ထေရ၀ါဒဗုဒ္ဓဘာသာသည် မန္တာန်၊ ယတြာနှင့် ဗေဒင်စသည်များကို လက်မခံသောဘာသာတစ်ခုအဖြစ် အများတကာ သိမှတ်ထားကြပါသည်၊၊
ထိုသို့သိမှတ်ထားခြင်းမှာ
ဟိန္ဒူဝါဒမှလာသည့် ရှေးဟောင်းအတတ်ပညာများနှင့် ဆက်သွယ်မှုရှိနေသည့် မန္တာန်၊ ယတြာနှင့်
ဗေဒင်စသည်များနှင့် ထေရ၀ါဒဗုဒ္ဓဘာသာမှအသိအမှတ်ပြုသည့်မန္တာန်စ သည်များကို ရောထွေးအမှတ်မှားနေခြင်းသာ
ဖြစ်ပါသည်၊၊ 
ထေရ၀ါဒဗုဒ္ဓဘာသာမှ အသိအမှတ်ပြုလက်ခံသည့်
မန္တာဟူ၍ရှိကြောင်းကို ဗုဒ္ဓဘာသာဝင်တို့ ဗဟုသု တဖြစ်ရန်နှင့်၊ လိုက်နာကျင့်သုံးပြီးအကျိုးများစွာရရှိစေရန်ရည်သန်လျက်ယ္ခုစာတမ်းကို
မလေးရှားနိုင် ငံသို့လေ့လာရေးခရီး ရောက်ရှိနေစဉ်အတွင်း ရေးသားတင်ပြလိုက်ရပါသည်၊၊
ရှေးခေတ်အိန္ဒိယနိုင်ငံတော်ကြီးအတွင်းတွင်“မစလရွာ”ဟူ၍ ရှိပါသည်၊၊ မစလရွာသား“ကိုမာဃ”သည် ပရဟိတစိတ်အားကြီးသူ ဖြစ်ပါသည်၊၊
နေ့စဉ်နေ့တိုင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင် ခြင်းနှင့်အတူ၊ ရပ်ရွာအကျိုးများဖြစ်သည့်---
(၁)
ရေတွင်းရေကန်တူးဖော်ခြင်း၊
(၂)
လမ်းဖောက်ခြင်း၊
(၃)
ဇရပ်ဆောက်ခြင်း၊
(၄)
သစ်ပင်စိုက်ခြင်း၊
(၅)
အစားအသောက်ပေးလှူခြင်း၊
(၆)
အ၀တ်အထည်ပေးလှူခြင်း၊
(၇)
ခရီးရိက္ခာပေးလှူခြင်း(ငွေစသည်)၊
(၈)
ဆေးလှူခြင်း၊
(၉)
ဆီမီးလှူခြင်း၊ 
စသည့် ပရဟိတလုပ်ငန်းများကို
တစ်ဦးတည်းစွမ်းနိုင်သမျှ ကြိုးစားလုပ်ဆောင်ခဲ့ပါသည်၊၊ 
ကိုမာဃ၏ ပရဟိတလုပ်ငန်းစဉ်များကို
သဘောကျနှစ်သက်ကြသဖြင့် မစလရွာနှင့်အနီးအပါးရွာမြို့များမှ လူကြီး လူငယ်(၃၂)ဦးတို့သည်
ကိုမာဃ၏ပရဟိတအဖွဲ့ကြီးအတွင်းသို့ အဖွဲ့သားများအဖြစ်ပါဝင်လာခဲ့ကြပါ သည်၊၊
ပရဟိတအဖွဲ့ကြီး၏ ဦးဆောင်ဖြစ်လာသော
ကိုမာဃသည်ရပ်ရွာအကျိုးများကို ယခင်ထက်ပိုမိုလုပ် ဆောင်ကြသည့်အပြင် အဖွဲ့သားများကိုငါးပါးသီလဖြစ်သည့်---
(၁)
သူတပါးအသက်သက်ခြင်းမှ ရှောင်ကျဉ်ရန်၊
(၂)
သူတပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကျဉ်ရန်၊
(၃)
သူတပါး၏သားသ္မီးများကို ဖြက်ဆီးခြင်းမှရှောင်ကျဉ်ရန်၊
(၄)
မုသားမပြောဆိုရန်၊
(၅)
မူးယစ်သေစာ မသောက်သုံးရန်၊ တို့ကိုအမြဲတမ်းအဖွဲ့ကြီး၏စည်းကမ်းများအဖြစ်
ချမှတ်ဆုံးမခဲ့ပါသည်၊၊
ထို့အပြင် အဖွဲ့ဝင်များအား
ဗြဟ္မ၀ိဟာရတရားလေးမျိုးဖြစ်သည့်---
(၁) မေတ္တာဖြင့်နေခြင်း၊
(၂) ကရုဏာဖြင့်နေခြင်း၊
(၃) မုဒိတာဖြင့်နေခြင်း၊
(၅) ဥပေက္ခာဖြင့်နေခြင်းဟူသည့်
မြင့်မြတ်အထက်တန်းကျသည့် “ဘ၀နေနည်းလေးမျိုး”ဖြင့်
နေထိုင်အသက်မွေးဝမ်းကျောင်းပြုကြရန် တိုက်တွန်းလေ့ရှိပါသည်၊၊
ငါးပါးသီလစောင့်ထိမ်းကြရန်နှင့်၊
မြင့်မြတ်အထက်တန်းကျသည့် ဘ၀နေနည်းလေးမျိုးဖြင့်နေထိုင်အသက်မွေးဝမ်းကျောင်းပြုကြရန်
ကိုမာဃနှင့်သူ၏အဖွဲ့သားများသည် ရွာအများနှင့်မြို့အများသို့ ဟောပြောပွဲကြီးများပြု
လုပ်၍ ပြည်သူပြည်သားတို့အား ဟောပြောသင်ပြကြပါသည်၊၊ ယနေ့ခေတ် စာပေဟောပြောပွဲများကဲ့သို့ပင်
ဖြစ်ပါသည်၊၊
မစလရွာမှ “ကျေးရွာဥက္ကဌ”သည် ကိုမာဃအဖွဲ့ကြီးတည်ထောင်သည်မှစတင်ပြီး၊
ကျေးရွာသူ ကျေးရွာသားတို့ သည် ဘ၀အသက်မွေးဝမ်းကျောင်းကို မှန်မှန်ကန်ကန်သာပြုလုပ်ကြတော့သဖြင့်
လာဘ်ငွေများမရရှိတော့ သည့်အတွက် ကိုမာဃနှင့်အဖွဲ့ကို မမှန်သည့်သတင်းဆိုးများဖြင့် ရှင်ဘုရင်သို့တိုင်တန်းလိုက်ပါသည်၊၊
တိုင်းပြည်ဘုရင်ကြီးသည်
စနစ်တကျစုံစမ်းစစ်ဆေးမှုကို မပြုလုပ်ဘဲ၊ “ကိုမာဃနှင့်အဖွဲ့ကိုဆင်များဖြင့်
နင်းသတ်စေ”အမိန့်ကို ချမှတ်လိုက်ပါတော့သည်၊၊
ကိုမာဃနှင့်သူ၏အဖွဲ့သား
(၃၂)ယောက်တို့အား ဆင်များဖြင့်နင်းသတ်သည့် အခန်းအနားသို့ဘုရင်ကိုယ်တိုင် တက်ရောက် ကြည့်ရှုခဲ့ပါသည်၊၊
ကိုမာဃသည် သူ၏အဖွဲ့သားများကို “ငါးပါးသီလကိုဆင်ခြင်သုံးသပ်လျက်နေ
ကြရန်နှင့်၊ ဆင်များအပေါ်တွင် မေတ္တာဘာဝနာကိုပွားများလျက်နေကြရန်” ဆုံးမထားပါသည်၊၊
ဆင်ကြမ်းကြီးများသည်
ကိုမာဃတို့အားနင်းသတ်ရန် ပြေးလာကြပြီး၊ အနီးအနားသို့ရောက်သောအခါ အော် ဟစ်လျက် ဝေးရာအရပ်သို့သာပြေးထွက်သွားကြပါသည်၊၊
ကိုမာဃတို့အထံတွင် ဆင်ကိုပြေးစေတတ်သည့် ဆေးဝါးများရှိမည်ထင်သဖြင့် စစ်ဆေးကြသော်လည်းဆေးဝါးတစ်စုံတရာကို
မတွေ့ရချေ၊၊
အကြိမ်များစွာဆင်ဖြင့် နင်းသတ်ရန်အားထုတ်သော်လည်း
စနစ်တကျသင်ပြထားသည့် ဆင်များ သည်လမ်းလွဲသို့သာ ပြေးထွက်သွားကြသည်ကိုတွေ့ရသောအခါ ရှင်ဘုရင်ကြီးသည်
ကိုမာဃအား ကိုယ်တိုင် “သင်တို့အထံတွင် ဆင်ကိုပြေးစေတတ်သည့်
မန္တာန်တစ်မျိုးမျိုးရှိသလား”ဟု မေးလိုက်ပါ သည်၊၊
ကိုမာဃသည် အန္တရာယ်မျိုးစုံကိုကာကွယ်ပေးတတ်ပြီး၊
အကျိုးအားလုံးကိုပြီးစေတတ်သည့် မန္တာန်ရှိ ပါကြောင်း သံတော်ဦးတင်လိုက်လေသည်၊၊ ရှင်ဘုရင်ကြီးမှရှင်းပြခိုင်းသဖြင့်
 
“ငါးပါးသီလနှင့်၊ မြင့်မြတ် သည့် ဘ၀နေနည်းလေးမျိုးတို့သည် အန္တရာယ်အမျိုးမျိုးမှကာကွယ်ပေးတတ်ပြီး၊ အကျိုးအားလုံးကိုရစေတတ်သည့် မန္တာန်ဖြစ်ပါကြောင်း”
လျောက်ထားလိုက်လေသည်၊၊
“ငါးပါးသီလနှင့်၊ မြင့်မြတ် သည့် ဘ၀နေနည်းလေးမျိုးတို့သည် အန္တရာယ်အမျိုးမျိုးမှကာကွယ်ပေးတတ်ပြီး၊ အကျိုးအားလုံးကိုရစေတတ်သည့် မန္တာန်ဖြစ်ပါကြောင်း”
လျောက်ထားလိုက်လေသည်၊၊
ရှင်ဘုရင်ကြီးသည် မှားယွင်း၍အမိန့်ပေးမှားခဲ့သည်ကို
ဝန်ချတောင်းပန်ပြီး၊ မမှန်သည်ကိုလျောက် တင်ခဲ့သည့် ကျေးရွာဥက္ကဌအားကိုမာဃတို့၏အဖွဲ့တွင်
လက်တိုလက်တောင်းခိုင်းရန် အစေခံကျွန်အဖြစ် အပြစ်ဒဏ်ပေးလိုက်ပါသည်၊၊
တင်ပြဆွေးနွေးခဲ့သည့် ဇာတ်လမ်းကိုသုံးသပ်ကြည့်လျင်
ထေရ၀ါဒဗုဒ္ဓဘာသာသည် မန္တာန်ကိုငြင်း ပယ်သည့် ဘာသာမဟုတ်ဘဲ၊ အမှန်တကယ် အန္တရာယ်မှကာကွယ်ပေးပြီး၊
အကျိုးကျေးဇူးကိုဖြစ်စေ တတ်သည့်မန္တာန်များကိုမူ လက်ခံသည့်ပွင့်လင်းမြင်သာသော လက်တွေ့ကြသည့်ဘာသာတစ်ခုဖြစ်ကြောင်း တွေ့ရပါသည်၊၊
ကိုမာဃဦးဆောင်သည့် ပရဟိတအဖွဲ့ကြီးတွင်
အမျိုးသား၊ အမျိုးသ္မီးများစွာပင်ပါဝင်လာကြပြီး ကျေး ရွာမြို့နယ်နှင့် နိုင်ငံတော်အကျိုးများကို
စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့ကြပြီး၊ အသက်ထက်ဆုံးနေပြီး၊ ဘ၀ ကူးသောအခါ “တာဝတိံသာနတ်ပြည်”တွင်
ကိုမာဃသည်သိကြားမင်းအဖြစ်ကိုရရှိပြီး၊ သူ၏အဖွဲ့သူအ ဖွဲ့သားများအားလုံးသည် တာဝတိံသာနတ်ပြည်တွင်အဆင့်ကိုယ်စီဖြင့်
နတ်သား၊နတ်သမီးဘ၀များကို ရရှိခဲ့ကြကြောင်း ပါဠိစာပေမှတ်တမ်းတွင် လေ့လာရပါသည်၊၊
အထက်တန်းကြလှသည့် တာဝတိံသာနတ်ပြည်တွင်သိကြားမင်းကြီးအဖြစ်
ရာထူးကြီးကိုရရှိရန် ကိုမာဃသည် လူ့ဘ၀တွင်ကျင့်စဉ်(၇)မျိုးကိုကျင့်သုံးခဲ့ရကြောင်း လေ့လာတွေ့ရှိရပါသည်၊၊
(၁)
မိဘကို လုပ်ကျွေးခြင်း၊
(၂)
ကြီးသူကို ရိုသေခြင်း၊
(၃)
ချိုသာစွာ ပြောဆိုခြင်း၊
(၄)
ကုန်းတိုက်စကား မဆိုခြင်း၊
(၅)
ဝန်တိုမှုမရှိခြင်း၊
(၆)
ရက်ရောစွာ ပေးကမ်းလှူဒါန်းခြင်း၊
(၇)
အမျက်မထွက်ခြင်း၊ အမှန်ကိုပြောဆိုခြင်း၊၊
အထက်တွင်ဖော်ပြထားသည်မှာ
အထက်တန်းကြသည့်ဘ၀အဆင့်များသို့ ရောက်စေနိုင်သည့် ဗုဒ္ဓ ဘာသာကိုယ်ကျင့်တရား
ခုနှစ်မျိုးဖြစ်ပါသည်၊၊ “သိကြားမင်းကျင့်စဉ်”ခုနှစ်မျိုးဟုလည်း
ခေါ်ဝေါ်သ မုတ်ကြပါသည်၊၊
“အလင်းစက်”စာဖတ်သူများ
မင်္ဂလာရှိသည့်နှစ်ကူးအခါတွင် ဘ၀အတွက်အဖိုးတန်သည့် ဘ၀နေနည်း မန္တာန်များကို လေ့လာမှတ်ယူပြီးကျင့်သုံးကြသဖြင့်
ဘ၀အောင်မြင်မှုပန်းတိုင်များသို့ ရောက်ရှိကြပါစေကြောင်း “အလင်းစက်အရှင်” 2013-ခု၏နှစ်ကူးမင်္ဂလာအဖြစ် ဆုတောင်းပေးလိုက်ရပါသည်၊၊         ၊၊
                                                                                  အရှင်ကေ၀လ(အလင်းစက်)
                                                                     
           {B.A-Eng, M.A-Phil-Sri Lanka}
                                                            
        မကုဋာရာမမြန်မာကျောင်းတိုက်၊
                                                      ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(31/12/2012)၊၊
(မှတ်ချက်/ မဃ၀တ္ထု၊ ဓမ္မပဒအဌကထာ-၁၊၊ ကုလာဝကဇာတ်၊ ဇာတကပါဠိတော်တို့ကို ကိုးကား၍ ဤစာတမ်းကို ရေးသားအပ်ပါသည်၊၊)
(မှတ်ချက်/ မဃ၀တ္ထု၊ ဓမ္မပဒအဌကထာ-၁၊၊ ကုလာဝကဇာတ်၊ ဇာတကပါဠိတော်တို့ကို ကိုးကား၍ ဤစာတမ်းကို ရေးသားအပ်ပါသည်၊၊)
