ဗုဒ္ဓဘာသာတွင် ကိုယ်ကျင့်တရား (၅)မျိုး ရှိပါသည်၊ “ကာမေသုမိစ္ဆာစာရ”သည်(၃)ခုမြောက်ကိုယ်- ကျင့်တရား ဖြစ်ပါသည်၊၊
“ကာမဂုဏ်တို့၌
မှားယွင်းသောအကျင့်”ကို ကာမေသုမိစ္ဆာစာရဟု ခေါ်ပါသည်၊၊ ပါဠိဝေါဟာရ“ကာမေ သုမိစ္ဆာစာရ”ကို (ကာမေသု+မိစ္ဆာစာရ၊ ကာမဂုဏ်တို့၌+မှားယွင်းသောအကျင့်)ဟုနှစ်ပုဒ်ခွဲပြီး၊
မြန်မာပြန်ရပါသည်၊၊
ပါဠိစာပေတွင် “ကာမဂုဏ်(၅)မျိုး”ရှိပါသည်၊၊
(1) အဆင်းကာမဂုဏ်၊
(2) အသံကာမဂုဏ်၊
(3) အနံ့ကာမဂုဏ်၊
(4) အရသာကာမဂုဏ်၊
(5)
အတွေ့ကာမဂုဏ်၊
တို့ဖြစ်ကြပါသည်၊၊
ပါဠိစာပေဝေါဟာရ “ကာမေသုမိစ္ဆာစာရ”ကို
‘ကာမဂုဏ်တို့၌ မှားယွင်းသောအကျင့်’ဟု ဘာသာပြန်ရ
သောကြောင့် လူအများစုသည် “ကာမဂုဏ်(၅)မျိုးတို့၌
မှားယွင်းစွာကျင့်သုံးမှု”ကို ကာမေသုမိစ္ဆာစာရ- ဖြစ်သည်ဟု ထင်နေကြပါသည်၊၊
မဟုတ်ပါ၊၊ ကာမဂုဏ်(၅)မျိုးကို ဖော်ညွှန်းသည့်ပါဠိဝေါဟာရ
“ပဉ္စကာမဂုဏ”ပုဒ်သည် ကာမဂုဏ်၏အ- ရည်အသွေး(၅)မျိုးရှိသည်(Qualities
of five sensual pleasures)ဟု ဆိုလိုရင်းဖြစ်ပါသည်၊၊ “ကာမ- ဂုဏ်တို့၌ မှားယွင်းသောအကျင့်”ဟူသည်မှာ ကာမဂုဏ်(၅)မျိုးတို့၌ မှားယွင်းသောအကျင့်ကို
မဆိုလိုပါ၊၊
သို့သော် ပါဠိဝေါဟာရတွင် “ကာမေသု”ဟု အများကိန်း(ဗဟုဝုစ်)ဖြင့်ဆိုထားခြင်းမှာ ကာမဂုဏ်(၅)မျိုး ရှိခြင်းကြောင့်
ဆိုထားခြင်းမျိုးမဟုတ်ဘဲ၊ အမျိုးသားတို့အနေဖြင့် မသင့်သောနည်းဖြင့် မသွားလာသင့် သောအမျိုးသ္မီးပေါင်း(၂၀)မျှရှိသောကြောင့်
ဖြစ်ပါသည်၊၊
(မှတ်ချက်/ အမျိုးသ္မီး(၂၀)ကို “အလင်းစက်အရှင်” ရေးသားခဲ့ပြီးသည့် “သန္ဓေဖျက်ချခြင်းနှင့်၊
ဗုဒ္ဓဘာ- သာအမြင်” ဆောင်းပါးတွင် လေ့လာနိုင်ပါသည်၊၊)
“ဓမ္မပဒကျမ်း”တွင်
“ကိုယ်ကျင့်တရား(၅)မျိုးကို မစောင့်ထိမ်းဘဲ၊
ကျူးလွန်သူများသည် မိမိအမြစ်ကို ကိုယ်တိုင်တူးဖြိုသူများဖြစ်သည်”ဟု ဖော်ပြထားပြီး၊
ကိုယ်ကျင့်တရား(၅)မျိုးကို တစ်ခုချင်းဖော်ပြထား ပါသည်၊၊
ကိုယ်ကျင့်တရား(၅)မျိုးကိုဖော်ပြရာတွင် ကိုယ်ကျင့်တရား(၄)မျိုးကိုဖော်ပြရာ၌
အခြားသောကျမ်းကြီး- များတွင် ဖော်ပြထားသည်နှင့်တူညီသော်လည်း၊ “ကာမေသုမိစ္ဆာစာရ”ကိုဖော်ပြရာတွင်မူ အခြားကျမ်း- ကြီးများတွင်ဖော်ပြထားသည့်နှင့်မတူဘဲ
“ပရဒါရ”ဟု ဖော်ပြထားပါသည်၊၊
“ပရဒါရ”ဟူသည်မှာ
“အခြားသူပိုင်ဆိုင်သည့် အမျိုးသ္မီး”ဟု
အဓိပ္ပါယ်ရပါသည်၊၊ သီရိလင်္ကာနိုင်ငံအပါ အ၀င်အနောက်တိုင်းမှ ပါဠိစာပေပညာရှင်များသည် “ဓမ္မပဒကျမ်း”တွင်ဖော်ပြထားသည့် ငါးပါးသီလသည် အခြားကျမ်းကြီးများတွင်ဖော်ပြထားသည့် ငါးပါးသီလ=ကိုယ်ကျင့်တရား(၅)မျိုး၏အဖွင့်ဟု
ယူ- ဆကြပါသည်၊၊
“ဓမ္မပဒကျမ်း”တွင်
ကိုယ်ကျင့်တရား(၅)မျိုးထဲမှ (၃)ခုမြောက်ကိုယ်ကျင့်တရားကို “သူတပါးပိုင်ဆိုင် ထားပြီးသည့် အမျိုးသ္မီး”ဟု ဖော်ပြထားသောကြောင့်၊ “ကာမေသုမိစ္ဆာစာရ=ကာမဂုဏ်တို့၌ မှားယွင်း သောအကျင့်”ဟူသည်မှာ
တပါးသူပိုင်ဆိုင်ထားပြီးသည့်အမျိုးသ္မီးများကို မကျူးကျော်ရ၊ ကျူးကျော်မိ- လျင် ကိုယ်ကျင့်တရားမရှိသူ၊
မိမိအမြစ်ကို ကိုယ်တိုင်တူးဖြိုသူဟု ခေါ်ရပါသည်၊၊
“အမြစ်မရှိတော့သည့်
သစ်ပင်သည်မရှင်သန်နိုင်သကဲ့သို့ ကိုယ်ကျင့်တရားမရှိသည့် လူသည်လည်း သစ်တုံးကဲ့သို့ ဘ၀ဆွေးမြေ့ရပါတော့သည်၊၊”
သံသရာတွင် ကျင်လည်ရာတွင်လည်း “ယောကျာင်္းမပီ၊
မိန်းမအမျိုးအစားလည်းမကျ” ဘ၀“ပန်း”မလှ ဖြစ်ရတတ်ပါသည်၊၊
တက္ကသိုလ်တွင် ပါမောက္ခကြီး Oliver Abenayake-မှ Buddhist Ethics=ဗုဒ္ဓဘာသာကိုယ်ကျင့် တရားအကြောင်း
Lectures-များတွင် ကာမေသုမိစ္ဆာစာရကို သင်ကြားပို့ချရာတွင် စိတ်ဝင်စားဖွယ်ရာ အချက်များကို
များစွာတွေ့ရပါသည်၊၊
အမျိုးသ္မီးနှင့်အမျိုးသားတို့ အိမ်ယာတည်ထောင်၍ “သွားလာခြင်းအမှု”ကိုပြုကြရာတွင်ပင်
ရည်ရွယ် ချက်(၃)မျိုးဖြင့်ပြုလေ့ရှိသည်ဟု ပါဠိစာပေဝေါဟာရအထောက်အထားများဖြင့် ဆွေးနွေးသင်ပြနေပါ
သေးသည်၊၊
(1) မျိုးဆက်သစ်ထွန်းကားလာစေရန်၊
(2) ပျော်ရွှင်မှုရရန်၊
(3) နိုင်ငံတော်လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊
ပါမောက္ခကြီးသည် လောကီကိစ္စဖြစ်သည့်အရေးအရာတွင်ပင် အကောင်းဘက်မှတွေးခေါ်ယူဆပြနေ-
သည်မှာ အခြားရည်ရွယ်ချက်ကြောင့်မဟုတ်ဘဲ၊ မည်သည့်နေရာတွင်မဆို အကောင်းနှင့်အကျိုးကျေး-
ဇူးကိုရည်ရွှယ်၍ပြုကြရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းကို သုံးသပ်မိပါသည်၊၊
“ကာမေသုမိစ္ဆာစာရ”မသင့်တော်သည့်အမျိုးသ္မီးတွင်
ပျော်ရွှင်မှုကိုရယူမှုတွင် အခြေအနေ(၄)မျိုးပြည့်စုံ မှ“ကံ”မြောက်သည်ဟု ဆိုင်ရာကျမ်းများတွင်ဖော်ပြထားပါသည်၊၊ ဖော်ပြပါအင်္ဂါ(၄)ချက်
မပြည့်စုံပါက ကံမမြောက်ဟု မှတ်သားနိုင်ပါသည်၊၊
(1) မသွားလာထိုက်သော အမျိုးသ္မီးဖြစ်ခြင်း၊
(2) ပေါင်းသင်းဆက်ဆံလိုစိတ်ရှိခြင်း၊
(3) လုံ့လပြုခြင်း၊
(4) သာယာခြင်း၊
(မှတ်ချက်/ မသွားလာသင့်သောအမျိုးသ္မီး(၂၀)ကို “အလင်းစက်အရှင်”ရေးသားခဲ့ပြီးသည့်“သန္ဓေဖျက်- ချခြင်းနှင့်၊ ဗုဒ္ဓဘာသာအမြင်” ဆောင်းပါးတွင် လေ့လာနိုင်ပါသည်၊၊)
ယနေ့ခေတ်သည် ငွေရှိလျင်မည်သည့်အရာကိုမဆို အလွယ်တကူရနိုင်ပြီး၊
ကာမေသုမိစ္ဆာစာရကံကို အလွယ်တကူပင် ကျူးလွန်ရင်အခွင့်ကောင်းသောခေတ် ဖြစ်ပါသည်၊၊
နှစ်ကိုယ်တူချစ်သည့် ရည်းစား ချင်းဖြစ်ပါစေ၊ မင်္ဂလာဆောင်၍မပြီးခင်
မိဘအုပ်ထိမ်းမှုအောက်တွင် တည်ရှိနေသေးသောကြောင့် အပျော်လွန်ကျူးမိလျင် ကာမေသုမိစ္ဆာစာရကံထိုက်ကြောင်း
သတိပြု- ဆင်ခြင်သင့်လှပါသည်၊၊(သတိ/ ချစ်သူကလိုက်လျောတတ်ပေမဲ့ အကုသိုလ်ကံက မလိုက်လျော
တတ်ပေ၊၊)
ထို့အပြင် ယနေ့ခေတ်တွင် ငွေဖြင့်ဆက်ဆံ၍ရသည့် နေရာများစွာပင်ရှိပါသည်၊၊
သို့သော် ထိုလုပ်ငန်း ကိုဘ၀၀မ်းစာသဘောအရ လုပ်နေကြရရှာသည့်အမျိုးသ္မီးများသည့် မသွားလာသင့်သောအမျိုးသ္မီး-
(၂၀)စာရင်းတွင်ပါဝင်နေပါက ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသည်၊၊
ပြည်တန်ဆာလုပ်ငန်းကို အခြေအနေအမျိုးမျိုးကြောင့် လုပ်နေကြရသည့်အမျိုးသ္မီးတစ်ယောက်ကို
မသွားလာသင့်သောအမျိုးသ္မီး(၂၀)စာရင်းတွင် ပါ/မပါသိရန်မှာလည်း လွယ်ကူသည့်ကိစ္စမဟုတ်သောကြောင့် အမျိုးသားများအနေဖြင့် မိမိ၏စိတ်အာရုံကို လုပ်ငန်းနှင့်ဘာသာရေးတွင် လွဲပြောင်းယူသင့်ပါသည်၊၊
မသွားလာသင့်သောအမျိုးသ္မီး(၂၀)တွင် (၁)မှ(၈)အထိအမျိုးသ္မီးများကို
ဆက်ဆံမိလျင် ယောကျာင်္း လေးတွင်သာအပြစ်သင့်ပြီး၊ ကျန်အမျိုးသ္မီး(၁၂)မျိုးနှင့်အပျော်လွန်မိလျင်
နှစ်ဦးစလုံးတွင် ကာမေသု- မိစ္ဆာစာရကံ ထိုက်ပါသည်၊၊
ကာမေသုမိစ္ဆာစာရကံထိုက်လျင် ဖြစ်ရာဘ၀တိုင်းတွင် အဆင်းမလှခြင်း၊
လိင်အင်္ဂါမပီသခြင်း၊ လိင်အင်္ဂါ မဖွင့်ဖြိုးခြင်း၊ ကျား/မ-မပီမသဖြစ်တတ်ခြင်း၊ အတိုက်အခိုက်ရန်သူများခြင်းများအပြင်-
အပါယ်ငရဲသို့ ကျရခြင်း၊ တိရစ္ဆာန်ဘ၀တွင်ဖြစ်ရခြင်းနှင့်၊ ပြိတ္တာဖြစ်ရခြင်း-ဆိုးကျိုးများကို
ဧကန်မုချခံစားကြရပါမည်၊၊
(ကာမေသုမိစ္ဆာစာရော ဘိက္ခဝေ အာသေ၀ိတော ဘာဝိတော ဗဟုလီကတော၊
နိရယသံဝတ္တနိကော၊ တိရစ္ဆာနယောနိ သံဝတ္တနိကော၊
ပေတ္တိဝိသယ သံဝတ္တနိကော၊
ယော သဗ္ဗလဟုသော ကာမေသုမိစ္ဆာစာရဿ ၀ိပါကော၊
မနုဿဘူတဿ
သပတ္တဝေရ သံဝတ္တနိကော ဟောတိ၊၊ အံ၊ အဌကနိပါတပါဠိ၊)
မြန်မာနိုင်ငံတွင် အတော်အတန်ထင်ရှားသည့် “မိုးပြာဂိုဏ်းကဲ့သို့သောဂိုဏ်းများတွင် ကာမေသုမိစ္ဆာစာ-
ရဆိုတာ သူများမယားကြာခိုမှ မဟုတ်၊ ကာမဂုဏ်(၅)မျိုးလုံးမှာ ကာမေသုမိစ္ဆာစာရဖြစ်နိုင်တယ်”ဟု
ဖြန့်ချီနေသည့်စာများကိုဖတ်မိရာမှ “ကာမေသုမိစ္ဆာစာရ”အကြောင်းကိုရေးသားရခြင်း
ဖြစ်ပါသည်၊၊
“အလင်းစက်”စာမျက်တွင်
စာပေလေ့လာသူများ 2014-နှစ်သစ်တွင် ကံကောင်းခြင်းများစွာနှင့်အတူ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း
“အလင်းစက်အရှင်”မှ နှစ်ဦးမေတ္တာပို့သလျက်
စာတမ်းကိုအဆုံး သတ်လိုက်ရပါသည်၊၊
၊၊
(Reference/
ဓမ္မပဒ-၂၄၆၊ အံ-၈၊ Prof.Rajatha Pushpakumara’s “The Social Philosophy of
Buddhism, and the modern World” Lectures, Prof.Oliver Abenayake’s Buddhist
Ethics)
အရှင်ကေ၀လ(အလင်းစက်)
{B.A-English,
M.A-Phil-Sri Lanka}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊
သီရိလင်္ကာနိုင်ငံ၊၊
(19/01/2014)
0 comments:
Post a Comment