မင်္ဂလာအပေါင်းနှင့်ပြီးပြည့်စုံကြပါစေကြောင်း "အလင်းစက်အရှင်"မှ ဆုမွန်ချွေလျက် "လူ"စာတမ်းကို စာဖတ်သူသို့ ဆွေးနွေးတင်ပြလိုက်ရပါသည်၊၊
လူအဆင့်အတန်း၊
လူဘ၀အောင်မြင်မှု၊
"လူ"ဟုခေါ်တွင်ရခြင်း၏အကြောင်းများစွာကို
ဘာသာအမျိုးမျိုးတို့မှ အဓိပ္ပါယ်အသီးသီးဖွင့်ဆိုကြပါသည်၊၊
မြတ်စွာဘုရားရှင်လက်ထက်တော်မှ ယနေ့တိုင်အတက်အကျများစွာကိုဖြတ်ကျော်ရင်း ရှေးဟောင်း ဘာသာစကား(Old Language)တစ်ခုအဖြစ် ရှင်သန်နေသည့်ပါဠိဘာသာစကားနှင့်စာပေတွင်လူကို “မနုဿ”ဟု ဝေါဟာရနာမ်အဖြစ်အသုံးပြုထားသည်ကို လေ့လာရပါသည်၊၊
မြတ်စွာဘုရားရှင်လက်ထက်တော်မှ ယနေ့တိုင်အတက်အကျများစွာကိုဖြတ်ကျော်ရင်း ရှေးဟောင်း ဘာသာစကား(Old Language)တစ်ခုအဖြစ် ရှင်သန်နေသည့်ပါဠိဘာသာစကားနှင့်စာပေတွင်လူကို “မနုဿ”ဟု ဝေါဟာရနာမ်အဖြစ်အသုံးပြုထားသည်ကို လေ့လာရပါသည်၊၊
စိတ်များသောကြောင့်
လူ၊
စိတ်ထက်မြက်သောကြောင့်
လူ၊
အကျိုးရှိ
အကျိုးမဲ့ကိုသိသောကြောင့် လူ၊
အမှားနှင့်အမှန်ကို
ခွဲခြားသိသောကြောင့် လူဟုခေါ်သည် စသည်ဖြင့်“လူ”ဟုခေါ်ဆိုရခြင်း၏ ပဓာနအကြောင်းများကို
ဗုဒ္ဓစာပေကျမ်းကြီးများတွင် ဖော်ပြထားပါသည်၊၊
ဖော်ပြထားသည့်လူဟုခေါ်ရခြင်း၏
အကြောင်းအားလုံးသည် သဘာဝယုတ္တိသဘောအရသင့်တော် လှပါသည်၊၊ စင်္ကြာဝဠာထဲတွင် သက်ရှိသတ္တ၀ါအမျိုးအစားပေါင်းမရေမတွက်နိုင်အောင်
အသက်ရှင် နေထိုင်ကြသည့်အထဲတွင် လူသည်စိတ်အများဆုံးသတ္တ၀ါမျိုးစေ့ ဖြစ်ပါသည်၊၊ အခြားသော
သတ္တ၀ါများသည် လူလောက်စိတ်များခြင်း အလိုများခြင်းမရှိကြောင်းကို သတ္တဗေဒပညာရှင်တို့
မှလေ့လာတွေ့ရှိပြီး သက်သေပြုထားကြပါသည်၊၊
လူသည်အခြားသတ္တ၀ါများထက် စိတ်ပိုင်းဆိုင်ရာအမြင့်မားဆုံးနှင့်
အထက်မြက်ဆုံးလည်းဖြစ်ကြောင်းကို လူမှအခြားသတ္တ၀ါကြီးများကို လိုသလိုပုံသွင်းစေခိုင်းနိုင်သည်ကို
ကြည့်ခြင်းအားဖြင့်လည်းကောင်း၊ ဘာသာတရားတိုင်းတွင် အမြင့်ဆုံးရာထူးဖြစ်သည့်“ဘုရား”အဖြစ်ကို လူသတ္တ၀ါမှပင်ဖြစ် သောကြောင့်လည်းကောင်း
ထင်ရှားလှပါသည်၊၊
လူသည် အကျိုးရှိ အကျိုးမဲ့ကိုခွဲခြားသိတတ်သော
ညာဏ်ပညာရှိခြင်းမှာလည်း အမှန်ပင်ဖြစ်ပါသည်၊၊ ဤစွမ်းရည်ကြောင့်ပင် လူတို့သည် စက်ပစ္စည်းမျိုးစုံကိုတီထွင်နိုင်ကြပြီး
အခြားသက်ရှိသတ္တ၀ါများထက် စီးစိမ်ကိုစံစားနိုင်ခြင်းနှင့် ဘေးအန္တရာယ်ကိုကာကွယ်နိုင်ခြင်း
ဖြစ်ပါသည်၊၊
လူသတ္တ၀ါသည် အမှားနှင့်အမှန်ကို
ဖေ၀န်ပိုင်းခြားနိုင်သောကြောင့် လူ၏အပြုအမူများသည် အခြားသက်ရှိသတ္တ၀ါများနှင့်နှိုင်းယှဉ်ကြည့်လျင်
အမှားအနည်းဆုံးလုပ်ငန်းများနှင့်၊ အကျိုးအဖြစ် ဆုံးလုပ်ငန်းများကို လုပ်နိုင်သူလည်းဖြစ်ပါသည်၊၊
လူသည်အမှားမကင်းသည့် သတ္တ၀ါဖြစ်သည့်တိုင် အခြားသတ္တ၀ါများနှင့်နှိုင်းယှဉ်ကြည့်လျင် အမှားနည်းပြီး၊
အကျိုးများများရရှိအောင် ပြုလုပ်စွမ်းသည့် အခြေအနေတွင် ရှိပါသည်၊၊
ဖော်ပြထားသည့် လူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များကို
နေ့လူဘ၀ဖြစ်တည်မှုများနှင့် နှိုင်းယှဉ်ကြည့်လျင် မည်သို့သောသူသည် စာပေတွင်လာသည့်လူနှင့်တူညီသည်၊
မတူညီသည်ကို လေ့လာရရှိနိုင် ပြီး၊ တစ်ချို့သောသူများသည် ဘုံဘ၀အားဖြင့်လူဘုံတွင် ပုံသန္တာသဘောအရဖြစ်ခွင့်ရသော်လည်း
လူစင်စစ်မမည်နိုင်ကြောင်း သုံးသပ်နိုင်ပါသည်၊၊
လူတို့သည်အခြင်းခြင်းဆက်ဆံကြရာ၌
အဆင့်အတန်းခွဲခြားခြင်းကို များစွာမုန်းတီးလေ့ရှိကြပါသည်၊၊ အမှန်စင်စစ် လူများအခြင်းခြင်းအကြားတွင်
အဆင့်အတန်းမတူညီသည်မှာ လက်တွေ့ဖြစ် သဘာဝတည်မှုဖြစ်၍ လက်ခံရမည်ပင်ဖြစ်ကြောင်း လေ့လာရပါသည်၊၊
အဆင့်အတန်းနိမ့်သူနှင့်
အဆင့်အတန်းမြင့်သူဟူ၍ခွဲခြားရာတွင် အတိုင်းတာ(၅)မျိုးခန့်ဖြင့်ခွဲခြား ကြည့်နိုင်ပါသည်၊၊
(၁) ကိုယ်ကျင့်တရား၊
(၁) ကိုယ်ကျင့်တရား၊
(၂) စီးပွားရေး၊
(၃) ပေါင်းသင်းဆက်ဆံရေး၊
(၄) ပညာရေး၊
(၅) ရာထူး၊
အထက်တွင် ဆွေးနွေးတင်ပြထားသည့်
Dimension(၅)မျိုးသည် လက်ခံလိုသည်ဖြစ်စေ၊ လက် မခံလိုသည်ဖြစ်စေ လူအခြင်းခြင်းအကြားတွင်
အဆင့်အတန်းမတူခြင်းကို ဖြစ်ပေါ်စေသည့်အ ကြောင်းရင်းများဖြစ်သည့်အတွက် မဖြစ်မနေလက်ခံရမည့်
“စံ”များဖြစ်ပါသည်၊၊
ဖော်ပြပါအဆင့်အတန်းများကွာခြားသည့်အလျောက် လူ့အသိုင်းအ၀ိုင်းတွင် နေရာအသာစီးရမှု၊ ဦးစားပေးခံယူရရှိမှုနှင့်
လူရာဝင်မှုတို့ကွာခြားကြခြင်း ဖြစ်ပါသည်၊၊
အချို့လူတို့သည် မိမိအားဦးစားပေး
မခံရခြင်း၊ နေရာမရခြင်းနှင့်၊ တစ်ပါးသူများမှာမူ ဦးစားပေးခံရခြင်း၊ ပွဲလယ်တွင်နေရာရရှိခြင်းများကို
တွေ့ရသည့်အခါစိတ်ဆိုး စိတ်ကောက်ခြင်း၊ မကျေနပ်ခြင်း၊ အငြိုးအတေးထားခြင့်စသော မရင့်ကျက်အမူအရာများကို
ပြလေ့ရှိပါသည်၊၊ မိမိနှင့်အခြားသူတွင် မည်သည့်အရာများကွာခြားနေသည်ကိုမူ သတိပြုဆင်ခြင်သုံးသပ်သူ
နည်းပါးလှပါသည်၊၊
လူလူခြင်းအဆန်းအတန်းကွာခြင်း၏
အကြောင်းရင်း(၅)မျိုးကို ယ္ခုစာတမ်းတွင်ယေဘုယျသ ဘောအရသာ ဖော်ပြဆွေးနွေးခြင်းဖြစ်ပါသည်၊၊
“နေရာနှင့်အခြေအနေအလျောက် ကိုယ်ကျင့်တရား ပျက်ပြားသူဖြစ်ပါလျက်
ဦးစားပေးခံရခြင်းနှင့် နေရာအသာစီးရနေခြင်းများလည်း ရံခါများစွာတွင် ဖြစ်နိုင်ပါသေးသည်၊၊”
မည်သို့ဆိုစေလူဘ၀တွင်
အဆင့်အတန်းမြင့်မားသူဖြစ်ပြီး၊ အများ၏နေရာပေးမှု၊ လေးစားမှုနှင့် လူရာဝင်သူအဆင့်ရှိသူတစ်ယောက်ဖြစ်ရန်အတွက်
“ကိုယ်ကျင့်တရား၊ စီးပွားရေး၊ ပေါင်းသင်းဆက်
ဆံရေး၊ ပညာရေးနှင့်ရာထူးတို့ တိုးတက်သည်ထက်တိုးတက်ကြီးပွားအောင်ကြိုးစားရန်”မှာလူသား
တာဝန်တစ်ရပ် ဖြစ်ပါသည်၊၊
ကြိုးစားခွင့်မရရှိခြင်း၊
အခြေအနေမပေးခြင်းနှင့် ကြိုးစားချင်စိတ်မရှိခြင်းတို့ကြောင့် လူ့အဆင့်မရှိလျင်မူ ဧကန်မုချမည်သည့်နေရာတွင်မဆို
အဆင့်အတန်းခွဲခြားခံရခြင်းကို ကျေကျေနပ်နပ်လက်ခံရန်ပင် ရှိပါတော့သည်၊ မည်သူ့ကိုမှ
အပြစ်ဆိုရန်မဖြစ်နိုင်ပါပေ၊၊
လူအဆင့်အတန်းမြင့်မားမှုနှင့်
လူ့ဘ၀အောင်မြင်မှုတို့သည် အတူတကွတည်ရှိနေသည့်ရ လာဘ်များ ဖြစ်ပါသည်၊၊ သို့သော် ပန်းတိုင်အထိအောင်မြင်မှုတွင်
အေးငြိမ်းမှုနှင့်ဘေးအန္တရာယ် ကင်းရှင်းမှုတို့ပါဝင်နေပြီး၊ သာမန်လူ့အဆင့်အတန်းတစ်ခုချင်းဆီအောင်မြင်မှုတွင်မူ
အတိုင်းအတာ တစ်ခုမျှအဆင့်ရရှိခြင်းသာဖြစ်ပြီး၊ အဆုံးစွန်ဘ၀အောင်မြင်မှုဟု မဆိုသာပါချေ၊၊
ဘ၀တစ်ခုတွင် “အောင်မြင်မှု”ဟုဆိုရာတွင်လည်း တည်ရှိရာနယ်ပယ်အလိုက်
ကွာခြားနိုင်ပါသည်၊၊ ဥပမာ-သံဃာတစ်ပါးအတွက်အောင်မြင်မှုမှာ မဂ်ဖိုလ်တရားဓမ္မဖြင့် အေးငြိမ်းစွာနေနိုင်
ခြင်းဖြစ်ပြီး၊ လူသာမန်တစ်ဦးအတွက်အောင်မြင်မှုဟူသည်မှာ မိမိတွင်ကြိုးစားရရှိထားသည့်
ကိုယ်ကျင့်တရား၊ စီးပွား၊ ပညာတို့ဖြင့် ဘ၀တွင်မကြောင့်မကျ အထက်တန်းကျကျဖြင့် ဘ၀ကိုပျော်ရွှင်စွာ
အဆုံးသတ်နိုင်ရေး ဖြစ်ပါသည်၊၊
အနှစ်ချုပ်အားဖြင့်
ဆွေးနွေးတင်ပြခဲ့ပြီးသည်များကို သုံးသပ်ကြည့်လျင် လူပီသသူဖြစ်ရေး၊ လူ့အ ဆင့်မြင့်မားရန်
စံ(၅)မျိုးကိုကြိုးစားရန်နှင့်၊ လူဘုံဘ၀၏အောင်မြင်မှုကို ရရှိရန်မဆုတ်နစ်သောလုံ့လဖြင့်
ရယူရန်တို့ဖြစ်ပါသည်၊၊
“အလင်းစက်”စာဖတ်သူများ မိမိတို့၏အခြေချရာနယ်ပယ်အသီးသီးတွင်
လူပီသသူများ၊ လူရာ ၀င်အဆင့်ရှိသူများဖြစ်ကြပြီး၊ လူ့ဘ၀ပန်းတိုင်ကိုကိုယ်တိုင်ကြိုးစားပိုင်ဆိုင်ကြပါစေကြောင်းဆန္ဒပြု လျက်စာတမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊ ၊၊
အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Phil-Sri Lanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ (16/10/2013)