ဗုဒ္ဓဘာသာဝင်တို့သည် အလှူတစ်ခုကိုပြုပြီးတိုင်း “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်း ခြင်းသည် ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊ တောင်းဆိုလေ့ရှိကြသည့် “ဆု” အများစုမှာ အသက်ရှည်လိုခြင်း၊ ကျန်းမာလိုခြင်း၊ စီးပွားတိုးတက်လိုခြင်း၊ ဘေးအန္တရာယ်ကင်းလိုခြင်းနှင့် ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊ ထိုသို့ဆုများစွာကို တောင်းသည့်အခါ တောင်းသောဆုများ ရရှိသည်များလည်း ရှိသည်၊ မရရှိကြ သည်များလည်း ရှိပါသည်၊၊ ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ ဘုရားအဖြစ်တိုင်အောင် “ဆု တောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ ပြီးလျင် တောင်းသည့်ဆုအလျောက် လိုအပ်သည့်“ပါရမီ”များကို ဖြည့်ဆည်းရကြောင်း ပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊ “ကောင်းမှုကိုပြုပြီး အလိုရှိသည့်ဆုကို အတိအကျမတောင်းဆိုလျင် အကျိုးကိုရသည့်အခါတွင် မိမိလို ချင်သည့်အကျိုးကို တိတိကျကျမရရှိ”တတ်ဟူ၍ ပါဠိစာပေအထောက်အထား ရှိပါသည်၊၊ ဤသည်ကို ကြည့်သောအားဖြင့် ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာကျင့်ထုံးတစ်ခု”ဟု မှတ်ယူရပါမည်၊၊ ဆုတောင်းခြင်းယဉ်ကျေးမှုကို ဗုဒ္ဓဘာသာပါဠိစာပေမှ ကန့်ကွက်ခြင်းမရှိပါ၊၊ သို့သော် လောကီချမ်းသာမှုအစ၊ ဘုရားအဖြစ်တိုင်အောင်ဆုလာဘ်များကို ဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟု ပါဠိစာပေတွင် ညွှန်းဆို ထားခြင်း မရှိပါ၊၊ ဗုဒ္ဓရှင်တော်လက်ထက်တော်က လူပုဂ္ဂိုလ် ဒါယကာ၊ ဒါယိကာမတို့ ဘုရားရှင်ထံတွင်ဖြစ်စေ၊ အဂ္ဂသာဝက၊ မဟာသာဝကနှင့် အခြားရဟန်းများအထံတွင်ဖြစ်စေ ဆုတောင်းကြသောအခါ ဘုရားရှင်နှင့်၊ တပည့် သံဃာတော်များမှ “တောင်းသောဆုများ ပြည့်စုံကြပါစေ”ဟု ပြန်လည်မိန့်ဆိုကြသည်ကို တွေ့ရ သည်၊၊ “ပစ္စေကဗုဒ္ဓါအရှင်မြတ်”တို့သည် တရားအရှည်ကိုဟောလေ့မရှိဘဲ “တောင်းသောဆုများ၊ လိုအပ်သော ဆုများ လပြည့်ညတွင်ထွက်ပေါ်သော ရွှေလမင်းကြီးကဲ့သို့ ၀င်းဝင်းပပပြည့်ဝကြပါစေ”ဟု ဆုကိုသာပေး လေ့ရှိကြောင်းကို ပါဠိစာပေတွင်တွေ့ရသည်၊၊ ဆိုခဲ့ပြီးသည်များကိုထောက်ဆ၍ ကောင်းမှုကိုပြုပြီးတိုင်း “ဆုတောင်း”သင့်သည်ဟု မှတ်သားရပါမည်၊၊ ယနေ့ခေတ်အခါတွင်လည်း ဗုဒ္ဓဘာသာဝင်တို့သည် စေတီပုထိုးများနှင့် ရဟန်းသံဃာတော်တို့၏ အထံတွင် ဆုတောင်းလေ့ရှိကြပါသည်၊၊ ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာနှင့် မြန်မာတို့နှလုံးသားတွင် အမြစ်တွယ်နေပြီဖြစ်ရကား တေးသီချင်းများ၊ ပျို့၊ ကဗျာ၊ လင်္ကာများ၊ ရတု၊ တောလားများနှင့်၊ ရှေးကြသည့် မြန်မာစာပေများတွင်ပါ ဆုတောင်းခြင်းများကို တသီးတသန့်တွေ့ရသည်၊၊ “အရှင်မဟာသီလ၀ံသ”၏ “ဆုတောင်းခန်းပျို့”သည် ရှေးခေတ်ဗုဒ္ဓဘာသာဝင်တို့ မည်မျှဆုတောင်းမှုကို နှစ်သက်မြတ်နိုးသည်ကို ဖော်ပြသည့်အကောင်းဆုံး သာဓကကျမ်းစာတစ်ခု ဖြစ်ပါသည်၊၊ ထို့ပြင် ဆုတောင်းမှုကို ပါဠိပညာရှင်တို့ လက်ခံကျင့်သုံးသည်ကိုလည်း ပြရာရောက်သည့်သာဓကလည်း ဖြစ်ပါသည်၊၊ အရှင်၏အမြင်တွင် “ဆုတောင်းခြင်းသည် စိတ်ကိုတစ်မျိုးတစ်ဖုံအားပေးရာရောက်သည်၊ နှစ်သိမ့်ရာ ရောက်သည့်အတွက် အားပေးသင့်သည့် ယဉ်ကျေးမှုတစ်ခုဟု မြင်ပါသည်၊၊” ဘ၀တွင် တစ်ခါတစ်ရံ လက်လှန်းမမှီသည့်အရာများကို တကယ်မရရှိသည့်တိုင် ဘုရားရှေ့၊ သံဃာရှေ့၊ စေတီတော်တို့ရှေ့တွင် ဆုများအဖြစ် ဖောဖောသီသီတောင်းဆိုလိုက်ရလျင် စိတ်များစွာသက်သာရသည်ကို ဆုတောင်းလေ့ရှိ သူတိုင်းက သိကြသည်၊၊ သတိပြုသင့်သည်မှာ မည်သည့်တန်ဖိုးရှိသည့်အရာမှ “ဆုတောင်း”သက်သက်ဖြင့် မရရှိတတ်ကြောင်း ဖြစ်ပါသည်၊၊ လိုချင်သည့်ဆုသည် အဖိုးထိုက်တန်လေလေ၊ ထိုဆုအတွက် လုံ့လအားထုတ်ရမှုသည်လည်း ကြီးမားရလေလေပင် ဖြစ်ပါသည်၊၊ ဘုရားဖြစ်ချင်လွန်းသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားအထံတွင် “ဘုရားဆု”တောင်းခဲ့သော “သုမေဓာရှင် ရသေ့”သည် လေးအသင်္ချေ၊ ကပ္ပါတစ်သိမ်း ဒုက္ခများစွာကိုရင်ဆိုင်ကျော်လွှားရင်း၊ အများတကာမပြုနိုင်သည့် ဘ၀အရင်းအနှီးများကို မြှုပ်နှံခဲ့ရပုံကို “ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်”များတွင် လေ့လာရရှိနိုင်သည်၊၊ ဆုတောင်းသည့်အခါ ကောင်းသောဆုတွင်မကဘဲ လွန်စွာကြမ်းကြုတ်ရက်စက်သည့် ဆုများကိုလည်း တောင်းလေ့ရှိကြသည်ကို လက်တွေ့ပတ်ဝန်းကျင်တွင်မက “ဆဒ္ဒန်ဆင်မင်းဝတ္ထု”တွင် တွေ့ရသည်၊၊ စူဠသုဘဒ္ဒါသည် လင်သားအပေါ်အမျက်ထားပြီး “နောင်ဘ၀တွင်လင်သားကို အနိုင်ရသူဖြစ်ရပြီး၊ လင် သား၏ အစွယ်ကိုနားဋောင်းလုပ်ပြီး ပန်ဆင်နိုင်သူဖြစ်ရစေရန် ဆုတောင်းကြောင်း”လေ့လာရသည်၊၊ မည်သည့်ဆုကိုတောင်းသည်ဖြစ်စေ တောင်းဆိုသူ၏စိတ်သည် ထိုဆုအတွက်အမှန်တကယ် ပြင်းပြ ထက်သန်ပြီး၊ တောင်းသည့်ဆုကိုရစေတတ်သည့် အားထုတ်ကြိုးစားဖွယ်များကိုဖြည့်ဆည်းလျင် မိမိ တောင်းတသောဆုသည် အမှန်တကယ်ရရှိတတ်ကြောင်း စာပေအထောက်အထား၊ လက်တွေ့အ ထောက်အထားများအရ အတည်ပြုနိုင်ပါသည်၊၊ လူတို့တွင် “ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူ”ဟု နှစ်မျိုးရှိကြောင်းကို မှတ်သားရပါမည်၊၊ ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့သည် ဘ၀တစ်ခုကောင်းစားမှုကိုဆုတောင်းလေ့ ရှိပြီး၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူများမှာမူ ဘ၀မှလွတ်မြောက်ရေးကို ဆုတောင်းလေ့ရှိကြောင်းကို တွေ့ရသည်၊၊ “ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ”ဟူသည် စာရေးသူအရှင်အပါအ၀င် စာဖတ်သူအများကို ရည်ညွန်းပါသည်၊ “ဘ၀များစွာတွင် ရင့်ကျက်ပြီးသူ”ဟူသည်မှာ တရားအမြင်ကိုရရှိပြီးသူများကို ရည်ညွှန်းပါသည်၊၊ အရှင်၏ ယ္ခုစာတမ်းတွင် ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့၏ မဆုံးနိုင်သည့်နေ့စဉ်ဆုတောင်းများ ကိုအသေးစိတ် မဖော်ပြတော့ဘဲ၊ ဘ၀များစွာအတွက် ရင့်ကျက်ပြီးကြသောသူတို့၏ အတုယူဖွယ် “ဆုတောင်း”ပုံများကိုဖော်ပြမည် ဖြစ်ပါသည်၊၊ ငါးရာ့ငါးဆယ် ဇာတ်တော်များတွင် “ကဏှဇာတ်”ဟူ၍ ရှိပါသည်၊၊ ကဏှရသေ့ကြီးတရားကျင့်ရာ သစ် ပင်အရိပ်သို့ သိကြားမင်းရောက်လာပြီး၊ “အရှင်ရသေ့ အလိုရှိသောဆုကိုတောင်းဆိုပါ”ဟု ဆုဖြင့်ဖိတ် မန်သောကြောင့် “ကဏှရသေ့”သည် အရှင်သိကြားမင်း သင်ပေးနိုင်မည်ဆိုက ပေးပါဟုအစချီပြီး မှတ် သားအတုယူဖွယ် ဆုခြောက်မျိုးကို တောင်းဆိုလိုက်ပါသည်၊၊ (၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ၊၊ (၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊ (၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊ (၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊ (၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊ (၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊ ကဏှရသေ့ကြီး၏ ဆုတောင်းခြောက်မျိုးကို သုံးသပ်ကြည့်လျင် ဘ၀တစ်ခုချမ်းသာရန်အတွက် တစ်စုံတစ်ရာဆုတောင်း မပါသည်ကို တွေ့ရပေမည်၊၊ စာဖတ်သူတို့နေ့စဉ်တောင်းဆိုတတ်သည့် ဆုများနှင့် များစွာပင်ကွာခြားနေသည်ကို တွေ့ရသည်၊၊ အတုယူသင့်သည့် မှတ်သားဖွယ်ဆုတောင်းများ ဖြစ်ပါသည်၊၊ “ကဏှ”ဟူသော ပါဠိအမည်မှာ “အမည်း=Black”ဟု မြန်မာပြန်ဆိုရပါသည်၊၊ ဇာတ်လမ်းအမည်သည် “အမည်းဇာတ်”ဟု နာမည်ခေါ်ဆိုထားသော်လည်း ကဏှရှင်ရသေ့တောင်းသောဆုများမှာ မည်မျှဖြူ စင်သန့်ရှင်းသည်ကို စာဖတ်သူသိပြီးအတိုင်းပင် ဖြစ်ပါသည်၊၊ လောကတွင် တစ်ခါတရံဂုဏ်နှင့်ဒြပ် ထပ်တူမကျသည့် သဘောပင်ဖြစ်သည်၊၊ ယနေ့ခေတ်တွင်လည်း “ကဏှဇာတ်”မှဆုတောင်းများကဲ့သို့ အတုယူသင့်သည့် ဆုတောင်းများကို တောင်းဆိုသွားကြသည့် ဆရာတော်ကြီးများနှင့်၊ လူပုဂ္ဂိုလ်များစွာပင် ရှိပါသည်၊၊ ထိုအထဲမှ “ဒီပဲယင်း ဆရာတော်ကြီး”၏ ဆုတောင်းဆယ်မျိုးကို “အလင်းစက်”စာဖတ်သူသို့တင်ပြလိုပါသည်၊၊ ဒီပဲယင်းဆရာတော်ကြီးသည် တတိယရွှေကျင်သာသနာပိုင်ဖြစ်ပြီး၊ “ပရမတ္ထစက္ခုကျမ်း၊”အပါအ၀င် ကျမ်းပေါင်းများစွာကို သာသနာတော်အတွက်ရေးသားခဲ့သည့် ကျမ်းပြုဆရာတော်ကြီးတစ်ပါး ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ဘွဲ့တော်အမည်မှာ “ဘဒ္ဒန္တဥာဏ၀ရ”ဖြစ်ပါသည်၊၊ ဆရာတော်ကြီးသည် သူ၏“ပရမတ္ထစက္ခုကျမ်း”နိဂုံးတွင် အောက်တွင်ဖော်ပြမည့် “ဆု(၁၀)မျိုး”ကို တောင်းဆိုခဲ့ပါသည်၊၊ (၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ၊၊ (၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ၊၊ (၃) ငါသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရ စေ၊၊ (၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်၊၊ (၅) ငါသည် အခြားသတ္တ၀ါများကို ညှင်းဆဲတတ်သူ မဖြစ်ပါရစေနှင့်၊၊ (၆) ငါ့အားလည်း အခြားသတ္တ၀ါတို့က မညှင်းဆဲကြပါစေနှင့်၊၊ (၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်၊၊ (၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်၊၊ (၉) သတ္တ၀ါအပေါင်းသည် လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်ကြပါစေ၊၊ (၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်သူ ဖြစ်ပါရစေ၊၊ အထက်တွင် တင်ပြခဲ့သည်များမှာ ဒီပဲရင်းဆရာတော်ကြီး၏ ကျမ်းပြုဆုတောင်းများ ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို သုံးသပ်ကြည့်လျင် ဆရာတော်ကြီးသည် လောကီစည်းစိမ် နှင့် ဘ၀ခံစားမှုတစ်စုံတရာကို ဆုမတောင်းဘဲ လူသားတို့အတွက်ကောင်းကျိုးများကိုသာ ဆုတောင်း ခဲ့သည်ကို အတုယူ၊ လေးစားဖွယ် လေ့လာရပါသည်၊၊ ငါးရာ့ငါးဆယ်ဇာတ်တော်မှာပင် အခြားထင်ရှားသည့် ဆုတောင်းနှင့်ပတ်သက်၊ ဆက်စပ်သောဇာတ် လမ်းတစ်ခုမှာ “အကိတ္တိဇာတ်”ဖြစ်ပါသည်၊၊ အကိတ္တိဇာတ်လမ်းသည်လည်း အထက်တွင်တင်ပြခဲ့သော “ကဏှဇာတ်”နှင့် အသွားဆင်တူပင်ဖြစ်ပါသည်၊၊ သို့သော် ဆုတောင်းပုံခြင်းကား ကွာခြားပါသည်၊၊ “အကိတ္တိ”ဟူသော ပါဠိအမည်မှာ “အ+ကိတ္တိ=မထင်ရှားသူ၊ အထင်ရှားခြင်း”ဟူ၍ မြန်မာအဓိပ္ပါယ် သက်ရောက်ပါသည်၊၊ သို့သော် ဇာတ်လမ်းတွင်ပါဝင်သော အကိတ္တိရသေ့၏ဆုတောင်းများမှာ ကမ္ဘာ ကျော်ဆုတောင်းများဟူ၍ပင် ခေါ်ဆိုထိုက်လှပါသည်၊၊ အကိတ္တိရှင်ရသေ့၏ မှတ်သား၊ အတုယူဖွယ်ဆုတောင်းများမှာ - - - (၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊ (၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊ (၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊ (၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်၊၊ (၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊ (၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်၊၊ (၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊ (၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ၊၊ (၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ၊၊ (၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊ (၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊ (၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊ (၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊ (၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊ (၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊ (၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊ (၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊ (၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊ အကိတ္တိရှင်ရသေ့၏ ဆုတောင်းများကို ခြုံငုံလေ့လာလျင် ရသေ့ကြီး၏စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ်ပုံကို တွေ့မြင်ရမည်ဖြစ်ပါသည်၊၊ ဖော်ပြခဲ့ပြီးသည် သူတော်သူမြတ်သုံးဦး၏ ဆုတောင်းများတွင် ဘ၀အတွက်ရလိုသည်ကို ဆုတောင်း သည်ထက် မရလိုသည်များကိုသာ ဆုများအဖြစ်တောင်းဆိုကြသည်ကို တွေ့ရသည်၊၊ ယနေ့ လူတို့နေ့ စဉ်တောင်းဆိုနေကြသော ဆုများနှင့်များစွာခြားနားသည်ကို တွေ့ရပါမည်၊၊ ဆုတောင်းများတွင်လည်း အေးချမ်းမှုအရိပ်အယောင်များကို ခံစားတွေ့မြင်ရသည်၊၊ မိမိဘ၀တွင် ဖြစ်ချင်သည်၊ ရလိုသည်များထက် ကမ္ဘာလောကရှိလူအများ၊ သတ္တ၀ါအများ၏ချမ်းသာမှု၊ အကျိုးစီးပွားများကိုအလေးပေး ဆုတောင်းတတ်ကြည်သည်ကို အတုယူဖွင်တွေ့ရသည်၊၊ အတုယူသင့်သည် အရှင်ထင်မြင်မိပါသည်၊၊ ပါဠိစာပေတွင် ဤကဲ့သို့သောအေးချမ်းသည့် ဆုတောင်းများရှိသကဲ့သို့ အလွန်ရက်စက်သည့်ဆုများစွာကို တောင်းကြသူများကိုလည်း များစွာမှတ်တမ်းတင်ထားပါသည်၊၊ ရက်စက်ကြမ်းကြုပ်သည့် ဆုတောင်းများ ဖြစ်သည့်တိုင် ထိုဆုများကိုတောင်းဆိုသူများ၏ စိတ်ဓာတ်ပြင်းထန်မှု၊ လုံ့လပယောဂကြီးမှုတို့ကြောင့် ဆုတောင်းများသည်လည်း အံ့သြဖွယ်ပြည့်ဝသည်များကို နိကာယ်ကျမ်းကြီးများတွင် ဖော်ပြထားပါသေးသည်၊၊ ဖော်ပြခဲ့ပြီးသည့် များစွာသောဆုတောင်းများကို လေ့လာသိမှတ်ပြီး၊ စာဖတ်သူအနေဖြင့် မိမိဘ၀နှင့် မိမိပတ်ဝန်းကျင်ပါ ငြိမ်းအေးချမ်းသာသည့်ဆုများကို ရွေးချယ်တောင်းဆိုတတ်ပြီဟု အရှင်ယူဆပါ သည်၊၊ မိမိချမ်းသာလျင် ကောင်းသည်၊ မိမိ မိသားတစ်စုချမ်းသာလျင် ပို၍ကောင်းသည်၊ မိမိနေသည့်နိုင်ငံ ချမ်းသာလျင် ပို၍ပို၍ကောင်းသည်၊ တစ်ကမ္ဘာလုံးချမ်းသာလျင်ကား အကောင်းဆုံးဟုအရှင် ယူဆပါသည်၊၊ စာဖတ်သူအနေဖြင့် တစ်ကမ္ဘာလုံးရှိလူတို့ချမ်းသာစေမည့် ဆုထူးဆုမြတ်များကို တောင်းဆို ရရှိကြပါစေဟု “အလင်းစက်အရှင်” ဆုမွန်ပြုအပ်ပါသည်၊၊ (မှတ်ချက်/ ကဏှဇာတက၊၊ အကိတ္တိဇာတက၊ ဇာတကပါဠိတော်နှင့် အဋ္ဌကထာများ၊ ပရမတ္ထစက္ခုကျမ်း၊ ရွှေကျင်နိကာယသာသနာဝင်၊ ဥပရိပဏ္ဏာသအဋ္ဌကထာ၊ အနုပဒ၀ဂ်၊ သင်္ခါရူပပတ္တိသုတ္တ၀ဏ္ဏာနာ၊တို့ကို ကိုးကားပါသည်၊၊) မေတ္တာဖြင့် - - - အရှင်ကေ၀လ(အလင်းစက်) မကုဋာရာမ-မြန်မာကျောင်းတိုက်၊ ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊ ( ၁၁.၉.၂၀၁၁ ) 
"ဘ၀ကို အလင်းပေးတဲ့ အလင်းစက်"
Saturday, September 24, 2011
ဆုတောင်းခြင်း၊၊ ၊၊
Posted by အလင်း စက် at 2:25 AM 3 comments
Sunday, September 4, 2011
တက်လူ၊၊ ၊၊
မြန်မာစာတွင် “တက်လူ၊ ကျလူ”ဟူ၍ စကားလုံးဝေါဟာရနှစ်ခုကို တွေ့ရသည်၊၊ မည်သို့စံချိန် စံညွှန်း များနှင့်ပြည့်စုံသူကို “တက်လူ”ဟူ၍ခေါ်ဆိုပြီး၊ မည်သည့်စံချိန်စံညွှန်းမျိုးရှိနေသူကို “ကျလူ”ဟူ၍ခေါ် သည်ကိုမူ တိတိကျကျသိနိုင်ခဲသည်၊၊
အများအားဖြင့် အသက်အရွယ်ငယ်ရွယ်နုပျိုသူများကို “တက်လူ”ဟူ၍ သတ်မှတ်ကြသည်၊၊ အသက်အ ရွယ်ကြီးပြီးသောသူများကိုမူ “ကျလူ”ဟူ၍ လွယ်လွယ်ပင်သတ်မှတ်လိုက်ကြသည်၊၊
ငယ်ရွယ်သူများကို “တက်လူ”ဟုခေါ်ဆိုသည်မှာ ယေဘုယျအားဖြင့်မူ မှန်ကန်သည်ဟုဆိုနိုင်သည်၊၊ အခါခပ်သိမ်းအားဖြင့်မူ မှန်ကန်သည်ဟု မဆိုနိုင်၊၊ အသက်အရွယ်အားဖြင့် ကြီးပြီးသောသူများကို ယေဘုယျအားဖြင့် “ကျလူ”ဟူ၍ခေါ်ဆိုသည်မှာလည်း ဖြစ်နိုင်ခြေရှိသည်၊ အခါခပ်သိမ်းတွင်မူ မဖြစ်နိုင်ပေ၊၊
တစ်ချို့လူငယ်များသည် အရာရာတွင် စိတ်အားထက်သန်ပြီး၊ လုပ်ချင်၊ ကိုင်ချင်စိတ်ရှိသည်၊ ရည်မှန်း ချက်ကြီးမားသည်၊ သတ္တိရှိသည်၊ စွန့်စားလုပ်ကိုင်တတ်သည်၊ သည်သို့သောလူငယ်များကို ချွင်းချက် မရှိ “တက်လူ”ဟူ၍ ခေါ်ဆိုရမည် ဖြစ်ပါသည်၊၊
တစ်ချို့အသက်အရွယ်ကြီးပြီးသောသူတို့သည် အစစတွင်လေးလံထိုင်းမှိုင်းပြီး၊ စိတ်အားထက်သန်မှု မရှိတော့ဘဲ၊ ချောင်ကြိုချောင်ကြားတွင်သာ ဘ၀ကိုမြှုပ်နှံလိုက်ချင်တော့သည်၊ ဤသို့သောလူကြီး များကို “ကျလူ”ဟူ၍လွယ်ကူစွာပင် သတ်မှတ်ရရှိနိုင်သည်၊၊
သို့သော် နေ့စဉ်ဘ၀ကိုရုန်းကန်နေကြသောလူများစွာကို လေ့လာအကဲခပ်ကြည့်သောအခါ လူငယ်တိုင်း တက်လူမဟုတ်ကြသလို၊ လူကြီးတိုင်း ကျလူမဖြစ်သေးသည်ကို သတိပြုမိသည်၊၊ ငယ်ရွယ်သူ အချို့သည် ဘ၀ကိုတက်တက်ကြွကြွဖြင့် လျောက်လှမ်းပြီးပန်းတိုင်ကို မြဲမြဲဖမ်းကိုင်ရမည့်အစား၊ ပျင်းရိ လေးတွဲလျက်၊ ပေါ့ဆလွန်းသည်များကို များစွာတွေ့ရသည်၊၊
ဤသို့သော လူငယ်များကို “တက်လူ”ဟုမခေါ်ဆိုနိုင်ရုံမျှမက “ကျလူ”ဟူ၍ပင်ခေါ်ဆိုရမည် ဖြစ်သည်၊ ဘ၀တက်လမ်း မရှိတော့သောကြောင့် ဖြစ်ပါသည်၊၊ တချို့လူငယ်တို့သည်လည်း မိမိ၏ရုန်းကန်မှုအ ပေါ်တွင် ဖြစ်ပေါ်လာသောကိုယ်ပိုင်နှင့်၊ မိဘပိုင်ပစ္စည်းကို မခွဲခြားတတ်ဖြစ်နေပြန်သည်၊၊ ထို့ကြောင့်ပင် မိဘ၏ပိုင်ဆိုင်မှုချွေးနှဲစာကို သောက်ကာ၊ စားကာ နှင့်ဖြုန်းတီးနေသည်များကိုလည်း တွေ့ရသည်၊၊ အားကိုးရာမိဘပစ္စည်းကုန်သောအခါနှင့်၊ မိဘတို့မရှိ တော့သောအခါ အားကိုးရာမဲ့ ဘ၀ပျက်ရတော့သည်၊၊
အရွယ်ရှိပြီးသောလူကြီးအချို့သည် အသက်အရွယ်နှင့်မမျှအောင် တက်ကြွလျက်ရှိသည်ကို အံ့သြ ဖွယ်တွေ့ရသည်၊၊ ဘ၀ကိုအောင်မြင်သည်ထက် အောင်မြင်စေရန် တက်တက်ကြွကြွ၊ ရွှင်ရွှင်လန်းလန်းဖြင့် အားမာန်အပြည့်ဖြစ်လျက် ရှိသည်၊၊
လုပ်သမျှအလုပ်တို့သည်လည်း အတွေ့အကြုံတွင်အခြေခံထားသည့်အတွက် သေခြာသည်၊ စနစ်ရှိ သည်၊ သပ်ရပ်သည်၊ ထို့ကြောင့်ပင် အောင်မြင်သည်ထက် အောင်မြင်ရသည်၊ တိုးတက်သည်ထက် တိုးတက်ရသည်၊၊
ထို့ကြောင့် ဘ၀တစ်ခုတွင် တက်လူနှင့် ကျလူဟူသည်ကို အသက်အရွယ်ဖြင့် တိုင်းတာသတ်မှတ်ခြင်း သည် လုံးဝမှားယွင်းသည့် စံတစ်ခုဖြစ်သည်၊၊ အမှန်မှာ တက်ကြွမှု၊ အလုပ်၊ သတ္တိတို့ဖြင့်သာ “တက်လူ နှင့်၊ ကျလူ”ဟူသည်ကို သုံးသပ်ရမည်၊၊
လူတစ်ယောက်သည် မည်မျှငယ်ရွယ်သူ၊ နုပျိုသူဖြစ်စေကာမူ တက်ကြွမှု မရှိ၊ အလုပ်မလုပ်၊ သတ္တိညံ့ ဖြင်းလျင် ကျလူပင်ဖြစ်သည်၊၊ အသက်ပင်ကြီးစေကာမူ တက်ကြွမှု ရှိသည်၊ အလုပ်လုပ်သည်၊ သတ္တိရှိ သည်ဆိုလျင် ဧကန်တက်လူပင်ဖြစ်ပါသည်၊၊
ခြုံငုံသုံးသပ်ရလျင် “တက်လူ”ဟူသည်မှာ ဘ၀ကိုအောင်မြင်သည်ထက် အောင်မြင်စေရန်၊ တိုးတက် သည်ထက် တိုးတက်စေရန် အားမာန်အပြည့်၊ စိတ်ဓာတ်ပြင်းပြင်းဖြင့် ချီတက်နေသူများကို ခေါ်ဆို သည်၊၊ ဘ၀တွင်လေးနက်မှု မရှိ၊ ရည်မှန်းချက်မပါ၊ အတွေ့အကြုံမရှိ၊ စိတ်ဓာတ်လေးကန်သူများကို “ကျလူ”ဟူ၍ ခေါ်ဆိုရပါမည်၊၊
များစွာသောလူငယ်တို့သည် အသက်ငယ်ရွယ်နုပျိုသူဖြစ်ပါလျက် တက်ကြွမှုနည်းလွန်းသည်၊ အလုပ် တွင်လေးလံထိုင်မှိုင်းလွန်းသည်၊ “အေးအေးလေးသာ နေချင်လှသည်”ဟုလည်း လက်တွေ့အလုပ် မပါ ဘဲ ပြောဆိုတတ်သည်၊၊ လူငယ်ဟူသည်မှာ အေးအေးတစ်ယောက်တည်းနေသည်ထက် ပတ်ဝန်းကျင် အလယ်တွင် နေသင့်သည်ကို ရှောင်ဖယ်ချင်သည်၊၊
အမှန်မှာ ငယ်ရွယ်သူဖြစ်လျက် ဤသို့ဖြစ်နေခြင်းသည် အခက်ခဲနှင့်၊ ဘ၀ကိုရင်မဆိုင်ရဲခြင်း ဖြစ်သည်၊ ပြင်းရိခြင်းတစ်မျိုးဟုလည်း ခေါ်ဆိုနိုင်သည်၊၊ အေးချမ်းသည့်ဘ၀ဟူသည်မှာ ပြင်းရိသူအတွက် မဟုက်၊ အခက်ခဲနှင့်ဘ၀ကို ရင်မဆိုင်ဝံ့သူအတွက် မဟုတ်၊ လက်တွေ့အကျပ်အတည်း၊ ပြဿနာများမှ ထွက် ပြေးတတ်သူများအတွက် မဟုတ်ဟူသည်ကို မသိတတ်ခြင်းဖြစ်သည်၊၊
“Fortune favours the brave.=ဘ၀ဟူသည် သတ္တိရှိရှိစွန့်စားဝံ့သူများကို ဆုလာဘ်ပိုပေးလေ့ရှိ ကြောင်း”သတိပြုရမည်၊၊ ဆန့်ကျင်ဘက်အားဖြင့် တွေးခေါ်ယူဆကြည့်လျင်“ဘ၀ကိုရေသာခိုလျင် အများသနားမှ စားရသည့်ဘ၀သို့ရောက်ရတတ်သည်”ဟု မှတ်သားရမည်၊၊
ဘ၀တွင် တက်လူအဖြစ်၊ ကျလူအဖြစ်ကို အဆုံးအဖြတ်ပေးသောစံတစ်ခုကို နိုဘယ်ဆုရ စာရေးဆရာ “ဟဲမင်းဝေ”ရေးသည့် “ပင်လယ်ပြာနှင့် တံငါအို”စာအုပ်တွင်လည်း တွေ့ရသည်၊၊ ဟဲမင်းဝေက ဤသို့ တင်ပြထားသည်၊၊
“လူသည် ဘ၀တွင်တစ်စုံတစ်ခုသောကြောင်းကြောင့်ဖြစ်စေ၊ အကြောင်းပေါင်းများစွာကြောင့်ဖြစ်စေ ရှုံး နိမ့်မှုကို ခံရနိုင်သည်၊(defeat and destroy)” အရှုံးကြောင့်ဘ၀ပျက်ခံလျင် အမှန်တကယ်ရှုံးနိမ့် သွားသူဖြစ်ပြီး၊ ကျလူဟူ၍ ခေါ်ဆိုရသည်၊၊
ရှုံးနိမ့်မှုကြောင့် ဘ၀ပျက်မခံဘဲ အရှုံးကိုစနစ်တကျသုံးသပ်ပြီး၊ ဘာကြောင့်ရှုံးတယ်၊ ဘယ်သူ့ကြောင့် ရှုံးတယ်စသည်တို့ကို သင်္ခန်းစာယူပြုပြင်ပြီး၊ အတွေးသစ်၊ အကြံသစ်တို့ဖြင့် တဖန်ပြန်စတတ်လျင် တစ် ကြိမ်တစ်ခါ ရှုံးနိမ့်သွားသော်လည်း အမှန်တကယ်ရှုံးနိမ့်သူမဖြစ်တော့ဘဲ အရှုံးသည်ပင် အောင်မြင်မှု အတွက် ထောက်တိုင်ဖြစ်ရတော့သည်၊၊
အရှင် ငယ်စဉ်ကပင်အလွတ်ရနေသည့် မြန်မာကဗျာလေး တစ်ပုဒ်သည်လည်း တက်လူနှင့် ကျလူကို အဆုံးအဖြတ်ပေးသည့် ကဗျာလေးဖြစ်နေမှန်း သတိထားလိုက်မိသည်၊၊
“လေထန်တိုင်းသာ၊ ပွင့်ကြွေပါမူ၊ ဘယ်မှာပန်းတွေ၊ ကျန်မည်နည်း၊
လှိုင်းပုတ်တိုင်းသာ၊ ကမ်းပြိုပါမူ၊ ဘယ်မှာမြေကြီး၊ ကျန်မည်နည်း၊
ကျရှုံးတိုင်းသာ၊ ငိုရပါမူ၊ ဘယ်မှာမျက်ရည်၊ ကျန်မည်နည်း၊
အမှောင်တစ်ဝက်၊ လင်းတစ်ဝက်နဲ့၊ တစ်ရက်တစ်ခါ၊ ကြုံမြဲသာတည်း၊၊
အရှုံးတစ်လှည့်၊ နိုင်တစ်လှည့်မှာ၊ မျက်လှည့်ပမာ၊ တွေ့မြဲသာတည်း၊၊
ဘ၀သည်ကား၊ တိုက်ပွဲများပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသော-မှောင်သော၊
အောင်သော-ရှုံးသော၊
မုန်းသော-ချစ်သော၊
သစ်သော-ဟောင်းသော၊
ပူသော-အေးသော၊
နုသော-ကြမ်းသော၊
စောကြောစိတ်ဖြာ၊ မနေသာပေ၊၊
လဲရာက ထ၊ ကျရာက တက်၊
ပျက်ရာက ဆောက်၊ ရှေ့သို့လျောက်၍၊
ရောက်ရာဘ၀၊ အားမာန်ပြရင်း၊ ရုန်းရကန်ရမည်တကား၊၊”
မှန်သည်၊၊ ဘ၀ဟူသည် အချိုသီးသန့်ကို ခံစားခွင့်ရသည့်နေရာတစ်ခု မဟုတ်ဘဲ၊ ခါးသက်သည့်အရ သာကိုလည်း အကြိမ်များစွာခံစားရသည့် နေရာတစ်ခုဖြစ်သည်၊၊ မည်သို့ဆိုစေ ရလာသည့်အခြေအ နေကို လက်ခံနိုင်ပြီး၊ အကောင်းဆုံးအဖြစ်ဖန်တီးနိုင်သူများသည် “ဘ၀တက်လူ”များ ဖြစ်ရသည်၊၊
လူသည် ရံခါများစွာတွင် “သတ္တိ”ဟူသည်ကို အဓိပ္ပါယ်မပြည့်မစုံ ကောက်ယူတတ်ကြသည်၊၊ အသာစံဝံ့ သည်ကိုသာ“သတ္တိ”ဟုအထင်ရှိတတ်ကြပြီး၊ ဘ၀လောကဓံများ၏ အထုအထောင်းခံနိုင်သည်ကို လည်း“သတ္တိ”ဟု ခေါ်တွင်ရမည်ကို မေ့လျော့တတ်ကြသည်၊၊
လောကဓံများအထုအထောင်းများကို ပေတေခံနိုင်ခြင်းသည် ဘ၀အောင်မြင်သူ တက်လူအဖြစ်ကို ရရှိရန်အကြောင်းတစ်ခုဖြစ်သည်၊၊ ရွှေစစ် မစစ်ပေတင်သည့်သဘောပင် ဖြစ်သည်၊၊ အနှစ်ချုပ်သုံးသပ် လျင် ဘ၀တွင်တက်လူအဖြစ်ကို- -
(၁) အလုပ်လုပ်မှု၊
(၂) စိတ်ဓာတ်တက်ကြွမှု၊
(၃) သတ္တိရှိမှု၊ အခြေခံလိုအပ်ချက် သုံးမျိုးတို့ဖြင့် ရရှိနိုင်ကြောင်း၊ အသက်ငယ်မှု၊ ကြီးမှုသည်အဓိက လိုအပ်ချက်မဟုတ်ကြောင်းကို သုံးသပ်နိုင်သည်၊၊
အလင်းစက် စာဖတ်သူများ တက်လူအဖြစ်ကို “အလုပ်၊ စိတ်ဓာတ်တက်ကြွမှု၊ သတ္တိ”တို့ဖြင့် ရရှိကြပါ စေကြောင်း၊ အောင်မြင်သူများ၊ တိုးတက်သူများ၊ ဘ၀ကိုအလှပဆုံးပုံဖော်နိုင်သူများ ဖြစ်ကြပါစေ ကြောင်းဆန္ဒပြုလျက်စာတမ်းကို အဆုံးသတ်လိုက်ပါသည်၊၊ ၊၊
မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမ-မြန်မာကျောင်းတိုက်၊
သီရိလင်္ကာနိုင်ငံ၊၊ (၂၁.၈.၂၀၁၁)၊၊
Posted by အလင်း စက် at 1:08 AM 1 comments
Saturday, August 20, 2011
ဂေါဆရာတော်၊၊ ၊၊
မြန်မာနှင့် သီရိလင်္ကာ သာသနာရေးဆက်ဆံမှုသမိုင်းသည် ပုဂံခေတ်ဦးပိုင်း၊ ပံသုကူမထေရ်၊ ဥတ္တရာဇီဝ မထေရ်နှင့် တပည့်-ဆပ္ပဒသာမဏေတို့လက်ထက်မှ စတင်ခဲ့သည်ဟု သမိုင်းအထောက်အထားများအရ သိရပါသည်၊၊ သို့သော်ထိုခေတ်က သီရိလင်္ကာနိုင်ငံတွင် မြန်မာကျောင်းတည်ထောင်ခဲ့ခြင်း မရှိခဲ့ပါ၊၊
(၁၉၀၁)ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွတော်မူခဲ့သော ဆရာတော်ကြီးဦးဝိနယာလင်္ကာရနှင့် (၁၉၅၂)ခုနှစ်တွင်ကြွခဲ့ကြသော ဆရာတော်ကြီးဦးညာဏိန္ဒတို့သည် သီရိလင်္ကာနိုင်ငံတွင် မြန်မာကျောင်းတိုက်
ကြီးများတည်ထောင်၍၊ သာသနာပြုခဲ့ခြင်းကြောင့် ယနေ့တိုင်မြန်မာကျောင်းတိုက်ကြီးများကို သီရိလင်္ကာတွင် တွေ့မြင်နေရပါသည်၊၊
ဆရာတော်ကြီး ဦးဝိနယာလင်္ကာရတည်ထောင်ခဲ့သော ကျောင်းတိုက်ကြီးငါးခုအနက်မှ ကျောင်းတိုက်ကြီး သုံးတိုက်ကို ယနေ့တိုင်မြန်မာသံဃာတော်တို့ကပင် ပိုင်ဆိုင်ရရှိထားဆဲဖြစ်ပါသည်၊၊ "ဂေါဆရာတော်ကြီး"ဟုအသိများသော ဆရာတော်ဦးညာဏိန္ဒတည်ထောင်ခဲ့သော မြန်မာကျောင်းတိုက်ကြီးမှာမူယ္ခုအခါ သီရိလင်္ကာဘုန်းတော်ကြီးများက ပိုင်ဆိုင်သွားကြပြီဖြစ်ပါသည်၊၊
ဆရာတော်ကြီး ဦးညာဏိန္ဒသည် သီရိလင်္ကာနိုင်ငံ၏မြို့တော် ကိုလံဘိုနှင့်ကီလိုမီတာ (၁၁၆)ခန့်ဝေးသော ဂေါမြို့(Galle city)တွင် “၀ဲကုဏဂေါဓ ဓမ္မာယတန-မြန်မာကျောင်း"အမည်ဖြင့် ကျောင်းတိုက်ကြီးတစ်ခုကို တည်ထောင်၍ သီရိလင်္ကာပြည်သူတို့အား ဗုဒ္ဓ၏လေးနက် သည့် “အဘိဓမ္မာနှင့်၊ ၀ိပဿနာနည်း”များကိုဟောပြော၊ သင်ပြသာသနာပြုတော်မူခဲ့သည်ဟု လေ့လာရပါ သည်၊၊
ကိုလံဘိုမြို့တော်နှင့် ခရီးအတန်ဝေးသောနေရာဖြစ်သဖြင့် မြန်မာသံဃာတော်တို့ အရောက်နည်းသော ဒေသတစ်ခု ဖြစ်ပါသည်၊၊ ယ္ခုအခါ ဂေါဆရာတော်ကြီး၏ မြန်မာကျောင်းဟောင်းလိပ်စာကို သိသည့် သံဃာတော်ပင် အတော်နည်းပါးလာပြီ ဖြစ်သည်၊၊
“အလင်းစက်အရှင်”နှင့် သူငယ်ချင်းများစုပေါင်း၍ "ဂေါမြို့"သို့ အပမ်းဖြေခရီးထွက်ကြရန်တိုင်ပင်ပြီး၊ ကားငှားခြင်း
စသည့် ခရီးအတွက်လိုအပ်သည်များကို ပြင်ဆင်ကြသည်၊၊ ဂေါမြို့သည် သီရိလင်္ကာနိုင်ငံ၏တောင်ပိုင်းတွင် တည်ရှိပြီး ပင်လယ်ဆိပ်ကမ်းမြို့လေးဖြစ်သဖြစ် ရှုခင်းလွန်စွာလှပသည်ကို တွေ့ရသည်၊၊
ယူရိုပီယံပုံစံအိမ်ကြီး၊ အိမ်ကောင်းများကိုဆောက်လုပ်နေထိုင်ကြ၍ သူဌေးသူကြွယ်များသောမြို့ဟုလည်း သိရသည်၊၊ ဂေါလမ်းခရီးတလျောက်တွင်လည်း ရှေးကြပြီး၊ ခန့်ငြားသည့်စေတီပုထိုးများ၊ ရုပ်တုတော်ကြီး များကို များစွာပင်ဖူးတွေ့ရသည်၊၊
များမကြာသေးမှီနှစ်အနည်းငယ်က "ဆူနာမီရေလှိုင်းဒဏ်"ကိုခံခဲ့ရသည့် ဂေါမြို့လေးနှင့်၊ ဂေါမြို့အပိုင် ကျေးရွာများမှ ဆူနာမီအမှတ်တရ စေတီတော်ကြီးများ၊ ရုပ်တုတော်များတည်ဆောက်ထားသည်ကိုလည်း ကရုဏာသက်ဖွယ်တွေ့မြင်ခဲ့ရသည်၊၊ ဆူနာမီတွင် လူပေါင်းနှစ်သိန်းကျော်မျှ သေဆုံးခဲ့ရကြောင်းကိုလည်း “ဆူနာမီအထိမ်းအမှတ် ဂျပန်ဘုရား”တွင် မှတ်တမ်းပြုထားသည်ကို တွေ့ခဲ့ရသည်၊၊
နံနက် (၆)နာရီတွင် ကိုလံဘိုမြို့၊ မကုဋာရာမကျောင်းတိုက်မှ ထွက်ခဲ့သောအရှင်တို့ကားလေးသည် ဂေါမြို့သို့ ညနေ(၃)နာရီခန့်တွင် ရောက်ပါသည်၊၊ ဂေါမြို့သည် အင်္ဂလိပ်ခေတ်က ခံတပ်မြို့ဖြစ်သည့်အတွက် “ဂေါခံတပ်”ကြီးများမှာ မြင်ရသူတို့ရင်သတ်ရှုမောဖွယ် ခန်းနားလှပနေပါသည်၊၊
ရှေးခေတ်က သီရိလင်္ကာ၏ မြို့ဟောင်းဖြစ်သည်ကတစ်ကြောင်း၊ အင်္ဂလိပ်ခေတ် ခံတပ်ဟောင်းကြီးရှိနေသည် ကတစ်ကြောင်း၊ လှပသည့်ဆိပ်ကမ်းမြို့လေးဖြစ်နေသည်က တစ်ကြောင်းစသောအကြောင်းများကြောင့် ဂေါမြို့ တွင်နိုင်ငံခြား လေ့လာရေးခရီးသည်များနှင့်ပြည့်နေသည်ကို သတိပြုမိသည်၊၊
ဂေါမြို့ဝန်းကျင်နေရာအနှံ့သို့ လည်ပတ်လေ့လာပြီးသောအခါ ဂေါဆရာတော်ကြီး(၄၁)နှစ်ကြာ၊ သီတင်းသုံးပြီး၊ သာသနာပြုခဲ့ရာ မြန်မာကျောင်းလေးသို့ သွားကြ ရန်လိပ်စာကို စုံစမ်းကြရတော့သည်၊၊
ခရီးတွင်လိုက်ပါကြသည့် “အလင်းစက်”တို့ သူငယ်ချင်းတစ်ပါးမှလိပ်စာသိသူမရှိကြ၍ လမ်းဘေးတိုလီ၊မိုလီ ပစ္စည်းများကို နိုင်ငံခြားသားများသို့ရောင်းနေသည့်ဈေးဆိုင်ကို Where located Buruma Temple? ဟုမေးကြည့်သောအခါ ထိုနေရာမှအတန်ဝေးသည့် တောင်ကြီးတစ် ခုအပေါ်သို့လက်ညှိုးထိုးပြပြီး တောင်ပေါ်တွင်တည်ရှိကြောင်း လမ်းညွှန်လိုက်သည်၊၊
ထိုတောင်ပေါ်သို့ နှစ်နာရီခန့်မျှကားနှင့် လိုက်လံရှာဖွေသော်လည်း အနှီမြန်မာကျောင်း၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် ကိုလံဘိုသို့ဖုံးဆက်ပြီး နာယကဆရာတော်ထံတွင် ဂေါဆရာကြီး၏ကျောင်းလိပ်စာကို မေးရတော့သည်၊ နာယကဆရာတော်ကလည်း လိပ်စာကိုမသိကြောင်း၊ ဂေါတွင်အိမ်ထောင်ကျနေသည့် မြန်မာဒကာမကြီးတစ်ဦးရှိကြောင်း၊ ဖုံးဆက်မေးဖို့ပြောပြီး ဒကာမကြီး၏ဖုံးနံပတ်ကို ပေးလိုက်သည်၊၊
ဒကာမကြီးကို ဖုံးဆက်မေးတော့မှ ဂေါဆရာတော်ကြီး၏ကျောင်းတိုက်သည် တောင်ပေါ်တွင်မဟုက်ဘဲ မြို့လယ်တွင်ဖြစ်နေသည်ကို သိလိုက်ရသည်၊ ကားဆရာကို မြို့တွင်းသို့ပြန်လည်မောင်းခိုင်းပြီး၊ အဆင့်ဆင့် မေးမြန်းရင်းဖြင့် ည(၇)နာရီမှောင်ရီဆမ်းကာမှ “ဂေါမြန်မာကျောင်းတိုက်”သို့ခက်ခဲစွာ ရောက်ရတော့သည်၊၊ “ဂေါ-မြန်မာကျောင်းတိုက်သည် မြန်မာသံဃာတော်တို့နှင့် ကံမစပ်လေဟန်တကား”ဟုလည်း ဆင်ခြင်မိသည်၊၊
ဂေ-ါမြန်မာကျောင်းတိုက်သည် တောင်ခြေတွင်တည်ရှိပြီး တောအုပ်အစပ်ဖြစ်သည်၊၊ တရားဘာဝနာဖြင့် ပျော်မွေ့လိုသူများအတွက် အလွန်သင့်လျော်သောနေရာလေး ဖြစ်သည်၊၊ လူသူတိတ်ဆိပ်ပြီး၊ အေးချမ်းသည့် ကျေးငှက်များ၏တွန်မည်သံကို အစဉ်ပင်ကြားနေရသည်၊၊
ဂေါဆရာတော်ကြီးသည် ဤကျောင်းတိုက်ကြီးကိုတည်ထောင်ပြီး ဒေသခံပြည်သူများကို ပညာသင်ပေးရုံမက အောင်မြင်သည့်သာသနာပြုဆရာတော်ကြီးတစ်ပါးဖြစ်တော်မူခဲ့သည့်အတွက် ဆရာတော်ကြီးမရှိတော့ သည်မှာနှစ်များစွာကြာခဲ့သည်တိုင် ဆရာတော်ကြီး၏အမည်ကို ကလေးမှအစသိနေကြပြီး၊ ကျောင်းတိုက်
ကိုလည်း သီရိလင်္ကာနာမည်သို့ပြောင်းထားသည့်တိုင် “ဗုဒုမကျောင်း”ဟုပင် သီရိလင်္ကာအသံမပီတပီဖြင့် ခေါ်တွင်နေကြသည်ကို လွမ်းမောဖွယ်တွေ့ခဲ့ရသည်၊၊
“ဗုဒုမ”ဟူသည်မှာ Burmaကို“ဗားမား”ဟုထွက်ရမည့်အစား သီရိလင်္ကာကုလားအသံဖြင့်“ဗုဒုမ”ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်၊၊
ဂေါဆရာတော်ကြီး၏ကျောင်းတိုက်တွင် ဆရာတော်ကြီးမရှိတော့သော်လည်း ဆရာတော်ကြီးနေသွားသည့် အခန်းကိုမူလအတိုင်းထားထားသည်ကို တွေ့ရသည်၊ ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများကိုလည်း စနစ်တကျသိမ်းဆည်းထားသည့်အပြင်၊ ကျောင်းတိုက်၏အတွင်းနံရံတွင်ဆရာတော်ကြီး၏ ဗီနိုင်းပုံကြီးကိုခန်း လုံးပြည့်ချဲ့ပြီး ချိပ်ထားသည်ကိုတွေ့ရသည်၊၊
လက်ရှိ ဂေါမြန်မာကျောင်းတိုက်ကို ပိုင်ဆိုင်ထားသည့် သီရိလင်္ကာဘုန်းကြီးလေးမှာ ဂေါဆရာတော်ကြီး၏ တပည့်အရင်းဖြစ်ပြီး၊ မြန်မာတို့၏စိတ်ဓာတ်ကို အလွန်လေးစားသည်ကိုလည်း တွေ့ခဲ့ရသည်၊၊ မြန်မာကျောင်း တိုက်သို့ မြန်မာသံဃာတော်လေးများ လာရောက်လည်ပတ်သည်ကို အလွန်ဝမ်းသာကြည်နူးနေဟန်၊ မရှိတော့သည့်ဆရာတော်ကြီးကိုလည်း လွမ်းမောလေဟန် စိတ်မကောင်းဖွယ်တွေ့ခဲ့ ရသေးသည်၊၊
“အလင်းစက်”တို့ သူငယ်ချင်းများ ဂေါမြန်မာကျောင်းတိုက်မှထွက်ခွါခဲ့ကြီး၊ ည (၁၂)ခန့်တွင် ကိုလံဘို၊ မကုဋာရာမကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့ကြတော့သည်၊၊ ဂေါဆရာတော်ကြီး၏ကျောင်းတိုက်နှင့် သာသနာပြုစိတ်ဓာတ်တို့ကိန်းအောင်းရာ ဂေါကျောင်းတိုက်ကို နောင်လာနောက်သား ညီတော်၊ နောင်တော် များသိရှိ၊ ဗဟုသုတဖြစ်ကြစေရန် ဤခရီးသွားမှတ်တမ်းကို တင်ပြခြင်းဖြစ်ပါသည်၊၊ ယ္ခုအခါ ဂေါဆရာတော်ကြီး၏ အားကျဖွယ်အတ္ထုပ္ပတ္တိကို တင်ပြပါမည်၊၊
ဂေါ-ဆရာတော်လောင်းလျာသည် ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ မြို့ဟောင်းဈေးတန်းရပ်နေ ကားအင်ဂျင်နီယာ-ဦးစံသူ၊ ဒေါ်ဖွားရှင်တို့မှ (၁၂၇၆)ခု၊ ၀ါဆိုလပြည့်ကျော် (၁)ရက်၊ အင်္ဂါနေ့၊ (၁၉၁၄)ခုနှစ်၊ ဇူလိုင်လတွင် ဖွားမြင် တော်မူပါသည်၊၊
ဆရာတော်လောင်းလျာသည် အသက် (၁၆)နှစ်အရွယ်၊ (၁၂၉၂)ခုနှစ်၊ ကဆုန်လဆန်း (၁)ရက်၊ တနင်္ဂနွေနေ့တွင် သန်လျင်မြို့၊ ပထမဘုံပြန်ဆရာတော်ကြီး ဘဒ္ဒန္တသုဇာတအရှင်မြတ်ကို ဥပစ္ဇျာယ်ပြုလျက် ခမည်းတော်+မယ်တော်တို့၏ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်တော်မူပါသည်၊၊ ဘွဲ့အမည်မှာ အရှင်ညာဏိန္ဒဖြစ်ပါသည်၊၊
(၁၂၉၆)ခုနှစ် နယုန်လဆန်း (၁၀)ရက် အင်္ဂါနေ့တွင် ခရမ်းမြို့ ဓမ္မိကာရာမရွှေကျင်ကျောင်းသစ်တိုက် သိမ်တော်ကြီးဝယ် ပထမဆရာတော်ဘုရားကြီး ဘဒ္ဒန္တနန္ဒိယကိုဥပစ္ဇျာယ်ပြု၍၊ ခရမ်းမြို့၊ မြေပိုင်ရှင်-ဦးတင်+ ဒေါ်စုတို့၏ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်၊၊ ဂေါ-ဆရာတော်ကြီးကို ဦးမောင်မောင်+ဒေါ်ခင်စောရွှေမိသားစုတို့မှ သိက္ခာထပ်လှူခဲ့ကြပါသည်၊၊
ဆရာတော်လောင်းလျာသည် ဘုံပျံကျောင်း၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တက၀ိထံတွင် အခြေခံကျမ်းစာများကို သင်ကြားပြီးနောက် ခရမ်းမြို့၊ ဓမ္မိကာရာမရွှေကျင်ကျောင်းသစ် ဆရာတော်ဘဒ္ဒန္တ နန္ဒိယ၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တညေယျ၊ တိုက်ကျပ်ဆရာတော် ဘဒ္ဒန္တဆန္ဒ၊ စာချဆရာတော် ဘဒ္ဒန္တအိန္ဒာသဘ၊ ဘဒ္ဒန္တပုည၊ အဘိဓမ္မာဝိဘာဝနီဋီကာကျော်ယောဇနာကျမ်းပြု ဘဒ္ဒန္တညာနိန္ဒာသဖ (ဆရာကြီး ဦးစံလင်း)၊ ကျိုက်လတ်မြို့၊ မစ္ဆိမာရုံမဟာရွှေကျင်တိုက် သတ္တမရွှေကျင်နိကာယဥက္ကဌ၊ သာသနာပိုင် ဆရာတော် ဘဒ္ဒန္တကေလာသ၊ စာချဆရာတော် နန္ဒက၊ နာရဒါဘိဝံသစသောစာချဆရာတော်များအထံတွင် ပါဠိ၊ အဌကထာ၊ ဋီကာ၊စသောကျမ်းဂန်များကို နည်းစုံအောင် သင်ကြားတော်မူခဲ့ပါသည်၊၊
ဆရာတော်သည် ရဟန်း (၁၀)၀ါအရတွင် ခရမ်းမြို့၊ ဓမ္မိကာရာမရွှေကျင်ကျောင်းသစ်သို့ ပြန်ကြွတော်မူပြီး၊ စာသင်သားတို့အား (၈)နှစ်တိုင် စာပေပို့ချခဲ့ပါသည်၊၊ ရဟန်း (၁၈)၀ါအရ (၁၉၅၂)ခု ဇူလိုင်လ (၁၉)ရက်နေ့ တွင် သီရိလင်္ကာနိုင်ငံသို့ကြွတော်မူပြီး ဗုဒ္ဓဘာသာဝင် သီရိလင်္ကာလူမျိုးတို့အား ဗုဒ္ဓတရားတော်များကို သီရိလင်္ကာဘာသာဖြင့် ဟောကြားတော်မူခဲ့ပါသည်၊၊
ဆရာတော်သည် သီရိလင်္ကာနိုင်ငံတွင်နေတော်မူခိုက်- - -
(၁) ကိုလမ်ဘိုမြို့ မဟာဝိသုဒ္ဓါရာမယကျောင်းတိုက်၊
(၂) နုဂေဂေါဓ၊ သိရီဓမ္မာရာမယကျောင်းတိုက်၊
(၃) မဟိန်တလေ၊ ကာလုဒိယပေါကုဏကျောင်းတိုက်၊
(၄) မာတလေ ပါလေပေါလသေနာသနကျောင်းတိုက်၊
(၅) မဟာနုဝရ၊ ကန္နီ-ဆေနာနာယကာရာမယကျောင်းတိုက်၊
(၆) ကလပလုဝါ၀၊ တပေါဝနာရာမယကျောင်းတိုက်၊
(၇) မာတရ၊ ဥဒုကာဝေ ၀ဇိရာရာမယကျောင်းတိုက်၊
(၈) ဒိယတလာဝ၊ ညာဏာရာမ ၀ိဝေကာရာမယကျောင်းတိုက်၊
(၉) ဥတုရုတလာလ သန္တ၀ိဝေကာရာမယကျောင်းတိုက်၊
(၁၀) ဒေါဒန်းဒူဝ၊ ပေါလဂဿဒူဝ သေနာသနကျောင်းတိုက်၊
(၁၁) ဂေါမြို့- ၀ဲကုဏဂေါဓ ဓမ္မာယတန-မြန်မာကျောင်းတိုက်တို့၌ လှည့်လည်သီတင်းသုံး၊ သာသနာ ပြုတော်မူခဲ့ပါသည်၊၊
ဒေဟိဝလ၊ ယက္ကမန၊ ဒေဏမန၊ ၀လသမူလ၊ နာရန်ဂမူ-အစရှိသောဌာနတို့၌ သီတင်းသုံးလျက် အနှစ်(၄၁) တိုင်အောင် သီရိလင်္ကာဒါယကာ ဒါယိကာမတို့အား ဗုဒ္ဓတရားတော်များကို သင်ကြားတော်မူခဲ့ပါသည်၊၊
ဆရာတော်သည် သီရိလင်္ကာနိုင်ငံတွင် သီတင်းသုံးတော်မူခိုက် - - -
(၁) ယမိုက်ဆယ်ကျမ်း၊
(၂) မဟာစည်ဆရာတော်၏ “၀ိပဿနာရှုဖွယ်ကျမ်း”၊
(၃) မဟာစည်ဆရာတော်၏ “တရားအားထုတ်ရသည့်အကြောင်းကျမ်း”၊
(၄) မစိုးရိမ်ဆရာတော်၏ “ပဌာန နယူပဒေသကျမ်း”၊
(၅) ဘဒ္ဒန္တနာရဒါဘိဝံသ၏ “မြန်မာပြန်သဂြိုဟ်ကျမ်း”၊
(၆) အရှင်ဇနကာဘိဝံသ၏ “၀ီထိသုံးချက်စုကျမ်း”၊စသည်တို့ကို သီရိလင်္ကာဘာသာသို့ ပြန်ဆိုတော်မူခဲ့ ပါသည်၊၊
ဆရာတော်သည် သီလ၊ သမာဓိ၊ ပညာ၊ ခမာ၊ ဇာဂရိယ၊စသောဂုဏ်တို့နှင့် ပြည့်စုံတော်မူသဖြင့် သီရိလင်္ကာ နိုင်ငံရှိ နိုင်ငံတော်အကြီးအကဲခေါင်းဆောင်ကြီးများနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ကြည်ညိုလေးစားမှုကိုခံယူရရှိ တော်မူပါသည်၊၊
ဆရာတော်အား ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရမှ (၁၃၅၄)ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်”တော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်၊၊ ဆရာတော်သည် သက်တော် (၇၇)နှစ် သိက္ခာတော် (၅၇) ၀ါရှိပြီဖြစ်သည်၊၊
မြန်မာနိုင်ငံရှိ တပည့်ဒါယကာဒါယိကာမအများဆွေမျိုးများ၏ လျောက်ထားတောင်းပန်ချက်အရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်၊ ကျောင်းဒါယကာ+ကျောင်းဒါ ယိကာမများဆောက်လုပ်လှူဒါန်းသော ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်၊ "မြန်မာ-သီရိလင်္ကာရာမကျောင်းတိုက်"၌ (၁၉၉၄)ခုနှစ်မှစတင်၍သီတင်းသုံးတော်မူကာ ပြည်တွင်း၊ ပြည်ပသာသနာပြုတော်မူပါသည်၊၊
ဂေါဆရာတော်ကြီး၏ အတ္ထုပ္ပတ္တိကို လေ့လာမှတ်သားပြီး၊ ဆရာတော်ကြီးကဲ့သို့အောင်မြင်သည့် သာသနာပြု ဖြစ်ပါရစေကြာင်းနှင့်၊ ဗုဒ္ဓရှင်တော်၏ သဒ္ဓမ္မသုံးဖြာသာသနာတော်တွင် အောင်မြင်သည့်သာသနာပြုဆရာတော်များ ပေါ်ထွန်းလာပါစေကြောင်း "အလင်းစက်အရှင်" ဆုတောင်းအပ်ပါသည်၊၊ ၊၊
(မှတ်ချက်/ ဂေါ-ဆရာတော်ကြီး ကိုယ်တိုင်ရေးသားတော်မူခဲ့သည့် “စတုရာရက္ခရှုဖွယ်ကျမ်း,နှင့်၊ ပုဂံခရီးသည် (ပါရဂူ)”စသည်တို့ကို ကိုးကား၍ ရေးသားတင်ပြအပ်ပါသည်၊၊ ဂေါခရီးသွားမှတ်တမ်း ဓာတ်ပုံများကို ညာဘက်ကော်လံတွင် လေ့လာကြည့်ရှုနိုင်ပါသည်၊၊)
မေတ္တာဖြင့် - - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမ-မြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(၁၄.၈.၂၀၁၁)
Posted by အလင်း စက် at 4:10 AM 0 comments
Sunday, August 7, 2011
ဆရာတော် ဦးကေလာသ၊၊ ၊၊
မကုဋာရာမမြန်မာကျောင်းတိုက်ကြီးတွင် ကျောင်းတိုက်ကြီးကိုမူလတည်ထောင်တော်မူခဲ့သည့် ဆရာတော်ကြီး ဦးဝိနယာလင်္ကာရ၊ ဒုတိယ-၀ိဟာရာဓိပတိ ဆရာတော်ဦးသိဂ္ဂ၀တို့ပြီးလျင် ကျေးဇူးတင်ထိုက်သည့် ဆရာတော်ကြီးမှာ “ဆရာတော်ဦးကေလာသ”ဖြစ်ပါသည်၊၊
ဆရာတော်ဦးကေလာသသည် အနေရိုးလွန်းသောကြောင့်တစ်ကြောင်း၊ နှိမ်ချ၍နေလေ့ရှိသည်ကတစ် ကြောင်းစသောအကြောင်းများကြောင့် သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမကျောင်းတွင်နေထိုင်၍ ပညာသင်ပြီးသွား ကြသည့်တိုင် ဤဆရာတော်ကြီးကို သိသူနည်းပါးပါသည်၊၊
မကုဋာရာမမြန်မာကျောင်းတိုက်ကြီးကို စစ်အတွင်းတွင် အစားအသောက်ဆင်းဆင်းရဲရဲဖြင့်၊ ဗုံးဒဏ်၊ သေနတ်ဒဏ်နှင့်၊ သူခိုး၊ ဓားပြဒဏ်များအကြားတွင် ရသမျှအစားအသောက်လေးများနှင့် တင်းတိမ်မျှ
တလျက် ကျောင်းတိုက်ကြီးမြန်မာတို့လက်မှ မပပျောက်ရေးအတွက်အသက်စွန့်၍ စောင့်ရှောက်တော်မူခဲ့သည့် ဆရာတော်ဦးကေလာသ၏ကျေးဇူးကို မှတ်တမ်းတင်သင့်လှသည်၊၊
ဆရာတော်ဦးကေလာသ၏ နောက်ဆုံးစောင့်ရှောက်ကာကွယ်မှုကြောင့်သာ မကုဋာရာမမြန်မာကျောင်း တိုက်ကြီးသည် ယနေ့အချိန်အထိဆက်လက် အသက်ရှင်လာရခြင်းဖြစ်သည်ဟုဆိုလျင် မှားနိုင်မည်မထင်ပါ၊၊
ဆရာတော်ဦးကေလာသသည် ကျောင်းတိုက်ကြီးကို နောက်ဆုံးထိမ်းသိမ်းပြီး စာသင်သားသံဃာ တော်များ၏လက်သို့ အပ်နှံခဲ့သည့်ကျေးဇူးရှင် ဆရာတော်ကြီးဖြစ်ပါသည်၊၊ ထို့အတွက်ကြောင့် ဆရာတော် ကြီး၏အတ္ထုပ္ပတ္တိကို နောင်လာနောက်သား ညီတော်၊ နောင်တော်များမှတ်သားနိုင်စေရန် တင်ပြအပ်ပါသည်၊၊
ဆရာတော်ဦးကေလာသကို မကွေးတိုင်း၊ မြင်ကွင်းမြို့နယ်၊ ကျွန်းပြတ်ကြီးရွာ၊ ဦးထွန်းသစ်၊ ဒေါ်ပုတို့မှ (၁၂၈၂)ခု၊ ကဆုန်လဆန်း (၁၀)ရက်၊ တနင်္လလာနေ့တွင် ဖွားမြင်ပါသည်၊၊
အသက်(၁၃)နှစ်အရွယ်တွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်၊၊ (၁၃၀၂)ခုနှစ် ပြာသိုလပြည့် ကျော်(၈)ရက်တွင် ကျွန်းပြတ်ကြီးရွာ၊ ဥဒကုက္ခေပသိမ်၌၊ မယ်လှတောင်ရွာ ဆရာတော်ဦးသုမင်္ဂလကို ဥပစ္ဇျာယ်ပြုလျက် ခမည်းတော် မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာမြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်၊၊
အသက်(၁၁)အရွယ်တွင် ရွာကျောင်းဆရာတော် ဦးညာဏ၊ ဆရာတော်ဦးပဏ္ဍိစ္စ၊ မန္တလေးမြို့၊ တောင် ပြင်ဘုရားကြီးကျောင်းတိုက် ဦးသာသနကျောင်းဆရာတော် ဦးအာစိဏ္န၊ မကွေးမြို့၊ မဟာဝိသုတာရာမတိုက် ဆရာတော်ဦးပဒုမ၊ မင်းဘူးမြို့ တောရကျောင်းတိုက်၊ ဆရာတော်ဦးတိလောက၊ ရန်ကုန်မြို၊့ ခြောက်ထပ်ကြီးဘုရားကြီးကျောင်းတိုက် ဦးသာဂရ၊ စသောဆရာတော်များအထံတွင် စာပေများကို ကျမ်းကြီးပေါက် သင်ယူတော်မူပါသည်၊၊
ဆရာတော်သည် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ဗားကရားကျောင်းတိုက် သာယာဝတီကျောင်းဆရာတော် ဦးဝါယမ၏ ခွင့်ပြုချက်ဖြင့် သီဟိုဠ်ကျွန်းသို့သာသနာပြုကြွရန်တိုက်တွန်းမအရ (၁၉၅၁)ခုနှစ်၊ ဇူလိုင်လ(၁၇) ရက်နေ့၊ ညနေ(၃)နာရီတွင် ကုလံဘိုဆိပ်ကမ်းသို့ရောက်ရှိပြီး၊ ကိုလံဘိုမြို့၊ မကုဋာရာမကျောင်းတိုက်၌ ဆရာတော်ဦးဝိနယာလင်္ကာရထံတွင်နေထိုင်ရင်း သာသနာရေးကိစ္စများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပါသည်၊၊
သီဟိုဠ်ကျွန်းတွင် သာသနာရေးကိစ္စများကို ဆောင်ရွက်ရာ၌ သိမ်သမုတ်ပေးခြင်း၊ ရဟန်းခံပေးခြင်းစသော သံဃာ့ကံများကို ကြိုးပမ်းဆောင်ရွက်တော်မူခဲ့ပါသည်၊၊
(၁၉၆၂)နှစ်၊ သီရိလင်္ကာအစိုးရမှ သီရိလင်္ကာရှိ နိုင်ငံခြားသားများအား နေထိုင်ခွင့်ဗီဇာကြေးပေးဆောင်ရန် ဥပဒေပြဌာန်းလိုက်ရာ ထိုဗီဇာခွန်ပေးဆောင်ခြင်းမှ မြန်မာနိုင်ငံသားသံဃာတော်များ ကင်းလွတ်ခွင့်ရရန် အတွက် “လင်္ကာဝါသီမရမ္မိက ဘိက္ခုသမိတိယ”အမည်ရှိ အဖွဲ့အနေဖြင့်မေတ္တာရပ်ခံခဲ့ရာ လွတ်ငြိမ်းခွင့်ရရှိခဲ့ပါသည်၊၊
(မှတ်ချက်/ ဆရာတော်ကြီး ဦးကေလာသသည် သီရိလင်္ကာအစိုးရထံမှ ဗီဇာခွန်ကင်းလွတ်ခွင့်ကို သတ္တိရှိရှိ တောင်းခံအောင်မြင်ခဲ့သော်လည်း ယ္ခုအခါမြန်မာပြည်အစိုးရထံမှ (2010)မှစတင်၍ ပတ်စပို့အသစ်လဲရာတွင် ပေးဆောင်ရသည့် ဒေါ်လာ(၁၀၀)အခွန်ကို မြန်မာစာသင်သားသံဃာတော်တို့ ပညာသင်စရိပ်ထဲမှ ပတ်စပို့သုံးနှစ်၊ သက်တမ်းပြည့်၍အသစ်လဲတိုင်း ဒေါ်လာ(၁၀၀)ပေးနေရသည်ကို နှိုင်းယှဉ်လေ့လာနိုင်သည်၊၊)
ထိုအဖွဲ့တွင်ဆရာတော်သည် အကျိုးတော်ဆောင်ချုပ်အနေဖြင့် တာဝန်ယူခဲ့ပါသည်၊၊ ထို့အပြင်တိုင်း ပြည်ဆူပူနေချိန်တွင် အခက်ခဲအမျိုးမျိုးကြားမှ မြန်မာကျောင်းတိုက်ကြီးအား အသက်ကိုပင်ပဓာန မထားဘဲ စောင့်ရှောက်ခဲ့ပါသည်၊၊
ထို့ကြောင့်(၂၀၀၂)နှစ်၊ ဇန်န၀ါရီလ-၄ရက်နေ့တွင်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၀၂)ဖြင့် “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်”ကို ဆက်ကပ်ခဲ့ပါသည်၊၊
ဆရာတော်ကြီးတို့ကဲ့သို့ မကုဋာရာမမြန်မာကျောင်းတိုက်ကြီးကို ရေရှည်တည်တန့်အောင် စောင့်ရှောက်ထိမ်း သိမ်းနိုင်သော သာသနာ့အာဇာနည်ဆရာတော် များများပေါ်ပေါက်ပါစေကြောင်း “အလင်းစက်အရှင်” ဆုတောင်းပါသည်၊၊
မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမမြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(ကိုးကား/ ဘွဲ့တံဆိပ်ရဆရာတော်ကြီးများမှတ်တမ်း၊ သာသနာရေးဝန်ကြီးဌာနစာအုပ်မှ ကိုးကားဖော်ပြပါ သည်၊၊)
Posted by အလင်း စက် at 3:46 AM 0 comments
Saturday, July 30, 2011
ဝိဟာရာဓိပတိ ဘဒ္ဒန္တသိဂ္ဂ၀ မဟာထေရ်၊၊ ၊၊
မြန်မာပြည်မှ နိုင်ငံခြားပညာသင်၊ သံဃာတော်များစွာတို့ ဗုဒ္ဓစာပေနှင့်၊ အတတ်ပညာအမျိုးမျိုးကို နိုင်ငံတကာအဆင့်မှီနည်းများဖြင့် သင်ကြားဆည်းပူးလျက်ရှိသော သီရိလင်္ကာနိုင်ငံတွင် မကုဋာရာမ-မြန်မာကျောင်းတိုက်ကြီး တည်ရှိနေသည်မှာ စာသင်သားသံဃာတော်တို့အတွက် တာဝတိံသာနတ်ပြည် လူပြည်မှာရောက်နေသကဲ့သို့ပင် ဖြစ်ပါသည်၊၊
မှန်ပါသည်၊၊ မကုဋကျောင်းတိုက်ကြီး၏ ဗောဓိညောင်ပင်အောက်တွက် ရေနွေးကြမ်းနှင့်၊ ဗယာကြော် စားရသည်ကပင် နတ်သုဒ္ဓါတမျှ အရသာရှိကြောင်း စားဖူးသည့်သံဃာတော်တိုင်း သိကြရသည်၊၊ မပြောပ လောက်သည့် ဒေါ်လာလေးမျှနှင့် ၀ိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့နှင့်၊ ဗိုလ်စာများကို မြန်မာသံဃာ တော်တို့အလွယ်တကူ ပန်ဆင်ခွင့်ရနေသည်မှာလည်း မကုဋ၏ကျေးဇူးမှတ်တမ်းတစ်ခု ဖြစ်ပါသည်၊၊
သီရိလင်္ကာတွင် မဟာဝိဇ္ဇာတန်းပြီးသဖြင့် အိန္ဒိယနိုင်ငံနှင့် အခြားနိုင်ငံတက္ကသိုလ်များတွင် စာပေပါရဂူ ဘွဲ့အတန်းများကို တက်ရောက်၊ သင်ယူနေကြသည့် သူငယ်ချင်းများမှလည်း ကို“အလင်းစက်”ရေ ကျုပ်တို့တော့ ညောင်ပင်အောက်မှာ ရေနွေးကြမ်းလေးနဲ့၊ ချစ်ခင်ကြည်နူး၊ အာလူးဖုတ်ရသည်များကို လွမ်းလှကြောင်း မကြာခဏဆိုသလို ပြောဆိုကြသည်၊၊
ယ္ခုအခါမြန်မာနိုင်ငံ၊ ထေရ၀ါဒတက္ကသိုလ်ပါမောက္ခချုပ်အဖြစ် သာသနာ့တာဝန်ထမ်းဆောင်လျက် ရှိကြသော ဆရာတော်ကြီးဒေါတ်တာနန္ဒမာလာ၊ မန္တလေးသာသနာ့တက္ကသိုလ်ပါမောက္ခချုပ်နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တို့တွင် တွဲဖတ်ပါမောက္ခချုပ်အဖြစ် သာသနာ့တာဝန်ထမ်းဆောင်လျက်ရှိကြသော ဒေါတ်တာပဏ္ဍိတ၀ရ စသည့်ဆရာတော်ကြီးများနှင့်၊
ချမ်းမြေ့သာသနာ့ရိပ်သာကြီးကိုတည်ထောင်၍ ကမ္ဘာသို့ဗုဒ္ဓ၏၀ိပဿနာပညာရပ်များကို ဖြန့်ဖြူးလျက်ရှိသော ချမ်းမြေ့ဆရာတော်ကြီးတို့မှာ မကုဋ၏ညောင်ညိုပင်ရိပ်တွင် နားခိုသွားဖူးကြသည့် သာသနာ့အာဇာနည်များ ဖြစ်ပါသည်၊၊
ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်ကြီးတစ်ခုဖြစ်သည့် အင်္ဂလန်နိုင်ငံ၊ အောက်စဖို့တက္ကသိုလ်ကြီးတွင် ပါမောက္ခ တာဝန်ဖြင့် ကမ္ဘာသို့သာသနာကို အလယ်ဗဟိုရ်တည့်တည့်မှဖြန့်ဖြူးနေသည့် သာသနာ့အာဇာနည် ဒေါတ်တာအရှင်ဓမ္မသာမိနှင့်၊ ထိုထိုနိုင်ငံအသီးသီးတွင် ကျောင်းတိုက်ကြီးများနှင့်၊ သာသနာပြုဌာနကြီးများ ကိုတည်ထောင်၍သာသနာပြုနေသူ သာသနာ့အာဇာနည်များတို့သည်လည်း မကုဋ၏ညောင်ညိုပင်ကို မေ့နိုင်ကြမည်မထင်ပေ၊၊
ရှေးယခင်က သီရိလင်္ကာတွင် မြန်မာကျောင်တိုက်ကြီး (၆)တိုက်မျှရှိခဲ့သည်၊၊ ဆရာတော်ကြီးတို့ကဲ့သို့ စိတ်ရှည်၊ဇွဲသန်၊ သည်းညည်းခံ၊သတ္တိရှိရှိဖြင့် စောင့်ရှောက်ထိမ်းသိမ်းသူမရှိသဖြင့် ကျောင်းတိုက်ကြီး
(၃)တိုက်မှာ သီရိလင်္ကာဘုန်းတော်ကြီးများလက်သို့ရောက်ရှိသွားသည်မှာ မြန်မာသံဃာတော်များအတွက် များစွာနင့်နာ လှသည်၊၊
ယနေ့အထိ နှစ်စဉ်မြန်မာစာသင်သား သံဃာတော်(၁၀၀)ကျော်တို့ မကုဋညောင်ပင်အိုကိုအမှီပြု၍ တက္ကသိုလ် ပညာရပ်များကို သင်ယူနေကြသည်မှာ ဆယ်စုနှစ်များစွာပင် ကြာခဲ့ပြီဖြစ်သည်၊၊ ညောင်ပင်အိုသည်ကား အခက်အလက်ဝေဆာစွာဖြင့် အသစ်အသစ်ရောက်ရှိလာမည့် မြန်မာ့စာသင်ပျိုနု စာသင်သားများကို မျှော်လင့်ခြင်းနှင့်အတူ၊ ညောင်ပင်အိုကိုကျောခိုင်း၊ လာရာလမ်းကိုပြန်လည် သွားကြပြီဖြစ်သည့် မြန်မာ့သားကြီးရဟန်းတော်များကို လွမ်းမောလျက်ရှိမည်မှာ မလွဲပါချေ၊၊
ဤမျှ မြန်မာအဆင့်မြင့် စာသင်သားသံဃာတော်များအပေါ်တွင် ကျေးဇူးများသည့် မကုဋာရာမမြန် မကျောင်းတိုက်ကြီးကို စစ်အတွင်းအသက်ဘေးကို ငဲ့ကွက်ခြင်းမရှိဘဲ၊ သီရိလင်္ကာမြေပေါ်တွင် မြန်မာကျောင်း တိုက် မပျောက်ကွယ်ရေးကိုအသက်ပေး၍ ကာကွယ်စောင့်ရှောက်တော်မူခဲ့သော ကျေးဇူးတော်ရှင် ၀ိဟာရာဓိပတိ ဆရာတော်ဘဒ္ဒန္တ သိဂ္ဂ၀မဟာထေရ်၏ အတ္တုပ္ပတ္တိနှင့်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်၊ ခံယူရရှိခဲ့ပုံကို “အလင်းစက်”စာဖတ်သူသို့ တင်ပြလိုက်ပါသည်၊၊
ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀သည် စစ်ကိုင်းတိုင်း၊ မြောင်မြို့၊ ခမည်းတော် ဦးရွှေအပ်+မယ်တော် ဒေါ်ယောတို့မှ (၁၂၇၁)ခုနှစ်၊ နယုန်လဆုပ် (၂)ရက်၊ သောကြာနေ့တွင်ဖွားမြင်သော သားရတနာဖြစ်သည်။
ဆရာတော်လောင်းလျာသည် မြောင်မြို့၊ ဒန်းကျောင်းဆရာတော် ဦးဥာဏကိုဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိပါသည်။
(၁၂၉၀)ပြည့်နှစ်၊ နယုန်လဆန်း(၁၂)နေ့တွင် ရန်ကုန်မြို့၊ ဒေ၀သာဂရသိမ်ကုန်းကျောင်းတိုက်၊ ဓမ္မိကာရုံ ဆရာတော် ဦးရေ၀တကို ဥပဇ္ဈာယ်ပြု၍၊ ရန်ကုန်မြို့၊ လွစ္စလမ်း၊ ဒေါ်ရင်၊ ဒေါ်ဥတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ဆရာတော်သည် မန္တလေးမြို့၊ စကုတိုက်၊ မစိုးရိမ်တိုက်၊ ရန်ကုန်မြို့၊ ဒေ၀သာဂရသိမ်ကုန်းကျောင်း တိုက်တို့မှ ပရိယတ္တိစာပေများကိုသင်ယူခဲ့ပြီး၊ စကုတိုက်၊ တောင်ပြုံးကျောင်းဆရာတော်ဦးစန္ဒိမာ၊ မစိုးရိမ်တိုက် ဦးပညာ၊ သိမ်ကုန်ကျောင်းတိုက် စာချဆရာတော်ဦးဝရသမ္ဗောဓိ၊ ဦးတိက္ခ၊ ဦးအာသဘတို့ထံမှ ပရိယတ္တိစာပေများကို သင်ကြား၊ တတ်မြောက်ခဲ့ပါသည်။
ဆရာတော်သည် (၁၂၉၄)ခုနှစ်တွင် အစိုးရပထမလတ်တန်းကို အောင်မြင်တော်မူပြီးနောက် ကျမ်းကြီးပေါက် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများကို သင်ကြား၊ ဆည်းပူးတော်မူပါသည်။ ရန်ကုန်မြို့၊ ဒေ၀သာဂရသိမ်ကုန်း ကျောင်းတိုက်၊ ဓမ္မိကာရုံကျောင်းတို့၌ ရှင်ငယ်၊ ရဟန်းငယ်များအား ပိဋကတ်အခြေ ခံကျမ်းစာများကို သင်ကြားပို့ချပေးတော်မူခဲ့ပါသည်။
ဆရာတော်သည် သီရိလင်္ကာနိုင်ငံသို့ကြွရောက်ပြီး၊ သီရိလင်္ကာနိုင်ငံတွင် သီဟိုဠ်ဘာသာဖြင့်ထုတ်ဝေသော ဝေဆခ်မဂ္ဂဇင်းတွင်လည်း ဘာသာရေးဆောင်းပါးများ ရေးသားတော်မူလျှက် ရှိပါသည်။
ဆရာတော်သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမကျောင်းတိုက်ကို တည်ထောင်တော်မူခဲ့သော ဆရာတော်ဦးဝိနယာလင်္ကာရ၏ လက်ထောက်အဖြစ်လည်းကောင်း၊ ဆရာတော်ကြီးမရှိသည့်နောက်ပိုင်းတွင် ကိုလံဘိုမြို့-မကုဋာရာမကျောင်း၊ ကန္ဒီမြို့-မြန်မာကျောင်း၊ အနုရာဓပူရမြို့-မြန်မာကျောင်းတို့၌ နာယကဆရာတော်အဖြစ်လည်းကောင်း ဆောင်ရွက်တော်မူလျှက်ရှိပါသည်။
သီရိလင်္ကာနိုင်ငံ၊ မြို့နယ်အသီးသီးသို့ကြွရောက်၍ သီဟိုဠ်ဘာသာ၊ အင်္ဂလိပ်ဘာသာစကားတို့ဖြင့် တရားဟောပြတော်မူလျှက် ရှိပါသည်။ သီရိလင်္ကာ နိုင်ငံ၏ သာသနာရေးကိစ္စများတွင် တက်ကြွစွာ ဆောင်ရွက်တော်မူခဲ့ပါသည်။ အမရပူရနိကာယ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သော စူဠဂဏ္ဍိဂိုဏ်း၏ ၀ိနည်းဓိုရ် ဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့ပါသည်။
ဆရာတော်၏ သီလ-သမာဓိ-ပညာ-ခမာ-ဇာဂရိယစသောဂုဏ်တို့ကြောင့် သီရိလင်္ကာနိုင်ငံရှိ မြန်မာသံဃာ တော်များ ဒါယကာဒါယိကာမများ၏ နာယကဆရာတော်ကြီးအဖြစ် ကြည်ညိုလေးစားမှုကို ခံယူရရှိတော်မူ သည့်အပြင် အမရပူရနိကာယ၏ဂိုဏ်းခွဲဖြစ်သော စူဠဂဏ္ဍိဂိုဏ်းမှ “၀ိနယဓရဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်”ကို ခံယူရရှိတော်မူပါသည်။
ဤသို့လျှင် သာသနာတော်အကျိုးကို သည်ပိုးဆောင်ရွက်တော်မူသော ၀ိနယဂရုက၊ လဇ္ဖီပေသလ၊ သိက္ခာကာမစသောဂုဏ်တို့နှင့် ကုံလုံပြည့်ဝတော်မူသည့်ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀သည် (၁၃၅၂)ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆက်ကပ်၊ လှူဒါန်းအပ်သော “အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်”တော်မြတ်ကို အလှူခံရရှိတော်မူပါသည်။
ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်များကိန်းဝပ်ရာ မကုဋာရာမ-မြန်မာကျောင်းတိုက်ကြီး၏ ညောင်ညိုရိပ်တွင် မှေးစက်ခိုနားလျက် ပညာရေးပန်းတိုင်များသို့ အသီးသီးလှမ်းလက်ကို ဆန့်တန်းနိုင်သည့် သာသနာ့အာဇာနည်များဖြစ်ကြစေကြောင်းဆုရည်မွန်လျက် ဆရာတော်ကြီးဦးသိဂ္ဂ၀၏ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိပုံစာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊
(မှတ်ချက်/ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများမှတ်တမ်း၊ (ပြည်ထောင်စု မြန်မာနိုင်ငံတော်)စာအုပ်ကိုမှီငြမ်းပြု၍ ဤစာတမ်းကို ရေးသားတင်ပြအပ်ပါသည်၊၊ ဂေါဆရာတော်ကြီး၏ အတ္တုပ္ပတ္တိနှင့် ဘွဲ့တံဆိပ်တော်ရရှိပုံကိုလည်း မကြာခင်တင်ပြပါမည်၊၊ )
မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမ-မြန်မာကျောင်းတိုက်၊
ဒေမတဂေါဓလမ်း၊ ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
Posted by အလင်း စက် at 8:26 AM 0 comments
Saturday, July 23, 2011
လူသားနှင့် ဟိတ် ၊၊ ၊၊

ဗုဒ္ဓ“အဘိဓမ္မာ”သည် သဘာဝတောတောင်၊ ရေမြေ၊ မိုးကောင်းကင်နှင့်၊ လူသားတစ်ဦးခြင်း၏ ကိုယ်ကာယ ဖွဲ့စည်းပုံ၊ စိတ်ပိုင်းဆိုင်ရာဖွဲ့စည်း တည်ဆောက်ထားပုံများကိုပြဆိုသည့် ပိဋကတ်ဖြစ်ပါသည်၊၊
ဗုဒ္ဓအဘိဓမ္မာတွင် ဟေတု=ဟိတ် (၆)မျိုးရှိကြောင်း လေ့လာရပါသည်၊၊
(၁) လောဘဟိတ်၊
(၂) ဒေါသဟိတ်၊
(၃) မောဟဟိတ်၊
(၄) အလောဘဟိတ်၊
(၅) အဒေါသဟိတ်၊
(၆) အမောဟဟိတ်တို့ ဖြစ်ပါသည်၊၊
ပဋ္ဌာန်း(၂၄)ပစ္စည်းတွင် “ဟေတု ပစ္စယော”ဆိုသည်မှာ အထက်ပါဟိတ်ခြောက်မျိုးကို ဆိုလိုပါသည်၊၊ လူသား၏ဘ၀ကို ဟိတ်ခြောက်မျိုးတို့က ပုံဖော်သည်ကို “ဟေတုပစ္စယော”ဟူ၍ မှတ်ယူရမည် ဖြစ်ပါသည်၊၊
“ဟေတု”ဟူသော ပါဠိဝေါဟာရစကားလုံးကို မြန်မာလို ဘာသာပြန်ရန်ခက်ခဲသောကြောင့် ရှေးမြန်မာ ပညာရှိတို့က ပါဠိစကားလုံးကိုပင် အသွင်ပြောင်း၍ “ဟိတ်”ဟူ၍သုံးနှုံးခဲ့ကြပါသည်၊၊
မြန်မာစကားတွင် လူတစ်ယောက်ကို “ဒီလူဟိတ်ကြီးသည်၊ ဟန်ကြီးသည်၊ ယ္ခုခေတ်- ပဲများသည်”ဟု ပြောဆိုနေကြသည်မှာ "ဟေတု"ဟူသော ပါဠိစကားလုံးကို ပုံစံအမျိုးမျိုးဖြင့် သုံးစွဲနေကြခြင်း ဖြစ်ပါသည်၊၊
“ဟေတု”ဟူသော မူလပါဠိစကားလုံး၏ အနက်အဓိပ္ပါယ်မှာ “အကြောင်း”ဟူ၍ အနက်ကောက်ရမည် ဖြစ်ပါသည်၊၊ အကျိုးတစ်စုံတရာဖြစ်ပေါ်စေရန်ပြုပေးသည့် အကြောင်းအထောက်အပံ့ကို “ဟေတု”ဟူ၍ ခေါ်ဆိုရပါသည်၊၊ အကျိုးဆိုရာတွင် ကောင်းကျိုးများအားလုံးနှင့်၊ ဆိုးကျိုးများအားလုံးတို့ ပါဝင်ပါသည်၊၊
လူသား၏ပင်ကိုယ်သဘာဝသည် လောဘဟိတ်၊ ဒေါသဟိတ်၊ မောဟဟိတ်အခြေခံကြီးလေ့ရှိကြောင်း စာပေကျန်းဂန်အသီးသီးတွင် ဖော်ပြပါရှိသည်၊၊
"လောဘဟိတ်" ကြီးခြင်းတွင်အခြေတည်၍ လူသားသည်ရနိုင်သမျှနှင့်၊ မရနိုင်သမျှကိုပါ လိုချင်သည်၊၊ "ဒေါသဟိတ်" ကြီးသဖြင့် တိုက်ခိုက်ဖြက်ဆီး၊ ရန်ပြုလိုသည်၊၊ "မောဟဟိတ်" ကြီးသဖြင့် တကယ့်သဘာဝတရားတို့၏ အစစ်အမှန်သဘောကို မသိနိုင်ဖြစ်ရသည်၊၊ (ပညာမတတ်ဖြစ်ရသည်၊၊)
ဆန့်ကျင်ဘက်စွမ်းအားစုအနေဖြင့် လောဘဟိတ်ကိုဖိနှိပ်နိုင်သောအခါ “အလောဘဟိတ်” ဖြစ်ပေါ် လာရသည်၊၊ ဒေါသဟိတ်ကိုဖိနှိပ်နိုင်သောအခါ“အဒေါသဟိတ်”ဟူ၍ ဖြစ်ပေါ်လာရသည်၊၊ မောဟဟိတ်ကို ဖိနှိပ်နိုင်သောအခါ “အမောဟဟိတ်”ဟူ၍ဖြစ်ပေါ်လာရ ပါသည်၊၊
“အလောဘဟိတ်”လူသား၏ နှလုံးသားတွင်အခြေတည်လာသောအခါ တစ်ပါးသူကို ကူညီလိုစိတ်များ၊ စောင့်ရှောက်လိုစိတ်များ၊ အလှူပေးလိုစိတ်များပေါ်ထွက်လာရသည်၊၊
“အဒေါသဟိတ်”လူသား၏နှလုံးသားတွင် ဖြစ်ပေါ်လာသောအခါ လူတိုင်းအပေါ်တွင် လေးစားလာသည်၊ မြတ်နိုးလာသည်၊ တန်ဖိုးထားလာသည်၊ ချစ်ခင်လာရပါသည်၊၊
“အမောဟဟိတ်”လူသား၏ နှလုံးသားတွင်အခြေတည်လာသောအခါ လောကနှင့်၊ ဘ၀တွင်ဖြစ်ပေါ်နေသော၊ ရွေ့ရှားနေသော သဘာဝတရားတို့၏ အသေးစိတ်သဘာဝကို သိလာရသည်၊၊ သဘာဝကို အမှန်တိုင်းမြင်လာသောအခါ ပညာဟူ၍ဖြစ်လာရပါသည်၊၊
အထက်တွင်ဆွေးနွေးခဲ့သည်မှာ ဗုဒ္ဓအဘိဓမ္မာမှ ဟိတ်ခြောက်မျိုး ဖြစ်ပါသည်၊၊ ဟိတ်ခြောက်မျိုးတွင် လိုလားဖွယ်ဟိတ်သုံးမျိုးနှင့်၊ မလိုလားအပ်ဖွယ်ဟိတ်သုံးမျိုးပေါင်းစပ်ထားသည်ကို သတိပြုမိမည်ဖြစ်ပါသည်၊၊
လူတစ်ဦးတစ်ယောက်တွင် “လောဘဟိတ်”တစ်ခုဖြစ်ပေါ်သည်နှင့် ဒေါသဟိတ်နှင့် မောဟဟိတ်တို့သည်လည်း အတူတကွဖြစ်ပေါ်လာရပါသည်၊၊ “အလောဘဟိတ်”ဖြစ်ပေါ်သည်နှင့် အဒေါသဟိတ်နှင့် အမောဟဟိတ်တို့သည်လည်း အတူတကွဖြစ်ပေါ်လာရပါသည်၊၊
ဟိတ်ခြောက်မျိုးကို အနှစ်ချုပ်ကောက်ချက်ချသော် လောဘဟိတ်သည် လူသားနှင့်ကမ္ဘာလောကကို အရုပ်ဆိုး၊ အကြည်းတန်စေတတ်သည့် ဟိတ်ဖြစ်ပြီး၊ အလောဘဟိတ်သည် လူသားနှင့် ကမ္ဘာလောကကို သာယာလှပစေသော ဟိတ်ဖြစ်သည်ဟု ဆိုလိုပါသည်၊၊
လူသားတို့နေ့စဉ် ရင်ဆိုင်ဖြေရှင်းနေရသော ဘ၀ပြဿနာ၊ ကမ္ဘာ့ပြဿများကို မည်သူမည်ဝါကစသည်ဟု ပုဂ္ဂိုလ်တစ်ဦးခြင်း လက်ညှိုးထိုးနေလျင်လုံးဝမှားယွင်းသည့် စွပ်စွဲချက်ဖြစ်ပါသည်၊၊ အမှန်မှာ ပုဂ္ဂိုလ်တို့၏ နှလုံးသားတွင်တည်ရှိနေသော အဆိုးဟိတ်၏ မှားယွင်းနေမှုကြောင့်သာ ဖြစ်ရပါသည်၊၊
ထိုအဆိုးဟိတ်ကိုသာ အကောင်းဟိတ်အဖြစ်သို့ ပြုပြင်ရယူနိုင်လျင် လူသားတို့၏ဘ၀သာယာမှုနှင့်၊ ကမ္ဘာ့ငြိမ်းချမ်းရေးဟူသည်မှာ စစ်တိုက်၍ယူနေစရာမလိုသော အဓိကသော့ချက်ဖြစ်ပါသည်၊၊ ဤသည်မှာ ဗုဒ္ဓအဘိဓမ္မာ၏ လူသားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ သင်ကြား၊ ညွန်ကြားချက်ဖြစ်ပါသည်၊၊
အလောဘကို “ဒါနဟိတ်”ဟူ၍ ခေါ်ရပါသည်၊၊ အဒေါသဟိတ်ကို “မေတ္တာဟိတ်”ဟူ၍ သုံးနှုံးပါသည်၊ အမောဟဟိတ်ကို “ပညာဟိတ်”ဟူ၍ ခေါ်ဆိုပါသည်၊၊ လူတွင် ဟိတ်ခြောက်မျိုးလည်ပတ် ဖြစ်ပေါ်နေပြီး၊ ဟိတ်ခြောက်မျိုး၏အားသန်ရာကို လူသည်လိုက်ပါပြုလုပ်၊ ဆောင်ရွက်ရသည်ဟု ဗုဒ္ဓအဘိဓမ္မာမှ သင်ပြထားပါသည်၊၊
ဟိတ်တို့၏သဘောတရားကို ကောင်းစွာသုံးသပ်ဆင်ခြင်ကြည့်လျင် လောကတွင်ဖြစ်ပေါ်နေသော အရာအားလုံး၏ အခြေခံမူလကိုကောင်းစွာ သိရှိသဘောကျလာမည် ဖြစ်ပါသည်၊၊ ကောင်းကျိုးများ ဖြစ်ပေါ်လာလျင်ဖြစ်စေ၊ ဆိုးကျိုးများဖြစ်ပေါ်လာသည်ဖြစ်စေ၊ အခြေခံအကြောင်းတရားကိုသိရှိလျင် ကောင်းကျိုးကို ကောင်းသည်ထက်ကောင်းစေရန်၊ ဆိုးကျိုးကို ရပ်တန့်သွားစေရန် လူသားအနေဖြင့် အားထုတ်နိုင်မည်ဖြစ်သည်၊၊
လူတို့၏နေ့စဉ်ဘ၀တွင် ဖော်ပြပြီးဟိတ်တို့၏သဘောများနှင့် ထိုဟိတ်တို့၏အားကြီးမှု၊ အားသန်ရာ အပေါ်တွင်အခြေတည်၍ “လောဘကြီးသူများ၊ ဒေါသကြီးသူများ၊ တွေဝေသူများနှင့်၊ ရက်ရောပေးကမ်း၊ ကူညီလှူဒါန်းတတ်သူများ၊ မေတ္တာအားကြီးသူများ၊ ပညာတော်သူများ”ဟူ၍ လူသားခြင်းကွဲပြား၊ ခြားနားနေကြခြင်းကို အဘိဓမ္မာရှုဒေါင့်မှ လေ့လာရရှိနိုင်ပါသည်၊၊
ဤသို့ ဗုဒ္ဓအဘိဓမ္မာကို သဘောပေါက်နားလည်လျင် လူသားတို့တစ်ဦးနှင့်တစ်ဦး အဆင့်အတန်း၊ စိတ် နေသဘောထားများ အဘယ့်ကြောင့်ကွာဟကြသည်ကို လက်ခံသဘောပေါက်လာမည် ဖြစ်သည်၊၊ “အခြေခံဟိတ်မတူ၍ အဆင့်တို့မတူကြခြင်း ဖြစ်သည်၊၊”
ဒါနဟိတ် လူသား၏သန္တာန်တွင် အားကြီးဖြစ်ပေါ်လာသောအခါ အရာရာကိုအကောင်းမြင်လာသည်၊ ပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းတွင် ကူညီလိုစိတ်၊ ရိုင်းပင်းလိုစိတ်များ ဖြစ်ပေါ်လာသည်၊ ဘာသာတရား အတွက် အလှူအတန်းပြုလိုစိတ်များ ဖြစ်ပေါ်လာရပါသည်၊၊
ဒါနဟိတ်ကိုပင် မိမိ၏သန္တာန်တွင် အစဉ်တည်အောင် ကြိုးစားရယူနိုင်လျင် မေတ္တာဟိတ်နှင့် ပညာဟိတ်များပါ အားကြီးလာပြီး၊ ဘ၀တွင်လိုအပ်သည့် အကျိုးအမျိုးမျိုးကို အလွယ်တကူ စိတ်စွမ်းအား နှင့်ပင် ရယူနိုင်လာပါသည်၊၊ ဤသဘောတရားကို အင်္ဂလိပ်စာပေတွင် “A strong mind can move the mountain”.ဟူ၍လည်း ကောင်း၊ မြန်မာစာပေတွင် “လက်ညှိုးညွှန်ရာ ရေဖြစ်သည်”ဟူ၍လည်းကောင်း၊ ဆိုထားကြပါသည်၊၊
သန်မာသည့်စိတ်ဓာတ်ဆိုသည်မှာ ဒါနဟိတ်ဦးဆောင်သည့် စိတ်ဓာတ်အရင်းအမြစ်များကို ခေါ်ဆိုပါသည်၊၊
“အရင်းစစ်သော် အမြစ်မြေက”ဟု ဆိုသည့်အတိုင်း ဘ၀အဆက်ဆက် ချမ်းသာ၊ ကြီးပွားသူများ၊ ရုပ်ရေ အဆင်းလှပ၊ ချောမောသူများ၊ ပညာတော်သူများ၊ မိမိကိုယ်တိုင်က ချစ်တတ်၍၊ အများ၏ချစ်ခြင်းကို ခံရသူများအားလုံးတို့သည် ဒါနဟိတ်အားကောင်းခဲ့သူများဖြစ်ကြောင်း ဗုဒ္ဓအဘိဓမ္မာက ညွန်ပြနေပါသည်၊၊
သက်သေသာဓကအနေအားဖြင့် “ဗုဒ္ဓရှင်တော်လက်ထက်က ဇနီးသည်ဘက်မှ ကုဋေရှစ်ဆယ်၊ ခင်ပွန်းသည်ဘက်မှ ကုဋေရှစ်ဆယ်၊ ကုဋေတစ်ရာ့ခြောက်ဆယ်ချမ်းသာသော ကုဋေကြွယ်သူဌေးကြီးတစ်ဦး ရှိခဲ့ပါသည်၊၊
ငွေကြေးချမ်းသာသည့် သူဌေးဖြစ်ရသော်လည်း နေ့စဉ်ထမင်းအဖြစ် ပုန်းရည်ဟင်းနှင့်၊ ဆန်ကွဲထမင်း တို့ကိုသာစားသုံးခဲ့ပါသည်၊၊ အချိုပွဲမုန့်အဖြစ် ဆန်ကွဲကို ကိုယ်တိုင်ငရုပ်ဆုံတွင်ထုထောင်း၍ အိုးအပူ တွင်ကပ်ကင်၍ စားသုံးလေ့ရှိပါသည်၊၊
သားသမီးဟူ၍မထွန်းကားဘဲ ဇနီးမောင်နှံနှစ်ဦးတည်းသာ ဘ၀တစ်သက်တာနေထိုင်သွားပြီး၊ ကွယ်လွန်
ကြသောအခါ သားသမီးအမွေခံမရှိသဖြင့် သူတို့၏ကြွယ်ဝမှုအားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားခဲ့ပါသည်၊၊”
အထက်ပါဇာတ်လမ်းကို သုံးသပ်သောအခါ ကုဋေတစ်ရာ့ခြောက်ဆယ် ဇနီးမောင်နှံတို့သည် ဒါနဟိတ် နည်းခဲ့၍ မိမိပိုင်ဆိုင်မှုကိုမျှ စံစားခွင့်ရမသွားကြရသည်ကို တွေ့မြင်ရသည်၊၊ သားသမီးအမွေခံ ကင်းဆိပ်ခြင်း၊ မိတ်ဆွေနည်းပါးခြင်းများမှာလည်း ဒါနဟိတ်နည်းခဲ့ခြင်းကြောင့်ပင် ဖြစ်ရသည်၊၊
မိမိကိုယ်ကိုမျှ မချစ်တတ်ခြင်းများ၊ ပတ်ဝန်းကျင်ကို စေတနာမထားတတ်၊ မကူညီတတ်၊ လှူတန်းလို သည့်စေတနာ ခေါင်းပါးခြင်းများမှာလည်း မေတ္တာဟိတ်မရှိခဲ့ခြင်းကြောင့် ဖြစ်ရပါသည်၊၊ ဘ၀နှင့်သံသရာကို နားမလည်တတ်၊ သဘောမပေါက်တတ်ခြင်းများမှာ ပညာဟိတ်နည်းပါးခဲ့ခြင်းများကြောင့်ဖြစ်ကြောင်း သုံးသပ်ရသည်၊၊
မင်္ဂလသုတ်တွင် ဒါနဟိတ်နှင့်ဆက်စပ်၍ ဟောပြောချက်မှာ လွန်စွာမှတ်သားထိုက်ပါသည်၊၊ “ဒါနသည် အမြတ်ဆုံးမင်္ဂလာ ဖြစ်သည်၊၊ (ဒါနဉ္စ ဧတံ မင်္ဂလ မုတ္တမံ၊၊)” လူသားတို့ဆင်နွှဲနေသမျှ မင်္ဂလာများတွင် ဒါနမင်္ဂလာသည် အကောင်းဆုံး၊ အသာဆုံး၊ အမြင့်မြတ်ဆုံးမင်္ဂလာဖြစ်သည်ဟု ဆိုလိုပါသည်၊၊
အဘယ့်ကြောင့် ဒါနသည်အမြတ်ဆုံးမင်္ဂလာ ဖြစ်လာရသနည်းဟု သုံးသပ်သောအခါ ပေးသူတို့၏ စိတ်ဓာတ်သည် မေတ္တာနှင့် ပညာနှစ်မျိုးတွင် အခြေတည်နေသောကြောင့် ဖြစ်ရပါသည်၊၊ ဘ၀တွင်လည်း “ဒါန၊ မေတ္တာနှင့်၊ ပညာ”တို့သာဦးဆောင်နေက မပြီးသောအကျိုးနှင့်၊ မအောင်မြင်နိုင်သော အခက်အခဲဟူ၍ မရှိနိုင်တော့သောကြောင့်လည်း “ဒါနကို အကောင်းဆုံး မင်္ဂလာ”ဟု ဆိုလိုဟန်ရှိပါသည်၊၊
ဤနေရာတွင် ဒါနဟူသည်ကို ဘာသာတရားအတွက် အလှူပေးရုံတွင်မရပ်တန့်ဘဲ ပရဟိတသဘော ဆောင်သည့် အကျိုးပြုလုပ်ရပ်များကိုလည်း ဒါနဟုမှတ်သားသင့်ပါသည်၊၊
အလင်းစက် စာဖတ်သူများသို့ အရှင် ကြိုးစားပြီး၊ အဘိဓမ္မာသဘောဟိတ်များအကြောင်းနှင့် ဟိတ်တို့ ၏လူ့ဘ၀အတွက်အရေးပါပုံကို တင်ပြလိုက်ရပါသည်၊၊ စာဖတ်သူအနေဖြင့် မိမိတွင် မည်သည့်ဟိတ် အားသာသည်ဆိုသည်ကို စနစ်တကျဆန်းစစ်ရမည် ဖြစ်ပါသည်၊၊
မိမိ၏လက်ရှိဘ၀ သာယာမှု၊ မသာမှုနှင့်၊ ဘ၀အောင်မြင်မှု၊ ကျရှုံးမှုတို့သည် ဖော်ပြခဲ့ပြီးဟိတ်များအပေါ်တွင် များစွာတည်မှီနေသည့်အတွက် စာဖတ်သူအနေဖြင့် ဟိတ်ကောင်းများ မိမိတွင်ဖြစ်ပေါ်လာအောင် ကြိုးစားကြရမည်ဖြစ်သည်၊၊ အဆိုးဟိတ်များမိမိရင်ထဲတွင် များစွာကိန်းအောင်းနေပါကလည်း လျင်မြန်စွာဖိနှိပ်ရပါမည်၊၊
စာဖတ်သူများ ဟိတ်ဟန်ကောင်းသဖြင့် ဘ၀အောင်မြင်သူများ၊ ပျော်ရွှင်သူများဖြစ်ကြပါစေကြောင်း အလင်းစက်အရှင် ဆုတောင်းပေးလိုက်ပါသည်၊၊
မေတ္တာဖြင့်- - -
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမမြန်မာကျောင်းတိုက်၊ သီရိလင်္ကာနိုင်ငံ၊
(၁၁.၀၇.၂၀၁၁)
Posted by အလင်း စက် at 12:58 AM 1 comments
"အလင်းစက်"ဆိုက်တွင် လစဉ်အလိုက်တင်ခဲ့ပြီးသမျှ စာတမ်းနှင့်၊ဆောင်းပါးများ ဖတ်ရှုရန်--
မလေးရှား ရွှေမြန်မာများ၏ ပညာဒါန
မြန်မာ့အလှ ပုဂံဒေသ
ဆုတောင်း၊၊
|
|
မယ်တော်မာယာ အိပ်မက်ခန်း
ဘုရားအလောင်းတော်
ဂေါ-ခရီးစဉ် မှတ်တမ်းဓာတ်ပုံများ
လေးတင်ခန်း
ယသောဓရာနှင့် ထိမ်းမြားခန်း
ဆံတော်ပယ်ခန်း
ဒုက္ကရစရိယကျင့်ခန်း
သုဇာတာ ဃနာနို့ဆွမ်း
ဘုရားဖြစ်ခန်း
Sri Lanka timezone
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
ရွှေတိုင်များ ထောက်ထားပုံ
ဓမ္မစင်္ကြာဟောခန်း
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
သမ္မတကြီး ပူဇော်နေစဉ်
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
ရာဟုလာအမွေတောင်းခန်း
moon stone
Alms contribution bowl for monks
Srilanka Arts
မဟာစေတီ၊ သီရိလင်္ကာ၊
B.C.4 century.
သီဟိုဠ်-စွယ်တော်
စွယ်တော်စစ် (သီရိလင်္ကာ)
မြန်မာ-ပြက္ခဒိန်
Srilanka Arts
Srilanka Arts
mountain inscription
Srilanka Arts
Srilanka Arts
Srilanka Pagoda Style
about 2000 years ago,Srilanka
To get Myanmar Font
ကလျာဏီကျောက်စာ(သီရိလင်္ကာ)
မဟာစေတီ၊ သီရိလင်္ကာနိုင်ငံ၊
B.C.4 ရာစု၊၊
My Motto
view
မြတ်စွာဘုရား ပွင့်တော်မူခဲ့သော မဟာဗောဓိပင်(အစစ်)
စွယ်တော်တိုက်
စွယ်တော်တိုက်ခန်း
Shwetigon Pagoda
Indonesia
borobudur in indonesia
8 century A.D.
THINKING
ပန်းချီများ ခံစားကြည့်ပါ
ပတ္တမြားရွှေဂူ
လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ၊
ဝက်များက ငြူစူစွာ
ညွန့်လူးကာတိုက်နဲ့။
ပွတ်လေလေ၊
ဂူရွှေမှာ အရောင်ထွက်တယ်၊
ရှေးကထက်ကဲ။ ၊၊
(မန်လည်ဆရာတော်)
သီတဂူသိမ်တော်
ဖွားတော်မူပုံ
သစ်ပင်
|
|
"အလင်းစက်"သို
အရှင်ကေ၀လ(အလင်းစက်)သည် သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာ ကျောင်းတိုက်ကြီးတွင် သီတင်းသုံးလျက်-
University of Kelaniya နှင့်၊
Buddhist and Pali University of Sri Lanka-တို့တွင် ပညာသင်ကြားလျက်ရှိပါသည်၊၊
အလင်းစက်အရှင်နှင့် ဗုဒ္ဓစာပေများ၊ အထွေထွေသိလိုသည်များ အကြံပြု ဆွေးနွေးလိုပါက အောက်ပါအီးမေးမှ မေးမြန်း၊ အကြံပြု၊ ဆွေးနွေးနိုင်ပါ သည်၊၊
"အလင်းစက်"ဆိုက်တွင် ရေးသားတင်သမျှကို ဝေဖန်အကြံပြု၊ အမှားထောက်ပြလျင်လည်း "အလင်းစက်အရှင်"မှ ကျေးဇူးတင်မည် ဖြစ်ပါသည်၊၊ ပညာဖြင့် ဘ၀ကို အလှဆင်နိုင်သူများဖြစ်ကြပါစေ၊၊
Email- ashinkevala01@gmail.com
Ashin kevala
Makutarama Myanmar Temple,
Dematagoda road, No-284, Colombo-09, Sri Lanka country.
Ph: +94 757 199 820/ +94 758 083 916
အသားထွင်းပန်းချီ(သီရိလင်္ကာ)
Open Air Theatre
Peradeniya University,Sri Lanka
စေတီပါဒတောင်
ရှေးဟောင်းစောင်းတန်း(သီရိလင်္ကာ)
မြန်မာ စံတော်ချိန်
သင်သေသွားသော်
ဪ လူ့ပြည်လောက
လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့် ။
သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏ ။
သင်၏ မျိုးသား
စာစကားလည်း
ကြီးပွါးတက်မြင့်
ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေတည်း ။
ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)
လေ့လာသူများ
Yapahuwa
ကြည့်သင့်သော ဆိုက်များ
- Sitagu Web-Page
- Burma meditation center for foreigners
- ဦးကုမာရ စာအုပ်စင်
- Oliver dhamma
- မောက္ခပညာရေး မဂ္ဂဇင်း
- ဆရာတော် ဦးသီရိန္ဒ၏ ဆွမ်းအလှူ ဗွီဒီယိုမှတ်တမ်း-၂
- ဆရာတော် ဦးသီရိန္ဒ၏ နေ့ဆွမ်းအလှူ ဗွီဒီယိုမှတ်တမ်း
- ဆရာတော် ဦးသိရိန္ဒ၏ ဆွမ်းအလှူဓာတ်ပုံမှတ်တမ်း
- အိပ်မက်လှိုင်းစာအုပ်တိုက်
- စကားဝါမြေစာကြည့်တိုက်
- ရှေးမြန်မာ
- Burmeseclassic(movies, songs, and news)
- ten basics of meritorious action(book)
- တရားတော်များ ဒေါင်းလော့လုပ်ရန်
- နိုင်ငံအသီးသီးမှ မြန်မာကျောင်းတိုက်များ
- မြန်မာ့အလင်းသတင်းစာ
- Nibbana.net
- Myanmar Ebooks
- မင်္ဂလာသတင်းစဉ်
- ဦးကေလာသ၏ ဓမ္မအဖြေစာတမ်းများ
- ပါချုပ်ဆရာတော်ကြီး
- ကဗျာဝါသနာရှင်များအတွက်-ဗေဒါလမ်း ကဗျာစုစည်းမှု
- သီတဂူဆရာတော်၏ တရားတော်များ နာယူရန်
- What a Buddha Taught net
- What the Buddha Taught
- Tipitaka quotation
- ဓမ္မပဒပါဠိ+English
- Dictionary of Pali Proper names
- Paccuppan Kamma Vada books
- Pitaka knowledge into English
- တိပိဋက မြန်မာပြန်
- ပီနန်ကျောင်းကြီး
- ဦးပုည၀ံသ
- မနာပဒါယီဆရာတော်
- Sitagu Star
- သဒ္ဓမ္မရံသီတရားတော်များနာယူရန်
- ဓမ္မဥယျာဉ်ဆရာတော်
- ဆဌမူ တိပိဋကပါဠိတော်
- မြန်မာပြန် တိပိဋက
- A study of the Concept of the Paccekabuddha by Ria Kloppenborg
- B.P.U. university in Srilanka
- ဒေါက်တာနန္ဒမာလာ.အဘိဓမ္မာပို့ချချက်များ
- Abhidhamma in Practice(book)
- ဒေါက်တာ ရေ၀တဓမ္မ စာအုပ်
- မြန်မာသတ်ပုံကျမ်း
- စွယ်တော်ဆိုက်(သီရိလင်္ကာ)
- ယဉ်သင်းအိ တရားဆိုက်
- ရဝေနွယ်(အင်းမ)
- B.P.S.Publication
- Tipitaka Atthakatha in Sinhala
- Tipitaka Pali in Sinhala
- Dhamma Download
- "အလင်းစက်"မိသားစုကမ္ဘာ
- ဦးကုသလသာမိ
- ဦးသီလာနန္ဒ၏ အဘိဓမ္မာပို့ချချက်များ
- ပရိတ်ကြီး(၁၁)သုတ်
- မိုးကုတ်ဝိပဿနာလေ့လာ၊ နာယူလိုသူအများအတွက်
- စွယ်တော်တိုက်(သီရိလင်္ကာ)
- မီးပြတိုက်
- Light of Buddha Dhamma foundation
- English Dhamma
- Eleven Media Group
- Top side 50
- ချယ်ရီမြို့တော်စာအုပ်စဉ်
- Dhamma Ebooks
- English learning
- မြန်မာ တရား၊ ရုပ်ရှင်၊
မျက်ဖြေ၊၊ ၊၊
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျှာတည်း၊၊
ကြင်နာသနား၊ ငါ့အားမသတ်၊ ယ္ခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း၊၊
ရှိခိုးအကျွန်၊ ပန်ခဲ့တုန်၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လက်တွန်မူ၊ တုံ့မယူလို၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျင်ပေးသည်၊ သွေးသည်အနိစ္စာ၊ ငါးခန္ဓာတည်း၊၊ ၊၊
(အနန္ဒသူရိယ)
အမျိုးအစား
- article (33)
- myanmar books (1)
- notes (2)
- poem (3)
စာမှတ်စု
|
|
Followers
အတွေး
Arts
Arts
ancient India at the time of the Buddha
room library
Panna sama abha natthi.
အလင်း စက်
အလင်း စက်- စာအုပ်စဉ်
+ ပေထက်အက္ခရာတင် နောက်ကျပေမယ့်
+ ဘာသာကြီးလေးခုအနှစ်သာရ
+ သင်္ဂါယနာ
+ သူငယ်ချင်းလိုပဲဆက်၍ခေါ်မည် ခိုင် (တက္ကသိုလ်ဘုန်းနိုင်)
+ Ashin Mahakassapa
+ Ashin Ananda
+ မိုးနဲ့ မြေ
+ Nibbana and Theravada perpective,Dr,Dhammapiya
+ နိဗ္ဗာန် (ဒေါက်တာမ္မပီယ)
1 .Ph,D Thesis by Dr.Dhammasami
2 .Dr.Dhammasami
3 .Dr.Dhammasi
4 .Dr.Dhammasami
5 .Dr.Dhammasami
6 .Dr.Dhammasami
7 .Dr.Dhammasami
8 .Dr.Dhammasami
9 .Dr.Dhammasami
+ ၀ိသုဒ္ဓိမဂ်မြန်မာပြန် (မဟာစည်)
+ သြကာသဋီကာ
+ ၀ိဇ္ဇာမဂ္ဂဒီပနီ(လယ်တီဆရာတော်)
+ နိဗ္ဗာန် (ပါရဂူ)
+ ကစ္စည်းသဒ္ဒါကြီး (အင်္ဂလိပ်ဘာသာပြန်)
+ Getting Ph.D
+ တိပိဋကလမ်းညွန် (ဦးကိုလေး)
+ King Asoka and Buddhism
+ မြန်မာစာပေတိုက်ပွဲကြီးများ အကြောင်း (မေမြို့ မိုးကြည်)
+ Pali Roots in Saddaniti (Dr.Silananda)
+ 2.Pali Roots in Saddaniti (Dr.Silananda)
+ လွမ်း (တက္ကသိုလ်ဘုန်းနိုင်)
+ လွမ်းတေးမဆုံးစေနှင့် စောနန်းသခင် (တက္ကသိုလ်ဘုန်းနိုင်)
+ မိုးည အိပ်မက်မြူ (တက္ကသိုလ်ဘုန်းနိုင်)
+ ကဗျာ (တက္ကသိုလ်ဘုန်းနိုင်)
+ ညီမလေးရယ် စိုးရိမ်မိတယ် (တက္ကသိုလ်ဘုန်းနိုင်)
+ နွေကန္တာဦး (တက္ကသိုလ်ဘုန်းနိုင်)
+ မိုးတွေရွာမှဖြင့်လျင်ကွယ် (တက္ကသိုလ်ဘုန်းနိုင်)
+ မောင့်ဘ၀ ညအလားကွယ် (တက္ကသိုလ်ဘုန်းနိုင်)
တန်ခူးလေနှင့်လျောတော့သည်(တက္ကသိုလ်ဘုန်းနိုင်)
+ ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့်၊ ရာဇာဓမ္မသင်္ဂဟကျမ်း
+ နှင့်ငွေ့တထောင့် မိုးတမှောင့် (တက္ကသိုလ်ဘုန်းနိုင်)
+ ၀သန်လေချိန် မှန်ကူး (တက္ကသိုလ်ဘုန်းနိုင်)
+ ကဗျာဆရာ၏ ရိုးဖြောင့်မှု (ဒဂုံတာယာ)
+ History of Srilanka
+ ပါရမီဒီပနီ(လယ်တီ)
+ သမ္မာဒိဌိဒီပနီ(လယ်တီ)
+ ဥတ္တမပုရိသဒီပနီ(လယ်တီ)
+ ဗုဒ္ဓအံတော်သမိုင်း
+ တင်မိုးအမှတ်တရ
+ နိယာမဒီပနီ(လယ်တီဆရာတော်)
+ ဗုဒ္ဓဘာသာအနုပညာ(တိုက်စိုး)
+ မေတ္တသုတ်(ဦးသုခ)
+ Abhidhamma Research Study(Nyanaponika)
+ မြတ်ဗုဒ္ဓဒေသနာ(ဦးကိုလေး)
+ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဖျိမဒေသ(U kelasa)
ညီတော်အာနန္ဒာ၏ ဘ၀တသက်တာမှတ်တမ်း.ဒုတွဲ
+ ငါးရာ့ငါးဆယ်အနှစ်ချုပ်(ဦးအောင်ညွန့်ဝင်း)
+ ပါဠိစာပေ သမိုင်း(ဒေါ်အုန်း)
+ ကိုရမ်ကျမ်း
+ ၃၇ မင်း(ဦးဖိုးကျား)
+ ဗောဇ္ဖျင်ခုနှစ်ပါးတရာတော်(သပြေကန်ဆရာတော်)
+ သပြေညို(မင်းသုဝဏ်)
1. အဘိဓမ္မာသင်ကြားပို့ချချက်(ဦးသီလာနန္ဒ)
+ Abhidhammasamuccaya by Asanga (Walpola Rahula)
+ Kusala in Canon and Commentary
+ Writing Thesis(24.9.2010)
+ A study of Moegoke meditation method
+ Research Project,how to write it
+ Patthanuddesadipani
+ Roots,good and evil
+ Dhamma Theory(Y.Karunarasa)
+ Molecular cousciousness of Theravada
+ နိဗ္ဗာနဒီပနီ
+ အနတ္တဒီပနီ
+ အာနာပါနဒီပနီ
+ ဥရောပဒီပနီ
+ ၀ိပဿနာဒီပနီ
+ စတုသစ္စဒီပနီ
+ လက္ခဏဒီပနီ
+ နိဗ္ဗာန်အမေးဖြေဒီပနီ
+ လယ်တီတရားဟော
+ ဗောဓိပက္ခိယဒီပနီ
+ သရဏဂုဏ်ဝိနိစ္ဆယ
+ ဘာဝနာဒီပနီ
+ Mudita(Nyanamolika)
+ The Buddha and his Teaching
+ Process of consciousness and matter in Abhidhamma(Dr.Revatadhamma)
+ Scientific Base of Consciousness of Abhidhamma
+ Woman in the Modern Society
+ သိင်္ဂါလောဝါဒသုတ်(English)
+ Rupa in Abhidhamma
+ Process of consciousness and matter(Dr.Revatadhamma)
+ ၀ိမုတ္တိမဂ္ဂပါဠိ
+ Samatha and Vipassana in Theravada Abhidhamma
+ Study of Meditation
+ Mindfulness in Pali Nikaya
+ Mission Accomplishment
+ Two Truth in Abhidhamma
+ Unanswered Quesions (Dr.Karunarasa)
+ Kusala in Pali Canon
+ Including Reflecting
+ Analysis of Punna and Kusala in Pali Nikaya
+ History of Mindfulness in Mahasatipatthana Sutta
+ Manual of Abhidhamma
+ A study of Meditation Method
+ Milinda Panha(Manava)
+ What the Buddha believe
+ Bhikkhuni Sasana
+ Sanskrit English Dictionary
+ Venerable Ananda
+ A study of Mahasatipatthana Sutta on meditation technique By Dr.Asacha
+ The socia-political dimensions of Theravada Buddhism By Dr.Indaka
+ ၁၂ လရာသီ ပွဲတော်များအကြောင်း(ဒေါ်ခင်မျိုးချစ်)
+ အရိပ်(မစန္ဒာ)
+ ပါဠိစာပေ
+ the guide of Vipassana
+ Vedananupassa
+ သုတေသန သရုပ်ပြအဘိဓာန်(ဗျာပုံတိုက်သစ် ဆရာတော်)
+ မြန်မာပြည်မှ ဒေါက်တာဘွဲ့သံဃာတော်များ စာရင်း(ဒေါက်တာနန္ဒက)
+ မိုးကုတ်ဆရာတော် တဘ၀သံသရာ(ဦးဃောသိတ)
+ The notion of Ditthi in Theravada Buddhism
+ Hand book of Pali literature(Hinnuber)
+ Causality.Central Philosophy of Buddhism
+ myanmar religion
+ metaphor and literalism by Soonil Hwang
+ Sammasati by Ven P.A.Payutto
+ ဗုဒ္ဓဘာသာအထွေထွေဗဟုသုတ(ဦးချစ်မောင်(စိန္တာမဏိ)
+ origin of buddhist meditation by Alexander wynne
+ the theravada polity of Burma by John.H. Badgley
+ Rebirth and Gandhabba by Steffens
+ Major World Religions by Lloyd Ridgeon
+ Therigatha:Women in the footsteps of the Buddha by Kathryn R.Blackstone
+ အာနာပါနဒီပနီ(လယ်တီဆရာတော်)
+ ဒါနာဒိဒီပနီ(လယ်တီဆရာတော်)
+ ထေရာဝါဒဗုဒ္ဓဘာသာ(ဦးဧသက)
+ ပရိတ်(၁၁)သုတ်၊ ပါဠိ+မြန်မာ
+ ရှေးဟောင်း မြန်မာကျောက်စာများ-ဒုတွဲ(ဦးငြိမ်းမောင်)
+ စာကြည့်တိုက်နှင့် သုတမယစာစောင်
+ ရာဇကုမာရ်
+ မြစ်တို့၏ မာယာ(ဂျူး)
+ နိုင်ငံခြားကဗျာ ခံစားမှု(မောင်သာနိုး)
+ ရှင်စောပု(ချစ်ဦးညို)
+ ဘ၀ခရီးသည်(ပါရဂူ)
+ ပါးစပ်ရာဇ၀င်(မှော်ပီဆရာသိမ်း)
+ စာရေးခြင်း အတတ်ပညာ(မြသန်းတင့်)
+ မြန်မာရှေးဟောင်းကျောက်စာများ(ဦးငြိမ်းမောင်)
+ ရာဇာဓိရာဇ်အရေးတော်ပုံ(Dr.နိုင်ပန်းလှ USA)
+ Buddhism in myanmar by roger bischoff
+ သားတော်ရာဟုလာ(ပါရဂူ)
+ ပထမမြန်မာစာရေးဆရာကြီးများ(မင်းယုဝေ)
+ မှန်နန်းရာဇ၀င်-အင်္ဂလိပ်ဘာသာပြန်
+ သီရိလင်္ကာဗုဒ္ဓဘာသာသမိုင်း(ဦးကေလာသ)
ME
သီရိလင်္ကာနိုင်ငံ စွယ်တော်တိုက်ရှေ့
အလင်း စက်စာအုပ်စဉ်(၂)
3. လူသေလူဖြစ်ဝါဒါနုဝါဒါ ၀ိနိစ္ဆယ (သာသနာရေး ဦးစီးဌာန)
4. ပါဠိစာပေသမိုင်း (မိုင်းခိုင်းမြို့စားကြီး)
5. အိန္ဒိယသာသနာသမိုင်း (ဦးမြင့်ဆွေ)
6. ရာဇကုမာရ (ချစ်ဦးညို)
7. မြန်မာတို့၏ကိုးကွယ်မှုနှင့် ကိုယ်ကျင့်တရား (ဒေါ်စွမ်းကြည်၊ ဘွဲ့ယူကျမ်းစာ)
8. မြန်မာဆိုတာ (ဒေါက်တာသန်းထွန်း)
9. ရာဇာနှင့်သာသနာ (ပါရဂူ)
10. ဗုဒ္ဓဓမ္မအနှစ်ချုပ် (ဦးကေလာသ)
11. သစ္စာရှာဖို့ မြင်းစီးသူ (ကျော်ဝင်း)
12. ဘ၀ခရီးသည်(ပါရဂူ)
13. ယောနသန်ဇင်ယော်()
14. ရင်သားကင်ဆာသုတေသန(ပါမောက္ခ မင်းဓာတု)
15. ကမ္ဘာကျော်ဝတ္ထုတိုများနှင့် တက်တိုး၏ရှင်းပြချက်
16. ဥရောပယဉ်ကျေးမှု အနုပညာမိတ်ဆက်(ခင်မျိုးချစ်)
17. နွမ်းလျအိမ်အပြန်(ကြည်အေး)
18. အမွေ(အောင်သင်း)
19. မြန်မာ့မဟာဂီတ(လူထုဒေါ်အမာ)
20. မြန်မာစာ မြန်မာမှုကိုပြုစုပျိုးထောင်ခဲ့ကြသူများ
21. ဂျူး၏၀တ္ထုတို ၃၆ပုဒ်
22. ကန့်ကူလက်လှည်(အောင်သင်း)
23. စာပေသမိုင်း ပုဂ္ဂိုလ်ရေးအတွေးအမြင်များ(မောင်ဇေယျာ)
24. Pali commentarial Literature
25. A history of Pali Literature
26. သပြေညို(မင်းသုဝဏ်)
27. ပါဠိစာပေသမိုင်း(မေဘယ်)
28. မြန်မာဝတ္ထုတို ၁၀၀
29. Theravada exegetical literature,Atthakatha and Tika
30. အကြိုက်ဆုံးဝတ္ထုတိုများ
31. အမ္ဗပါလီ(ပါရဂူ)
32. ပိတောက်မြေဆောင်းပါးပေါင်းချုပ်
33. ပန်းမြိုင်လယ်က ဥယျာဉ်မှူး
34. စိမ်းနေအုံးမည့် ကျွန်တော့်မြေ
35. စစ်တက္ကသိုလ်ရွှေရတုမဂ္ဂဇင်း
36. အဘိဓမ္မာသင်ကြားပို့ချချက်-2- ဦးသီလာနန္ဒ
37. အဘိဓမ္မာသင်ကြားပို့ချချက်-၃- ဦးသီလာနန္ဒ
38. အဘိဓမ္မာသင်ကြားပို့ချချက်-၄- ဦးသီလာနန္ဒ
39. အဘိဓမ္မာသင်ကြားပို့ချချက်-5- ဦးသီလာနန္ဒ
40. 2009 ပညာသင်နှစ်တွင်၊ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်မှ Master of Arts=မဟာဝိဇ္ဇာဘွဲ့ ခံယူကြမည့်မြန်မာသံဃာတော်များ ဘွဲ့ယူအခန်းအနား
41-မဟာဂီတ(လူထုဒေါ်အမာ)
ကုမုဒြာကြာ
srilanka national logo
Srilanka Map
သီရိလင်္ကာနိုင်ငံတော်အလံ
1972
ကလျာဏီမြစ်(သီရိလင်္ကာနိုင်ငံ)
(15.8.2010) အမှတ်တရ၊၊
