပမာအားဖြင့် တံခါးစောင့်သည် တံခါးဝ၌ရပ်နေရင်း တံခါးမှဝင်လာသူ၊ ထွက်သွားသူ၊ တံခါးမှဖြတ် သန်းသွားလာနေပုံကို သိသကဲ့သို့ ဖြစ်ပါသည်၊၊ တံခါးစောင့်သည် ဤသုံးမျိုးလုံးကို တပြိုင်နက်သိခြင်း ဖြစ်ပါသည်၊၊ ထွက်သက်လေ+၀င်သက်လေကို မှတ်သောအခါတွင်လည်း ထွက်သက်လေ ထွက်သွားပုံ၊ ၀င်သက်လေ ၀င်လာပုံ၊ ထိုလေကလေး နှာသီးဝမှဖြတ်သန်းသွားပုံကို တပြိုင်နက်သိရမည် ဖြစ်ပါသည်၊၊ သုံးမျိုးခွဲခြားပြီးသိလျင် အာနာပါနသတိဘာဝနာ ပြည့်စုံသည်ဟု ဆိုပါသည်၊၊
အာနာပါန(ခေါ်) ထွက်သက်+၀င်သက်ရှုမှတ်ရာတွင် နည်းပေါင်း(၁၆)နည်းရှိပါသည်၊၊ အာနာပါန သုတ္တန်များတွင် ဤနည်းများကိုမြတ်စွာဘုရားရှင် ညွန်ကြားထားပါသည်၊၊ မဇ္ဈိမနိကာယ်၊ သတိပဋ္ဌာန သုတ္တန်တွင် ပထမလေးနည်းကိုသာ အဓိကထား၍ဟောပါသည်၊၊ ကျင့်နည်းများကိုလည်း ပထမလေး နည်းတွင်သာ ဖော်ပြထားပါသည်၊ ကျန်နည်းများအတွက် သီးခြားမဟောပါ၊ ပထမလေးနည်းကိုနည်း မှီ၍ သိရန်ဖြစ်ပါသည်၊၊ နည်းပေါင်း(၁၆)နည်းမှာ---
(၁) ပထမစတုက္က(၄)နည်း
(၂) ဒုတိယစတုက္က(၄)နည်း
(၃) တတိယစတုက္က(၄)နည်း
(၄) စတုတ္ထစတုက္က(၄)နည်း၊ တို့ဖြစ်ပါသည်၊၊
အာနာပါန(ခေါ်)ထွက်သက်+၀င်သက်ရှုနည်းနှင့် ပတ်သက်၍ စတုက္ကပေါင်းလေးခု ရှိပါသည်၊၊ ၀ိပဿနာယာနိက သမားများအတွက်မူ ပထမစတုက္က(ပထမလေးနည်း)တစ်ခုတည်းသာ လိုအပ်ပါသည်၊၊ ထို့ကြောင့် သတိပဋ္ဌာန်ဒေသနာတော်၌ ပထမစတုက္ကကိုသာ အဓိကထား၍ ညွန်ကြားထားခြင်း ဖြစ်ပါသည်၊၊ ထိုပထမစတုက္တတွင် ကျင့်နည်းပေါင်း (၄)ခု ပါဝင်ပါသည်၊၊
နည်း(၁)---
(၁) ၀င်လျင် ၀င်မှန်းသိအောင် သတိထားနည်း
(၂) ထွက်လျင် ထွက်မှန်းသိအောင် သတိထားနည်း
နည်း(၂)---
(၁) ရှည်လျင် ရှည်မှန်းသိအောင် သတိထားနည်း
(၂) တိုလျင် တိုမှန်းသိအောင် သတိထားနည်း
နည်း(၃)---
(၁) ၀င်လျင် စ လယ် ဆုံးကို သိအောင် သတိထားနည်း
(၂) ထွက်လျင် စ လယ် ဆုံးကို သိအောင် လေ့ကျင့်နည်း တို့ဖြစ်ပါသည်၊၊
နည်း(၄)---
(၁) ၀င်လျင် ၀င်သက်ကို ငြိမ်းအောင် လေ့ကျင့်နည်း
(၂) ထွက်လျင် ထွက်သက်ကို ငြိမ်းအောင်လေ့ကျင့်နည်း
အထက်ပါလေးနည်းကို မြန်မာကဗျာဖြင့် အလွယ်တကူမှတ်နိုင်ပါသည်၊၊ “သတိမြဲရာ ပထမာ၊ ဒုမှာ ရှည် တို သိ၊ လုံးစုံလင်းရာ တ၌သာ၊ စမှာ ငြိမ်းလေဘိ”ဟူ၍ ဖြစ်ပါသည်၊၊
နည်း(၁)--
ပထမစတုက္ကသည် သတိထူထောင်သည့် စတုက္ကဖြစ်ပါသည်၊၊ ဤစတုက္ကတွင်ပါဝင်သော နည်း(၁) အရ အသက်ရှူရှိုက်ရာတွင် နှာသီးအတွင်းသို့လေ၀င်လျင် လေ၀င်လာမှန်းသိအောင် သတိပြုနေရပါသည်၊၊ လေထွက်လျင်လည်း ထွက်လာမှာမှန်းသိအောင် သတိပြုနေရပါသည်၊၊ ဆိုလိုသည်မှာ အသက်ကို ရှူသွင်းသောအခါ ရှူသွင်းမှန်းသိအောင် သတိထားရပါသည်၊၊ အသက်ကိုရှူထုပ်သော အခါတွင်လည်း ရှူထုတ်မှန်းသိအောင် သတိထားရပါသည်၊၊
ဝင်သက်+ထွက်သက်ကိုမှတ်ရာ၌ နှာသီးဖျားမှနေ၍ မှတ်ရပါသည်၊ ၀င်သက်+ထွက်သက် သို့မဟုက် ၀င်လေ+ထွက်လေနောက်သို့ စိတ်ကလိုက်ပြီး မှတ်မနေရပါ၊ နှာသီးဖျားတွင် စိတ်ကိုစိုက်ထားရပါသည်၊ ထိုအခါအသက်ရှူ၍ လေ၀င်လာသည်ကို သိနိုင်ပါသည်၊ လေထွက်သည်ကိုလည်း သိနိုင်ပါ သည်၊ လေ နှာသီးဖျားကို ထိသွားသည်ကိုလည်း သိနိုင်ပါသည်၊၊ သတိကောင်းလာလေလေ ပိုသိလေလေဖြစ်ပါသည်၊၊ တရားအားထုတ်သည်ဟူသည်မှာ ထွက်လေ+၀င်လေတို့ နှာသီးဖျားကို ထိသွားနေတာကို မှတ်နေခြင်းပင် ဖြစ်ပါသည်၊၊
ထွက်သက်+၀င်သက်ကို မှတ်သောအခါ နှာသီးဖျားခေါ် နှာခေါင်းဝ၏ အောက်တည့်တည့် နှာရည်ယို စီးကျသည့် အထက်နှုတ်ခမ်းသား၌ စိတ်ကိုစိုက်ထားပြီး ထွက်လေ+၀င်လေကို ထွက်လျုင် ထွက်မှန်း သိ၊၊ ၀င်လျင် ၀င်မှန်းသိဖြစ်အောင် မှတ်သားရပါသည်၊၊ ထိုသို့မှတ်နေစဉ်အတွင်း စိတ်သည် လွင့်ထွက် သွားတတ်ပါသည်၊ ထိုသို့လွင့်ထွက်သွားလျင် လွင့်သွားပါစေ၊ လွင့်ထွက်သွားသည်ကိုတော့ သိအောင် မှတ်ရပါသည်၊၊ အခြားအာရုံတခုခုသို့လည်း ရောက်သွားတတ်ပါသည်၊ ရောက်ပါစေ၊ ရောက်သည်ကို သိအောင်မှတ်သားရပါသည်၊၊ ရောက်သွားရာ၊ ၀င်လာရာ အာရုံဟူသမျှကို သတိအလွတ်မခံဘဲ မှတ် သားနေလျင် တရားမှတ်ခြင်းအလုပ်ပင် ဖြစ်ပါသည်၊၊ တရားမှတ်ခြင်းဟူသည် ဖြစ်ပေါ်လာသည့် အာရုံ အားလုံးကို သတိမလွတ်ဘဲသိနေခြင်း သိနေအောင်ကြိုးစားခြင်းပင် ဖြစ်ပါသည်၊၊
ထွက်လေ+၀င်လေကိုရှုမှတ်နေစဉ် စိတ်စိုက်ထားရာနှာသီးဖျားမှ စိတ်လွင့်သွားခြင်း၊ အာရုံတခုခုသို့ ရောက်သွားခြင်းတို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်ရန်မလိုပါ၊ မူလရှုမှတ်နေကျအတိုင်း ဆက် လက်ရှုမှတ်ရမည် ဖြစ်ပါသည်၊၊ လွင့်ချင်ရာ လွင့်၊ ရောက်ချင်ရာ ရောက်၊ လွင့်မှန်း ရောက်မှန်း သိနေလျင် တရားမှတ်ခြင်းပင် ဖြစ်ပါသည်၊၊ တခါတရံ ထွက်လေ+၀င်လေကိုမှတ်စဉ် ဘာမှန်းမသိလိုက် သည့် သဘောများလည်း ဖြစ်တတ်ပါသေးသည်၊ ထိုသို့ဖြစ်လာလျင်လည်း ဘာမှမသိလိုက်သည့် သဘောမှန်းသိအောင် မှတ်ရပါမည်၊၊
တရားအားမထုတ်ခင်က စိတ်သည် လွင့်ချင်ရာ လွင့်၊ ဖြစ်ချင်ရာဖြစ်နေခဲ့ပါသည်၊၊ သတိမထားသည့်အတွက် လွင့်မှန်း ဖြစ်မှန်းမသိခြင်း ဖြစ်ပါသည်၊၊ တရားအားထုတ်သောအခါ သတိထားနေသည့် အတွက် စိတ်၏လွင့်နေပုံ၊ ဖြစ်ချင်ရာဖြစ်နေပုံများကို သိလာပါသည်၊၊ ဤသည်ပင် တရားအားထုတ် ခြင်း၏ အကျိုးဖြစ်ပါသည်၊၊ မည်သည့်အာရုံကို စိတ်ရောက်ရောက် သတိအလွတ်မခံဘဲ မှတ်နေနိုင် လျင် သတိထူထောင်မှု အားကောင်းလာပါသည်၊၊
အာရုံများများသိနိုင်လေလေ သတိအားကောင်းလေလေ ဖြစ်ပါသည်၊၊ ထို့ကြောင့် ထွက်လေ+၀င်လေ ကိုမှတ်နေစဉ် စိတ်အပြင်ထွက်ချင် ထွက်၊ မထွက် ချင်နေ၊ လွင့်ချင်ရာ လွင့်၊ မလွင့်ချင်နေ၊၊ ထွက်လျင်လည်း ထွက်သည်ကို မှတ်၊ လွင့်လျင်လည်း လွင့်သည်ကို မှတ်၊၊ ထွက်သည့်စိတ်ကို မထွက်အောင် အတင်းမကြိုးစားရပါ၊ လွင့်သည့် စိတ်ကိုမလွင့်အောင် အတင်းမကြိုးစားရပါ၊ အလိုက်သင့် မူလရှုမှတ် နေသည့် ထွက်လေ+၀င်လေကိုသာ ထွက်မှန်းသိ၊ ၀င်မှန်းသိအောင် ကြိုးစားရပါသည်၊၊
ထိုအခါ ထွက်လေ+၀င်လေကို ထွက်မှန်း သိ၊ ၀င်မှန်းသိနေစဉ် စိတ်အပြင်ရောက်သွားသည်ကို သိလာပါသည်၊ စိတ်လွင့်သည်ကိုလည်း သိလာပါသည်၊ ဖြစ်ပေါ်နေသည့် အာရုံများကိုလည်း သိလာပါသည်၊ အာရုံများထင်ရှားကြည်လင်လာမည် ဖြစ်ပါသည်၊၊ အစပိုင်းတွင် မသေမခြာသိခြင်း ဖြစ်ပါသည်၊ သတိအားကောင်းလာသောအခါ အသေးစိတ်သိလာပါသည်၊၊ သတိအားလုံးဝ ကောင်းလာသောအခါ ပိုင်းပိုင်းခြားခြားသိလာပါသည်၊၊ ဤသည်မှာ ထွက်လေ+၀င်လေကို ရှုမှတ်ခြင်း၏ အကျိုးဖြစ်ပါသည်၊၊
ဤအချိန်တွင် မှတ်ဉာဏ်များ အလွန်အားကောင်းလာပါမည်၊ ကျောင်းသားတစ်ဦးသာဖြစ်ပါက စာတပုဒ်ကို တကြိမ်မျှကြည့်ရုံနှင့် မှတ်မိမည်ဖြစ်ပါသည်၊၊ ထွက်လေ+၀င်လေကို မှတ်နေစဉ် စိတ်အပြင် ရောက်ခြင်း၊ အရင်ကအဖြစ် အပျက်များကို သတိရခြင်း၊ နာကျင် ကိုက်ခဲခြင်း၊ စိတ်များ တွေဝေလာ ခြင်းစသည်များ ဖြစ်ပေါ်လာပါက ဖြစ်ပေါ်လာသမျှကို မခုခံဘဲ၊ အားလုံးကို မှတ်နေရမည် ဖြစ်ပါသည်၊၊ မှတ်သားနေရင်းက ထိုအာရုံများများ ရပ်တန့်သွားမည် ဖြစ်ပါသည်၊၊ အာရုံများရပ်တန့်သွားသောအခါ မူလရှုမှတ်နေကျ ထွက်လေ+၀င်လေကို ပြန်ပြီး ရှုမှတ်ရန်ဖြစ်ပါသည်၊၊
ထိုကဲ့သို့ကြိုးစားနေခြင်းဖြင့် မိမိတိုသန္တာန်၌-သဒ္ဓါ၊ ၀ီရိယ၊ ခန္တီ၊ သတိ၊ သမာဓိ၊ ပညာတို့ တိုးတက်လာမည် ဖြစ်ပါသည်၊၊ တိုးတက်လာသောအခါ စိတ်ကြည်လင်လာပါမည်၊ စိတ်အား ထက်သန်လာပါမည်၊ အပင်ပန်းခံနိုင်လာပါမည်၊ အာရုံများထင်ရှားလာပါမည်၊ သိမှုဆိုင်ရာတွင် ပုဂ္ဂိုလ်ဖြင့်သိခြင်းမျိုး မဟုက်တော့ဘဲ ဓမ္မဖြင့်သိခြင်းမျိုး ဖြစ်လာပါမည်၊၊ ဆိုလိုသည်မှာ ပညတ်မပါဘဲ သဘာဝသက်သက်ကို သိခြင်းမျိုးဖြင့် သိလာပါမည်၊၊ ခါးကနာသည် ဆိုရာ၌ ခါးက သက်သက်၊ နာခြင်းက သက်သက်ဆို သည်ကိုခွဲခြားပြီး သိလာပါမည်၊ နာခြင်း၌ ခါးကိုမထည့်သွင်းဘဲ သိလာပါမည်၊ ဤသို့သိခြင်းကို ပရ မတ်သိဟုလည်း ခေါ်ရပါသည်၊၊
“သတိမြဲရာ ပထမာ” ဟူသော ပထမနည်းအရ ထွက်သက်+၀င်သက်ကို ရှုမှတ်ရာတွင် ထွက်လျင် ထွက်မှန်းသိအောင်၊ ၀င်လျင် ၀င်မှန်းသိအောင် သတိထား၍ မှတ်ပါများသောအခါ ယောဂီ၏သန္တာန်၌ သတိသည် ခိုင်မာလာမည် ဖြစ်ပါသည်၊၊ သတိခိုင်မာလာသောအခါ၊ သတိမြဲလာသောအခါ ရှုမှတ်သမျှ အာရုံများအပေါ် သတိအလိုလိုရှိလာပါသည်၊၊ ကိုင်လျင် ကိုင်မှန်း သိလာပါသည်၊ ထိလျင် ထိမှန်း သိ လာပါမည်၊ ပြောမှု၊ ဆိုမှု၊ လျောင်းမှု၊ အိပ်မှု၊ စားမှု၊ သောက်မှုစသည်များ၌ သတိသည် အလိုလို လိုက်ပါလာမည် ဖြစ်ပါသည်၊၊ ဤသို့ဖြစ်လာပြီဆိုလျင် ယောဂီပုဂ္ဂိုလ်၌ သတိထူထောင်မှု အောင်မြင်လာပြီ ဖြစ်ပါသည်၊၊ အလုပ်တိုင်း၌ သတိမမြဲသေးလျင် သတိထူထောင်မှု မအောင်မြင်သေးဟု မှတ်ရ ပါမည်၊၊ ဤသို့ဖြင့် ပထမနည်းအရ သတိထူထောင်၍ အောင်မြင်ပြီးသောယောဂီသည် တဆင့်တက်၍ ဒုတိယနည်းကို ကြိုးစားရပါမည်၊၊
နည်း(၂)--
ပထမနည်းဖြင့် သတိထူထောင် အောင်မြင်ပြီးသောယောဂီသည် ပြုလုပ်သမျှ အမှုကိစ္စတို့၌ သတိအ လိုလို ပါလာပြီဖြစ်သည်၊၊ ထိုသို့သတိမြဲလာပြီဆိုပါက “ဒုမှာ ရှည်တို သိ”ဟူသော ဒုတိယနည်းအရ ထွက်လေ+၀င်လေကို ရှည်လျင် ရှည်မှန်းသိအောင်၊ တိုလျင် တိုမှန်းသိအောင် ရှုမှတ်ရပါမည်၊၊ ထွက်လေ+၀င်လေသည် သာမာန်ကြည့်လျင် အတူတူဟုထင်ရသော်လည်း မတူညီပါ၊ တခါတရံ အသက်ရှုတာ ရှည်ပါသည်၊ တခါတရံတိုပါသည်၊ ထိုသို့ဖြစ်ရာ၌ ယောဂီသည် ရှည်လျင် ရှည်သည်ဟု သိနေရပါမည်၊ တိုလျင်လည်း တိုသည်ဟု သိနေရပါမည်၊၊
ပထမနည်းတွင် ထွက်သက်+၀င်သက်ကို ရှုမှတ်ရာ၌ သတိကိုမြဲလာအောင် လူကလုပ်ယူရပါသည်၊၊ ထွက်လေ ထွက်မှန်းသိအောင်၊ ၀င်လေ ၀င်မှန်းသိအောင် သတိကိုထူထောင်ရပါသည်၊၊ နာတာ ကျင်တာ ကိုက်တာ ခဲတာ၊ စိတ်အပြင်ရောက်တာ၊ အတိတ်ကအဖြစ်အပျက်များကို အမှတ်ရတာစသည်ကိုသိအောင် သတိကိုကပ်ထားရပါသည်၊၊ သတိကိုထူထောင်၍ အောင်မြင်လာသောအခါတွင် သတိကို လူကလုပ်ယူစရာမလိုတော့ဘဲ အမူအရာတိုင်းကို သတိကအလိုလို သိလာပါသည်၊၊ အမူရာတိုင်းတွင် သတိကပ်လာပါသည်၊၊ သတိသည် ရင့်ကျက်လာပြီ ဖြစ်ပါသည်၊၊ ထွက်လေ+၀င်လေအာရုံ တွင်မကတော့ဘဲ ပြင်ပအာရုံများအထိပါ သတိကပ်လာပါသည်၊၊ မိမိကလုပ်ယူရသည့် သတိအဆင့်ကို ကျော်လွန်လာသောသတိကို အသိနှင့်ယှဉ်တွဲသော သတိဟုခေါ်ရပါသည်၊၊ သတိနှင့် အသိတို့တွဲစပ် လာပြီ ဖြစ်ပါသည်၊၊
ပထမနည်းဖြင့် သတိထူထောင်မှု အောင်မြင်လာသော ယောဂီသည် ဒုတိယနည်းအတွက် အထူးကြိုး စားဖွယ် မလိုတော့ဘဲသတိက သူ့အလိုလိုပါလာပါသည်၊၊ အသက်ရှည်ရှည် ရှူသည်ကိုလည်း သိလာပါသညါ၊ အသက်တိုတိုရှူသည်ကိုလည်း သိလာပါသည်၊ ဤသတိကို လူကလုပ်ယူရသော သတိမဟုက်တော့သောကြောင့် ဥပဋ္ဌာနသတိဟု ခေါ်ပါသည်၊၊ ဤအဆင့်သို့ရောက်လာသည်နှင့် ယောဂီသည် သိက္ခာသုံးပါးတွင် သမာဓိသိက္ခာနယ်သို့ ရောက်လာပြီ ဖြစ်ပါသည်၊၊
ထိုအခါ ၀ီရိယ၊ သတိ၊ သမာဓိတို့ အားကောင်းလာပြီ ဖြစ်သည်၊ ၀ီရိယက သက်ဆိုင်ရာတရားများကို ထောက်ပံ့လာ ပါသည်၊ သတိကဆိုင်ရာအာရုံများ အလိုလိုထင်လာအောင် ထောက်ပံ့လာပါသည်၊ သမာဓိက စိတ်ကို မပြန့်လွင့်အောင် ငြိမ်သက်နေအောင် ထောက်ပံ့လာပါသည်၊ ဤသို့ဝီရိယ၊ သတိ၊ သမာဓိတို့ ဆိုင်ရာ တရားများကို အညီအညွတ် ထောက်ပံ့လာသောအခါ ယောဂီ၏စိတ်သည် အထူးစုစုစည်းစည်း ဖြစ်လာပါသည်၊ တည်ကြည်လာပါသည်၊ ထိုအခါ စိတ္တ၀ိသုဒ္ဓိဖြစ်ပေါ်လာပါသည်၊၊ စိတ်စင်ကြယ်သည်ဟု ဆိုလိုပါသည်၊၊
စိတ္တ၀ိသုဒ္ဓိ၌ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ ၀ါဝင်ပါသည်၊၊ ဤမဂ္ဂင်လေးပါးတို့က ဆိုင်ရာ ကိစ္စများကို ပြုလုပ်သောအခါ သမာဓိသိက္ခာပြည့်စုံလာပါမည်၊ သမာဓိသိက္ခာပြည့်စုံလာသောအခါ ပညာသိက္ခာပြည့်စုံလာပါမည်၊၊ သီလသိက္ခာပြည့်စုံစေရန်အတွက်မူ ပထမနည်းတွင် ထွက်သက်+၀င်သက်ကို သတိမလွတ်အောင် အားထုတ်၍အောင်မြင်စဉ်က သီလသိက္ခာပြည့်စုံစေခဲ့ပြီ ဖြစ်ပါသည်၊၊
ထွက်သက်+၀င်သက်ကို သတိထားရှုမှတ်နေရင်းက ကိုယ်ကျင့်သီလကို စင်ကြယ်လာစေပါသည်၊ သတိအားကောင်းမှု၊ မကောင်းမှုအပေါ်တွင်အပေါ်တွင်မူတည်၍ သီလစောင့်ထိမ်းမှုသည်လည်း အစပိုင်းတွင် လူကလုပ်ယူရပါသည်၊ သတိအားကောင်းလာသောအခါ သီလရှိလာအောင် လူကလုပ်ယူစရာမလိုတော့ဘဲ စောင့်ထိမ်းတတ်မှု သီလအလိုလိုယောဂီတွင် တည်လာမည် ဖြစ်ပါသည်၊၊
ဤသို့လျင် နည်း(၂)အောင်မြင်လာသော ယောဂီသည် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာတို့ ပြည့်စုံလာပြီ ဖြစ်ပါသည်၊၊ သို့သော် ဤပညာသိက္ခာသည် ၀ိပဿနာအဆင့်သို့ရောက်သောပညာ မဟုက် သေးပါ၊ သမာဓိပညာမျှသာ ဖြစ်ပါသေးသည်၊၊ ထိုပညာကိုအခြေခံ၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု လက္ခဏာရေးသုံးပါးထင်အောင် ရှုမှတ်နိုင်သောအခါမှ ၀ိပဿနာပညာအဆင့်သို့ ရောက်သည်ဟု ခေါ် ပါသည်၊၊ ဤအဆင့်ကို ဒိဋ္ဌိဝိသုဒ္ဓိ(နာမရူပ ပရိစ္ဆေဒညာဏ်)မှစပြီး နောက်ပိုင်းများ၌သာ ပညာသိက္ခာကို ဖြည့်ခြင်းအဆင့်သို့ရောက်ပါသည်၊၊
ထွက်လေ+၀င်လေနှင့် အာရုံများအပေါ်တွင် လူက သတိကိုလုပ်မယူရဘဲ သတိကသူ့အလိုလိုကပ် သည့်အဆင့်သို့ရောက်လာပြီဆိုလျင် ထိုသတိသည် သမ္မာသတိမဂ္ဂင်ထိုက်သော သတိဖြစ်လာပါသည်၊ သတိ၏တွဲဘက် ၀ီရိယသည်လည်း သမ္မာဝါယာမမဂ္ဂင်ထိုက်လာပါသည်၊ ကုသိုလ်+အကုသိုလ်တို့နှင့် စပ်၍ သမ္မပ္ပဓာန်ကိစ္စပါလာပြီဖြစ်ပါသည်၊၊ တရားရှုမှတ်မှုသည် သူ့အလိုလို ဖြစ်လာပါသည်၊ ဤအဆင့်ကို သတိရှိသူ၊ စိတ်အားထက်သန်သူ၊ သိတတ်သူဟု ခေါ်ဆိုရပါသည်၊၊ ယောဂီသည် နည်း(၂) ဖြင့်အားထုတ်အောင်မြင်ပြီးလျင် ထွက်လေ+၀င်လေတို့၏ ရှည်မှန်း+တိုမှန်းကို သိလာပါသည်၊၊ ခုနှစ်ရက်အဓိဌာန်ဖြင့် ရှုမှတ်သူဖြစ်ပါက ဤနည်းကို နှစ်ရက်ခန့် အချိန်ယူအားထုတ်သင့်ပါသည်၊၊
နည်း(၃)--
ထွက်လေ+၀င်လေတွင် အစ အလယ် အဆုံးဟူ၍ရှိပါသည်၊၊ ယောဂီသည် ထွက်လေ+၀င်လေတို့၏ အစ အလယ် အဆုံးကို တခုခြင်းစီ ခွဲခြားပြီးမှတ်ရပါသည်၊၊ လင်္ကာတွင်"တမှာ လုံးစုံ သိ" ဟု ဆိုထားသည့်အတိုင်း နည်း(၃)အဆင့်သို့ရောက်လာသော ယောဂီသည် ထွက်သက်+၀င်သက်တို့၏ အစ အလယ် အဆုံး အလုံးစုံကို အမှတ်သတိဖြင့် ရှုမှတ်နေရပါသည်၊၊ အလုံးစုံဆိုတာ ထွက်သက်+၀င်သက်တို့၏ အစ အလယ် အဆုံးသုံးမျိုးလုံးကို အမှတ်သတိဖြင့် သိနေရမည်ဟု ဆိုလိုပါသည်၊၊
နည်း(၁)တွင် ထွက်သက်+၀င်သက်ကို ထွက်မှန်း+၀င်မှန်းသိအောင် ရှုမှတ်ခြင်းဖြင့် သတိကိုထူထောင်သည်၊ နည်း(၂)ဖြင့် ထွက်သက်+၀င်သက်တို့၏ အရှည်+အတိုကိုသိအောင် ရှုမှတ်ရသည်၊ နည်း(၃)ဖြင့် ထွက်သက်+၀င်သက်တို့၏ အစ အလယ် အဆုံးကိုသိအောင် ရှုမှတ်ရသည်၊၊
နည်း(၁)ကို ရှုမှတ်၍ အောင်မြင်လာသော ယောဂီ၏သန္တာန်တွင် သတိခိုင်မာလာပြီ ဖြစ်ပါတယ်၊ နည်း (၂)ကို ရှုမှတ်၍ အောင်မြင်လာသော ယောဂီ၏သန္တာန်တွင် သတိအပြင် အသိ=သမ္ပဇညပါ ယှဉ်တွဲဖြစ်ပေါ်လာပြီ ဖြစ်ပါတယ်၊ နည်း(၃)ကို အောင်မြင်လာသော ယောဂီ၏သန္တာန်တွင် ထွက်သက်+၀င်သက် အစ အလယ် အဆုံးကိုသိလာပြီ ဖြစ်ပါသည်၊၊ နည်း(၃)ကို ရှုမှတ်အောင်မြင်သောအခါ ထွက်သက်+၀င်သက်တို့၏ အစ အလယ် အဆုံးကိုကောင်းကောင်းကြီး အသေးစိတ် သိမြင်လာပါသည်၊၊ ဤနည်းကို ခုနှစ်ရက်အဓိဌာန်ဖြင့် အားထုတ်သူသည် သုံးရက်ခန့်အားထုတ်ရှုမှတ် သင့်ပါသည်၊၊
နည်း(၄)--
နည်း(၃)ကို အားထုတ်အောင်မြင်ပြီးသော ယောဂီသည် သတိနှင့် သမာဓိတို့ အလွန်အားကောင်းလာပါသည်၊၊ သို့သော် ထွက်သက်+၀င်သက်ကိုနိုင်နင်းခြင်း မရှိသေးပါ၊ ထွက်သက်+၀င်သက်တို့သည် ယောဂီ၏ ဆန္ဒအတိုင်း မဖြစ်သေးပါ၊ ထို့ကြောင့် ယောဂီသည် ထွက်သက်+၀င်သက်ကို နိုင်နင်းစေရန်၊ မိမိဆန္ဒအတိုင်းဖြစ်စေရန် နည်း(၄)ကို အားထုတ်ရမည် ဖြစ်ပါသည်၊၊ "စမှာ ငြိမ်းလေဘိ"ဟူသည့်အတိုင်း နည်း(၄)တွင် ယောဂီသည် ထွက်သက်+၀င်သက်ကို ငြိမ်းအောင် အားထုတ်ရမည် ဖြစ်ပါသည်၊၊
ဆိုလိုသည်မှာ ကြမ်းတမ်းသည့် ထွက်သက်+၀င်သက်ကို နူးညံ့လာအောင်၊ ငြိမ်းလာအောင် အားထုတ်ရှု မှတ်ရမည်ဟု ဆိုလိုပါသည်၊၊ ထွက်သက်+၀င်သက်တို့သည် ခန္ဓာကိုယ်နှင့် ဆက်စပ်နေသဖြင့် ခန္ဓာကိုယ်အမူအရာများကြမ်းပါက ထွက်သက်+၀င်သက်လည်း ကြမ်းပါသည်၊ ခန္ဓာကိုယ်အမူအရာ နူးညံ့ပါက ထွက်သက်+၀င်သက်လည်း နူးညံ့လာပါသည်၊၊ ထို့ကြောင့် နည်း(၄)တွင် ထွက်သက်+၀င်သက်ကို နူးညံ့လာအောင်၊ ငြိမ်းလာအောင် ရှုမှတ်ရပါသည်၊၊ ဤနည်းကို ခုနှစ်ရက် အဓိဌာန်ဖြင့် အားထုတ်သူသည် နှစ်ရက်ခန့် အားထုတ်သင့်ပါသည်၊၊
ဤနည်းကို ကြိုးစားအားထုတ် ရှုမှတ်သဖြင့်အောင်မြင်လာသော ယောဂီသည် ထွက်သက်+၀င်သက်များ နူးညံ့လာပါသည်၊ ငြိမ်းလာပါသည်၊ ကိုယ်ခန္ဓာတို့သည်လည်း နူးညံ့လာပါသည်၊ ငြိမ်းအေးလာပါသည်၊၊ ကိုယ်ရောစိတ်ပါ နူးညံ့၊ ငြိမ်းအေးသည့်အဆင့်သို့ ရောက်လာပါသည်၊၊ ကိုယ်ကာယများစင်ကြယ်ပြီး၊ ကိုယ်၏ပူပန်ခြင်း စိတ်၏ပူပန်ခြင်းများ မဖြစ်တော့ပါ၊ ထွက်လေ+၀င်လေတို့သည်လည်း နူးညံ့လာပါသည်၊ သိမ်မွေ့လာပါသည်၊ ငြိမ်းသွားသည်အထိပင် သိမ်မွေ့လာပါသည်၊ ကိုယ်ကာယ များစင်ကြယ်လျင် ထွက်သက်+၀င်သက်နူးညံ့သိမ်မွေ့လာသည်မှာ သဘာဝပင် ဖြစ်ပါသည်၊၊
ထွက်သက်+၀င်သက်ရှုမှတ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ သမာဓိရရှိရန်ဖြစ်ပါသည်၊၊ သမာဓိရရှိရန်-အပြစ်ကင်းစင်မှု=သီလ၊ စိတ်နှလုံးကြည်လင်မှု=အ၀ိပ္ပဋိသာရ၊ ၀မ်းမြောက်မှု=ပါမောဇ္ဇ၊ နှစ်သက်မှု= ပီတိ၊ ငြိမ်းအေးမှု=ပဿဒ္ဓိ၊ ချမ်းသာမှု=သုခတို့လိုအပ်ကြောင်း ပါဠိတော်တွင်ဆိုပါသည်၊၊ ထိုလိုအပ်ချက်ကို ပြည့်စုံစေရန် ထွက်သက်+၀င်သက်နည်းဖြင့် ရရှိရန်ဤစတုက္ကနည်းကို ဗုဒ္ဓရှင်တော်သင်ပြ ညွှန်ကြားထားခြင်း ဖြစ်ပါသည်၊၊
ထွက်သက်+၀င်သက်ကို ရှုမှတ်ခြင်းဖြင့် သမာဓိရလာသောအခါရရှိသော သမာဓိကိုလိုက်၍ ယောဂီ၏ သန္တာန်တွင် နိမိတ်များထင်ပေါ်လာတတ်ပါသည်၊၊ အထက်တွင်ဖော်ပြခဲ့ပြီးသော နည်း(၄)မျိုးဖြင့် ရှုမှတ် အောင်မြင်လာသော ယောဂီသည် သမာဓိသိက္ခာကောင်းကောင်းကြီး ထူထောင်မိပြီ ဖြစ်ပါသည်၊၊ ထူထောင်ရရှိလာသော သမာဓိကိုလိုက်၍နိမိတ်(၃)မျိုး ယောဂီ၏အာရုံတွင် ထင်ပေါ်လာတတ်ပါ သည်၊၊ နိမိတ်(၃)မျိုးမှာ---
(၁) ပရိကမ္မနိမိတ်
(၂) ဥဂ္ဂဟနိမိတ်
(၃) ပဋိဘာဂနိမိတ် တို့ဖြစ်ပါသည်၊၊
‘ပရိမ္မနိမိတ်’ဆိုသည်မှာ ထွက်သက်+၀င်သက်အရာ၌ ထွက်လေ+၀င်လေကိုပင် ခေါ်ပါသည်၊၊ ထွက် လေ+၀င်လေကို ထွက်မှန်းသိ၊ ၀င်မှန်းသိအောင် သတိကပ်ပြီး ရှုမှတ်သဖြင့် ရရှိလာသော သမာဓိကို “ပရိကမ္မသမာဓိ”ဟု ခေါ်ပါသည်၊၊ ‘ပရိကမ္မ’ဟူသည် မူလအခြေခံ ထွက်လေ+၀င်လေဟူ၍ ဖြစ်ပါသည်၊ “ပရိကမ္မသမာဓိ”ဆိုသည်မှာလည်း အခြေခံအဆင့် သမာဓိကိုခေါ်ပါသည်၊၊
‘ဥဂ္ဂဟနိမိတ်’ဆိုသည်မှာ စိတ်ဖြင့်(မနောဒွါရ)ယူအပ်သော အာရုံတခုခုဖြစ်ပါသည်၊၊ မူလအခြေခံ ထွက်လေ+၀င်လေထက်ကျော်လွန်သော အခြားအာရုံကို ခေါ်ပါသည်၊၊ ထိုအာရုံများမှာ ပါဠိတော်တွင် များစွာပြဆိုထားပါသည်၊၊ အလင်းရောင် အမျိုးမျိုး၊ အဆောက်အဦးအမျိုးမျိုး၊ အမြင်အာရုံအမျိုး၊ သစ် ပင်၊ တော တောင်၊ ရေမြေ၊ ကောင်းကင်၊ မိန်းမ၊ ယောကျာင်္း၊ အဆင်းအာရုံအမျိုးမျိုး၊ အသံအာရုံ အမျိုး မျိုး၊ စသည်ဖြင့် အာရုံပေါင်းမြောက်များစွာကို မျက်စိဖြင့်မြင်နေရသလို စိတ်ထဲတွင် ထင်ပေါ်လာသော အာရုံများကို ဥဂ္ဂဟနိမိတ်ဟု ခေါ်ဆိုပါသည်၊၊ တရားအားထုတ်နေရင်း သမာဓိရလာသောအခါ ယောဂီ ၏စိတ်ထဲတွင် ပေါ်လာတတ်သည့်အာရုံများပင် ဖြစ်ပါသည်၊၊ ဤအဆင့်တွင်ရသောသမာဓိကို “ပရိ ကမ္မသမာဓိ”ဟုပင် ခေါ်ရပါသည်၊ ရှေ့တွင်ရခဲ့သော ‘ပရိကမ္မသမာဓိ’ထက် အဆများစွာပိုပြီး တည် ကြည် လာပါသည်၊၊
‘ပဋိဘာဂနိမိတ်’ဆိုသည်မှာ ‘ဥဂ္ဂဟနိမိတ်’ထက် ကျော်လွန်သည့်အဆင့်ကို ခေါ်ပါသည်၊၊ ဥဂ္ဂဟနိမိတ် အဆင့်တွင် တည်ငြိမ်မှု မရှိသေးပါ၊ ခပ်မှိန်မှိန်ဖြစ်နေပါသည်၊ ပဋိဘာဂနိမိတ်အဆင့်တွင်မှ မလှုပ်ရှား တော့ဘဲ တည်ငြိမ်လာပါသည်၊ သမာဓိသည်ပေါ်လိုက် ပျောက်လိုက်လည်း မဟုက်တော့ဘဲ တည်နေ ပါသည်၊ ဤအဆင့်တွင်ရသောသမာဓိကို “ဥပစာရသမာဓိ”ဟု ခေါ်ပါသည်၊ “ဥပစာရဈာန်”ဟုလည်း ခေါ်ပါသည်၊၊ ပဋိဘာဂနိမိတ်အဆင့်တွင် အာရုံတမျိုးတည်းဖြစ်သော်လည်း သမာဓိနှစ်မျိုး ကွဲပါသည်၊ အနည်းငယ်နုသောသမာဓိကို “ဥပစာရသမာဓိ”ဟုခေါ်ပြီး၊ ပို၍ရင့်ကျက်သော သမာဓိကို “အပ္ပနာ သမာဓိ”ဟု ခေါ်ပါသည်၊၊
ပဋိဘာဂနိမိတ်အပေါ်၌ စိတ်ကိုထားပြီး အားထုတ်ခြင်းကို ဌပနာနည်းဟု ခေါ်ဆိုကြောင်း ထိုထိုဝိပဿနာရှုနည်းကျမ်းများ၌ လေ့လာရပါသည်၊ ဌပနာနည်းဖြင့် ဆက်လက် ရှုမှတ်အားထုတ်လျင် ဈာန်အမျိုးမျိုးကိုရရှိနိုင်သည်ဟုလည်း ဆိုပါသည်၊၊ ဤအဆင့်သည် သမာဓိထူ ထောင်မှု အထွဋ်အထိပ်ရောက်သော အဆင့်ဖြစ်ပါသည်၊၊ ဤအဆင့်မှနေပြီး ယောဂီသည် ၀ိပဿနာသို့ ကူးရပါသည်၊၊
ဝိပဿနာသို့ ကူးသောအခါ သီလရှိခြင်း၊ သမာဓိကောင်းခြင်း၊ ဒိဋ္ဌိကင်းစင်ခြင်း၊ ၀ိစိကိစ္ဆာကင်းခြင်း ဆိုသည့် အရည်အခြင်းလေးမျိုး လိုအပ်ပါသည်၊၊ ပဋိဘာဂနိမိတ်အဆင့်သို့ရောက်လာသော ယောဂီသည် သမာဓိကိုတည်ဆောက်ပြီး ဖြစ်သည့်အတွက် စိတ်စင်ကြယ်လာပြီဟု ဆိုပါသည်၊၊
ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကင်းရန် ၀ိပဿနာကို ဆက်လက်အားထုတ်ရမည် ဖြစ်ပါသည်၊၊ ၀ိပဿနာသို့မကူးဘဲ ထွက် လေ+၀င်လေကိုပင် ဆက်လက်အားထုတ်လျင် ဈာန်များရလာပါမည်၊၊ အဘိညာဉ်များဖြင့် မြေလျိုး၊ မိုးပျံလုပ်ချင်သူများအတွက် ဈာန်များကို ဤအဆင့်တွင်ဆက်လက်အားထုတ်ပါက ရရှိလာနိုင်ပါသည်၊၊ သမထလမ်းဟု ခေါ်ဆိုပါသည်၊၊
သမထမှ ၀ိပဿနာသို့ကူးရာတွင် “ခဏိကသမာဓိ”အဆင့်မှလည်း ကူးနိုင်သည်၊ “ဥပစာရ သမာဓိ”အ ဆင့်မှလည်း ကူးနိုင်သည်၊ “အပ္ပနာသမာဓိ”မှလည်း ကူးနိုင်ပါသည်၊၊ ခဏိကသမာဓိအဆင့်ဆိုသည်မှာ ‘ပရိကမ္မနိမိတ်’နှင့် ‘ဥဂ္ဂဟနိမိတ်’အဆင့်များကို ခေါ်ပါသည်၊ ‘ဥပစာရသမာဓိ’အဆင့်နှင့် ‘အပ္ပနာသမာဓိ’အဆင့်ဆိုသည်မှာ ‘ပဋိဘာဂနိမိတ်’အဆင့်ကိုခေါ်ပါသည်၊၊ အပ္ပနာသမာဓိအဆင့်မှ ၀ိပဿနာသို့ကူးသည်မှာ အကောင်းဆုံးဖြစ်သည်ဟု ၀ိပဿနာနည်းပြကျမ်းများစွာတွင် ဆိုပါသည်၊၊
ထွက်လေ+၀င်လေကို နည်း(၄)အဆင့်အထိ ရှုမှတ်ရာမှဖြစ်ပေါ်လာနေသည့် နာမ် ရုပ်ကို အနိစ္စ ဒုက္ခ အနတ္တဟု ဆင်ခြင်သုံးသပ်သည်ကို ၀ိပဿနာဟု ခေါ်ပါသည်၊၊ နာမ်+ရုပ်အပေါ်တွင် လက္ခဏာရေး သုံးပါးတင်၍ ဆင်ခြင်သုံးသပ် မှတ်ရှုသဖြင့် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကင်းပြီး နာမ်ရုပ်ကို ပိုင်းခြားသိသော “နာမရူပပရိစ္ဆေဒညာဏ်”နှင့်၊ နာမ်ရုပ်၏ အကြောင်းကိုသိမ်းဆည်းသော “ပစ္စယပရိဂ္ဂဟညာဏ်”များကို ရလာပြီဆိုလျင် “စူဠသောတာပန်(ကလျာဏပုထုဇဉ်)” ဖြစ်ပါသည်၊၊ ဤအဆင့်တွင် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာကို တဒင်္ဂပဟာန်ဖြင့် ပယ်နိုင်သောကြောင့် ဒုတိယဘ၀အတွက် စိတ်အေးရပြီ ဖြစ်ပါသည်၊၊
ဝိပဿနာသို့ကူးခြင်းဟူသည်မှာ ထွက်လေနှစ်မျိုးတွင် ထွက်လေသည် ရုပ်ဖြစ်သည်၊၊ ထွက်လေဟု သိနေသည်မှာ နာမ်ဖြစ်သည်၊၊ ၀င်လေသည် ရုပ်ဖြစ်သည်၊၊ ၀င်လေဟုသိနေသည်မှာ နာမ်ဖြစ်သည်၊၊ ဤသို့ ထွက်လေ+၀င်လေကို ရုပ်နှင့် နာမ်ဟု ခွဲခြားသိအောင်ရှုမှတ်ရသည်ကို ၀ိပဿနာရှုမှတ်သည်ဟု ခေါ်ပါသည်၊၊ ရုပ်+နာမ်နှစ်မျိုးတွင် ရုပ်သည် ထာဝရမတည်သော အနိစ္စ၊ ဆင်းရဲမှု ဒုက္ခ၊ မိမိအလိုသို့ မလိုက်မှု အနတ္တဖြစ်သည်ဟု ဆင်ခြင်သုံးသပ်လာသောအခါ ၀ိပဿနာဉာဏ်အဆင့်ဆင့် တက်လာပြီး စူဠသောတာပန်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်နှင့် ရဟန္တာဟူသော အထက်မဂ်ဖိုလ်အဆင့်များကို ကျင့်စဉ်၏အကျိုးဆက်အဖြစ်ရ ရှိလာမည်ဖြစ်ပါသည်၊၊
စူဠသောတာပန်အဆင့်ကိုရရှိရန် နာမ်နှင့် ရုပ်ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့ဖြင့်သိရန် လို အပ်ပါသည်၊၊ နာမ် ရုပ်ကို အကြောင်းနှင့်အတူတကွသိခြင်းကို စာပေဝေါဟာရဖြင့် လက္ခဏ၊ ရသ၊ စသည်ဖြင့်ခေါ်ဆိုခြင်း ဖြစ်ပါသည်၊၊ ဤအဆင့်ကို သာမန်ဉာဏ်အသင့်အတင့်ရှိသူ(ဒွိဟိတ်) များပင် ရရှိနိုင်ကြောင်း ၀ိပဿနာရှုနည်းကျမ်းများတွင် ဖော်ပြထားပါသည်၊၊
အာနာပါနသတိ=ထွက်လေ+၀င်လေကို အထက်တွင်ဖော်ပြခဲ့ပြီးသော နည်းများအတိုင်း စနစ်တကျ လေ့လာ ရှုမှတ်၊ အားထုတ် ပွားများမည်ဆိုလျင် ဗုဒ္ဓဘာသာဝင် ဟုတ်သူဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် မဟုက်သူဖြစ်စေ ဘ၀၏အဆုံးစွန်ပန်းတိုင် မဂ်ဖိုလ်ချမ်းသာများနှင့်အတူ၊ သန္တိသုခဟုဆိုအပ်သော အမြတ်ဆုံး အအေးချမ်းဆုံး၊ အခိုင်မာဆုံးသော မြတ်နိဗ္ဗာန်ကို ရရှိမည်အမှန် ဖြစ်ပါသည်၊၊
အရှင် သတိပဋ္ဌာန်နှင့်ဆက်စပ်၍ စာတမ်းနှစ်ခုကို “အလင်း စက်”ဆိုက်တွင်တင်ခဲ့ပါသည်၊၊ သတိပဋ္ဌာန် မိတ်ဆက်စာတမ်းနှင့် ယ္ခုတင်သော အာနာပါနသတိပဋ္ဌာန် ရှုမှတ်နည်းတို့ ဖြစ်ပါသည်၊၊ သတိပဌာန်မိတ်ဆက်ကိုတင်ပြရာမှ စာဖတ်သူများ၏ တောင်းဆိုလာမှုကြောင့် အာနာပါန သတိပဋ္ဌာန် ရှုမှတ်နည်းကို ရေးသားလိုက်ခြင်းဖြစ်ပါသည်၊၊ ရှုမှတ်လိုသူများအတွက် အခြေခံနည်းအနေဖြင့် အတိုင်းအတာတခုအထိ ပြည့်စုံသည်ဟု အရှင်ယူဆပါသည်၊၊ အကျယ်သိလိုသူများအတွက် အရှင်ညွှန်းထားသောကျမ်းများကို အင်တာနက်တွင်ရှာဖွေပြီး အသေးစိတ်လေ့လာရန်ဖြပ်ပါသည်၊၊
ဤစာတမ်းတွင် အမှားတစုံတရာတွေ့ရှိရပါက မေတ္တာဖြင့် ညွှန်ပြပေးကြပါရန်လည်း တောင်းပန်လိုပါသည်၊၊ အာနာပါနသတိ ပဋ္ဌာန်ကိုအားထုတ်ရာတွင် Walking meditation=လမ်းလျောက်၍ ရှုမှတ်ပုံသည်လည်း မပါမဖြစ်လိုအပ်ပါသည်၊ အရှင် အလျင်းသင့်သောအခါ လမ်းလျောက်၍ ရှုမှတ်ပုံကို တင်ပြမည်ဖြစ်ပါသည်၊၊
သတိပဋ္ဌာန် လေ့လာ မှတ်သား၊ ရှုမှတ် အားထုတ်ခြင်းဖြင့် ဘ၀၏ဖိအားအမောများ ပြေပျောက်ပြီး၊ နိဗ္ဗာန်ချမ်းသာကို ရရှိကြပါစေလို့ ဆန္ဒပြုလျက် အာနာပါနသတိ=ထွက်လေ+၀င်လေစာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊
အရှင်ကေ၀လ(အလင်း စက်)
ဘာဝနာဝိဟာရ-သီရိလင်္ကာ
(၁၆.၁၂.၂၀၁၀)
(မှတ်ချက်/ ဒီ၊သတိပဋ္ဌာနသုတ်၊ မဇ်၊ မဟာသတိပဋ္ဌာနသုတ်၊ ၀ိပဿနာရှုနည်းကျမ်းများ၊ အတ္တ၀ါဒမှ အနတ္တ၀ါဒသို့ ခရီးစဉ်(ဦးရွှေအောင်)The heart of Buddhist meditation(Nyanaponika thera) Education for Mindfulness(Venerable Mirisse Dhammika)စာအုပ်များကို ကိုးကား၍ ဤစာတမ်းကိုရေးသားပါသည်၊၊)
Posted by အလင်း စက် at 8:31 PM 0 comments
Labels: article
"အလင်းစက်"ဆိုက်တွင် လစဉ်အလိုက်တင်ခဲ့ပြီးသမျှ စာတမ်းနှင့်၊ဆောင်းပါးများ ဖတ်ရှုရန်--
မလေးရှား ရွှေမြန်မာများ၏ ပညာဒါန
မြန်မာ့အလှ ပုဂံဒေသ
ဆုတောင်း၊၊
|
|
မယ်တော်မာယာ အိပ်မက်ခန်း
ဘုရားအလောင်းတော်
ဂေါ-ခရီးစဉ် မှတ်တမ်းဓာတ်ပုံများ
လေးတင်ခန်း
ယသောဓရာနှင့် ထိမ်းမြားခန်း
ဆံတော်ပယ်ခန်း
ဒုက္ကရစရိယကျင့်ခန်း
သုဇာတာ ဃနာနို့ဆွမ်း
ဘုရားဖြစ်ခန်း
Sri Lanka timezone
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
ရွှေတိုင်များ ထောက်ထားပုံ
ဓမ္မစင်္ကြာဟောခန်း
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
သမ္မတကြီး ပူဇော်နေစဉ်
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
ရာဟုလာအမွေတောင်းခန်း
moon stone
Alms contribution bowl for monks
Srilanka Arts
မဟာစေတီ၊ သီရိလင်္ကာ၊
B.C.4 century.
သီဟိုဠ်-စွယ်တော်
စွယ်တော်စစ် (သီရိလင်္ကာ)
မြန်မာ-ပြက္ခဒိန်
Srilanka Arts
Srilanka Arts
mountain inscription
Srilanka Arts
Srilanka Arts
Srilanka Pagoda Style
about 2000 years ago,Srilanka
To get Myanmar Font
ကလျာဏီကျောက်စာ(သီရိလင်္ကာ)
မဟာစေတီ၊ သီရိလင်္ကာနိုင်ငံ၊
B.C.4 ရာစု၊၊
My Motto
view
မြတ်စွာဘုရား ပွင့်တော်မူခဲ့သော မဟာဗောဓိပင်(အစစ်)
စွယ်တော်တိုက်
စွယ်တော်တိုက်ခန်း
Shwetigon Pagoda
Indonesia
borobudur in indonesia
8 century A.D.
THINKING
ပန်းချီများ ခံစားကြည့်ပါ
ပတ္တမြားရွှေဂူ
လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ၊
ဝက်များက ငြူစူစွာ
ညွန့်လူးကာတိုက်နဲ့။
ပွတ်လေလေ၊
ဂူရွှေမှာ အရောင်ထွက်တယ်၊
ရှေးကထက်ကဲ။ ၊၊
(မန်လည်ဆရာတော်)
သီတဂူသိမ်တော်
ဖွားတော်မူပုံ
သစ်ပင်
|
|
"အလင်းစက်"သို
အရှင်ကေ၀လ(အလင်းစက်)သည် သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာ ကျောင်းတိုက်ကြီးတွင် သီတင်းသုံးလျက်-
University of Kelaniya နှင့်၊
Buddhist and Pali University of Sri Lanka-တို့တွင် ပညာသင်ကြားလျက်ရှိပါသည်၊၊
အလင်းစက်အရှင်နှင့် ဗုဒ္ဓစာပေများ၊ အထွေထွေသိလိုသည်များ အကြံပြု ဆွေးနွေးလိုပါက အောက်ပါအီးမေးမှ မေးမြန်း၊ အကြံပြု၊ ဆွေးနွေးနိုင်ပါ သည်၊၊
"အလင်းစက်"ဆိုက်တွင် ရေးသားတင်သမျှကို ဝေဖန်အကြံပြု၊ အမှားထောက်ပြလျင်လည်း "အလင်းစက်အရှင်"မှ ကျေးဇူးတင်မည် ဖြစ်ပါသည်၊၊ ပညာဖြင့် ဘ၀ကို အလှဆင်နိုင်သူများဖြစ်ကြပါစေ၊၊
Email- ashinkevala01@gmail.com
Ashin kevala
Makutarama Myanmar Temple,
Dematagoda road, No-284, Colombo-09, Sri Lanka country.
Ph: +94 757 199 820/ +94 758 083 916
အသားထွင်းပန်းချီ(သီရိလင်္ကာ)
Open Air Theatre
Peradeniya University,Sri Lanka
စေတီပါဒတောင်
ရှေးဟောင်းစောင်းတန်း(သီရိလင်္ကာ)
မြန်မာ စံတော်ချိန်
သင်သေသွားသော်
ဪ လူ့ပြည်လောက
လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့် ။
သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏ ။
သင်၏ မျိုးသား
စာစကားလည်း
ကြီးပွါးတက်မြင့်
ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေတည်း ။
ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)
လေ့လာသူများ
Yapahuwa
ကြည့်သင့်သော ဆိုက်များ
- Sitagu Web-Page
- Burma meditation center for foreigners
- ဦးကုမာရ စာအုပ်စင်
- Oliver dhamma
- မောက္ခပညာရေး မဂ္ဂဇင်း
- ဆရာတော် ဦးသီရိန္ဒ၏ ဆွမ်းအလှူ ဗွီဒီယိုမှတ်တမ်း-၂
- ဆရာတော် ဦးသီရိန္ဒ၏ နေ့ဆွမ်းအလှူ ဗွီဒီယိုမှတ်တမ်း
- ဆရာတော် ဦးသိရိန္ဒ၏ ဆွမ်းအလှူဓာတ်ပုံမှတ်တမ်း
- အိပ်မက်လှိုင်းစာအုပ်တိုက်
- စကားဝါမြေစာကြည့်တိုက်
- ရှေးမြန်မာ
- Burmeseclassic(movies, songs, and news)
- ten basics of meritorious action(book)
- တရားတော်များ ဒေါင်းလော့လုပ်ရန်
- နိုင်ငံအသီးသီးမှ မြန်မာကျောင်းတိုက်များ
- မြန်မာ့အလင်းသတင်းစာ
- Nibbana.net
- Myanmar Ebooks
- မင်္ဂလာသတင်းစဉ်
- ဦးကေလာသ၏ ဓမ္မအဖြေစာတမ်းများ
- ပါချုပ်ဆရာတော်ကြီး
- ကဗျာဝါသနာရှင်များအတွက်-ဗေဒါလမ်း ကဗျာစုစည်းမှု
- သီတဂူဆရာတော်၏ တရားတော်များ နာယူရန်
- What a Buddha Taught net
- What the Buddha Taught
- Tipitaka quotation
- ဓမ္မပဒပါဠိ+English
- Dictionary of Pali Proper names
- Paccuppan Kamma Vada books
- Pitaka knowledge into English
- တိပိဋက မြန်မာပြန်
- ပီနန်ကျောင်းကြီး
- ဦးပုည၀ံသ
- မနာပဒါယီဆရာတော်
- Sitagu Star
- သဒ္ဓမ္မရံသီတရားတော်များနာယူရန်
- ဓမ္မဥယျာဉ်ဆရာတော်
- ဆဌမူ တိပိဋကပါဠိတော်
- မြန်မာပြန် တိပိဋက
- A study of the Concept of the Paccekabuddha by Ria Kloppenborg
- B.P.U. university in Srilanka
- ဒေါက်တာနန္ဒမာလာ.အဘိဓမ္မာပို့ချချက်များ
- Abhidhamma in Practice(book)
- ဒေါက်တာ ရေ၀တဓမ္မ စာအုပ်
- မြန်မာသတ်ပုံကျမ်း
- စွယ်တော်ဆိုက်(သီရိလင်္ကာ)
- ယဉ်သင်းအိ တရားဆိုက်
- ရဝေနွယ်(အင်းမ)
- B.P.S.Publication
- Tipitaka Atthakatha in Sinhala
- Tipitaka Pali in Sinhala
- Dhamma Download
- "အလင်းစက်"မိသားစုကမ္ဘာ
- ဦးကုသလသာမိ
- ဦးသီလာနန္ဒ၏ အဘိဓမ္မာပို့ချချက်များ
- ပရိတ်ကြီး(၁၁)သုတ်
- မိုးကုတ်ဝိပဿနာလေ့လာ၊ နာယူလိုသူအများအတွက်
- စွယ်တော်တိုက်(သီရိလင်္ကာ)
- မီးပြတိုက်
- Light of Buddha Dhamma foundation
- English Dhamma
- Eleven Media Group
- Top side 50
- ချယ်ရီမြို့တော်စာအုပ်စဉ်
- Dhamma Ebooks
- English learning
- မြန်မာ တရား၊ ရုပ်ရှင်၊
မျက်ဖြေ၊၊ ၊၊
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျှာတည်း၊၊
ကြင်နာသနား၊ ငါ့အားမသတ်၊ ယ္ခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း၊၊
ရှိခိုးအကျွန်၊ ပန်ခဲ့တုန်၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လက်တွန်မူ၊ တုံ့မယူလို၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျင်ပေးသည်၊ သွေးသည်အနိစ္စာ၊ ငါးခန္ဓာတည်း၊၊ ၊၊
(အနန္ဒသူရိယ)
အမျိုးအစား
- article (33)
- myanmar books (1)
- notes (2)
- poem (3)
စာမှတ်စု
|
|
Followers
အတွေး
Arts
Arts
ancient India at the time of the Buddha
room library
Panna sama abha natthi.
အလင်း စက်
အလင်း စက်- စာအုပ်စဉ်
+ ပေထက်အက္ခရာတင် နောက်ကျပေမယ့်
+ ဘာသာကြီးလေးခုအနှစ်သာရ
+ သင်္ဂါယနာ
+ သူငယ်ချင်းလိုပဲဆက်၍ခေါ်မည် ခိုင် (တက္ကသိုလ်ဘုန်းနိုင်)
+ Ashin Mahakassapa
+ Ashin Ananda
+ မိုးနဲ့ မြေ
+ Nibbana and Theravada perpective,Dr,Dhammapiya
+ နိဗ္ဗာန် (ဒေါက်တာမ္မပီယ)
1 .Ph,D Thesis by Dr.Dhammasami
2 .Dr.Dhammasami
3 .Dr.Dhammasi
4 .Dr.Dhammasami
5 .Dr.Dhammasami
6 .Dr.Dhammasami
7 .Dr.Dhammasami
8 .Dr.Dhammasami
9 .Dr.Dhammasami
+ ၀ိသုဒ္ဓိမဂ်မြန်မာပြန် (မဟာစည်)
+ သြကာသဋီကာ
+ ၀ိဇ္ဇာမဂ္ဂဒီပနီ(လယ်တီဆရာတော်)
+ နိဗ္ဗာန် (ပါရဂူ)
+ ကစ္စည်းသဒ္ဒါကြီး (အင်္ဂလိပ်ဘာသာပြန်)
+ Getting Ph.D
+ တိပိဋကလမ်းညွန် (ဦးကိုလေး)
+ King Asoka and Buddhism
+ မြန်မာစာပေတိုက်ပွဲကြီးများ အကြောင်း (မေမြို့ မိုးကြည်)
+ Pali Roots in Saddaniti (Dr.Silananda)
+ 2.Pali Roots in Saddaniti (Dr.Silananda)
+ လွမ်း (တက္ကသိုလ်ဘုန်းနိုင်)
+ လွမ်းတေးမဆုံးစေနှင့် စောနန်းသခင် (တက္ကသိုလ်ဘုန်းနိုင်)
+ မိုးည အိပ်မက်မြူ (တက္ကသိုလ်ဘုန်းနိုင်)
+ ကဗျာ (တက္ကသိုလ်ဘုန်းနိုင်)
+ ညီမလေးရယ် စိုးရိမ်မိတယ် (တက္ကသိုလ်ဘုန်းနိုင်)
+ နွေကန္တာဦး (တက္ကသိုလ်ဘုန်းနိုင်)
+ မိုးတွေရွာမှဖြင့်လျင်ကွယ် (တက္ကသိုလ်ဘုန်းနိုင်)
+ မောင့်ဘ၀ ညအလားကွယ် (တက္ကသိုလ်ဘုန်းနိုင်)
တန်ခူးလေနှင့်လျောတော့သည်(တက္ကသိုလ်ဘုန်းနိုင်)
+ ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့်၊ ရာဇာဓမ္မသင်္ဂဟကျမ်း
+ နှင့်ငွေ့တထောင့် မိုးတမှောင့် (တက္ကသိုလ်ဘုန်းနိုင်)
+ ၀သန်လေချိန် မှန်ကူး (တက္ကသိုလ်ဘုန်းနိုင်)
+ ကဗျာဆရာ၏ ရိုးဖြောင့်မှု (ဒဂုံတာယာ)
+ History of Srilanka
+ ပါရမီဒီပနီ(လယ်တီ)
+ သမ္မာဒိဌိဒီပနီ(လယ်တီ)
+ ဥတ္တမပုရိသဒီပနီ(လယ်တီ)
+ ဗုဒ္ဓအံတော်သမိုင်း
+ တင်မိုးအမှတ်တရ
+ နိယာမဒီပနီ(လယ်တီဆရာတော်)
+ ဗုဒ္ဓဘာသာအနုပညာ(တိုက်စိုး)
+ မေတ္တသုတ်(ဦးသုခ)
+ Abhidhamma Research Study(Nyanaponika)
+ မြတ်ဗုဒ္ဓဒေသနာ(ဦးကိုလေး)
+ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဖျိမဒေသ(U kelasa)
ညီတော်အာနန္ဒာ၏ ဘ၀တသက်တာမှတ်တမ်း.ဒုတွဲ
+ ငါးရာ့ငါးဆယ်အနှစ်ချုပ်(ဦးအောင်ညွန့်ဝင်း)
+ ပါဠိစာပေ သမိုင်း(ဒေါ်အုန်း)
+ ကိုရမ်ကျမ်း
+ ၃၇ မင်း(ဦးဖိုးကျား)
+ ဗောဇ္ဖျင်ခုနှစ်ပါးတရာတော်(သပြေကန်ဆရာတော်)
+ သပြေညို(မင်းသုဝဏ်)
1. အဘိဓမ္မာသင်ကြားပို့ချချက်(ဦးသီလာနန္ဒ)
+ Abhidhammasamuccaya by Asanga (Walpola Rahula)
+ Kusala in Canon and Commentary
+ Writing Thesis(24.9.2010)
+ A study of Moegoke meditation method
+ Research Project,how to write it
+ Patthanuddesadipani
+ Roots,good and evil
+ Dhamma Theory(Y.Karunarasa)
+ Molecular cousciousness of Theravada
+ နိဗ္ဗာနဒီပနီ
+ အနတ္တဒီပနီ
+ အာနာပါနဒီပနီ
+ ဥရောပဒီပနီ
+ ၀ိပဿနာဒီပနီ
+ စတုသစ္စဒီပနီ
+ လက္ခဏဒီပနီ
+ နိဗ္ဗာန်အမေးဖြေဒီပနီ
+ လယ်တီတရားဟော
+ ဗောဓိပက္ခိယဒီပနီ
+ သရဏဂုဏ်ဝိနိစ္ဆယ
+ ဘာဝနာဒီပနီ
+ Mudita(Nyanamolika)
+ The Buddha and his Teaching
+ Process of consciousness and matter in Abhidhamma(Dr.Revatadhamma)
+ Scientific Base of Consciousness of Abhidhamma
+ Woman in the Modern Society
+ သိင်္ဂါလောဝါဒသုတ်(English)
+ Rupa in Abhidhamma
+ Process of consciousness and matter(Dr.Revatadhamma)
+ ၀ိမုတ္တိမဂ္ဂပါဠိ
+ Samatha and Vipassana in Theravada Abhidhamma
+ Study of Meditation
+ Mindfulness in Pali Nikaya
+ Mission Accomplishment
+ Two Truth in Abhidhamma
+ Unanswered Quesions (Dr.Karunarasa)
+ Kusala in Pali Canon
+ Including Reflecting
+ Analysis of Punna and Kusala in Pali Nikaya
+ History of Mindfulness in Mahasatipatthana Sutta
+ Manual of Abhidhamma
+ A study of Meditation Method
+ Milinda Panha(Manava)
+ What the Buddha believe
+ Bhikkhuni Sasana
+ Sanskrit English Dictionary
+ Venerable Ananda
+ A study of Mahasatipatthana Sutta on meditation technique By Dr.Asacha
+ The socia-political dimensions of Theravada Buddhism By Dr.Indaka
+ ၁၂ လရာသီ ပွဲတော်များအကြောင်း(ဒေါ်ခင်မျိုးချစ်)
+ အရိပ်(မစန္ဒာ)
+ ပါဠိစာပေ
+ the guide of Vipassana
+ Vedananupassa
+ သုတေသန သရုပ်ပြအဘိဓာန်(ဗျာပုံတိုက်သစ် ဆရာတော်)
+ မြန်မာပြည်မှ ဒေါက်တာဘွဲ့သံဃာတော်များ စာရင်း(ဒေါက်တာနန္ဒက)
+ မိုးကုတ်ဆရာတော် တဘ၀သံသရာ(ဦးဃောသိတ)
+ The notion of Ditthi in Theravada Buddhism
+ Hand book of Pali literature(Hinnuber)
+ Causality.Central Philosophy of Buddhism
+ myanmar religion
+ metaphor and literalism by Soonil Hwang
+ Sammasati by Ven P.A.Payutto
+ ဗုဒ္ဓဘာသာအထွေထွေဗဟုသုတ(ဦးချစ်မောင်(စိန္တာမဏိ)
+ origin of buddhist meditation by Alexander wynne
+ the theravada polity of Burma by John.H. Badgley
+ Rebirth and Gandhabba by Steffens
+ Major World Religions by Lloyd Ridgeon
+ Therigatha:Women in the footsteps of the Buddha by Kathryn R.Blackstone
+ အာနာပါနဒီပနီ(လယ်တီဆရာတော်)
+ ဒါနာဒိဒီပနီ(လယ်တီဆရာတော်)
+ ထေရာဝါဒဗုဒ္ဓဘာသာ(ဦးဧသက)
+ ပရိတ်(၁၁)သုတ်၊ ပါဠိ+မြန်မာ
+ ရှေးဟောင်း မြန်မာကျောက်စာများ-ဒုတွဲ(ဦးငြိမ်းမောင်)
+ စာကြည့်တိုက်နှင့် သုတမယစာစောင်
+ ရာဇကုမာရ်
+ မြစ်တို့၏ မာယာ(ဂျူး)
+ နိုင်ငံခြားကဗျာ ခံစားမှု(မောင်သာနိုး)
+ ရှင်စောပု(ချစ်ဦးညို)
+ ဘ၀ခရီးသည်(ပါရဂူ)
+ ပါးစပ်ရာဇ၀င်(မှော်ပီဆရာသိမ်း)
+ စာရေးခြင်း အတတ်ပညာ(မြသန်းတင့်)
+ မြန်မာရှေးဟောင်းကျောက်စာများ(ဦးငြိမ်းမောင်)
+ ရာဇာဓိရာဇ်အရေးတော်ပုံ(Dr.နိုင်ပန်းလှ USA)
+ Buddhism in myanmar by roger bischoff
+ သားတော်ရာဟုလာ(ပါရဂူ)
+ ပထမမြန်မာစာရေးဆရာကြီးများ(မင်းယုဝေ)
+ မှန်နန်းရာဇ၀င်-အင်္ဂလိပ်ဘာသာပြန်
+ သီရိလင်္ကာဗုဒ္ဓဘာသာသမိုင်း(ဦးကေလာသ)
ME
သီရိလင်္ကာနိုင်ငံ စွယ်တော်တိုက်ရှေ့
အလင်း စက်စာအုပ်စဉ်(၂)
3. လူသေလူဖြစ်ဝါဒါနုဝါဒါ ၀ိနိစ္ဆယ (သာသနာရေး ဦးစီးဌာန)
4. ပါဠိစာပေသမိုင်း (မိုင်းခိုင်းမြို့စားကြီး)
5. အိန္ဒိယသာသနာသမိုင်း (ဦးမြင့်ဆွေ)
6. ရာဇကုမာရ (ချစ်ဦးညို)
7. မြန်မာတို့၏ကိုးကွယ်မှုနှင့် ကိုယ်ကျင့်တရား (ဒေါ်စွမ်းကြည်၊ ဘွဲ့ယူကျမ်းစာ)
8. မြန်မာဆိုတာ (ဒေါက်တာသန်းထွန်း)
9. ရာဇာနှင့်သာသနာ (ပါရဂူ)
10. ဗုဒ္ဓဓမ္မအနှစ်ချုပ် (ဦးကေလာသ)
11. သစ္စာရှာဖို့ မြင်းစီးသူ (ကျော်ဝင်း)
12. ဘ၀ခရီးသည်(ပါရဂူ)
13. ယောနသန်ဇင်ယော်()
14. ရင်သားကင်ဆာသုတေသန(ပါမောက္ခ မင်းဓာတု)
15. ကမ္ဘာကျော်ဝတ္ထုတိုများနှင့် တက်တိုး၏ရှင်းပြချက်
16. ဥရောပယဉ်ကျေးမှု အနုပညာမိတ်ဆက်(ခင်မျိုးချစ်)
17. နွမ်းလျအိမ်အပြန်(ကြည်အေး)
18. အမွေ(အောင်သင်း)
19. မြန်မာ့မဟာဂီတ(လူထုဒေါ်အမာ)
20. မြန်မာစာ မြန်မာမှုကိုပြုစုပျိုးထောင်ခဲ့ကြသူများ
21. ဂျူး၏၀တ္ထုတို ၃၆ပုဒ်
22. ကန့်ကူလက်လှည်(အောင်သင်း)
23. စာပေသမိုင်း ပုဂ္ဂိုလ်ရေးအတွေးအမြင်များ(မောင်ဇေယျာ)
24. Pali commentarial Literature
25. A history of Pali Literature
26. သပြေညို(မင်းသုဝဏ်)
27. ပါဠိစာပေသမိုင်း(မေဘယ်)
28. မြန်မာဝတ္ထုတို ၁၀၀
29. Theravada exegetical literature,Atthakatha and Tika
30. အကြိုက်ဆုံးဝတ္ထုတိုများ
31. အမ္ဗပါလီ(ပါရဂူ)
32. ပိတောက်မြေဆောင်းပါးပေါင်းချုပ်
33. ပန်းမြိုင်လယ်က ဥယျာဉ်မှူး
34. စိမ်းနေအုံးမည့် ကျွန်တော့်မြေ
35. စစ်တက္ကသိုလ်ရွှေရတုမဂ္ဂဇင်း
36. အဘိဓမ္မာသင်ကြားပို့ချချက်-2- ဦးသီလာနန္ဒ
37. အဘိဓမ္မာသင်ကြားပို့ချချက်-၃- ဦးသီလာနန္ဒ
38. အဘိဓမ္မာသင်ကြားပို့ချချက်-၄- ဦးသီလာနန္ဒ
39. အဘိဓမ္မာသင်ကြားပို့ချချက်-5- ဦးသီလာနန္ဒ
40. 2009 ပညာသင်နှစ်တွင်၊ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်မှ Master of Arts=မဟာဝိဇ္ဇာဘွဲ့ ခံယူကြမည့်မြန်မာသံဃာတော်များ ဘွဲ့ယူအခန်းအနား
41-မဟာဂီတ(လူထုဒေါ်အမာ)
ကုမုဒြာကြာ
srilanka national logo
Srilanka Map
သီရိလင်္ကာနိုင်ငံတော်အလံ
1972
ကလျာဏီမြစ်(သီရိလင်္ကာနိုင်ငံ)
(15.8.2010) အမှတ်တရ၊၊