မြတ်စွာဘုရားရှင်သည် သတ္တ၀ါဝေနေယျများစွာတို့ကို
ဆုံးမရာတွင်သူမတူအောင် ကျွမ်းကျွင်တော်မူ သည့်အတွက် ဘုရားဂုဏ်တော်(၉)ပါးတွင် “အနုတ္တရောပုရိသဒမ္မသာရထိ”ဂုဏ်တော်မြတ်ဖြင့်
ချီးမွှန်း ထိုက်ပါသည်၊၊
မြတ်စွာဘုရားရှင်၏ သတ္တ၀ါဝေနေယျတို့ကို
ဆုံးမပုံနည်းလမ်းများကို “ကေသိသုတ်”တွင်
အကျယ်တ- ၀င့်ဖော်ပြထားသောကြောင့် “အလင်းစက်”စာဖတ်ပရိသတ်အများအတွက်
ဗဟုသုတဖြစ်စေရန် တင်ပြ လိုက်ရပါသည်၊၊
လူတစ်ယောက်၏ဘ၀တွင် ဆိုဆုံးမ၍လွယ်ကူသူဖြစ်ခြင်းသည်
အောင်မြင်မှု၏အဓိကအကြောင်းတစ် မျိုးဖြစ်သောကြောင့် “အလင်းစက်”စာမျက်နှာတွင် ယ္ခင်လကလည်းစာတမ်းတစ်ခုဖြင့် သီးခြားဖော်ပြ ဆွေးနွေးထားပြီး
ဖြစ်ပါသည်၊၊ မိမိ၏ဘ၀တွင် တိုးတက်အောင်မြင်လိုသူသည် ပြန်လည်လေ့လာ မှတ်သားပြီးကျင့်သုံးသင့်ကြောင်း
အကြံပြုရပါသည်၊၊
(25/09/2013-နေ့ကတင်ပြခဲ့ပြီးသည့်
“အောင်မြင်မှုကို မင်္ဂလာဖြင့် ရယူခြင်း”စာတမ်းကို ပြန်လည်လေ့ လာကြပါရန်-- http://www.ko-thitsar.blogspot.com/2013/09/blog-post.html)
မြတ်စွာဘုရားရှင်သည် “ပါဠိစာပေ”ဟုခေါ်သည့် ပိဋကတ်သုံးပုံတွင် သုတ်ပေါင်း(၄၀၀၀၀)ကျော်ဖြင့်
ကမ္ဘာလောကကြီးအတွင်း အသက်ရှင်နေထိုင်ကြသည့် သတ္တ၀ါများအားလုံးတို့အတွက် ဟောပြော သင်ပြလမ်းညွှန်တော်
မူခဲ့ပါသည်၊၊
ဗုဒ္ဓစာပေတွင် လူသိအများဆုံးသုတ်ဖြစ်သည့်
“မင်္ဂလသုတ်”တွင် မိမိထက်ပညာ ဂုဏ် အသက်ကြီး
သည့်သူများမှ အကြိုးအကြောင်းဖြင့်ပြောဆိုဆုံးမခြင်း၊ အကြံပြုခြင်းကို လွယ်လွယ်ကူကူနားထောင်
တတ်ခြင်း၊ လက်ခံကျင့်သုံးတတ်ခြင်းကို “သောဝစဿတာ
ဧတံမင်္ဂလမုတ္တမံ”ဟု မင်္ဂလာတစ်ပါးအ ဖြစ်ဖြင့် သင်ပြထားပါသည်၊၊
ယ္ခုတင်ပြမည့် “ကေသိသုတ်”တွင်မူ မြတ်စွာဘုရားရှင်သည် သတ္တ၀ါအားလုံးတို့အား
မည်သည့်နည်း များကို အသုံးပြု၍ဆုံးမသည် စည်းရုံးသည် စသောအချက်အလက်များကို ဖော်ပြဆွေးနွေးမည်
ဖြစ်ပါသည်၊၊ Buddhist Sociology, Buddhist
Management, Buddhist Social Science လေ့လာ သူများအတွက် အလွန်အရေးပါသည့် သုတ်ဖြစ်ပါသည်၊၊
ဆဌသင်္ဂါယနာတင် ပါဠိစာပေကျွမ်းကျင်တော်မူကြသည့်
ဆရာတော်ကြီးများသည် “ကေသိသုတ္တံ”ကို သုတ္တန္တပိဋက၊
အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတပါဠိ၊ ကေသိဝဂ်၏ပဌမဆုံးသုတ်အဖြစ် ကျမ်းနေရာချ ထားသည်ကို တွေ့ရပါသည်၊၊
ကေသိသုတ်တွင် မြတ်စွာဘုရားရှင်နှင့်
ကေသိမြင်းထိမ်းဆရာကြီးတို့၏ အမေးအဖြေဇာတ်သွားအဖြစ် လေ့လာရသည်၊၊
“မြတ်စွာဘုရားရှင်မှ
မြင်းများကိုမည်သည့်နည်းမျိုးဖြင့် လိမ္မာယဉ်ကျေးအောင် ဆုံးမသနည်း”ဟုမေး
မြန်းတော်မူသည်ကို ကေသိမြင်းဆရာကြီးမှ မြင်းထိမ်းနည်း(၄)မျိုးကို လျောက်ထားခဲ့ပါသည်၊၊
(1) အနုနည်း
(2) အကြမ်းနည်း
(3) အနု၊ အကြမ်းနည်း
(4) သတ်ပြစ်ခြင်း
သာမန်သင်ပြခြင်းမျိုးကို
“အနုနည်း”ဟုခေါ်ပါသည်၊၊ ခပ်ကြမ်းကြမ်းသင်ပြရခြင်းကို
“အကြမ်းနည်း”ဟု မှတ်နိုင်ပါသည်၊၊ အနုအကြမ်းနည်းရောပြွမ်း၍
သင်ပြခြင်းမျိုးကို “အနုအကြမ်းနည်း”ဟုခေါ်တွင်ပြီး၊
လုံးဝသင်ပြ၍မလိမ္မာသောမြင်းမျိုးကို အသားစားမြင်းအဖြစ်သားသတ်ရုံပို့ခြင်းမျိုးကို “သတ်ပြစ်သည့် နည်း”အမျိုးအစားဟု ဆိုလိုဟန်ရှိပါသည်၊၊
မယဉ်ကျေးမလိမ္မာသည့်မြင်းမိုက်မျိုးကို
ဆက်လက်မွေးမြူထားခြင်းအားဖြင့် ရှေးဆရာများ၏မြင်းထိမ်း ကျွမ်းကျင်မှုဂုဏ်ကိုကျစေပြီး၊
အခြားမြင်းများအားလည်း မြင်းဆိုးစရိုက်ကူးစက်နိုင်သောကြောင့် သင်- ပြ၍လုံးဝမရသောမြင်းကို
သတ်ပြစ်ရခြင်းဖြစ်ကြောင်း “အဋ္ဌကထာနှင့်ဋီကာ”မှတ်ချက်များတွင်
ဖော်ပြ ထားပါသည်၊၊
ကေသိမြင်းဆရာကြီးသည် မြတ်စွာဘုရားရှင်အား
သတ္တ၀ါအများအပြားကို မည်သည့်နည်းများဖြင့် ဆုံးမတော်မူပါသနည်းဟု ပြန်၍မေးလျောက်ပါသည်၊၊
မြတ်စွာဘုရားရှင်မှ သတ္တ၀ါအများကိုနည်း(၄)- မျိုးဖြင့်ပင်ဆုံးမသည်ဟု မိန့်တော်မူပါသည်၊၊
(1) အနုနည်း
(2) အကြမ်းနည်း
(3) အနုအကြမ်းနည်း
(4) သတ်ပြစ်ခြင်း
ကိုယ်နှုတ်စိတ်အမူအရာကောင်းခြင်း၊
ကိုယ်နှုတ်စိတ်အမူအရာကောင်းခြင်းတို့၏ အကျိုးကိုပြ၍ဆုံးမ ခြင်း၊ လူဘုံ-နတ်ဘုံဟူသော ကောင်းသည့်ဘုံအမျိုးအစားတို့ကိုပြသ၍ဆုံးမခြင်းကို
“အနုနည်း”ဆုံးမ- သည်ဟု ခေါ်ပါသည်၊၊
ကိုယ်နှုတ်စိတ်အမူအရာ
မကောင်းခြင်းနှင့်၊ ကိုယ်နှုတ်စိတ်အမူအရာ မကောင်းခြင်းတို့၏အပြစ်ကိုပြ၍ ဆုံးမခြင်း၊
ငရဲ-တိရစ္ဆာန်-ပြိတ္တာဘုံဝဋ်ဆင်းရဲများကိုပြသ၍ဆုံးမခြင်းကို “အကြမ်းနည်း”ဆုံးမသည်ဟု ခေါ်ပါသည်၊၊
အထက်တွင်
ဖော်ပြထားသည့်နည်းနှစ်မျိုးကို ရောပြွမ်း၍ဆုံးမခြင်းကို“အနုအကြမ်းနည်း”အသုံးပြု၍ ဆုံးမသည်ဟု ခေါ်ပါသည်၊၊
မည်သည့်နည်းမျိုးနှင့်မှလုံးဝဥဿုံ
ဆိုဆုံးမ၍မရတော့သောသတ္တ၀ါအမျိုးအစားကို မြတ်စွာဘုရားရှင်မှ ဓမ္မသံဝေဂဖြင့်ဆုံးမမှုမပြုတော့သည်ကို
“သတ်ပြစ်သည်”ဟုဆိုလိုပါသည်၊၊
ဦးဇင်းတို့ရွာတွင်
ကျောင်းသားကလေးငယ်ဘ၀ဖြင့် ကျောင်းသားလုပ်စဉ်က ရွာဦးဆရာတော်မှ“မင်း တို့အကောင်လေးတွေ ဘုရားသတ်နည်း အသတ်ခံရမယ်နော်”ဟု ကျိန်းဝါးခံရလေ့ရှိသည်ကို
အမှတ်ရ မိပါသေးသည်၊၊
ပညာရှိသူတော်ကောင်းများမှလျစ်လျူရှုခြင်း၊
အကောင်းအဆိုးနှင့်၊ အကျိုးအကြောင်းကို လုံးဝသင်ပြ လမ်းညွှန်ခြင်းမပြုကြတော့ဘဲ ဓမ္မသံဝေဂယူကြခြင်းမှာလူမိုက်အတွက်
အသတ်ခံရသည်နှင့်တူသော ကြောင့် “သတ်ပြစ်သည့်နည်း”ဟု
အဂုတ္ထိုရ်အဋ္ဌကထာ(မနောရထပူရဏီ)တွင်
ဖွင့်ပြထားပါသည်၊၊
ကေသိမြင်းထိမ်းဆရာကြီးသည်
မြတ်စွာဘုရားရှင်၏ စကားပြောကျွမ်းကျင်ပုံနှင့် သတ္တ၀ါဝေနေယျတို့ အားဆုံးမနည်းကျွမ်းကျင်ပုံကို
အားရနှစ်သက်လျက် သာဓုခေါ်ဆိုသည့်နေရာမှာပင် ကေသိသုတ်ကို အဆုံးသတ်လိုက်သည်ကို မူရင်းပါဠိကျမ်းတွင်
လေ့လာရပါသည်၊၊
ကေသိသုတ်အနှစ်ချုပ်ကို
မူရင်းပါဠိကျမ်းနှင့် အဖွင့်ကျမ်းများတွင် မည်သို့ဖော်ပြထားသည်ကို ရေး- သားပေးရန် ဒါယိကာမကြီးတစ်ဦးမှတောင်းပန်လာသည့်အတွက်
ဓမ္မဒါနပြုလိုက်ရပါသည်၊၊ အတိုင်း အတာတစ်ခုအထိ ပြည့်စုံမှန်ကန်သည်ဟုလည်း ယူဆပါသည်၊၊
“ကေသိသုတ်”ကို
ရေးသားတင်ပြရာတွင် တစ်စုံတစ်ရာမှားယွင်းမှုနှင့် မူရင်းမြတ်စွာဘုရားရှင်ဟော- တော်မူချက်နှင့်
အံမ၀င်သည်များတွေ့ရှိခဲ့သော် အကြံပြုဆွေးနွေးနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်၊၊
“အလင်းစက်”စာဖတ်သူများ
ဘ၀တွင် ဆိုဆုံးမလွယ်ကူသူများဖြစ်ကြပြီး အောင်မြင်တိုးတက်၊ ချမ်းသာ ကြပါစေကြောင်း “ကေသိသုတ်”အနှစ်ချုပ်ကိုရေးသားလျက် ဆုမွန်ခြွေလိုက်ရပါသည်၊၊ ၊၊
မေတ္တာဖြင့်---
အရှင်ကေ၀လ(အလင်းစက်)
{B.A-Eng, M.A-Buddhist Philosophy}
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊
(24/03/2014)
0 comments:
Post a Comment