
"အလင်းစက်"ဆိုက်တွင် ပဋိစ္စသမုပ္ပါဒဒေသနာ လေ့လာချက်အပိုင်း(၁)ကိုတင်ပြခဲ့ပြီး ဖြစ်ပါသည်၊၊
ယ္ခုအခါ “အ၀ိဇ္ဇာကြောင့် သင်္ခါရ”စသည်တို့ဖြစ်ပေါ်လာကြပုံ၊ အ၀ိဇ္ဇာနှင့်သင်္ခါရဆက်စပ်ပုံ၊ ကျေးဇူးပြုပုံများကို ၀ိသုဒ္ဓိမဂ်အဋ္ဌကထာတွင် ဖော်ပြထားသည်များနှင့်အညီ ဆွေးနွေးတင်ပြပါမည်၊၊
အထူးမှတ်သားသင့်သည်မှာ ‘အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်’ဟုဆိုရာတွင် အ၀ိဇ္ဇာတစ်ခုတည်းကြောင့်သင်္ခါရ ဖြစ်ရ သည်ဟု မဆိုလိုပါ၊ သင်္ခါရဖြစ်ပေါ်ရန်အခြားအကြောင်းများစွာပင် ရှိပါသေးသည်၊ ထင်ရှားသည့်အကြောင်းကို သာ ဖော်ပြထားခြင်းဖြစ်ပါသည်၊၊ ဥပမာ“သင်္ခါရအရ” ကံ-စေတနာကိုယူ ရပါသည်၊ စေတနာသည် စေတသိက်ဖြစ် ရကား စေတသိက်သည် ‘စိတ်’နှင့်ကင်း၍ မဖြစ်နိုင်၊ စိတ်သည်လည်း‘အာရုံ’နှင့်ကင်း၍မဖြစ်ပေါ်နိုင်၊ အာရုံသည် လည်း‘မှီရာဝတ္ထု’နှင့်ကင်း၍ မဖြစ်နိုင်၊ ထို့ကြောင့် သင်္ခါရဖြစ်ပေါ်စေရန် ‘စိတ်၊ အာရုံ၊ ၀တ္ထု’တို့သည်လည်း အကြောင်း များပင် ဖြစ်ပါသည်၊၊
ယ္ခုအခါ အကြောင်းကြောင့် အကျိုးဖြစ်ရာတွင် မည်သို့မည်ပုံအကြောင်းက အကျိုးကိုကျေးဇူးပြုသည် အသေး စိတ်ဆွေးနွေးတင်ပြပါမည်၊၊ “အ၀ိဇ္ဇာပစ္စယာသင်္ခါရာ”တွင် အ၀ိဇ္ဇာသည် သင်္ခါရအားမည်သို့ မည်ပုံကျေးဇူးပြုသည်၊ အ၀ိဇ္ဇာကြောင့် မည်သို့မည်ပုံသင်္ခါရဖြစ်သည်ကို ဆွေးနွေးတင်ပြပါမည်၊၊
အ၀ိဇ္ဇာကို အဘိဓမ္မာသဘောနှင့်အညီအရကောက်လျင် “မောဟစေတသိက်”ကို ရပါသည်၊၊ သင်္ခါရကို အရကောက် လျင် “စေတနာ(ကံ)”ကို ရပါသည်၊၊ ဤနေရာတွင် သင်္ခါရ(၃)မျိုးကို မှတ်သားရပါမည်၊၊
(၁) ပုညာဘိသင်္ခါရ၊ (ကာမာဝစရကုသိုလ်၊ ရူပါဝစရကု-၁၃)
(၂) အပုညာဘိသင်္ခါရ၊ (အကုသိုလ်-၁၂)
(၃) အာနေဉ္စာဘိသင်္ခါရ၊ (အရူပါဝစရကုသိုလ်-၄)တို့ ဖြစ်ကြပါသည်၊၊
အ၀ိဇ္ဇာပစ္စယာသင်္ခါရာ=အ၀ိဇ္ဇာသည် သင်္ခါရအားကျေးဇူးပြုသည်၊ အ၀ိဇ္ဇာကိုအကြောင်းပြု၍ သင်္ခါရဖြစ်သည်ဟုဆို ရာတွင် မောဟစေတသိက်သည် (ကံ)စေတနာစေတသိက်ကို “အာရမ္မဏသတ္တိ၊ ဥပနိဿယသတ္တိ”နှစ်မျိုးဖြင့် ကျေး ဇူးပြုသည်ကို ဆိုလိုပါသည်၊၊
တရားရှုမှတ်သူတို့သည် အ၀ိဇ္ဇာကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟုရှုမှတ်သည်ရှိသော် မှတ်သိစိတ်တို့သည် ကာမာဝစရ ကုသိုလ်စိတ်များဖြစ်ရသည့်အတွက် အ၀ိဇ္ဇာသည် ရှုမှတ်သူတို့အားအာရုံအဖြစ်ဖြင့် ကျေးဇူးပြုရာရောက်သည့် အတွက် ‘အာရမ္မဏသတ္တိ’ဖြင့်ကျေးဇူးပြုသည်ဟု ဆိုရပါသည်၊၊ (ကာကု.ပုညာဘိ သင်္ခါရ)
ပဉ္စမဈာန်၏အာရုံအထူးဖြစ်သော အဘိညာဏ်ဖြင့် မိမိသန္တာန်၊ သူတစ်ပါးသန္တာန်၌ရှိသောအ၀ိဇ္ဇာကို ဆင်ခြင်သုံး သပ်သောခါ ရူပါဝစရပုညာဘိသင်္ခါရကုသိုလ်တို့ဖြစ်သောကြောင့် အ၀ိဇ္ဇာသည် ရူပါဝစရပဉ္စဈာန်စိတ်ကို အာရုံအဖြစ် ဖြင့် ‘အာရမ္မဏသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊ (ရူ.ပုညာဘိသင်္ခါရ)
အ၀ိဇ္ဇာ၏အပြစ်ကိုမြင်၍ အ၀ိဇ္ဇာကင်းစေရန် နိဗ္ဗာန်စသည်ကိုရည်သန်တောင့်တ၍ ကာမာဝစရပုညကု သိုလ်ပြုသော သူတို့အားဖြစ်စေ၊ ရူပါဝစရဈာန်တို့ကိုဖြစ်စေသောသူတို့အားဖြစ်စေ ‘ဥပနိဿယသတ္တိ’ ဖြင့် ကျေးဇူးပြုပါသည်၊၊ အ၀ိဇ္ဇာဖုံးလွှမ်းထားသောကြောင့် ဘ၀တို့၏အပြစ်ကိုမမြင်ဘဲ ကာမာဝစရကုသိုလ်၊ ရူပါဝစရကုသိုလ်များကိုပြုသော သူတို့အား ‘ဥပနိဿယသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊
အ၀ိဇ္ဇာကို အာရုံပြု၍ရာဂစသည်တို့ဖြစ်သောအခါ အ၀ိဇ္ဇာသည် လောဘစေတသိက်နှင့်အတူတကွ ဖြစ်သောသင်္ခါရ တို့အား ‘အာရမ္မဏသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊ အ၀ိဇ္ဇာကို အလေးအမြတ်ပြု၍သာယာသောအခါ အ၀ိဇ္ဇာ သည် လောဘနှင့်တကွဖြစ်သော အကုသိုလ်သင်္ခါရအား “အာရမ္မဏာဓိပတိ၊ အာရမ္မဏူပနိဿသတ္တိ”တို့ဖြင့် ကျေး ဇူးပြုပါသည်၊၊
အ၀ိဇ္ဇာဖုံးလွှမ်းသဖြင့် အကုသိုလ်၏အပြစ်ကိုမမြင်ဘဲ သူ့အသက်သတ်ခြင်းစသည်ကိုပြုသောသူအား အ၀ိဇ္ဇာသည် ပါဏာတိပါတစသည့်အကုသိုလ်စေတနာကို ‘ဥပနိဿယသတ္တိ’ဖြင့် ကျေးဇူးပြုသည်၊၊
ပထမဇော၌ရှိသော မောဟစေတသိက်သည် ဒုတိယဇောနှင့်အတူတကဖြစ်သော အကုသိုလ်သင်္ခါရစသည်တို့အား “အနန္တရ၊ သမနန္တရ၊ အနန္တရူပနိဿယ၊ အာသေ၀န၊ နတ္ထိ၊ ၀ိဂတသတ္တိ”တို့ဖြင့် ကျေးဇူးပြုပါသည်၊၊ ဒုတိယဇော၌ရှိသော အ၀ိဇ္ဇာသည်လည်း အကုသိုလ်သင်္ခါရအား ကျေးဇူးပြုသည်၊၊ ဆဋ္ဌမဇော၌ရှိသော အ၀ိဇ္ဇာသည် သတ္တမဇောနှင့်အတူတကွဖြစ်သော သင်္ခါရအားကျေးဇူးပြုသည်၊၊
အကုသိုလ်တစ်ခုခုကိုပြုသောသူအား ‘ဟေတု၊ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတသတ္တိ’ တို့ဖြင့် ကျေးဇူးပြုပါသည်၊၊ နောက်ဆုံးဖြစ်ကုန်သော (အာနေဉ္စာဘိသင်္ခါရ=အရူပါဝစရ ကုစေတနာ)အဘိသင်္ခါရ တို့အား အ၀ိဇ္ဇာသည် ‘ဥပနိဿယသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊ ဆိုလိုသည်မှာ အ၀ိဇ္ဇာကိုလွန်မြောက်ချင်၍ အရူပဈာန်တရားကိုအားထုတ်သဖြင့် အရူပဈာန်ရသူအား အ၀ိဇ္ဇာသည် အရူပဈာန်အား‘ဥပနိဿယသတ္တိ’ ဖြင့် ကျေးဇူးပြုသည်ဟုဆိုလိုပါသည်၊၊ အရူပဘုံတွင်ဖြစ်ချင်၍ ဈာန်တရားကိုအားထုတ်သောအခါ ထိုဘုံတွင်ဖြစ်ရသူ တို့အားလည်း အ၀ိဇ္ဇာသည် အရူပါဝစရကုသိုလ်သင်္ခါရအား ‘ဥပနိဿယသတ္တိ’ဖြင့် ကျေးဇူးပြုပါသည်၊၊
အထက်တွင် ဆွေးနွေးတင်ပြခဲ့သည်များမှာ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့် ဖော်ပြခြင်းဖြစ်ပါသည်၊၊
ပဋိစ္စသမုပ္ပါဒ် သည် ပဋ္ဌာန်းနည်းဖြင့်နားလည်မှုမရှိပါက ပြည့်ဝစွာနားလည်ရာ မရောက်နိုင်သဖြင့် ၀ိသုဒ္ဓိမဂ်အဋ္ဌကထာတွင် အထက် ပါအတိုင်းဖွင့်ဆိုထားခြင်း ဖြစ်ပါသည်၊၊
အ၀ိဇ္ဇာစသည့်ကြောင့် သင်္ခါရစသည်တို့ဖြစ်သည်ဟုဆိုရာတွင် အာရုံအနေဖြင့်ကျေးဇူးပြုမှု၊ တိုက်ရိုက်ဖြစ်စေသော အားဖြင့်ကျေးဇူးပြုမှု၊ မှီရာအနေဖြင့်ကျေးဇူးပြုမှု၊ အထောက်အပံ့ပေးသောအားဖြင့်ကျေးဇူးပြုမှု၊ တခါတရံအတူတကွ ဖြစ်မှုသက်သက်၊ လွှမ်းမိုးမှုဖြင့်ကျေးဇူးပြုမှုစသည်အားဖြင့်များစွာရှိသည်ကို လေ့လာမှတ်သားရပါမည်၊၊ အ၀ိဇ္ဇာကြောင့်သင်္ခါရဖြစ်ရာတွင် တစ်ကြိမ်တည်းတွင်အတူဖြစ်သည်လည်းရှိသည်၊ သီးခြားတစ်ကြိမ်ဆီဖြစ်ကြ သည်လည်းရှိသည်များကိုလည်း မှတ်သားရမည်၊၊
(“အ၀ိဇ္ဇာကြောင့် သင်္ခါရ”ဖြစ်ရာတွင် မည်သို့မည်ပုံဖြစ်သည်၊ မည်သည့်သတ္တိဖြင့် ကျေးဇူးပြုသည်၊ အ၀ိဇ္ဇာနှင့် သင်္ခါရတို့ မည်သိုမည်ပုံဆက်စပ်သည်ကိုအထက်တွင် ဆွေးနွေးတင်ပြအပ်ပါသည်၊၊ ကျန်သည့် “သင်္ခါရကြောင့် ၀ိညာဏ်”စသည်တို့ဖြစ်ပုံ၊ အခြင်းခြင်းဆက်စပ်ပုံ၊ ကျေးဇူးပြုပုံများကို အကျဉ်းမျှ သာဖော်ပြမည် ဖြစ်ပါသည်၊၊)
သင်္ခါရပစ္စယာဝိညာဏံ=သင်္ခါရမှ ၀ိညာဏ်ကိုဖြစ်စေရာတွင် တိုက်ရိုက်ဖြစ်စေခြင်းဖြင့် နာနက္ခဏိကကမ္မ၊ ဥပနိဿယသတ္တိတို့ ဖြင့်ကျေးဇူးပြုကြပါသည်၊၊
ဝိညာဏပစ္စယာနာမရူပံ=၀ိညာဏ်မှနာမ်ရုပ်ကို ကျေးဇူးပြုရာတွင် သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ၀ိပါက၊ အာဟာရ၊ ဣန္ဒြိယ၊ အတ္ထိ၊ အ၀ိဂတသတ္တိတို့ဖြင့် ကျေးဇူးပြုကြပါသည်၊၊
နာမရူပပစ္စယာသဠာယတနံ=နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ရာတွင် သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ ၀ိပါက၊ အတ္ထိ၊ အ၀ိဂတ၊ ဟေတု၊ အာဟာရသတ္တိ၊ ပစ္ဆာဇာတ၊ ၀ိပ္ပယုတ္တသတ္တိ၊ ဣန္ဒြိယတို့ဖြင့် ကျေးဇူးပြုကြပါသည်၊၊
သဠာယတနပစ္စယာဖေဿာ=သဠာယတနကြောင့် ဖဿဖြစ်ရာတွင် နိဿယ၊ ပုရေဇာတ၊ ဣန္ဒြိယ၊ ၀ိပ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတ၊ သဟဇာတ၊ အညမည၊ ၀ိပါက၊ အာဟာရ၊ သမ္ပယုတ္တသတ္တိတို့ဖြင့် ကျေးဇူးပြုသည်၊၊
ဖဿပစ္စယာဝေဒနာ=ဖဿကြောင့် ဝေဒနာဖြစ်စေရာတွင် သဟဇာတ၊ အညမည၊ နိဿယ၊ ၀ိပါက၊ အာဟာရ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတ၊ ဥပနိဿယသတ္တိတို့ဖြင့်ကျေးဇူးပြုသည်၊၊
ဝေဒနာပစ္စယာတဏှာ=ဝေဒနာကြောင့် တဏှာဖြစ်ရာတွင် ဝေဒနာကိုအကြောင်းပြု၍ တဏှာဖြစ်ရ သောကြောင့် ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်၊၊
တဏှာပစ္စယာဥပါဒါနံ=တဏှာကြောင့် ဥပါဒါန်ဖြစ်သည်ဆိုရာတွင် အားသေးသောလောဘကြောင့် အားကြီးသော လောဘဖြစ်ရသည့်အတွက် ဥပနိဿယသတ္တိ၊ အတူတကွဖြစ်၍ ကျေးဇူးပြုသောအခါ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတသတ္တိတို့ဖြင့် ကျေးဇူးပြုသည်၊၊
ဥပါဒါနပစ္စယာဘဝေါ=ဥပါဒါန်ကြောင့် ဘ၀ဖြစ်သည်ဆိုရာတွင် ကမ္မဘ၀ကို ယူရပါသည်၊၊ ဥပနိဿယ သတ္တိဖြင့်ကျေး ဇူးပြုပါသည်၊၊ အတူတကွဖြစ်၍ ကျေးဇူးပြုသောအခါ သဟဇာတ၊ အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အ၀ိဂတ၊ ဟေတုသတ္တိတို့ ဖြင့် ကျေးဇူးပြုသည်၊၊
ဘ၀ပစ္စယာဇာတိ=ဘ၀ကြောင့် ဇာတိဖြစ်သည်ဆိုရာတွင် ကမ္မဘ၀ကိုယူ၍ နာနက္ခဏိကကမ္မ၊ ဥပနိဿယသတ္တိတို့ ဖြင့် ကျေးဇူးပြုပါသည်၊၊
ဇာတိပစ္စယာဇရာ၊ မရဏ သောက ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿုပါယာ=ဇာတိရှိသောကြောင့် ဇရာမဏစသည်တို့ဖြစ် ရာတွင် ဥပနိဿယသတ္တိဖြင့်ကျေးဇူးပြုသည်၊၊
ဤတွင် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် လေ့လာချက်အတိုင်းအတာတစ်ခုမျှ ပြည့်စုံပြီဟုယူဆပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ များ တစ်ခုကြောင့်တစ်ခုဖြစ်ပေါ်နေမှုသည် လူသားတို့အတွက် ဆင်းရဲမှုသက်သက် သာဖြစ်နေသည်ကို သိမှတ်ရပါ မည်၊၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များဆက်စပ်၊ လည်ပတ်ဖြစ်တည်နေမှုကို ၀ိပဿနာညာဏ်အမြင်ဖြင့် ရှုမြင်သုံးသပ်နိုင်မှ သာလျင် ဘ၀တွင်မည်သည့်အရာမျှ ထာဝရတည်မြဲ နေသည်ဟူ၍ မရှိဘဲ၊ အကြောင်းတရားများကြောင့်သာ အကျိုး တရားများဖြစ်ပေါ်နေမှုသက်သက်မျှဖြစ်သည်ကို နားလည်သဘောပေါက်လာမည် ဖြစ်ပါသည်၊၊
ဘ၀တွင် “ရွှေလင်ဗန်းနှင့်အခြင်းဆေး၊ မင်းမွေးသည့် လူသားများဖြစ်စေ၊ တဲကုပ်ထဲတွင် နုံခြာလှသည့်ဘ၀အသွင် ဖြင့် ကောက်ရိုးဗန်းတွင် ကြီးပြင်းရသူများဖြစ်စေ၊” ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များလည်ပတ်နေမှုကို ရပ်တန့်အောင်မကြိုး စားနိုင်လျင် ရွှေမုံ့စားရသည့်ဘ၀မှ မစင်စားရသည့်ဘ၀များသို့၎င်း၊ တဲကုပ်လေးထဲမှ ရွှေနန်းပြသာဒ်ကြီးများအပေါ် သို့၎င်း၊ အတည်အမြဲမရှိဘ၀များစွာသို့ လည်ပတ်ဖြစ်နေရပါမည်၊၊
ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်သဘောတရားများကို စာပေရှုဒေါင့်မှ အသေးစိတ်လေ့လာသိမှတ်ပြီး၊ လက်တွေ့ကျင့် သုံးသောအားဖြင့် ဘ၀မှလွန်မြောက်၍၊ ချမ်းသာစင်စစ်ဟု ဗုဒ္ဓရှင်တော်အများ မှတ်ချက်ပြု တော်မူကြသည့် မြတ်နိဗ္ဗာန်သို့ စာပေအသိ၊ ဘ၀အသိ၊ ၀ိပဿနာညာဏ်အသိများဖြင့် ရောက်ရှိကြပါစေကြောင်း “အလင်းစက် အရှင်” ပထ္ထနာပြုအပ်ပါသည်၊၊ ၊၊
အရှင်ကေ၀လ(အလင်းစက်)
(http://ko-thitsar.blogspot.com/)
မကုဋာရာမ-မြန်မာကျောင်းတိုက်၊
ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(28/01/2012)
(ကျမ်းကိုး/ ပဋိစ္စသမုပ္ပါတရားတော်ကြီး-ပ.ဒု (မဟာစည်ဆရာတော်)၊၊ အဘိဓမ္မာသင်တန်းအသံဖိုင် များ(ဦးသီလာနန္ဒာဘိဝံသ)၊၊ ပါချုပ်ဆရာတော်ကြီး ဦးနန္ဒမာလာဘိဝံသ၊ ပဋ္ဌာန်းတရားတော်များ အသံဖိုင်၊၊ ၀ိသုဒ္ဓိမဂ်ပါဠိ-အဋ္ဌကထာ၊၊ ပဋိစ္စသမုပ္ပါဒ်အခြေခံ(မိုးကုတ်ဆရာတော်ကြီး) Bhikkhu Nyanatilo ka’s Paticcasamuppada Lectures တို့ကိုကိုးကား၍ ဤစာတမ်းကို ရေးသားအပ်ပါသည်၊၊)
"ဘ၀ကို အလင်းပေးတဲ့ အလင်းစက်"
Tuesday, February 21, 2012
“ပဋ္ဌာန်းနည်းဖြင့် ပဋိစ္စသမုပ္ပါဒ်ကို လေ့လာခြင်း”
Posted by အလင်း စက် at 11:43 PM 0 comments
Labels: article
Monday, February 13, 2012
ကြောင်း+ကျိုးဖြစ်စဉ်=ပဋိစ္စသမုပ္ပါဒဒေသနာ လေ့လာချက်၊၊ ၊၊

ဗုဒ္ဓအဘိဓမ္မာတွင် ပဋ္ဌာန်းဒေသနာတော်ပြီးလျင် ‘ပဋိစ္စသမုပ္ပါဒဒေသနာတော်’သည် အခက်ခဲဆုံးဖြစ်ကြောင်း မှတ်သားရပါသည်၊၊ ပဋိစ္စသမုပ္ပါဒအကြောင်းအရာများကို နိကာယ်ငါးရပ်လုံးတွင် သုတ်ပေါင်းများစွာဖြင့် မှတ်တမ်းတင်ထားသည်ကို လေ့လာရသည်၊၊
ဗုဒ္ဓဘသာအလိုအရ လူသားနှင့် အခြားသက်ရှိများ၊ သဘာဝတရားတည်ရှိဖြစ်ပေါ်နေမှုသည် ကြောင်း+ကျိုးဆက်၍ ဖြစ်နေပေါ်တည်ရှိနေခြင်းဖြစ်သည်ဟု ပဋိစ္စသမုပ္ပါဒဒေသနာတွင် ဖော်ပြပါရှိသည့်အတွက် အခြားသောဘာသာဝါဒများကဲ့သို့ လူသားနှင့်သသာဝတရားများကို “ဖန်ဆင်းရှင်”မှ ဖန်ဆင်းထားသည့်မဟုတ်ဟု “ဖန်ဆင်းရှင်အယူအဆ”ကိုလက်မခံပုံကိုလည်း ဤသုတ်တွင်လေ့လာရပါမည်၊၊ ပဋိစ္စသမုပ္ပါဒဒေသနာသည် ဗုဒ္ဓအဘိဓမ္မာအလိုအရ ဘ၀နှင့်ပဋိသန္ဓေဖြစ်ပေါ်ပုံများကို ဖော်ပြထားသည့်ဒေသနာဖြစ်သည့်အတွက် အရေးပါသောဟောပြောချက်တစ်ခုလည်း ဖြစ်ပါသည်၊၊
ဗုဒ္ဓအဘိဓမ္မာကို အကျဉ်းချုပ်တင်ပြထားသည့် ကျမ်းတစ်ကျမ်းဖြစ်သည့် “သီရိလင်္ကာနိုင်ငံ”မှရေးသားသော “အဘိဓမ္မတ္ထသင်္ဂဟကျမ်း”တွင် ပဋိစ္စသမုပ္ပါဒ်အကြောင်းအရာကို အနှစ်ချုပ်တင်ပြဆွေးနွေးထားပါသည်၊၊ “၀ိသုဒ္ဓိမဂ်အဋ္ဌကထာ”တွင် ပဋိစ္စသမုပ္ပါဒ်အကြောင်းအရာကို အကျယ်ဝန်းဆုံးမှတ်တမ်းပြု ဖွင့်ဆိုထားကြောင်း သိရပါသည်၊၊ “၀ိသုဒ္ဓမဂ်ကျမ်း”တွင် ပဋိစ္စသမုပ္ပါဒ်ကိုဖွင့်ဆိုသောအခန်းသည် တစ်ကျမ်းလုံးတွင် အခက်ခဲဆုံး ဖြစ်ကြောင်း ရှေးဆရာတော်ကြီးများမိန့်ဆိုကြပါသည်၊၊ အဘိဓမ္မာသရုပ်များ၊ ပဋ္ဌာန်းနည်းများကိုပါဆက်စပ်၍ ဖွင့်ဆိုသောကြောင့် ခက်ခဲရခြင်းဖြစ်ကြောင်း မှတ်သားရသည်၊၊
သရီလင်္ကာဗုဒ္ဓစာပေပညာရှင်များသည် ပဋိစ္စသမုပ္ပါဒ်ကို သာမန်ဝိပဿနာတရားတစ်ခုထက်ပိုပြီး၊ Philosophyတစ်ခုအဖြစ်၊ Psychologyတစ်ခုအဖြစ် တင်ပြထားသည့်ကျမ်းများစွာကိုရေးသား၍ ကမ္ဘာသို့ "Buddhist Philosophy, Buddhist Psychology, Buddhist Ethic"အဖြစ်တင်ပြထားသည်ကို တွေ့ရပါသည်၊၊
ပဋိစ္စသမုပ္ပါဒ်အကြောင်းအရာကို အလွန်ခက်ခဲကြောင်း မြတ်စွာဘုရားရှင်၏ ပါဠိတော်များစွာကို အဖွင့်ကျမ်းများအဖြစ် အဋ္ဌကထာကျမ်းများစွာကို ရေးသားခဲ့သည့် “အရှင်မဟာဗုဒ္ဓဃောသ”ကိုယ်တိုင်ပင်ငြီးတွားခဲ့ဘူးကြောင်း မှတ်တမ်း တင်ထားပါသည်၊၊ အရှင်မဟာဗုဒ္ဓဃောသသည် ခုဒ္ဒကနိကာယ်မှအချို့ကျမ်းများကိုအဖွင့် မရေးခဲ့သည်မှတစ်ပါး အခြားနိကာယ်ကြီးလေးရပ်အတွက် အဖွင့်ကျမ်းအများဆုံးကိုရေးသားခဲ့သည့် “အဋ္ဌကထာဆရာကြီး”ဖြစ်ပါသည်၊၊
သူသည် အခြားကျမ်းအဖွင့်များကိုရေးသားရာတွင် လွယ်ကူစွာပင်ရေးသားပြီးစီးနိုင်ခဲ့သော်လည်း “ပဋိစ္စသမုပ္ပါဒ အကြောင်းအရာကို ရေးသားမည်ဟုပြင်ဆင်သောအခါ လွန်စွာခက်ခဲလွန်းသဖြင့် သူ၏အသိဉာဏ်ဖြင့် မမှီကြောင်း၊ သမုဒ္ဒရာရေအနက်ကို တိုင်းတာရန်မမှီနိုင်သကဲ့ပင်ဖြစ်ရပါကြောင်း” ငြီးငြူခဲ့ရပါသည်၊၊
အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှေ့တွင် သူ့အတွက်ပဋိစ္စသမုပ္ပါဒ်သည် အလွန်လွယ်ကူပါကြောင်း ပြောဆိုလေ သည်၊၊ “မြတ်စွာဘုရားရှင်မှ အာနန္ဒာ, ပဋိစ္စသမုပ္ပါဒ်ကိုလွယ်ကူသည်ဟု မပြောဆိုသင့်ကြောင်း၊ ခက်ခဲနက်နဲ သည့်ဒေသနာတော်ဖြစ်ကြောင်း သတိပေးတော်မူသည်၊၊” ပဋိစ္စသမုပ္ပါဒ်တွင် အခြေခံအဘိဓမ္မာသဘောတရားများစွာ ပါဝင်နေသောကြောင့်ခက်ခဲနက်နဲခြင်း ဖြစ်သည်၊၊
ပဋိစ္စသမုပ္ပါဒ်တရားတော်သည်---
(၁) အကြောင်းတရားများ၏ နက်နဲခြင်း=အတ္ထဂမ္ဘီရ၊
(၂) အကျိုးတရားများ၏ နက်နဲခြင်း=ဓမ္မဂမ္ဘီရ၊
(၃) ဒေသနာ၏ နက်နဲခြင်း=ဒေသနာဂမ္ဘီရ၊
(၄) သိရန်နက်နဲခြင်း=ပဋိဝေဒဂမ္ဘီရ၊ဟူသော နက်နဲမှုလေးမျိုးတို့ဖြင့် ခက်ခဲနက်နဲသည့်ဟောပြောသင်ပြချက် ဖြစ်ပါသည်၊၊
ဗုဒ္ဓရှင်တော်ကိုယ်တိုင်သည် ပဋိစ္စသမုပ္ပါဒဒေသနာတော်ကိုဆင်ခြင်သုံးသပ်ရင်း ၀ိပဿနာကိုပွားတော်မူရာမှ ဘုရားအဖြစ်သို့ရောက်ခဲ့ရသည့်အတွက် ပဋိစ္စသမုပ္ပါဒ်သည် “ဗုဒ္ဓ၀ိပဿနာ”မည်ကြောင်း၊ ဘုရားအလောင်းတော်တို့ ကျင့်ရိုးကျင့်စဉ်ဖြစ်သည့် “၀ိပဿနာတစ်ခု”ဖြစ်ကြောင်း လေ့လာရပါသည်၊၊
အရှင်တို့ မြန်မာနိုင်ငံတွင် ပဋိစ္စသမုပ္ပါဒ်ကို ရှေးခေတ်ဆရာတော်ကြီးများ စက်ဝိုင်းများတီထွင်၍ဟော ပြောကြပါ သည်၊၊ လေ့လာ၍ရသလောက် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းအမျိုးအစားပေါင်း ဆယ်ခုကျော်မျှရှိသည်ဟု သိရပါသည်၊၊ စက်ဝိုင်းတစ်ခုနှင့်တစ်ခုသည်လည်း ပုံစံခြင်းများစွာကွာခြားသည်ကို တွေ့ရသည်၊၊
ထိုစက်ဝိုင်းအမျိုးမျိုးကိုတီထွင်ကြသည့် ဆရာတော်ကြီးများအထဲတွင် မိုးကုတ်ဆရာတော်ကြီး၏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းသည် အအောင်မြင်ဆုံးနှင့် လူကြိုက်အများဆုံးဖြစ်ပါသည်၊၊ ထေရာဝါဒဗုဒ္ဓစာပေအထွန်းကားဆုံးဖြစ်သည့် သီရိလင်္ကာနိုင်ငံတွင်လည်း ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းအမျိုးမျိုးပင် တီထွင်ထားသည်ကို တွေ့ရပါသည်၊၊
“အကြောင်းတစ်စုံတရာကြောင့် အကျိုးတစ်စုံတရာဖြစ်ပေါ်လာရသည်ကို ပြဆိုသည်ကို ‘ပဋိစ္စသမုပ္ပါဒ်’ ဟုခေါ်ပါသည်၊၊” သို့သော် ပဋိစ္စသမုပ္ပါဒ်တွင် အကြောင်းတစ်ခုခုကြောင့် အကျိုးတစ်ခုခုဖြစ်ပေါ်သည်ဟုသာပြဆိုပြီး၊ “မည်သို့မည်ပုံဖြစ်ပေါ်သည်၊ မည်သည့်သတ္တိဖြင့်ကျေးဇူးပြုသည်”ဟု ပြဆိုမထားသောကြောင့် ပဋိစ္စသမုပ္ပါဒ်ကိုပြည့်စုံစွာနား လည်သဘောပေါက်စေရန် ပဋ္ဌာန်းဒေသနာတော်ကို လေ့လာရမည်ဖြစ်ကြောင်း ပါဠိစာပေပညာရှင်များက ဆိုပါသည်၊၊ (အကြောင်း+အကျိုး)၊၊
ဗုဒ္ဓရှင်တော်၏ တရားတော်များအထဲတွင် “ပဋိစ္စသမုပ္ပါဒ်”သည် အရေးကြီးသည့်တရားတော်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တွင် လောက၌ဖြစ်ပေါ်သမျှ သတ္တ၀ါအများ အရာဝတ္ထုအများသည် အကြောင်းတစ်စုံတစ်ရာကြောင့်သာ ဖြစ်နေတာဖြစ်သည်၊ အကြောင်းအကျိုးဆက်စပ်၍ ဖြစ်ပေါ်နေသည်လို့ ဖွင့်ပြထားသောကြောင့် ဖန်ဆင်းရှင်ရှိတယ်ဆိုသည့်အယူအဆမှားကို ပယ်ဖြောက်ပေးပါသည်၊၊ ထို့ကြောင့် အရေးကြီးသည့် တရားဟုဆိုရပါသည်၊၊
"ပဋ္ဌာန်း"ဟူသောအမည်သည် "ပဋ္ဌာန"ဟူသောပါဠိကို မြန်မာမှုပြုထားသည့် ပါဠိသက်ဝေါဟာရတစ်ခု ဖြစ်ပါသည်၊၊ “ပဋ္ဌာန”ကို ‘အကြောင်း’ဟု ဘာသာပြန်ရပါသည်၊၊ အမျိုးမျိုးသောအကြောင်းတရားများမှ အကျိုးတရားအမျိုးမျိုးကို ထုတ်လုပ်ပေးပုံကိုဖော်ပြသည့်ကျမ်း၊ အကြောင်းအမျိုးမျိုးကို ရှင်းလင်းဖော်ပြသည့် ဟောပြောချက်ဒေသနာကို "ပဋ္ဌာန်းကျမ်း"ဟု ခေါ်ပါသည်၊၊
အခြားသော ပဋ္ဌာနပုဒ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ “ခွဲခြမ်းစိတ်ဖြာ ကြည့်ရှုခြင်း”ဟူ၍ ဖြစ်ပါသည်၊၊ သက်ရှိ၊ သက်မဲ့အရာ အားလုံးကို ဗုဒ္ဓအဘိဓမ္မာအမြင်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ပဋ္ဌာန်းကျမ်းတွင် ဖော်ပြထားသည့်အတွက် "ပဋ္ဌာန"ပုဒ်ကို ဖော်ပြ ပြီး အဓိပ္ပါယ်ဖြင့်လည်း မှတ်သားရပါမည်၊၊
ပဋ္ဌာန်းတွင် အကြောင်း(၂၄)မျိုးကို ဖော်ပြထားပြီး၊ ပဋိစ္စသမုပ္ပါဒ်တွင် အကြောင်း(၁၂)မျိုးကို ဖော်ပြထားပါသည်၊၊ ထို့ကြောင့် ပဋ္ဌာန်းနှင့်ပဋိစ္စသမုပ္ပါဒ်တို့သည် အကြောင်းကြောင့်အကျိုးဖြစ်ပုံကိုဖော်ပြထားသည့် ဟောပြောချက်ဒေ သနာနှစ်ခု ဖြစ်ပါသည်၊၊
ဟောပြောချက်နှစ်ခု၏ထူးခြားချက်မှာ ပဋိစ္စသမုပ္ပါဒ်တွင် “အကြောင်းကြောင့်အကျိုးဖြစ်သည်”ဟုသာ ဖော်ပြထားပြီး၊ အကြောင်းနှင့်အကျိုးဆက်စပ်ပုံ၊ အကြောင်းမှအကျိုးကိုကျေးဇူးပြုပုံ၊ မည်သည့်သတ္တိတို့ဖြင့်ကျေးဇူးပြုသည် ကို ဖော်ပြထားခြင်းမရှိသည့်အတွက် ပဋိစ္စသမုပ္ပါဒ်၏အားနဲချက်များကို ပဋ္ဌာန်းတွင်လေ့လာရရှိနိုင်ပါသည်၊၊
ပါဠိစာပေ၏ အဘိဓမ္မာတွင် အခက်ခဲဆုံးဖြစ်သည့် ပဋ္ဌာန်းဒေသနာတော်တွင် “အကြောင်းတစ်စုံတစ်ခုကြောင့် အကျိုးဖြစ်ပေါ်လာပုံအပြင်၊ မည်သို့မည်ပုံအကြောင်းနှင့် အကျိုးဆက်စပ်နေပုံ”တို့ကိုပါ ထပ်ဆင့်ဖွင့်ဆို ထားသောကြောင့် ပဋိစ္စသမုပ္ပါဒ်ကိုလေ့လာသူသည် ပဋ္ဌာန်းဒေသနာကိုနားမလည်၍ မဖြစ်နိုင်တော့ပေ၊၊ (အကြောင်း+အကျိုး+ဖြစ်ပေါ်ပုံ+ပစ္စယသတ္တိ)၊၊
ပဋိစ္စသမုပ္ပါဒ်တရားတော်ကို မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူမည့်ညတွင် ဆင်ခြင်သုံးသပ်တော်မူပါသည်၊၊ ထိုနေ့ နေ့ဆွမ်းကိုသုဇာတာ သူဌေးသ္မီးလှူသည်ကို မြတ်စွာဘုရားအလောင်းတော် ဘုန်းပေးတော်မူပါသည်၊၊ ညပိုင်းသို့ရောက်သောအခါ မဟာဗောဓိပင်အရင်းတွင် ထိုင်တော်မူလျက် “ငါသည်ဘုရားမဖြစ်သမျှ ဤနေရာမှမထတော့ဟု အဓိဋ္ဌာန်ပြု”ပြီးရှေးဦးစွာ အာနာပါနဿတိကို ဆင်ခြင်တော်မူပါသည်၊၊
အာနာပါနဿတိကို အားထုတ်တော်မူသဖြင့် မြတ်စွာဘုရားအလောင်းတော်သည် “ပထမဈာန်မှ စတုတ္ထဈာန်”အထိ ဈာန်လေးမျိုးကိုရရှိတော်မူပါသည်၊၊ ဈာန်လေးမျိုးကိုရရှိပြီးနောက် “ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်၊ ဒိဗ္ဗစက္ခုအဘိဉာဏ်”နှစ်မျိုး ကိုရရှိတော်မူပါသည်၊၊ ထိုအဘိညာဉ်နှစ်မျိုးကိုရရှိပြီးနောက် ဘုရားအလောင်းတော်သည် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ဆင်ခြင်သုံးသပ်တော်မူပါသည်၊၊ ထိုသို့ ပဋိစ္စသမုပ္ပါဒ်ကိုဆင်ခြင်တော်မူရင်း ၀ိပဿနာပွားတော်မူသောအခါ မြတ်စွာဘုရားအလောင်းတော်သည် “အာသ၀က္ခယဉာဏ်တော်”ကိုရရှိတော်မူပြီး ဘုရားအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်၊၊
ထို့နောက် ဘုရားဖြစ်တော်မူပြီးသောအခါတွင်လည်း မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူရာ ဗောဓိပင်အောက် မှာပင် တင်ပလ္လင်ခွေထိုင်နေတော်မူရာမှ ထတော်မမူသေးဘဲခုနှစ်ရက်တိတိ ထိုင်နေတော်မူပါသည်၊၊ ထိုသို့ထိုင်တော် မူရင်း ညဘက်သို့ရောက်လျင် ပဋိစ္စသမုပ္ပါဒ်ကို အပြန်အလှန်မိုးလင်းသည့်တိုင် သုံးသပ်ဆင်ခြင်တော်မူပါသည်၊၊
ထို့ကြောင့် “ပဋိစ္စသမုပ္ပါဒ်သည် ဘုရားအလောင်းတော်ဘ၀ နှင့်နောက်ဆုံး ဆင်ချင်သည့်တရားဖြစ်ပြီး၊ ဘုရားအဖြစ်သို့ရောက်ပြီးသည့်အခါတွင်လည်း အဦးဆုံး ဆင်ခြင်သုံးသပ်သည့်တရားဦး ဖြစ်ပါသည်၊၊”
မြတ်စွာဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ်ကိုအကြိမ်ကြိမ်ဟောတော်မူထားသည်ကို ပါဠိတော်နေရာအနှံ့တွင် တွေ့ရသည်၊၊ အများဆုံးတွေ့ရသည့် ပဋိစ္စသမုပ္ပါဒ်ဟောပြောချက်များမှာ “နိဒါန၀ဂ္ဂသံယုဂ် ပါဠိတော်”တွင် ဖြစ်ပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရားရှင်ဟောပြောတော်မူရာတွင် နည်း(၄)မျိုး ဖြင့် ဟောတော်မူသည်ကို တွေ့ရသည်၊၊
(၁) အစမှ အဆုံးကိုဟောသောနည်း၊
(၂) အလယ်မှ အဆုံးကိုဟောသောနည်း၊
(၃) အဆုံးမှ အစသို့ဟောသောနည်း၊
(၄) အလယ်မှ အစသို့ဟောသောနည်းတို့ ဖြစ်ပါသည်၊၊
{1} အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ= အ၀ိဇ္ဇာဟူသောအကြောင်းကြောင့် သင်္ခါရဖြစ်သည်၊၊ ဤသို့ဆိုရာတွင် အ၀ိဇ္ဇာကို အမှီပြု၍ သင်္ခါရတို့ဖြစ်သည်ဟု ဆိုလိုသည်၊၊ အ၀ိဇ္ဇာသည် ‘သင်္ခါရ’ကိုထုတ်လုပ်ပေးသည်ဟု မဆိုလိုပါ၊၊ “အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်”ဟုဆိုထားသော်လည်း ‘အ၀ိဇ္ဇာ’မှ ‘သင်္ခါရ’ကိုဖြစ်စေသည်ဟုမယူဆဘဲ “အ၀ိဇ္ဇာရှိသည့်အတွက် သင်္ခါရဖြစ်သည်”ဟုသာ မှတ်ယူရပါသည်၊၊
(မှတ်ချက်/ ဤနေရာ၌ အကြောင်း+အကျိုးဟုဆိုရာတွင် တချို့အကြောင်းများသည် အကျိုးကိုတိုက်ရိုက် ဖြစ်စေသည့်ဂုဏ်သတ္တိရှိသည်၊ တချို့သည် အမှီပြု၍ဖြစ်ရုံမျှဖြစ်ရသည်ကို အကြောင်းဟုဆိုသည်၊ တချို့ကအတူတူဖြစ်ပြီး အားပေးရုံမျှအထောက်အပံ့ဖြစ်ရုံမျှကို အကြောင်းဟုဆိုသည်၊၊)
‘အ၀ိဇ္ဇာ’ဟူသည် ‘မောဟစေတသိက်’ကို ခေါ်ပါသည်၊၊ ရုပ်နာမ်တို့၏သဘောအမှန်ကို မသိအောင်ဖုံး လွှမ်းတတ်သောကြောင့် ‘မောဟ’ဟုခေါ်ပါသည်၊၊ အမှန်အတိုင်း မသိခြင်း၊ အလွဲအမှားသိခြင်းများကို ‘အ၀ိဇ္ဇာ’ဟု ခေါ်ရပါသည်၊၊ အ၀ိဇ္ဇာရှိနေသည့်အတွက် သင်္ခါရတို့ဖြစ်ပေါ်လာကြရသည်၊၊
“သင်္ခါရ”ဟူသည် “ကံ”ကိုဆိုလိုပါသည်၊၊ ကံဆိုသည်မှာ “စေတနာ စေတသိက်”ကို ဆိုလိုသည်၊ စိတ် (၈၉)ပါးလုံးတွင် ယှဉ်သောစေတနာကိုမဆိုလိုဘဲ၊ လောကီကုသိုလ်၊ အကုသိုလ်စိတ်(၂၉)ပါးတွင်ယှဉ်သောစေတနာကိုသာ ဤနေရာ၌သင်္ခါရဟု ဆိုလိုပါသည်၊၊
သင်္ခါရသည် (၃)မျိုးရှိပါသည်၊၊
(၁) ပုညာဘိသင်္ခရ=ကုသိုလ်များ၊ (မဟာကု-၈၊ ရူပါဝစရကု-၅)
(၂) အပုညာဘိသင်္ခါရ=အကုသိုလ်များ၊ (အကုစေတနာ-၁၂)
(၃) အာနေဉ္စာဘိသင်္ခါရ=အရူပကုသိုလ်၊ (အရူပကု-၄)
{၂} သင်္ခါရပစ္စယာ ၀ိဉာဏံ=သင်္ခါရကြောင့် ၀ိဉာဏ်ဖြစ်သည်၊၊ ၀ိဉာဏ်အရ လောကီဝိပါက်စိတ် (၃၂)ပါး ၀ိဉာဏ်များကို ယူရပါသည်၊၊
{၃} ၀ိဉာဏပစ္စယာ နာမရူပံ=၀ိဉာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်၊၊ ၀ိဉာဏ်မှ နာမ်ရုပ်ကိုကျေးဇူးပြု သည်ကိုဤနေရာ၌ ၀ိဉာဏ်ကြောင့်နာမ်ရုပ်ဖြစ်သည်ဟု ဆိုလိုပါသည်၊၊ ‘နာမ’အရ စေတသိက် (၅၂) ပါးဟူသော နာမ်ခန္ဓာလေးပါးကို ယူရပါသည်၊၊ ‘ရူပ’အရ ကမ္မဇရုပ်ကိုယူရပါသည်၊၊ ၀ိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်ဟုဆိုရာတွင် တခါတရံ ‘နာမ်’သာဖြစ်သည်၊ တစ်ခါတရံ ‘ရုပ်’သာဖြစ်သည်၊ တစ်တခါ တရံနှစ်မျိုးလုံးဖြစ်သည်ကို မှတ်သားရပါမည်၊၊
အရူပဘုံတွင် ရုပ်သာရှိ၍နာမ်မရှိသောကြောင့် နာမ်သာဖြစ်ရသည်၊ အသညသတ်ဘုံတွင် ရုပ်သာရှိ၍ နာမ်မရှိသောကြောင့် ရုပ်သာဖြစ်သည်၊၊ အခြားပဉ္စဝေါကာရဘုံဟုဆိုသည့် လူဘုံ၊ နတ်ဘုံများတွင်သာ နှစ်မျိုးလုံးဖြစ်နိုင်သည်၊၊
{၄} နာမရူပပစ္စယာ သဠာယတနံ=နာမ်ရုပ်ကြောင့် အာယတနခြောက်မျိုးဖြစ်သည်၊၊ ‘နာမ’အရ နာမ် ခန္ဓာလေးပါးကိုယူရသည်၊ ‘ရူပ’အရ မဟာဘုတ်လေးပါး၊ ၀တ္ထုရုပ်ခြောက်ပါး၊ ဇီဝိတရုပ်တစ်ပါး၊ ပေါင်း ဆယ့်တစ်ပါးကိုယူရသည်၊၊ ‘သဠာယတန’အရ စက္ခာယတန၊ သောတာယတန၊ ဃာနာယတန၊ ဇိဝှါယတန၊ ကာယာယတန၊ မနာယတနဆိုသည့် အတွင်းအာယတနခြောက်မျိုးကို ယူရပါသည်၊၊
နာမ်ရုပ်က အာယတနခြောက်မျိုးကို ကျေးဇူးပြုသည်ဆိုရာတွင် နာမ်သက်သက်က အာယတနကိုကျေးဇူးပြုသည့်အခါ ပြုသည်၊ ရုပ်သက်သက်က ကျေးဇူးပြုသည့်အခါပြုသည်၊၊ နှစ်မျိုးလုံးကကျေးဇူးပြုသည့်အခါ ပြုသည်ကိုလည်း မှတ်သားရပါမည်၊၊
နာမ်ရုပ်ကြောင့် အာယတနခြောက်မျိုးတို့ဖြစ်သည်ဟု ဤနေရာတွင်ဆိုထားသော်လည်း တစ်ခါတရံ အရူပဘုံ၌ဖြစ်သောအခါ ခြောက်ခုမြောက်စိတ်(၈၉)မျိုးဟူသည် “မနာယတန”တစ်ခုတည်းကိုသာ ကျေးဇူးပြုသည်၊ ဖြစ်စေသည်၊၊ တစ်ခါတရံ ရှေ့အာယတနများကို ဖြစ်စေသည်ဟု မှတ်သားရပါမည်၊၊ ထို့ကြောင့် ‘သဠာယတနံ’အရ အတွင်းအာယတနခြောက်မျိုးလုံးကို ယူသည့်အခါယူသည်၊ ခြောက်ခုမြောက် ‘မနာယတန’တစ်ခုတည်းကိုယူသည့် အခါလည်း ယူရသည်ကိုသိမှတ်ရမည်၊၊
{၅} သဠာယတနပစ္စယာ ဖေဿာ= အာယတနခြောက်မျိုးကြောင့် ဖဿဖြစ်သည်၊၊ ဆိုလိုသည်မှာ အာယတနခြောက်မျိုးကိုအမှီပြု၍ ဖဿဖြစ်သည်ဟုဤနေရာတွင် ဆိုလိုပါသည်၊၊ အာယတနခြောက် မျိုးကို အမှီရသဖြင့်ဖဿဖြစ်ခွင့်ရသည်ကိုပင် သဠာယတနကြောင့်ဖဿဖြစ်သည် ဟုဆိုလိုပါသည်၊၊ ဖဿဖြစ်သွားအောင် သဠာယတနကပြုလုပ်ပေးလိုက်သည်မဟုတ်ဘဲ ဖြစ်ခွင့်ရအောင်ကျေးဇူးပြုပေးလိုက်သည်ဟု ယူဆရမည်။
ဖဿအရ ‘ဖဿစေတသိက်’ကို ယူရပါသည်၊၊ ဖဿဟုဆိုရာတွင် စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿတို့ကို ဆိုပါသည်၊၊ စက္ခုသမ္ဖဿဟူသည် စက္ခုပသာဒကိုအမှီပြု၍ ဖြစ်သော စက္ခုဝိညာဏ်စိတ်ကို ခေါ်ပါသည်၊၊ ထိုစက္ခုဝိဉာဏ်စိတ်နှင့်ယှဉ်သော ဖဿစေတသိက်ကို ဤနေရာ၌ စက္ခုသမ္ဖဿဟုခေါ်ခြင်းဖြစ်ပါသည်၊၊ မနောသမ္ဖဿဟူသည် လောကီဝိပါက် (၃၂)ပါးတွင်ယှဉ်သော ဖဿစေတသိက်ကို ယူရပါသည်၊၊
{၆} ဖဿပစ္စယာ ဝေဒနာ=ဖဿရှိသည့်အတွက်ကြောင့် ဝေဒနာဖြစ်ပေါ်လာသည်၊၊ ဝေဒနာအရ စက္ခု ၀ိညာဏ်စိတ်နှင့်ယှဉ်သော ဖဿစေတသိက်၊ ဖဿစေတသိက်နှင့်ယှဉ်သော ဝေဒနာစေတသိက်ဟု ဆိုသည့် လောကီဝိပါက်စိတ်(၃၂)မျိုးကိုကို ဝေဒနာဟုခေါ်ရပါသည်၊၊
{၇} ဝေဒနာပစ္စယာ တဏှာ=ဝေဒနာကိုအကြောင်းပြုပြီး တဏှာဖြစ်ပေါ်သည်၊၊ ဝေဒနာသည် (၅)မျိုး ရှိသည်၊၊ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ သောမနဿဝေဒနာ၊ ဒေါမနဿဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ ဖြစ်သည်၊၊ ထိုဝေဒနာငါးမျိုးကြောင့် တဏှာဖြစ်ပေါ်သည်၊၊
{၈} တဏှာပစ္စယာ ဥပါဒါနံ=တဏှာကြောင့်၊ တဏှာကိုအစွဲပြု၍ ဥပါဒါန်ဖြစ်သည်၊၊ တဏှာအရ ‘လောဘ စေတသိက်’ကို ယူရသည်၊ ဥပါဒါန်အရလည်း ‘လောဘစေတသိက်’ကိုပင် ယူရသည်၊၊ ထူးခြားချက်မှာ အားသေးသောလောဘစေတသိက်ကို တဏှာဟုခေါ်၍၊ အားကြီးသော ‘လောဘစေတသိက်’ကို ဥပါဒါန်ဟု ခေါ်ရပါသည်၊၊ ပစ္စည်းတစ်ခုကို မရခင်ဖြစ်သောလိုချင်မှုကို တဏှာ၊ ရရှိပြီးနောက်ကပ်ငြိတွယ်တာမှုကို ‘ဥပါဒါန်’ဟုခေါ်သည်ဟုလည်း ဆိုကြပါသေးသည်၊၊
{၉} ဥပါဒါနပစ္စယာ ဘဝေါ=ဥပါဒါန်ကြောင့် ဘ၀ဖြစ်သည်၊၊ ဘ၀သည် ကမ္မဘ၀၊ ဥပပတ္တိဘ၀ဟု နှစ် မျိုးရှိသည်၊၊ ကမ္မဘ၀ဟူသည် လူဘ၀၊ နတ်ဘ၀၊ တိရစ္ဆာန်ဘ၀စသည် ဘ၀သီးသန့်ကိုခေါ်ပါသည်၊၊ ထိုဘ၀တို့၌ စိတ်၊ စေတသိက်၊ ကမ္မဇရုပ်နှင့် အကျိုးဝိပါက်စိတ်တို့ဖြစ်သည်ကို ဥပပတ္တိဘ၀ဟုခေါ်ရပါသည်၊၊
ဆိုလိုသည်မှာ အကုသိုလ်ကံတစ်ခုခုကြောင့် အပါယ်ဘုံ၌ ပဋိသန္ဓေရသည်၊ ထိုပဋိသန္ဓေနှင့် စိတ်၊ စေတသိက်၊ ရုပ်တို့ဖြစ်ပေါ်သည်ကို ဥပပတ္တိဘ၀ဟုခေါ်သည်၊ အပါယ်ဘုံတွင် ပဋိသန္ဓေနေစေသည့် ‘ကံ’ကို ကမ္မဘ၀ဟုမှတ်သားရမည်၊၊
ကမ္မဘ၀သည် (ကံ)စေတနာကိုယူ၍၊ ဥပပတ္တိဘ၀အရ ထိုစေတနာကြောင့်ဖြစ်သည့် လူနတ်စသည့် ခန္ဓာများကို ယူသည်ဟုလည်းဆိုပါသေးသည်၊၊ ဆိုလိုသည်မှာ ဥပပတ္တိဘ၀ဟူသည် ဟိုဘ၀သည်ဘ၀ စသည်ဖြစ်ရခြင်း ဇာတိပင်ဖြစ်သည်၊၊
{၁၀} ဘ၀ပစ္စယာ ဇာတိ=ဘ၀ကြောင့် ဇာတိဖြစ်သည်၊၊ ဘ၀ပစ္စယာတွင်ဘ၀အရ ဥပပတ္တိဘ၀နှင့် ဇာတိသည် အတူတူပင်ဖြစ်သောကြောင့် ကမ္မဘ၀တစ်ခုတည်းကိုသာ ယူရတော့သည်၊၊
{၁၁} ဇာတိပစ္စယာ ဇရာမရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသာ=ဇာတိကြောင့် ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသာတို့ဖြစ်ကြသည်၊၊ ဤတွင်ဒုက္ခအရ ကာယိကဒုက္ခကို ယူရသည့်အတွက်၊ ကာယ၀ိညာဏ်၌ရှိသော ဝေဒနာကိုယူရပါသည်၊၊ ဗြဟ္မာပြည်တွင် ဇာတိကြောင့် သောကပရိဒေ၀စသည်တို့ မဖြစ်နိုင်သည့်အတွက် ဇရာမဏမှတစ်ပါး သောကစသည့်အကျိုးဆက်များသည် အချို့ဘုံဘ၀များ၌ မဖြစ်နိုင်ပါ၊၊
စိုးရိမ်ကြောင့်ကြမှုကို ‘သောက’ဟု ခေါ်ပါသည်၊ ဒေါမနဿဝေဒနာကို သောကအရယူရသည်၊၊ ငိုကြွေးသည်ကို ‘ပရိဒေ၀’ဟုခေါ်သည်၊၊ တစ်စုံတစ်ခုသောအကြောင်းကြောင့် ငိုသောအခါအသံထွက်သည်၊ ထိုအသံကို ‘စိတ္တဇ၀ိပလ္လာသသဒ္ဒ’ဟု ခေါ်ပါသည်၊၊ ထို့ကြောင့် ပရိဒေ၀အရ ‘သဒ္ဒရုပ်’ကိုယူရပါသည်၊၊
ကိုယ်ဆင်းရဲသည်ကို ဒုက္ခဟု ခေါ်ပါသည်၊၊ စိတ်ဆင်းရဲသည်ကို ဒေါမနဿဟု ခေါ်ပါသည်၊၊ ဒေါမနဿသည် ‘ဒေါသမူဒွေး’ဟုခေါ်သော အကုသိုလ်စိတ်ဖြစ်ရကား စိတ်ဖိစီးမှုများပြီး ကိုယ်စိတ်ဆင်းရဲနေသူများသည် အကုသိုလ်ကြောင့်ဖြစ်ရသည်၊ တနည်းအားဖြင့် အကုသိုလ်ရှိလျင် စိတ်ဖိစီးမှုနှင့်၊ ကိုယ်ဆင်းရဲမှုတို့ဖြစ်ပေါ်နိုင် သည်ဟု ဆိုရာရောက်ပါသည်၊၊
ကိုယ်စိတ်ဆင်းရဲမှုကြောင့် ပြင်းစွာပင်ပမ်းဆင်းရဲမှုကို ‘ဥပါယာသ’ဟုခေါ်ပါသည်၊ ‘ဒေါသစေတသိက်’ကို အရကောက်ရပါသည်၊၊ ဇာတိဟူသော ပဋိသန္ဓေဖြစ်ခြင်းကြောင့် အိုခြင်း၊ သေခြင်း၊ စိုးရိမ်ခြင်းစသည် များဖြစ်ရသည့်အတွက် ဆွေးနွေးခဲ့ပြီးကြောင်းကျိုးဆက်အစဉ်သည် ဆင်းရဲမှုသက်သက်သာ ဖြစ်ပါသည်၊၊
ပဋိစ္စသမုပ္ပါဒ်တွင် ‘အ၀ိဇ္ဇာ’မှစထားသည်ကို တွေ့ရပါမည်၊၊ သို့သော် ‘အ၀ိဇ္ဇာ’သည် ပဋိစ္စသမုပ္ပါဒ်၏အစ မဟုတ်ပါ၊ မြတ်စွာဘုရားရှင်သည် ဟောပြောသည့်အစဉ်အားဖြင့်သာ ‘အ၀ိဇ္ဇာ’ကိုအစထားဟောပြောထားသော်လည်း အမှန်စင်စစ် ပဋိစ္စသမုပ္ပါဒ်တွင်အစ၊ အဆုံးဟူ၍မရှိပါ၊၊ လှည်းဘီးကဲ့သို့ အစအဆုံးမရှိ၊၊ လှည်းဘီး၏အကန့်များ တစ်ကန့်ပြီးတစ်ကန့် လည်ပတ်နေသကဲ့သို့ အကြောင်းတရားနှင့် အကျိုးတရားတို့လည်ပတ်ဖြစ်နေသည်ကို ‘ပဋိစ္စသမုပ္ပါဒ်စက်လည်သည်’ဟု ခေါ်ရပါသည်၊၊
မြတ်စွာဘုရားရှင်သည် ဟောပြောသည့်အစဉ်အားဖြင့်သာ အ၀ိဇ္ဇာကိုအစထားဟောသော်လည်း လူတို့ သန္တာတွင်ဖြစ်သောအခါတွင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါဆယ့်နှစ်မျိုးတွင် မည်သည့်အင်္ဂါမှစဖြစ်သည်ဟုပြောဆို ရန်မဖြစ်နိုင်ပါ၊၊ ‘အ၀ိဇ္ဇာ’မှ စဖြစ်သည့်အခါတွင်ဖြစ်၍၊ အခြားအင်္ဂါများမှစသည့်အခါတွင်လည်း စဖြစ်သည်ဟုမှတ်ယူရပါမည်၊၊
ပဋိစ္စသမုပ္ပါဒ်တွင် အ၀ိဇ္ဇာသည်ဟောပြောသည့်ပုံစံအားဖြင့် အစဆုံးထားသည့်အတွက် အ၀ိဇ္ဇာ၏အကြောင်းကို ဖော်ပြထားသည်ကို မတွေ့ရပါ၊၊ ထို့ကြောင့် အ၀ိဇ္ဇာ၏အကြောင်းကိုသိရန် လိုအပ်ပါသည်၊၊ ‘အာသ၀တရားလေးမျိုး’တို့သည် အ၀ိဇ္ဇာ၏အကြောင်းဖြစ်ပါသည်၊၊ အာသ၀လေးမျိုးကြောင့် အ၀ိဇ္ဇာဖြစ်ပါသည်၊၊
(၁) ကာမာသ၀=ကာမဂုဏ်၌ လိုချင်တပ်မက်မှု၊
(၂) ဘ၀ါသ၀=ဘ၀တို့၌ လိုချင်တပ်မက်မှု၊
(၃) ဒိဋ္ဌာသ၀=အယူအဆတို့၌ လိုချင်တပ်မက်မှု၊
(၄) အ၀ိဇ္ဇာသ၀=အ၀ိဇ္ဇာ၌လိုချင်တပ်မက်မှု၊ တို့သည် အာသ၀လေးမျိုးဖြစ်ပါသည်၊၊
ဖော်ပြဆွေးနွေးခဲ့ပြီးသည်များမှာ ပဋိစ္စသမုပ္ပါဒ်၏အသေးစိတ် သဘောအဓိပ္ပါယ်များဖြစ်ပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရားရှင်သည် “ကာလ၊ အင်္ဂါ၊ အခြင်းအရာ၊ အစပ်၊ ၀ဋ်၊ မူလ”တို့ဖြင့်လည်း ခွဲခြမ်းစိတ်ဖြာ၍ ဟောပြော သင်ပြထားပါသည်၊၊
ကာလ(၃) မျိုး
(၁) အတိတ်ဘ၀၊
(၂) ပစ္စုပ္ပန်ဘ၀၊
(၃) အနာဂတ်ဘ၀၊
ပဋိစ္စသမုပ္ပါဒ်သဘောတရားများသည် တစ်ဘ၀တည်းကိုရည်ရွယ်၍ ဟောပြောထားသည့်ဒေသနာ မဟုတ်ဘဲ၊ ဘ၀သုံးမျိုးတွင်ဖြစ်နိုင်ခြေရှိသော သဘောတရားများကို ဟောပြောထားသည့်အတွက် ကာလသုံးခု(ဘ၀သုံးခု)နှင့် ခွဲချမ်းစိတ်ဖြာ၍သိရန် လိုအပ်ပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်သည် ဘ၀သုံးခုကို ခြုံငုံ၍ဟောပြောသင်ပြထားသည့် ဒေသနာ ဖြစ်သည်ဟု မှတ်ရပါမည်၊၊
(၁) အ၀ိဇ္ဇာ၊ (၂)သင်္ခါရတို့သည် အတိတ်ဘ၀၌ ဖြစ်သည့်သဘောတရားတို့ ဖြစ်သည်၊၊
(၁) ၀ိဉာဏ၊ (၂)နာမရူပ၊ (၃)သဠာယတန၊
(၄) ဖဿ၊ (၅)ဝေဒနာ (၆)တဏှာ (၇)ဥပါဒါန (၈)ဘ၀တို့သည် ပစ္စုပ္ပန်ဘ၀တွင် ဖြစ်ကြပါသည်၊၊
(၁) ဇာတိ (၂)မရဏတို့သည် အနာဂတ်ဘ၀တွင် ဖြစ်ကြပါသည်၊ အနာဂတ်ဘ၀တွင် ဖြစ်ပါသည်၊၊
ပဋိစ္စသမုပ္ပါဒ်တွင် အင်္ဂါဆယ့်နှစ်မျိုး၊ (သို့မဟုတ်) အကြောင်းဆယ့်နှစ်မျိုးရှိသည်ကို အသေးစိတ်လေ့လာရန် အထူးလိုအပ်ပါသည်၊၊
(၁) အ၀ိဇ္ဇာ၊ (၂)သင်္ခါရ၊ (၃)၀ိဉာဏ၊ (၄)နာမရူပ၊
(၅) သဠာယတန၊ (၆)ဖဿ၊ (၇)ဝေဒနာ၊ (၈)တဏှာ၊
(၉) ဥပါဒါန၊ (၁၀)ဘ၀၊ (၁၁)ဇာတိ (၁၂)ဇရာ၊ မရဏ၊ တို့ဖြစ်ပါသည်၊၊
ဝဋ်(၃)မျိုး
(၁) ကိလေသ၀တ်၊
(၂) ကမ္မ၀ဋ်၊
(၃) ၀ိပါက၀ဋ်၊
(၁) အ၀ိဇ္ဇာ၊ (၂)တဏှာ၊ (၃)ဥပါဒါန၊ ကိလေသ၀ဋ်တို့ဖြစ်သည်၊၊
(၁) ကမ္မဘ၀၊ (၂)သင်္ခါရ၊တို့သည် ကမ္မ၀ဋ်ဖြစ်သည်၊၊
(၁) ၀ိဉာဏ၊ (၂)နာမရူပ၊ (၃)သဠာယတန၊ (၄)ဖဿ၊ (၅)ဝေဒနာ၊ (၆)ဇာတိ၊ (၇)ဇရာ၊ မရဏ၊ ၀ိပါက၀ဋ်ဖြစ်သည်၊၊
{အလွှာ(၄)မျိုး}
(၁) အတိတ်အကြောင်းတစ်လွှာ၊
(၂) ပစ္စုပ္ပန်အကျိုးတစ်လွှာ၊
(၃) ပစ္စုပ္ပန်အကြောင်းတစ်လွှာ၊
(၄) အနာဂတ်အကျိုးတစ်လွှာ၊
“အလွှာ”ဟူသည်မှာ လိမ်မော်သီးလေးများကို အခွံခွါလိုက်သောအခါ၊ အတွင်းထဲတွင် လိမ်မ္မော်အသားများ အလွှာလိုက်၊ အကန့်လိုက်ဖြစ်နေသကဲ့သို့ ဘ၀တို့တစ်ဘ၀နှင့်တစ်ဘ၀အလွှာပါးပါးလေးမျှသာ ခြားနားထား သည့်သဘောနှင့်၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါများ အလွှာပါးပါးလေးမျှသာ ခြားနားထားသည့်သဘောကို ‘အလွှာ’ ဟုခေါ်ရပါသည်၊၊
(၁) အ၀ိဇ္ဇာ၊ (၂)သင်္ခါရ၊ (၃)တဏှာ၊ (၄)ဥပါဒါန၊ (၅)ကမ္မဘ၀၊တို့သည် အတိတ်အကြောင်းအလွှာ ဖြစ်ပါသည်၊၊
(၁) ၀ိဉာဏ၊ (၂)နာမရူပ၊ (၃)သဠာယတန၊ (၄)ဖဿ၊ (၅)ဝေဒနာ၊တို့သည် ပစ္စုပ္ပန်အကျိုးအလွှာ ဖြစ်ပါသည်၊၊
(၁) တဏှာ၊ (၂)ဥပါဒါန၊ (၃)ကမ္မဘ၀၊ (၄)အ၀ိဇ္ဇာ၊ (၅)သင်္ခါရ၊တို့သည် ပစ္စုပ္ပန်အကြောင်းအလွှာ ဖြစ်ပါသည်၊၊
(၁) ဇာတိ၊ (၂)ဇရာ-မရဏ၊ (၃)၀ိညာဏ၊ (၄)နာမရူပ၊ (၅)သဠာယတန၊ (၆)ဖဿ၊ (၇)ဝေဒနာ၊ တို့သည် အနာဂတ်အကျိုးအလွှာဖြစ်ပါသည်၊၊
အခြင်းအရာ(၂၀)
(၁) အ၀ိဇ္ဇာ၊ (၂)သင်္ခါရ၊ (၃)တဏှာ၊ (၄)ဥပါဒါန၊ (၅)ကမ္မဘ၀၊တို့သည် အတိတ်အကြောင်း အခြင်းအရာဖြစ်ပါသည်၊၊
(၁) ၀ိဉာဏ၊ (၂)နာမရူပ၊ (၃)သဠာယတန၊ (၄)ဖဿ၊ (၅)ဝေဒနာတို့သည် ပစ္စုပ္ပန်အကျိုးအခြင်းအရာ ဖြစ်ပါသည်၊၊
(၁) တဏှာ၊ (၃)ဥပါဒါန၊ (၁)ကမ္မဘ၀၊ (၁)အ၀ိဇ္ဇာ၊ (၂)သင်္ခါရတို့သည် ပစ္စုပ္ပန်အကြောင်းအခြင်းအရာ ဖြစ်ပါသည်၊၊
(၁) ဇာတိ၊ (၂)ဇရာ-မရဏ၊ (၃)၀ိဉာဏ၊ (၄)နာမရူပ၊ (၅)သဠာယတန၊ (၆)ဖဿ၊ (၇)ဝေဒနာတို့သည် အနာဂတ်အကျိုးအခြင်းအရာဖြစ်ပါသည်၊၊
အစပ်(၃)မျိုး၊
(၁) သင်္ခါရနှင့် ၀ိဉာဏ်အကြားတွင် တစ်စပ်၊
(၂) ဝေဒနာနှင့် တဏှာအကြားတွင် တစ်စပ်၊
(၃) ကမ္မဘ၀နှင့် ဇာတိအကြားတွင် တစ်စပ်၊
အစပ်သုံးမျိုးတွင် ‘သင်္ခါရ’ဖြစ်သည်နှင့် ‘၀ိညာဏ်’ဖြစ်တော့မည်ဖြစ်သောကြောင့် တစ်စုံတစ်ရာပြုနိုင်ဖွယ်ရာ မရှိပါ၊ ‘ကမ္မဘ၀’ဖြစ်လျင်လည်း ‘ဇာတိ’ဖြစ်တော့မည်ဖြစ်သောကြောင့် ပြုနိုင်ဖွယ်ရာမရှိပါ၊၊ သို့သော် “ဝေဒနာဖြစ်ပေါ် လာသည်ကို တဏှာမဖြစ်ပေါ်အောင်ကြိုးစားနိုင်လျင် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ကျိုးပျက်ရပါသည်၊၊” ဆိုလိုသည်မှာ ဝေဒ နာအဆင့်မှ တဏှာအဆင့်သို့မကူးအောင် ၀ိပဿနာရှုမှတ် နိုင်လျင် ပဋိစ္စသမုပ္ပါဒ်စက်ရဟပ် ကျိုးပျတ်သည်ဟုဆို လိုပါသည်၊၊
တရားထိုင်သောအခါ ဝေဒနာအမျိုးမျိုးတို့ ဖြစ်ပေါ်လာကြသည်၊ ထိုဝေဒနာများအပေါ်တွင် တဏှာ မဖြစ်ပေါ်လာအောင်ရှုမှတ်နိုင်လျင် “သံသရာစက်ရဟပ်”ဟုခေါ်တွင်သည့် ပဋိစ္စသမုပ္ပါဒ်စက်ရဟပ် ပျတ်ရပါတော့သည်၊၊ ပဋိစ္စသမုပ္ပါဒ်တွင် ‘ဝေဒနာနှင့်တဏှာအကြားဆက်စပ်မှု’ကို ဖြတ်တောက်နိုင်လျင် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းလည်ပတ်မှုကို ဖြတ်တောက်နိုင်ပြီဖြစ်သည်၊၊ အခြားနေရာများမှဖြတ်တောက်၍ မရနိုင်ပါ၊၊ ထို့ကြောင့် တရားထိုင်သူများသည် အမှတ်သတိအားကောင်း၍ “ဝေဒနာနောင် တဏှာမစပ်နိုင်အောင် ကြိုးစားနေကြ ခြင်းကို သံသရာစက်ကိုဖြတ်တောက်နိုင်ရန် ကြိုးစားနေကြခြင်း”ဟု ခေါ်နိုင်ပါသည်၊၊
ပဋိစ္စသမုပ္ပါဒ်တွင် ပဓာနကြသောအင်္ဂါနှစ်မျိုးကို “မူလ”ဟုခေါ်ပါသည်၊၊ မူလအင်္ဂါနှစ်မျိုးရှိပါသည်၊၊ အ၀ိဇ္ဇာနှင့် တဏှာတို့ဖြစ်ပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်ဝဋ်၏အခြေအမြစ်ဖြစ်သော အင်္ဂါနှစ်ခုဖြစ်ပါသည်၊၊ ဤအင်္ဂါနှစ်မျိုးမှပင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါများ ရဟပ်ပမာလည်ပတ်နေခြင်းဖြစ်ပါသည်၊၊
အထက်ပါဆွေးနွေးတင်ပြချက်များသည် ပဋိစ္စသမုပ္ပါဒဒေသနာတော်၏ အနုလုံဖြစ်စဉ်များ ဖြစ်ပါသည်၊၊ ပဋိစ္စသမုပ္ပါဒဒေသနာတွင် အနုလုံနှင့် ပဋိလုံဟုရှိပါသည်၊၊ ‘အ၀ိဇ္ဇာ’မှစ၍ ‘ဇရာ-မရဏ’အဆုံးအထိ အစဉ်အတိုင်းဖြစ်စဉ်ကိုဖော်ပြသည်ကို “အနုလုံ”ဟူ၍ခေါ်ပါသည်၊၊ အ၀ိဇ္ဇာမဖြစ်တော့ခြင်းကြောင့် သင်္ခါရစသည်များလည်း မဖြစ်တော့ခြင်းကိုဖော်ပြသည်ကို “ပဋိစ္စသမုပ္ပါဒ်ပဋိလုံ”ဟုခေါ်ပါသည်၊၊
(ဆိုလိုသည်မှာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါများအစဉ်မပျတ်ဖြစ်ပေါ်နေသည်ကို အနုလုံဟုခေါ်ဆိုပြီး၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါများ အချုပ်(အပျက်)ကိုပဋိလုံဟု ခေါ်ပါသည်၊၊)
ပဋိစ္စသမုပ္ပါဒဒေသနာကို “နည်း(၄)မျိုး”ဖြင့် နားလည်သဘောပေါက်ရမှ အမှန်တကယ်နားလည်၊ သဘောပေါက် သည်ဟု သတ်မှတ်နိုင်ပါသည်၊၊ (ပစ္စည်းပိုင်း ဘာသာဋီကာ-နှာ-၆၂၄)
နည်း(၄)မျိုး
(၁) ဧကတ္တနည်း၊
(၂) နာနတ္တနည်း၊
(၃) အဗျာပါဒနည်း၊
(၄) ဧ၀ံဓမ္မတာ၊ နည်းတို့ ဖြစ်ပါသည်၊၊
သန္တာန်အစဉ် အစဉ်မပျတ်၊ တစ်စပ်တည်းဟု သိရသောနည်းသည် ‘ဧကတ္တနည်း’ဖြစ်ပါသည်၊၊ ဆိုလိုသည်မှာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ အကြောင်းအကျိုးအဖြစ်ဖြင့် တစ်စပ်တည်းဖြစ်ပေါ်နေကြသည်ကို ဧကတ္တနည်းဟု ခေါ်ရပါသည်၊၊
သန္တာန်အစဉ် အစဉ်မပျတ်သော်လည်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ (အကြောင်းနှင့်အကျိုး)တစ်ခုနှင့် တစ်ခုမတူသည်ကို ‘နာနတ္တနည်း’ဟု ခေါ်ပါသည်၊၊
အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်သည့်နေရာတွင် ‘အ၀ိဇ္ဇာ’သည် ‘သင်္ခါရ’ကိုဖြစ်ပေါ်စေရန် စေခိုင်းသည်၊ အမိန့်ပေးသည်မဟုတ်၊ ‘အ၀ိဇ္ဇာ’ရှိနေသည့်အတွက် ‘သင်္ခါရ’သည်သူ့သဘာဝအလျောက် ဖြစ်ပေါ်လာရသည်ကို ‘အဗျာပါဒနည်း’ဟု ခေါ်ပါသည်၊၊
‘အ၀ိဇ္ဇာ’စသော အင်္ဂါရပ်များကြောင့် ‘သင်္ခါရ’စသည်တို့ဖြစ်ရခြင်းသည် ထုံးစံဓမ္မတာသာဖြစ်သည်၊ လောကသဘာဝသာဖြစ်သည်၊ တစ်စုံတစ်ယောက်က ပြုလုပ်သည်မဟုတ်ဟု ဖော်ပြသောနည်းသည် ‘ဧ၀ံဓမ္မတာနည်း’ဖြစ်ပါသည်၊၊
အထက်တွင် ဆွေးနွေးတင်ပြခဲ့သည်များမှာ ပဋိစ္စသမုပ္ပါဒ်ကို သီးသန့်တင်ပြဆွေးနွေးထားခြင်း ဖြစ်ပါသည်၊၊ ပဋိစ္စသမုပ္ပါဒ်သဘောတရားများသည် အခြားတွင်ဖြစ်တည်နေသည်မဟုတ်ဘဲ၊ လူသား၏ ခန္ဓာကိုယ်ထဲတွင် နေ့စဉ်ဖြစ်ပေါ်နေသည့်သဘာဝတရားများ ဖြစ်ပါသည်၊၊ လူသားတို့သည် မိမိတို့၏ အတွင်းသန္တာန်တွင် စက္ကန့်မလပ်ဖြစ်ပေါ်နေသည့် ထိုသဘာဝတရားများကို သတိမပြုမိ၍သာမမြင်နိုင်ကြခြင်း ဖြစ်ပါသည်၊၊ ဤသဘာဝတရားများ၏ ကြောင်းကျိုးဆက်၍ဖြစ်ပေါ်နေခြင်းကိုပင် ပညာရပ်နာမည်အမျိုးမျိုးတပ်၍ ကမ္ဘာ့ပညာရှင်တို့လေ့လာတင်ပြခဲ့ကြသည်ကို တွေ့ရသည်၊၊
ဗုဒ္ဓရှင်တော်သည် ပဋိစ္စသမုပ္ပါဒ်သင်ကြားချက်ကို အလေးအနက်သဘောထား၍ သင်ကြားခဲ့ပြီး၊ သဘာဝတရားတို့၏ ဖြစ်ပေါ်မှု၊ တည်ရှိမှု၊ ပျက်သုဉ်းမှုများကို စီစစ်ဝေဖန်သုံးသပ်တတ်သည့်အသိဉာဏ်ကို လူသားတို့ရရှိစေရန် ဟောပြောထားခဲ့ခြင်းဖြစ်ပါသည်၊၊ ဘ၀တွင်ဖြစ်ပေါ်နေသည့် သဘာဝတရားများနှင့် အကြောင်းတရားများကိုလေ့လာသိရှိသဖြင့် သဘာဝအဆိုးများကို ပယ်ဖြောက်ပြီး၊ သဘာဝအမှန်များကိုသိမြင်ကာ ဉာဏ်အမြင်မှန်ကိုရရှိစေတတ်သည့် ဒေသနာဟောပြောချက်တစ်ခုပင် ဖြစ်ပါသည်၊၊
ဘ၀တွင် “ရွှေလင်ဗန်းနှင့်အခြင်းဆေး၊ မင်းမွေးသည့် လူသားများဖြစ်စေ၊ တဲကုပ်ထဲတွင် နုံခြာလှသည့် ဘ၀အသွင်ဖြင့် ကောက်ရိုးဗန်းအထက်တွင် ကြီးပြင်းရသူများဖြစ်စေ၊” ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များ လည်ပတ်နေမှုကို ရပ်တန့်အောင်မကြိုးစားနိုင်လျင် ရွှေမုံ့စားရသည့်ဘ၀မှ မစင်စားရသည့်ဘ၀များသို့၎င်း၊ တဲကုပ်လေးထဲမှ ရွှေနန်း ပြသာဒ်ကြီးများအပေါ်သို့၎င်း၊ အတည်အမြဲမရှိဘ၀များစွာသို့ လည်ပတ်ဖြစ်နေကြရပါမည်၊၊
အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်ရခြင်းမှစ၍၊ ဇာတိကြောင့် ဇရာ၊ မရဏတို့ဖြစ်ရသည့်တိုင်အောင် မည်သည့် သဘာဝတရားမှ ကောင်းသည်မရှိ၊ ဒုက္ခ=ဆင်းရဲမှုသက်သက်သာဖြစ်သည်ကို နားလည်သဘောပေါက်ပြီး၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များလည်ပတ်ဖြစ်တည်နေမှုကို ၀ိပဿနာအသိဖြင့် ဖြတ်တောက်နိုင်မှသာလျင် ဆင်းရဲငြိမ်း၍၊ ချမ်းသာရာအစစ်ကိုရရှိမည် အမှန်ဖြစ်ပါသည်၊၊
ဤတွင် ပဋိစ္စသမုပ္ပါဒ်လေ့လာမှု အပိုင်း(၁)ပြီးပါပြီ၊၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ပဋ္ဌာန်းနည်းဖြင့်လေ့လာ မှုအပိုင်း(၂)ကို ဆက်လက်ဆွေးနွေး တင်ပြပါမည်၊၊ “အလင်းစက်”စာဖတ်သူများ သံသရာစက်ဟပ် မှ လွန်မြောက်၍၊ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ပဋိစ္စသမုပ္ပါဒ်အသိဖြင့် ရရှိနိုင်ကြပါစေကြောင်း “အလင်း စက်အရှင်” သမ္မာဆန္ဒပြုအပ်ပါသည်၊၊ ၊၊
အရှင်ကေ၀လ(အလင်းစက်)
မကုဋာရာမ မြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊၊
(11/02/2012)
(ကျမ်းကိုး/ ပဋိစ္စသမုပ္ပါတရားတော်ကြီး-ပ.ဒု (မဟာစည်ဆရာတော်)၊၊ အဘိဓမ္မာသင်တန်းအသံဖိုင် များ(ဦးသီလာနန္ဒာဘိဝံသ)၊၊ ပါချုပ်ဆရာတော်ကြီး ဦးနန္ဒမာလာဘိဝံသ၊ ပဋ္ဌာန်းတရားတော်များအသံဖိုင်၊၊ ၀ိသုဒ္ဓိမဂ်ပါဠိ-အဋ္ဌကထာ၊၊ ပဋိစ္စသမုပ္ပါဒ်အခြေခံ(မိုးကုတ်ဆရာတော်ကြီး) Bhikkhu Nyanatiloka’s Paticcasamuppada Lectures တို့ကိုကိုးကား၍ ဤစာတမ်းကို ရေးသားအပ်ပါသည်၊၊)
Posted by အလင်း စက် at 2:07 AM 2 comments
Labels: article
Wednesday, January 11, 2012
သူတို့အလှနှင့်၊ သူတို့ဘ၀ကြေးမုံ၊၊ ၊၊

“အလင်းစက်” စာမျက်နှာတွင် ယ္ခုနှစ်ကျရောက်သော “အမေနေ့”ကိုဂုဏ်ပြုသောအားဖြင့် အမျိုးသ္မီးများနှင့်ဆက် စပ်သော စာတမ်းသုံးခုကိုတင်ပြရန် စိတ်ကူးရမိပါသည်၊၊ ထိုစိတ်ကူးကြောင့်ပင် ‘အမျိုးသ္မီးများ၏နေရာ’စာတမ်းနှင့်၊ ‘အမျိုးသ္မီးရဟန်း=ဘိက္ခုနီသံဃာ’စာတမ်းနှစ်ခုကို တင်ပြခဲ့ပြီးဖြစ်ပါသည်၊၊ ယ္ခု နောက်ဆုံးကျန်နေသည့်စာတမ်းကို “သူတို့အလှနှင့်၊ သူတို့ဘ၀ကြေးမုံ”အမည်ဖြင့် မြတ်စွာဘုရား လက်ထက်တော်အခါက ‘ဘိက္ခုနီ(ခေါ်)ရဟန်းမ’များ၏ ဘ၀အစိတ်အပိုင်းများကို တင်ပြဆွေးနွေးပါမည်၊၊
“အလင်းစက်”ဆိုက်တွင် အမေနေ့ဂုဏ်ပြု အမျိုးသ္မီးစာတမ်းများကို စိတ်ဝင်တစားဖတ်မှတ်ကြသူများရှိသကဲ့သို့ ကဲ့ရဲ့ဝေဖန်မှုများကိုလည်း ခံရပါသည်၊၊ အမျိုးသ္မီးတို့နှင့်မကင်းနိုင်ပါဘဲ အမျိုးသ္မီးမုန်းတီးသူများ ရှိနေတတ်သည်ကို “အလင်းစက်အရှင်”တို့ခေတ်တွင်မှ မဟုတ်၊ မြတ်စွာဘုရားခေတ်နှင့်၊ ရှေးခေတ်များကပင် များစွာရှိခဲ့ကြောင်း လေ့ လာမှတ်သားရပါသည်၊၊
သာဓကတစ်ခုကို ဆွေးနွေးရသော် မြတ်စွာဘုရားရှင်မှ အရှင်အာနန္ဒာအား “သာသနာတော်အတွင်းသို့ အမျိုးသ္မီးများဝင်ရောက်လာသော် သာသနာတော်သည် အနှစ်တစ်ထောင်မတည်တော့ဘဲ အနှစ်ငါးရာသာ တည်တော့မည်”ဟု မိန့်တော်မူသည်ဟု ပါဠိတော်တွင်ဆိုပါသည်၊၊ ပါဠိတော်မူရင်းအဆိုဖြစ်၍ ဆရာတော်အများက လက်ခံယုံကြည်ကြသည်၊၊ (စူဠ၀ဂ္ဂပါဠိတော်၊ ဘိက္ခုနီခန္ဓက၊ မဟာပဇာပတိဂေါတမီဝတ္ထု)
သို့သော် သီရိလင်္ကာနိုင်ငံမှ ပါဠိပညာရှင် Prof. Mohan Wijayaratnaက သူ၏(Buddhist Nuns: The Birth and Development of a Women’s Monastic Order)ကျမ်းတွင် အထက်ပါပါဠိတော် အဆိုနှင့်ပတ်သက်၍ ထင်မြင်ချက် တစ်ခုကို ဖော်ပြထားသည်၊၊ “မြတ်စွာဘုရားရှင်သည် မည်သည့် အခါမှ အမျိုးသ္မီး၊ အမျိုးသားခွဲခြား အဆင့်သတ်မှတ် သည့် ခေါင်းဆောင်မျိုးမဟုတ်ချေ၊ အထက်တွင် ဖော်ပြထားသည့် ‘အမျိုးသ္မီးများသာသနာတော်အတွင်း ၀င်ရောက် လာသဖြင့် သာသနာတော်သည် ရေရှည်မတည်တန့်’ဟူသည့်အဆိုကိုလည်း အမျိုးသ္မီးမုန်းသည့် misogynistတစ်ဦး ဦးက ပါဠိတော်အတွင်းသို့ ထည့်သွင်းရေးသားထားဟန်တူသည်”ဟု ပညာရှင်များမှတ်ချက်ပြုကြောင်း ဖော်ပြထားပါ သည်၊၊
အမှန်စင်စစ် မည်သည့်အဖွဲ့အစည်းမျိုးမှ အမျိုးသ္မီးနှင့်ကင်းနိုင်သည်မဟုတ်၊ အမျိုးသ္မီးများကြောင့် အဖွဲ့အစည်းပျက် ရသည်ဟုလည်း မည်သည့်ပညာရှင်မှ မှတ်ချက်ပေးဘူးသည်ကို မတွေ့ရချေ၊၊ ယနေ့ခေတ်တွင်မူ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ကြီးများတွင် အမျိုးသ္မီးများကိုအထူးနေရာများတွင်ထားသည်ကို တွေ့ရသည်၊၊ သီရိလင်္ကာနိုင်ငံတွင် အမျိုးသ္မီး သမ္မတနှစ်ဦးဆက်တိုက် မဲရွေးခံရဖူးသည်ကို တွေ့ရပါသည်၊၊ အခြား အမျိုးသ္မီးသမ္မတဖြစ် သည့်နိုင်ငံများစွာလည်း ရှိပါ သည်၊၊
အမျိုးသ္မီး၊ အမျိုးသားခွဲခြားဆက်ဆံခြင်းသည် အမြင်ကျဉ်းမှုသက်သက်သာ ဖြစ်ပါသည်၊၊ အမှန်တကယ်တွင် “အသိ ညာဏ်၊ ပညာ၊ သတ္တိ၊ ကြိုးစားမှု၊ လုံလုံလောက်လောက်ရှိနေပါက အမျိုးသ္မီး၊ အမျိုး သားမဟူ အောင်မြင်တိုး တက်ကြရသည်သာ ဖြစ်ပါသည်၊၊” မြတ်စွာဘုရားလက်ထက်တော်ကလည်း အမျိုးသားရဟန်းတော်များ တရားထူး ရကြသကဲ့သို့၊ အမျိုးသ္မီးရဟန်းများလည်း တရားထူးတရားမြတ် များကိုရရှိကြပြီး မြတ်စွာဘုရားရှင်ကိုယ်တိုင် ဧတဒဂ် ဘွဲ့ထူးဖြင့်ချီးကျူးတော်မူခဲ့ပါသည်၊၊
မြတ်စွာဘုရားလက်ထက်တော်အခါက အမျိုးသ္မီးရဟန်းသိန်းနှင့်ချီ၍ ရှိနေနိုင်သည်ဟု ခန့်မှန်းရပါသည်၊၊ ထိုအထဲမှ ထူးခြားသည့် အမျိုးသ္မီးရဟန်းများအကြောင်းကို ထေရီအပါဒါန်ကျမ်းတွင် မှတ်တမ်းတင်ထားပါသည်၊၊ ထိုအထဲမှ တမူထူးခြားသည့် ရဟန်းမများ၏ဘ၀အစိတ်အပိုင်းများကို တင်ပြဆွေးနွေးပါမည်၊၊
ဤနေရာတွင် မြတ်စွာဘုရားပွင့်တော်မူရာ အိန္ဒိယတိုက်ကြီးတွင်ထိုခေတ်က ဇာတ်စနစ်လေးမျိုးရှိသည်ကို မှတ်သားရပါမည်၊၊ ယနေ့တိုင်လည်း ရှိနေဆဲပင်ဖြစ်ပါသည်၊၊ သို့သော် ရှေးခေတ်များလောက်ကား ခွဲခြားမှုမပြင်း ထန်တော့ပါ၊၊ မျိုးရိုးဇာတ်(၄)မျိုးမှာ--
(၁) ဗြဟ္မဏမျိုးဇာတ်=ပုဏ္ဏားမျိုး၊
(၂) ခတ္တယမျိုးဇာတ်=မင်းမျိုး၊
(၃) ဝေဿမျိုးဇာတ်=ကုန်သည်မျိုး၊
(၄) သုဒ္ဓမျိုးဇာတ်=ဆင်းရဲသားမျိုး၊ တို့ဖြစ်ကြပါသည်၊၊
ဗြဟ္မဏမျိုးသည် အမြတ်ဆုံးမျိုးရိုးဖြစ်ရကား အခြားမျိုးဇာတ်များသည် ဗြဟ္မဏလူမျိုးတို့၏မြေမှ အရိပ်ကိုသော်မှ နင်းဝံ့ကြသည်မဟုတ်ချေ၊၊ ယနေ့ခေတ်တိုင် ကား၊ ရထားစသည်များတွင် မျိုးဇာတ်အလိုက်ခုံနေရာများကို သပ်မှတ် ထားသည်ကို သိရပါသည်၊၊
“မဟတ္တမဂန္ဓီသည် လန်ဒန်နှင့်၊ တောင်အာဖရိကတိုက်မှတက္ကသိုလ်တက်ပြီး၊ ဗိုလ်စိတ်ပေါက်နေသူဖြစ်သည်၊၊ (အသားရောင် ခွဲခြားမှု)ဇာတ်စနစ်ကိုအလေးမထားဘဲ ဇာတ်မြင့်များသာစီးရသည့် ရထားတွဲကိုတက်ထိုင်မိသဖြင့် ခြေနှင့်ကန်ချသည်ကို ခံခဲ့ရသည်၊ ထိုအချိန်မှစတင်ပြီး မဟတ္တမဂန္ဓီသည် ဇာတ်စနစ် ကိုဖြိုဖျက်မည်ဟု ကြွေးကြော်ပြီးနိုင်ငံရေးစတင်လုပ်ခဲ့သည်ဟု သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင်လေ့ လာရသည်၊၊”ဘိက္ခုနီသာသနာတော်အတွင်းသို့ အမျိုးဇာတ်လေးမျိုးမှ ၀င်ရောက်လာခဲ့ကြသည်ကို မှတ်သားရသည်၊၊
ဤသည်ကို ထောက်ဆသောအားဖြင့် ထိုခေတ်က “ဘိက္ခုနီသံဃာ”ကို အများက သဘောကျလက်ခံကြသည်ကို သိနိုင်သည်၊၊ (‘ဘိက္ခုနီသံဃာ’ဟူသည်ကို မြန်မာအမည်ဖြင့် ‘ရဟန်းမ’၊ ‘အမျိုးသ္မီးရဟန်း’၊၊ ပါဠိအမည်ဖြင့် ‘ထေရီ’ဟုခေါ်ပါသေးသည်၊ အရှင်၏စာတမ်းများတွင် ဤအမည်သုံးမျိုးကို သင့်သလိုအသုံးပြုသွားပါမည်၊၊)
ဥပ္ပလ၀ဏ္ဏာထေရီ၊ မုတ္တာထေရီ၊ မေတ္တိကာထေရီ၊ ဘဒ္ဒကာပိလာနီထေရီ၊ သုန္ဒရီထေရီ၊ ရောဟိနီထေရီ၊ သုဘာဇီဝကမ္ဗ၀နိကာထေရီ၊ စန္ဒာထေရီတို့သည် ဗြဟ္မဏအမျိုးဇာတ်မှ ဘိက္ခုနီသာသနာသို့ဝင်လာသူများ ဖြစ်ကြပါသည်၊၊ သောမာထေရီသည် ဗိမ္ဗိသာမင်း၏ ဗြဟ္မဏဇာတ် ပညာရှိအမတ်ကြီး၏သ္မီး ဖြစ်ပါသည်၊၊ ဥတ္တမာထေရီ၊ သုက္ကာထေရီတို့သည် ကုန်သည်သူဌေးကြီးများ၏ သ္မီးဖြစ်သည်၊၊ အနောပမာထေရီသည် သာကေတမြို့မှ ဘဏ်သူဌေးကြီး၏သ္မီးဖြစ်ပါသည်၊၊ ပဋာစာရာထေရီသည် သူဌေးကြီးတစ်ဦး၏သ္မီးပင် ဖြစ်ပါသည်၊၊
ကိသာဂေါတမီထေရီ၊ ပုဏ္ဏိကာထေရီတို့သည်ဆင်းရဲသားမျိုးဇာတ်မှ ဖြစ်ပါသည်၊၊ ၀ဒ္ဒေသီထေရီ၊ ဇေန္တီထေရီ၊ သေ လာထေရီတို့သည်မင်းမျိုးမှ ရဟန်းပြုလာသည့်အမျိုးသ္မီးများ ဖြစ်ပါသည်၊၊ ‘ခေမာထေရီ’သည် ဗိမ္ဗိသာရမင်းကြီး၏ မိဖုရားဘ၀မှ ရဟန်းပြုလာသူဖြစ်ပါသည်၊၊' သီဟာထေရီသည် ၀ဇ္ဇီတိုင်းပြည်၏ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ‘သီဟသေနာပတိ’၏ သ္မီးတော်ဖြစ်ပါသည်၊၊
‘သုမေဓာထေရီ’သည် ဘိက္ခုနီသာသနာတော်သို့အလွယ်တကူ ၀င်ခွင့်ရခဲ့သည်မဟုတ်ချေ၊ မိဘများမှ အမျိုးသားတစ်ဦးနှင့် သဘောတူထိမ်းမြားရန်ပြင်ဆင်နေသည်၊ သူမသည်အဆင်းအလွန်လှပသည်၊ သူမ၏ဆံပင်သည် ခြေဖျားအထိရှည်လျားသည်၊ သတို့သားလောင်းသည် သူမကိုလိုလားနေသည်၊၊
အမျိုးမျိုးငြင်းဆန်သော်လည်း မအောင်မြင်ပေ၊ နောက်ဆုံးသူမသည် “ဤအမျိုးသားသည် ငါ၏ဆံပင်အလှကို မက်မောသည်ဖြစ်ချေသည်ဟု သဘောပိုက်ပြီး၊ ဆံပင်ကိုဓားဖြင့် ဖျတ်တောက်ပြစ်လိုက်လေသည်၊၊” ထိုအခါမှ သူမအားမိဘများမှ ဘိက္ခုနီဝတ်ရန် ခွင့်ပြုခဲ့လေသည်၊၊
အဘိရူပနန္ဒာထေရီ၊ ဇနပဒကလျာဏီထေရီ၊ သုန္ဒရီနန္ဒာထေရီတို့သည် မြင်သူငေးရသည့် သာကီဝင်မင်းသ္မီး အချောအလှများဖြစ်ပါသည်၊၊ အရှင်သာရိပုတ္တရာ၏ ညီမများဖြစ်ကြသည့် စာလာထေရီ၊ ဥပစလာထေရီ၊ သီသူပစာလာထေရီတို့သည် အသက်အရွယ်အလွန်နုပျိုချိန်တွင် သာသနာဘောင်သို့ဝင်ခဲ့သူများ ဖြစ်ပါသည်၊၊ အနောပမာထေရီ၊ သေလာထေရီ၊ ဒန္တိကာထေရီတို့သည်လည်း ငယ်ရွယ်လှပသူများပင် ဖြစ်ပါသည်၊၊
‘သုမနာထေရီ’သည် ပသေနဒီကောသလမင်း၏ နှမတော်ဖြစ်ပါသည်၊၊ ‘ဓမ္မာထေရီ’သည် ငယ်စဉ်ကပင် သာသနာတော်သို့ ၀င်လိုသော်လည်း မိဘများ၏အစီအမံဖြင့် အိမ်ထောင်ပြုခဲ့ရသည်၊ လင်သားသေဆုံးသည်အထိ သည်းခံပေါင်းသင်းနေပြီးမှ သူမသည်သာသနာ့ဘောင်သို့ ၀င်ရောက်ခဲ့ပါသည်၊၊
အဒ္ဓကာသီထေရီ၊ ၀ိမလာထေရီ၊ အဘယမာတာထေရီ၊ အမ္ဗပါလီထေရီတို့သည် အလွန်ချမ်းသာသည့် ‘ပြည့်တန်ဆာ’ ဘ၀မှ သာသနာ့ဘောင်သို့ ၀င်လာသူများဖြစ်ပါသည်၊၊ “ပြည့်တန်ဆာ”ဟုဆိုသဖြင့်ယ နေ့ခေတ်မှာကဲ့သို့မြင်ရန်ကား မဖြစ်နိုင်ပါချေ၊ အဘယ့်ကြောင့်ဆိုသော် ထိုခေတ်ကပြည့်တန်ဆာသည် သာမန်အမျိုးသ္မီးများ ဖြစ်ခွင့်မရှိဘဲ၊ ‘အဆင်း၊ ပညာ၊ ကြွယ်ဝမှု’အင်္ဂါရပ်များစွာနှင့်ပြည့်စုံသည့် အမျိုးသ္မီးတစ်ဦးကို တိုင်းပြည်တစ်ပြည်တွင် တစ်ဦးသာဖြစ်ခွင့်ရှိသော အချောအလှ၊ ပညာတတ်အမျိုးသ္မီးများ ဖြစ်ပါသည်၊၊ ပြည့်တန်ဆာဖြစ်လောက်သည့် အရည်အခြင်းများစွာနှင့်ပြည့်စုံ သူကို ရှင်ဘုရင်မှတိုက်ရိုက်ခန့်ထားခြင်း ဖြစ်ပါသည်၊၊ နိုင်ငံရေးနှင့်လည်းများစွာပင် ဆက်စပ်ပါသည်၊၊
ဥဗ္ဗရီထေရီသည် သူဌေးမတစ်ဦးဖြစ်ပြီး၊ သူမ၏သ္မီးသေဆုံးရာမှသံဝေဂဖြစ်ပြီး သာသနာတော်သို့ဝင်လာခဲ့ သည်၊၊ သောမာထေရီသည် သူငယ်ချင်းအမျိုးသမီး သေဆုံးရာမှသံဝေဂဖြစ်ပြီး သာသနာတော်အတွင်း ၀င်လာခဲ့ပါ သည်၊၊ ၀ါသေဌီထေရီသည်လည်း တစ်ဦးတည်းသောရင်သွေးငယ်သေဆုံးရာမှ သာသနာတော်သို့ဝင်ခဲ့ပါသည်၊၊
‘ဣသိဒါသီထေရီ’သည် အလွန်ချမ်းသာသည့် သူဌေးသ္မီးပြီး၊ ရုပ်အဆင်း မြင်သူငေးရအောင် လှပသူဖြစ်သည်၊ သူမအရွယ်ရောက်သော် မိဘများမှသင့်တော်သည့် အမျိုးသားကိုရှာဖွေ၍ ထိမ်းမြားပေးခဲ့ သည်၊၊ မိဘပေးစားသဖြင့် သဘောတူကြည်ဖြူခဲ့ရသော်လည်း သူမသည်ခင်ပွန်းသည်ကို ရိုသေသည်၊ ကြင်နာခဲ့သည်၊၊ သို့သော် ခင်ပွန်းသည်မှ တူညီသည့်တုန့်ပြန်မှုကို မရသဖြင့်မိဘအိမ်သို့ ပြန်လာခဲ့ရသည်၊၊
သူမ၏မိဘတို့သည် သမီးငယ်သေးသည်ဟုဆိုပြီး နောက်ထပ်အမျိုးသားတစ်ဦးနှင့် ထိမ်းမြားပေးပြန်သည်၊ သူမ အတွက် ထူးမခြားနားပင်ဖြစ်နေပြန်သည်၊၊ ဤအကြိမ်တွင်တော့သူမသည် မိသားစုဘ၀ ကိုငြီးငွေ့သွားပြီဖြစ်၍ မိဘများအားခွင့်ပန်ကာ သာသနာဘောင်သို့ ၀င်လာခဲ့တော့သည်၊၊ “မိဘတို့ကဆင်စီးမြင်းရံစေလို၍ သားသ္မီးများ အိမ်ထောင်ရေးကို အတင်းအကျပ်စီစဉ်သော်လည်း သားသ္မီးတို့အတွက် ဘ၀တစ်ခုလုံးကို အမုန်းဆေးဖော်သောက် ရာ ရောက်စေတတ်သည့်သဘာဝကို ဣသိဒါသီထေရီ၏ဇာတ်လမ်းက သက်သေပြုနေပါသည်၊၊”
‘သောဏာထေရီ’သည် သားသ္မီးဆယ်ဦးရှိသည့် မိခင်ဖြစ်သည်၊၊ လင်သားဆုံးသွားသောအခါ ရှေးခေတ် အိန္ဒိယထုံး စံအရ စီးပွားကိုသားအကြီးဆုံးက ဦးဆောင်ရသည်၊၊ သောဏာသည် သားနှင့် ချွေးမတို့၏ အမျိုးမျိုးနှိပ်စက်သည့် ဒဏ်ကိုမခံနိုင်သည့်အဆုံး သာသနာတော်သို့ ၀င်ရောက်ခဲ့ပါသည်၊၊ သကုလာထေရီ၊ နန္ဒုတ္တရာထေရီ၊ သုဇာတာထေရီတို့သည် ဘာသာခြားမှ သာသနာတော်သို့ဝင်လာသူများ ဖြစ်ပါသည်၊၊ ကုဏ္ဍလကေသာထေရီသည် ဂျိန်းသီလရှင်တစ်ပါးဖြစ်ပြီး၊ ဂျိန်းသီလရှင်ဘ၀မှ သာသနာတော်သို့ ဘိက္ခုနီအဖြစ် ၀င်ရောက်လာသူဖြစ်သည်၊၊ 
ဆွေးနွေးဖော်ပြခဲ့ပြီးသော ဘ၀အလွှာမျိုးစုံမှ သာသနာတော်တွင် ‘ထေရီအနွယ်အစစ်’ရဟန်းအမျိုးသ္မီးများသည် သာသနာတော်တွင် တရားဓမ္မကိုကျိုးစား ကျင့်သုံးကြသဖြင့် သောတာပန်အဆင့်မှ ရဟန္တာအဆင့်များအထိ မဂ်ဖိုလ်ပန်းတိုင်များကို လျောက်လှမ်းနိုင်သွားခဲ့ကြသည်ကို အားကျအတုယူဖွယ် လေ့လာရပါသည်၊၊
ဘိက္ခုနီသာသနာတော်အတွင်းသို့ ၀င်ရောက်လာကြသည့် အမျိုးသ္မီးများကို သုံးသပ်လေ့လာကြည့်လျင် အရွယ် အမျိုးအမျိုး၊ အဆင့်အမျိုးမျိုး၊ အခြေအနေအမျိုးမျိုး၊ ဘာသာအမျိုးမျိုးတို့မှဖြစ်နေသည်ကို တွေ့ရပါမည်၊၊ ဘိက္ခုနီ ဘ၀သို့ သဒ္ဓါတရားသီးသန့်ဖြင့် ၀င်ရောက်လာသူများရှိသကဲ့သို့ ဘ၀အကြပ်အတည်းများ၊ နာကျင်ကြေကွဲဖွယ်ရာ အခြေအနေများမှ ၀င်ရောက်လာသူရှိခဲ့သည်ကိုလည်း ဖော်ပြထားပြီးစာမျက်နှာများကိုလေ့လာသဖြင့် သိရှိပြီး ဖြစ်ပေမည်၊၊
မည်သို့ဆိုစေ ဘိက္ခုသာသနာတော်ကြီးတည်ရှိသဖြင့် အမျိုးသ္မီးများအတွက် ‘လွတ်လပ်ခွင့်လမ်း၊ မှီရာဌာနကြီးတစ်ခု ရှိနေသကဲ့သို့’ပင် ဖြစ်ပါသည်၊၊ အမျိုးသ္မီးများအနေဖြင့် မိသားစုဘ၀တွင် အကယ်၍မနေလိုက သာသနာတော်သို့ ၀င်ရောက်ပြီး စနစ်ကျသည့်ဝိနည်းစည်းကမ်းများအတွင်းတွင် တရားဓမ္မကို ငြိမ်းအေးစွာအားထုတ်ခွင့် ရရှိနိုင်လေသည်၊၊
စာဖတ်သူသို့ “သူတို့အလှနှင့်၊ သူတို့ဘ၀ကြေးမုံ”အမည်ဖြင့် တင်ပြဆွေးနွေးအပ်သည့် သာသနာအနွယ်စစ်စစ် ဘိက္ခုနီရဟန်းအမျိုးသ္မီးလေးများအကြောင်းစာတမ်းသည် ဤတွင်အတိုင်းအတာတစ်ခုမျှပြည့်စုံပြီဟု အရှင် ယူဆပါသည်၊၊ စာတမ်းကိုတင်ပြရာတွင် အမှားအယွင်းများ၊ ပြင်ဆင်ဖွယ်ရာများ တွေ့ရှိပါက ‘အလင်းစက် အရှင်’သို့ လွတ်လပ်စွာဆွေးနွေးအကြံပြုကြမည်ဆိုလျင် အထူးဝမ်းသာရပါမည်၊၊ “အလင်းစက်”စာဖတ်သူများ ကာယသုခ၊ စိတ္တသုခနှင့် ပြည့်စုံကြပါစေ၊၊ ၊၊
အရှင်ကေ၀လ(အလင်းစက်)
http://ko-thitsar.blogspot.com/
မကုဋာရာမ မြန်မာကျောင်းတိုက်၊
ကိုလံဘိုမြို့၊ သီရီလင်္ကာနိုင်ငံ၊
(10/1/2012)
(ကျမ်းကိုး/ မဟာပဇာပတိဂေါတမီ ထေရီအပါဒါန်နှင့်၊ ထေရီအပါဒါန်ပါဠိတော်၊ Buddhist Nuns: The Birth and Development of a Women’s Monastic Order by Prof. Mohan Wijayaratna, The Revival of Bhukkhuni Ordination in the Theravada Tradition by Bhikkhu Bodhi.တို့ကို ကိုးကား၍ဤစာတမ်း ကိုရေးသားတင်ပြ အပ်ပါသည်၊၊)
Posted by အလင်း စက် at 8:27 PM 0 comments
Labels: article
Saturday, December 24, 2011
အမျိုးသ္မီးရဟန်း = ဘိက္ခုနီသံဃာ၊၊ ၊၊
ကမ္ဘာပေါ်တွင် အသိအမှတ်ပြုဘာသာကြီးလေးခုရှိပါသည်၊၊ ဟိန္ဒူဘာသာ၊ ခရာစ်ယန်ဘာသာ၊ ဗုဒ္ဓဘာသာနှင့် မူစလင်ဘာသာတို့ ဖြစ်ပါသည်၊၊ ဘာသာအသီးသီးတွင် တည်ထောင်သူတို့ရှိကြပါ သည်၊၊ ဗုဒ္ဓဘာသာသည် ဗုဒ္ဓရှင်တော်တည်ထောင်ခဲ့သော ဘာသာကြီးတစ်ခုဖြစ်ပါသည်၊၊
ဗုဒ္ဓရှင်တော် တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာတွင် သံဃာအဖွဲ့အစည်းကြီးနှစ်ခု တည်ရှိပါသည်၊၊ ဘိက္ခုသံဃာနှင့်၊ ဘိက္ခုနီသံဃာတို့ ဖြစ်ကြပါသည်၊၊ ဘိက္ခုသံဃာဟူသည်မှာ အမျိုးသားရဟန်း အဖွဲ့အစည်းကိုခေါ်တွင်ပြီး၊ ဘိက္ခုနီသံဃာဟူသည်မှာ အမျိုးသမီးရဟန်းအဖွဲ့အစည်းကို ခေါ်ပါသည်၊၊
ပါဠိတော်အထောက်အထားများအရ ဘိက္ခုသံဃာအဖွဲ့အစည်း၏အစသည် ပဉ္စ၀ဂ္ဂီငါးပါးတို့တွင် တစ်ဦး အပါအ၀င်ဖြစ်သည့် အရှင်ကောဏ္ဍညမှ စခဲ့ပါသည်၊၊ ဘိက္ခုနီသံဃာအဖွဲ့အစည်း၏အစသည် မြတ်စွာ ဘုရားရှင်၏ အဒေါ်အရင်းတော်စပ်သူ မိထွေးတော်ဂေါတမီမှ စခဲ့ပါသည်၊၊ အရှင်၏ယ္ခုစာတမ်းတွင် ဘိက္ခုနီသံဃာ မည်သို့မည်ပုံစတင်ခဲ့သည်ကို ပါဠိတော်၊ အဌကထာ အထောက်များနှင့်အညီတင်ပြ ပါမည်၊၊
မဟာပဇာပတိ ဂေါတမီသည် မြတ်စွာဘုရားရှင်၏မယ်တော် မဟာမာယာ၏ ညီမအရင်းဖြစ်ပါသည်၊ မဟာမာယာဒေ၀ီသည် မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်အပြီး၊ ခုနှစ်ရက် အကြာတွင် ကွယ်လွန်ခဲ့ပါသည်၊၊ ထိုအချိန်မှစတင်၍ ညီမအငယ်ဖြစ်သည့် မဟာပဇာပတိ ဂေါတမီ သည် ဘုရားအလောင်းတော်ကို နို့ချိုတိုက်ကျွေးလျက် မွေးမြူစောက်ရှောက်ခဲ့သည်၊၊
သိဒ္ဓတ္တမင်းသားသည် ဖခင်သုဒ္ဓေါဒနမင်းကြီး၏ ထီးနန်းအရိုက်အရာကို မဆက်ခံဘဲ၊ တောထွက် တရားကျင့်တော်မူကာ ဘုရားအဖြစ်သို့ဆိုက်ရောက်တော်မူပြီး၊ ရှေးခေတ်အိန္ဒိယဒေသကြီးတွင် ဗုဒ္ဓဘာသာဟူ၍ ကမ္ဘာ့ဘာသာကြီးတစ်ခုကို တည်ထောင်လိုက်ပါသည်၊၊ ထိုခေတ်ထိုအခါက အိန္ဒိယတိုက်ကြီးထဲတွင် ဗုဒ္ဓဘာသာအလျင် ဘာသာပေါင်းများစွာပင် တည်ရှိနေပြီး၊ ဆိုင်ရာဘာသာအလိုက် ဘုရားများစွာလည်း တည်ရှိနေပြီးဖြစ်သည်ကို ဤနေရာတွင်မှတ်သားရပါမည်၊၊
ဗုဒ္ဓရှင်တော်တည်ထောင်သော ဗုဒ္ဓဘာသာသည် ရှိနှင့်ပြီးဖြစ်သည့်ဘာသာ အယူဝါဒမျာနှင့်မတူ၊ ထူးခြားသည့် လက်တွေ့သဘောဆန်သော ဘာသာအယူအဆဖြစ်ရကား ရှေးခေတ် အိန္ဒိယတိုက်ကြီးအတွင်းရှိ လူများစွာတို့၏ သဘောကျနှစ်သက်မှုကိုလျင်မြန်စွာရရှိပြီး၊ သာသနာတော်အတွင်းသို့ အမျိုးသားများစွာ ရဟန်းပြုလာခဲ့ကြ ပါသည်၊၊ နှစ်အနည်းငယ်အတွင်း အမျိုးသားများစွာ သာသနာတော်အတွင်းသို့ဝင်ရောက်ပြီး ရဟန်းပြုလာခဲ့သည်ဖြစ် ရကား သာသနာတော်တွင် ဘိက္ခုသာသနာတော် အခြေခိုင်မာခဲ့ပြီဟု ဆိုရပါမည်၊၊
ရှေးခေတ်အိန္ဒိယအခေါ်အားဖြင့် သက္ကတိုင်း၊ ကပိလ၀တ်ပြည်၊ နိဂြောဓာရုံကျောင်းတိုက်ကြီးအတွင်း ဗုဒ္ဓရှင်တော် သီတင်းသုံးနေစဉ်က ဖြစ်ပါသည်၊၊ မိထွေးတော် ဂေါတမီသည် ဗုဒ္ဓရှင်တော်အား သာသနာတော်အတွင်း ၀င်ရောက်၍ရဟန်းပြုလိုပါကြောင်း လျောက်ထားခဲ့ပါသည်၊၊ ဗုဒ္ဓရှင်တော်မှ လက်မခံကြောင်း မိထွေးတော်ဂေါတမီသုံးကြိမ်လျောက်တင်သည်ကို သုံးကြိမ်တိုင်ပင် ငြင်းပယ်ခဲ့ပါ သည်၊၊
အိန္ဒိယ၏ ဂင်္ဂါမြစ်ရေအလျင်နှင့်အတူ အချိန်တို့သည်တရွေ့ရွေ့ကုန်ဆုံးခဲ့ပြီ ဖြစ်သည်၊၊ မဟာပဇာပတိ ဂေါတမီသည် အသက်အရွယ်အားဖြင့် ခြောက်ဆယ်သို့ ချည်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်၊၊ ကပိလ၀တ် နေပြည်တော်ကြီးအတွင်းတွင် အားကိုးရာ သုဒ္ဓေါဒနမင်းကြီးလည်း မရှိတော့ပြီ၊ မြေးတော်ရာဟုလာ၊ သားတော်နန္ဒမင်းသားတို့မှာလည်း ရဟန်းပြုသွားကြပြီဖြစ်သည်၊၊ မဟာပဇာပတိ ဂေါတမီသည် ဗုရင်မ ကြီးဘ၀ဖြင့် ရှုပ်ထွေးလှသည့် တိုင်းပြည်အရေးအရာများကို နေ့ညဆောင်ရွက်နေရသည်ကို ငြီးငွေ့လှ ပြီဖြစ်သည်၊၊
သူမအနေဖြင့် သာသနာတော်အတွင်းဝင်ရောက်၍ “လောကုတ္တရာ တရားဓမ္မ”များ၏ အဆီအနှစ်ကိုစံ စားလိုလှပြီဖြစ်သည်၊၊ မဟာပဇာပတိ ဂေါတမီသည် ခယ်မတော် ယသောဓရာ မင်းသ္မီးနှင့်အတူတိုင် ပင်ဆွေးနွေးပြီး၊ ကိုယ်တိုင်ပင် ဆံပင်များကိုရိပ်ဖြတ်၊ ဖန်ရည်ဆိုးအ၀တ်များကို ၀တ်ဆင်ပြီး၊ လိုက်ပါ လိုသော အမျိုးသ္မီးအားလုံးကို ဦးဆောင်ကာ၊ မြတ်စွာဘုရားနေတော်မူသည့် ဝေသာလီပြည်၊ မဟာ ၀ုန်တော၊ ပြာသာဒ်ကျောင်းတိုက်ကြီးသို့ ကပိလ၀တ်ပြည်မှ ယူဇနာ(၅၀)၊ မိုင်အားဖြင့် (၄၀၀)ခရီးကို ခြေလျင်ခရီးဖြင့် ချီတက်ခဲ့ကြပါသည်၊၊
ယ္ခုခေတ်ကဲ့သို့ လမ်းချောများမရှိသေးသည့် ရှေးခေတ်အိန္ဒိယတိုက်၊ တိုင်းပြည်တစ်ခုမှ တိုင်းပြည်တစ် ခုသို့ ဖိနပ်မပါဘဲ ချေလျင်ခရီးဆက်ခဲ့ကြသည့် အမျိုးသမီးတန်းကြီးကို စာဖတ်သူများ အာရုံတွင်မြင် ကြည့်နိုင်ပါသည်၊၊ ပါဠိတော်မှတ်တမ်းတွင် မြတ်စွာဘုရားအထံသို့ အမျိုးသမီးတန်းကြီး ရောက်သော အခါ နုနယ်သည့်အမျိုးသ္မီးများ၏ ခြေဖ၀ါးတို့မှသွေးအလိမ်းလိမ်းထွက်လျက်နေသည်ဟု ပါရှိသည်ကို တွေ့ရသည်၊၊
ဤခရီးနှင့်ပတ်သက်၍ သီရိလင်္ကာပညာရှင် “Prof. Mohan Wijayaratna”က၊ သူ၏“Buddhist Nuns” စာအုပ်တွင် “မဟာပဇာပတိ ဂေါတမီနှင့်၊ ယသောဓရာဒေ၀ီ ဦးဆောင်သောဤခရီးသည် ကမ္ဘာ့အဦးဆုံး အမျိုးသမီးလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုခရီးစဉ်ကြီး တစ်ခုဖြစ်ကြောင်း”မှတ်တမ်းတင် ထားပါသည်၊၊
မဟာပဇာပတိဂေါတမီနှင့်၊ ယသောဓရာဒေ၀ီ ဦးဆောင်သောအမျိုးသမီးတန်းကြီးသည် ပြာသာဒ် ကျောင်းတိုက်ကြီး၏ မုခ်ဝသို့ရောက်သောအခါ၊ ကျောင်းတိုက်ကြီးအတွင်းဝင်ရောက်၍ ဘုရားရှင်နှင့် မတွေ့ဝန့်ကြဘဲ၊ မုခ်ဦးအ၀တွင်ငိုကြွေးလျက် ရပ်တည်နေကြပါသည်၊၊ အရှင်အာနန္ဒာသည် အမျိုးသ္မီး များတန်းစီငိုကြွေးနေရာသို့လာရောက်ပြီး အကျိုးအကြောင်းကို မေးမြန်းသောအခါ မဟာပဇာပတိ ဂေါတမီမှ ရဟန်းပြုလို၍ ကပိလ၀တ်နေပြည်တော်မှ ခြေလျင်လာခဲ့ရပါကြောင်း လျောက်တင်လေ သည်၊၊
အရှင်အာနန္ဒာသည် မြတ်စွာဘုရားထံ ပြန်လာခဲ့ပြီး၊ အရှင်ဘုရား အမျိုးသ္မီးများကို ရဟန်းပြုခွင့်ပေးစေ ချင်ပါသည်ဟု သုံးကြိမ်တိုင်လျောက်တင်သည်ကို မြတ်စွာဘုရားရှင်မှ သုံးကြိမ်တိုင်ပင် ငြင်းပယ်ခဲ့ပါ သည်၊၊ ထိုအခါ အရှင်အာနန္ဒာသည် “မြတ်စွာဘုရား, အမျိုးသ္မီးများသည် သာသနာတော်အတွင်း ရဟန်း ဘ၀ဖြင့်နေသည်ရှိသော် လောကုတ္တရာ တရားဓမ္မအနှစ်ကို ရရှိနိုင်ပါသလော၊” ဟုမေးမြန်းလိုက် ပါသည်၊၊
မြတ်စွာဘုရားရှင်မှ “အာနန္ဒာ, အမျိုးသ္မီးများသည် ရဟန်းဘ၀ဖြင့် လောကုတ္တတရာ ချမ်းသာအစစ်ကို ခံယူစံစားနိုင်သည့် စွမ်းရည်အပြည့်ပင်ရှိကြောင်း၊” မိန့်တော်မူပါသည်၊၊ ထိုအခါအရှင်အာနန္ဒာမှ “မြတ်စွာဘုရား ဤသို့ဆိုလျင် အမျိုးသ္မီးများကို သာသနာတော်တွင် ရဟန်းပြုခွင့်ပေးသင့်ပါကြောင်း၊” အခိုင်အမာ လျောက်တင်လေသည်၊၊ ထိုအခါ မြတ်စွာဘုရားရှင်မှ အမျိုးသ္မီးများသည် အကယ်၍ ဂရုဓံ ဆယ်ပါးကိုလိုက်နာနိုင်ပါမူ သာသနာတော်တွင် “ဘိက္ခုနီသံဃာ”အမည်ဖြင့် အမျိုးသ္မီးရဟန်းအဖွဲ့ အစည်းကို တည်ထောင်ခွင့်ပြုကြောင်း မိန့်တော်မူလိုက်ပါသည်၊၊
မဟာပဇာပတိဂေါတမီနှင့် ယသောဓရာဒေ၀ီတို့ဦးဆောင်သော အမျိုးသ္မီးများသည် ထိုအချိန်မှစတင် ၍ မြတ်စွာဘုရားအထံတော်တွင် “ဂရုဓံရှစ်မျိုး”ကိုဝန်ခံကြ၍ ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးများ ဖြစ်လာ ခဲ့ကြပါသည်၊၊ ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပြီးသော မဟာပဇာပတိဂေါတမီနှင့်၊ ယသောဓရာဦးဆောင် သော အမျိုးသ္မီးများသည် ဘုရားရှင်ညွန်ပြတော်မူသည့် တရားတော်များအတိုင်း ကျင့်ကြံ၊ ကြိုးစား အားထုတ်ကြ၍၊ ရဟန္တာထေရီမကြီးများ ဖြစ်လာခဲ့ကြပါသည်၊၊
{မှတ်ချက်/ ပါဠိတော်မူရင်းတွင် မဟာပဇာပတိ ဂေါတမီဦးဆောင်သောအမျိုးသ္မီး (၅၀၀)တို့ မြတ်စွာ ဘုရားအထံခွင့်ပန်ကြရာ မဟာပဇာပတိဂေါတမီသည် အဋ္ဌဂရုဓမ္မ=ဂရုဓံရှစ်မျိုးကို ကျင့်သုံးလိုက်နာ ပါမည်ဟုဝန်ခံလိုက်ကာမျှဖြင့် အလိုအလျောက်ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးအဖြစ်ကို ရရှိသည်၊၊ ယ သောဓရာနှင့် ကျန်အမျိုးသ္မီးများကို မြတ်စွာဘုရားရှင်မှ သံဃာတော်တို့အား ရဟန်းခံပေးစေသည်ဟု တိုက်ရိုက်လာရှိပါသည်၊၊}
“ဂရုဓံ (၈)မျိုး”
(၁) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ပါးသည် အသက်တစ်ရာပင်ဖြစ်သော်လည်း ယနေ့မှရဟန်းဖြစ်လာ သော ဘိက္ခု=အမျိုးသားရဟန်းကို အရိုအသေပေးရမည်၊၊
(၂) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ရဟန်းအမျိုးသားရှိသောကျောင်း၌သာ ၀ါဆိုရမည်၊၊
(၃) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် လခွဲတိုင်း ရဟန်းအမျိုးသား=ဘိက္ခုသံဃာ၌ ဥပုသ်မေး ခြင်း၊ အဆုံးအမခံယူခြင်းနှစ်မျိုးကို လိုလားခံယူရမည်၊၊
(၄) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ၀ါကျွတ်သောအခါ အမျိုးသား=ဘိက္ခုသံဃာအထံ၌ သံသ ယရှိခဲ့သော် ဆုံးမရန် လျောက်ထားရမည်၊၊
(၅) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် သံဃာဒိသေသ်အာပတ်သင့်ခဲ့သော် ဘိက္ခုသံဃာ၊ ဘိက္ခုနီ သံဃာနှစ်မျိုးအထံ၌ ပက္ခမာနတ်ကို ကျင့်သုံးရမည်၊၊
(၆) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးဖြစ်လိုသူ အမျိုးသ္မီးတစ်ဦးသည် (၂)နှစ်တိုင် တရားခြောက်မျိုးကို ကျင့် သုံးပြီးလျင် ဘိက္ခုသံဃာ၊ ဘိက္ခုနီသံဃာနှစ်မျိုးအထံ၌ ရဟန်းခံရမည်၊၊
(၇) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ဘိက္ခု=ရဟန်းအမျိုးသားကို ကြမ်းတမ်းသောစကားကို မ ပြောဆိုရ၊၊
(၈) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ဘိက္ခု=အမျိုးသားရဟန်းကို ဆုံးမသြ၀ါဒ မပေးရ၊၊
အထက်တွင် ဆွေးနွေးဖော်ပြသည့် ဂရုဓံရှစ်မျိုးတို့သည် ဘိက္ခုနီသာသနာ စည်ပင်တိုးတက်စေရန်၊ ဘိက္ခုနီသာသနာတော် အစတည်ထောင်ရန် မြတ်စွာဘုရားရှင် ချမှတ်ပေးသည့် ဘိက္ခုနီသာသနာ တော်၏ ရေသောက်မြစ်စည်းကမ်း ရှစ်မျိုးပင်ဖြစ်ပါသည်၊၊
ဖော်ပြခဲ့ပြီးသည့် မဟာပဇာပတိ ဂေါတမီနှင့် ယသောဓရာဒေ၀ီတို၏ ကြိုးစားမှုဖြင့် ဘိက္ခုနီသာသနာ တော်ကြီးသည် ဘိက္ခုသာသနာတော်နည်းတူ မြတ်စွာဘုရားရှင်လက်ထက်တော်က အိန္ဒိယတိုက်ကြီး အတွင်းတွင် နေလပမာစည်ပင် ပြန့်ပွားခဲ့ပါသည်၊၊ အရဟန်းအမျိုးသ္မီးတို့သည် မြတ်စွာဘုရားရှင် ပညတ်တော်မူသည့် သိက္ခာပုဒ်ပေါင်း(၃၃၁)ပုဒ်ကို မကြိုးမပေါက်အောင် စောင်င့်ထိမ်းကြရပါသည်၊၊ မဟာပဇာပတိ ဂေါတမီသည် ဘိက္ခုသာသနာတော်၏ အစအမျိုးသ္မီးရဟန်းဖြစ်သကဲ့သို့ ဘိက္ခုနီ သာသနာ၏မိခင်ကြီးဟုလည်း ခေါ်တွင်ရပါမည်၊၊
နောင်သောအခါ ဘိက္ခုနီသာသနာတော်အတွင်းသို့ အဆင့်မျိုးစုံမှအမျိုးသ္မီးများစွာ ၀င်ရောက်ရဟန်း ပြုလာခဲ့ကြသည်ကို ပါဠိတော်မှတ်တမ်းများအရ လေ့လာရပါသည်၊၊ ဗုရင်မကြီး တည်ထောင်သော ဘိက္ခုနီသာသနာတော်အတွင်းသို့ ဗုရင့်သ္မီးတော်များ၊ သူဌေးသူကြွယ်သ္မီးများ၊ ကုန်သည်သ္မီးများ၊ ဆင်းရဲသားသ္မီးများ၊ သူတောင်းစားအမျိုးသ္မီးများအထိဘ၀အလွှာ အသီးသီးတို့မှဝင်ရောက်၍ ရဟန်း ပြုလာကြသည်ကို တွေ့ရပါသည်၊၊
ဘာသာဝါဒမတူသည့် အခြားဘာသာများမှအမျိုးသမီးများစွာလည်း ဘိက္ခုနီသာသနာတော်အတွင်း သို့ဝင်ရောက်လျက် ရဟန်းပြုလာကြသည်ကို ထူးခြားစွာတွေ့ရပါသေးသည်၊၊ ပါဠိတော်ကျမ်းများတွင် ထေရီအပါဒါန် ပါဠိတော်ကျမ်းကြီးသည် ထူးချွန်သည့် ဘိက္ခုနီ=အမျိုးသ္မီးများအကြောင်း မှတ်တမ်းပြု ထားသည့် ကျမ်းကြီးဖြစ်ပါသည်၊၊
ဗုဒ္ဓရှင်တော်လက်ထက်က အမျိုးသားရဟန်းများနည်းတူ အမျိုးသ္မီးရဟန်းများသည်လည်း များစွာသာ သနာတော်အတွက် အကျိုးပြုကြသည်ကို ပါဠိတော်များတွင် မှတ်တမ်းတင်ထားပါသည်၊၊ မြတ်စွာ ဘုရားရှင်သည် သာသနာတွေအတွက် ထူးချွန်သူများကို ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှောက်လေ့ရှိရာ ဘိက္ခုနီ=အမျိုးသ္မီးရဟန်း (၁၃)ပါးတို့သည်လည်း ဧတဒဂ်ဘွဲ့ထူးကို မြတ်စွာဘုရား၏အထံမှ ရရှိခဲ့ကြ ပါသည်၊၊
ဘိက္ခုနီသာသနာတော်ကို တစတင်တည်ထောင်သူ မဟာပဇာပတိဂေါတမီသည် သက်တော်(၁၂၀) တွင် ပရိနိဗ္ဗာန်စံဝင်ခဲ့ပါသည်၊၊ သူမတည်ထောင်ခဲ့သော ဘိက္ခုနီသာသနာတော်ကြီးသည်လည်း နေ ရောင်၊ လရောင်ပမာထွန်းတောက်ခဲ့ပြီး၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူအပြီး နှစ်ပေါင်း(၅၀၀) ကျော်တိုင် အိန္ဒိယတိုက်ကြီးအတွင်း တည်တန့်ပြန့်ပွားခဲ့ပြီး၊ “လောကုတ္တရာ ဗောဓိပက္ခိယတရား”များ ကို ဘ၀နှစ်၍ကြိုးစားလိုသူ အမျိုးသမီးများ၊ လူ့ဘ၀လူအသွင်ဖြင့် အားကိုးရာမဲ့နေသည့် အမျိုးသ္မီးများ စွာတို့၏မှီခိုရာ ညောင်ညိုပင် အေးရိပ်သာကြီးတစ်ခုဖြစ်ခဲ့ပါသည်၊၊
ဘိက္ခုနီသာသနာတော်သည် အိန္ဒိယတိုက်ကြီးမှ သာသနာတော်နှစ် (၃၀၄)၊ B.C 240,တွင် အာ သောကဘုရင်မင်းကြီး၏ တတိယသံင်္ဂါယနာပွဲကြီးမှစတင်ပြီး သီရိလင်္ကာနိုင်ငံသို့ ပြန့်ပွားခဲ့ပါသည်၊၊ ပြန့်ပွားပုံမှာ တတိတယသင်္ဂါယနာစည်းဝေးပွဲကြီး၏ဆုံးဖြတ်အရ အာသောကမင်းကြီး၏သားတော် “အရှင်မဟာမဟိန္ဒ”သည် ထိုအချိန်က “နာဂဒီပ၊ လင်္ကာဒီပ၊”ဟုခေါ်တွင်သော သီရိလင်္ကာနိုင်ငံသို့ သာသနာပြုကြွရန် တာဝန်ပေးအပ်ခံရပါသည်၊၊
အရှင်မဟာမဟိန္ဒသည် သီရိလင်္ကာသို့သာသနာပြုကြွတော်မူရာ များစွာအောင်မြင်သဖြင့် သီရိက လင်္ကာမှ အမျိုးသားများစွာပင် သာသနာတော်အတွင်းသို့ ရဟန်းအဖြစ်ဝင်ရောက်ခဲ့ကြပါသည်၊၊ ထိုအ ချိန်တွင် နာဂဒီပကျွန်းအရှင် “ဒေ၀ါနံပီယတိဿ ရှင်ဘုရင်”၏နှမတော်အရင်း “အနုလာဒေ၀ီ”မင်းသ္မီး သည် သာသနာတော်အတွင်း ဘိက္ခုနီဝတ်လိုသဖြင့် အရှင်မဟာမဟိန္ဒမထေရ်သည် နှမတော်အရင်း ဖြစ်သူ ဘိက္ခုနီ“သင်္ဃမိတ္တာထေရီ”အား ပင့်ခေါ်စေပါသည်၊၊
ရဟန်းမ သင်္ဃမိတ္တာထေရီသည် နာဂဒီပကျွန်းသို့ အိန္ဒိယနိုင်ငံမှ ဗုဒ္ဓရှင်တော်ပွင့်တော်မူရာ မဟာဗောဓိ ပင်ကြီး၏ တောင်ဘက်ကိုင်းပွားနှင့်အတူ ရောက်ရှိလာခဲ့ပါသည်၊၊ ထိုဗောဓိပင်ကို အနုရာဓပူရမြို့ တော်၌ စိုက်ထားသည်မှာယနေ့တိုင် မြင်တွေ့နိုင်ပါသေးသည်၊၊ ဤသို့ဖြင့် သင်္ဃမိတ္တာထေရီသည် အနုလာမင်းသ္မီးအမှူးပြုသော နာဂဒီပကျွန်းသူအများအပြားတို့အား ရဟန်းခံပေးခြင်းဖြင့် သီရိလင်္ကာ နိုင်ငံ၏ ဘိက္ခုနီသာသနာကိုအစပြိုးပေးခဲ့ပါသည်၊၊
အနုလာဒေ၀ီမှစတင်ခဲ့သော သီရိလင်္ကာဘိက္ခုနီသာသနာတော်သည် ဒေ၀ါနံပီယတိဿမင်းလက် ထက်မှ “၀လဂမ္ဗမင်း”လက်ထက်တိုင် နှစ်ပေါင်း(1200)ခန့် တည်ရှိခဲ့သည်ဟု သီရိလင်္ကာနိုင်ငံ၊ ဘိက္ခုနီ သာသနာတော်မှတ်တမ်းများအရ သိရပါသည်၊၊ ထိုခေတ်အခါက ဘိက္ခုနီသာသနာ မည်မျှတိုးတက် စည်ကားခဲ့သည်ကို အနုလာမင်းသ္မီးမှ အနုလာဘိက္ခုနီဖြစ်လာသူ သီရိလင်္ကာဘိက္ခုနီမိခင်ကြီး သီ တင်းသုံးရာကျောင်းတိုက်ကြီးတစ်ခုတည်းတွင်ပင် ဘိက္ခုနီ (၉၀၀၀၀)ကျော်မျှရှိကြောင်းကို မှတ်တမ်း တင်ထားပါသည်၊၊ အခြားဘိက္ခုနီကျောင်းတိုက်ပေါင်းများစွာလည်း ရှိပါသေးသည်၊၊
သင်္ဃမိတ္တာထေရီကို ဆရာအရာထားလျက် အနုလာဒေ၀ီမှ စတင်ခဲ့သော သီရိလင်္ကာဘိက္ခုနီသာသ နာတော်သည် နှစ်တစ်ထောင်နီးပါး စည်ပင်ပြီးတည်တန့်ခဲ့ပြီး၊ နောင်သောအခါ သီရိလင်္ကာကျွန်းတွင် စစ်ပွဲကြီးများ၊ ကပ်ဘေးကြီးများပေါ်ပေါက်လာသောကြောင့် ပျက်စီးခဲ့ရပြန်ပါပါသည်၊၊ ယ္ခုအခါ ထို ကွယ်ပခဲ့သော ဘိက္ခုနီသာသနာကို သီရိလင်္ကာနိုင်ငံမှ ဆရာတော်ကြီးများ ဆွေးနွေးညှိနှိုင်ပြီး ဘိက္ခုနီသာသနာကိုပြန်လည် တည်ထောင်ထားသည်ကို တွေ့မြင်ရပါသည်၊၊ ထိုဘိက္ခုနီရဟန်းခံပွဲ ကြီးကို အိန္ဒိယတွင်ကျင်းပခဲ့ပြီး၊ “ကုသုမ”အမည်ရှိ သီရိလင်္ကာပညာတတ် အမျိုးသ္မီးတစ်ဦးသည် ရဟန်းခံခဲ့ပြီး၊ သီရိလင်္ကာသို့ပြန်လာကာ ဘိက္ခုနီသာသနာကိုပြန့်ပွားအောင် ကြိုးစားအားထုတ်ခဲ့ပါ သည်၊၊ သူမသည် “ဘိက္ခုနီသာသနာတော်လေ့လာချက်စာတမ်း”ဖြင့် (Ph.D=ပါရဂူဘွဲ့)ကိုရယူနိုင်ခဲ့ပါ သည်၊၊ ယ္ခုအခါသီရိလင်္ကာတွင် မျိုးဆက်သစ်ဘိက္ခုနီ (၃၀၀၀)ကျော်မျှရှိကြောင်းသိရ ပါသည်၊၊
ဗုဒ္ဓရှင်တော်တည်ထောင်ခဲ့သော သာသနာတော်သက်တမ်း အနှစ် (၂၅၀၀)ကျော်ခဲ့ပြီးသည့် ယနေ့ မျက်မှောက်ကာလတွင်မူ ဘိက္ခု=အမျိုးသားသံဃာ၊ သာသနာတော်ကြီးတစ်ခုသာ မူလအတိုင်းကျန် ရှိနေပြီး၊ မူလဘိက္ခုနီ သာသနာတော်ကြီးမှာ အမျိုးမျိုးသောအကြောင်းများကြောင့် ကွယ်ပခဲ့ပြီဖြစ် ပါသည်၊၊ မဟာ ယာနဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည့်အချို့နိုင်ငံများတွင် ဘိက္ခုနီသာသနာတော်ကို ပြန်လည် တည်ထောင်ထားကြသော်လည်း မြတ်စွာဘုရားရှင်လက်ထက်တော်က ဘိက္ခုနီသာသနာ တော်နှင့် အနှစ်သာရအားဖြင့်များစွာ ကွာခြားသည်ဟု သိရှိရပါသည်၊၊
ထေရ၀ါဒဗုဒ္ဓဘာသာသည် သီရိလင်္ကာမှ မြန်မာနိုင်ငံသို့ ပြန့်ပွားခဲ့ရာတွင် ထေရာဝါဒ ပါဠိပိဋတ်တော် များနှင့်၊ ဘိက္ခုသံဃာသာရောက်ရှိပြန့်ပွားခဲ့ပြီး၊ ဘိက္ခုနီသာသနာတော် မြန်မာနိုင်ငံသို့ ရှေးခေတ်က ရောက်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းမရှိသည်ဖြစ်ရကား၊ ဘိက္ခုနီသာသနာတော်သည် မြန်မာနိုင်ငံတွင် မည်သည့်ခေတ်ကမှ ရောက်ဖူးခြင်းမရှိကြောင်း လေ့လာရပါသည်၊၊
အရှင်တို့၏မြန်မာနိုင်ငံတော်တွင် ဘိက္ခုနီသာသနာတော်ကို ထေရာဝါဒ၀ိနည်းတော်နှင့်အညီ တည် ထောင်ရန် အချို့ဆရာတော်ကြီးများ အကြိမ်ကြိမ်ကြိုးစားဖူးကြသော်လည်း ယနေ့တိုင်အောင်မြင်မှု မရရှိသေးသည်ကို တွေ့မြင်ရပါသည်၊၊ သာသနာတော်အတွက် အလွန်ကျေးဇူးများသည့် ကျမ်းပေါင်း (၂၂)ကျမ်းကျော်နှင့်၊ မိလိန္ဒပဌှာအဋ္ဌကထာ၊ မန်းကွန်းရိပ်သာကြီးကို တည်ထောင်တော်မူသည့် “သထုံ ဇေတ၀န် ဆရာတော်ကြီး”ကမူ ဘိက္ခုနီသာသနာကို တည်ထောင်လိုက တည်ထောင်နိုင်ကြောင်း၊ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့တွင် တည်ထောင်နိုင်လောက်သည့် ဖော်ပြချက်များစွာ အထင်ကရရှိ ကြောင်းကို မိန့်ဆိုတော်မူပါသည်၊၊
အရှင်တို့၏ မြန်မာနိုင်ငံတော်တွင် ဘိက္ခုသာသနာပြန်လည်တည်ထောင်မှုနှင့်ဆက်စပ်၍ အကြီး အကျယ် ဆရာတော်ကြီးများ အကြိမ်ကြိမ်အငြင်းပွားလျက် ရှိခဲ့ကြ၊ ရှိနေကြဆဲဖြစ်ပါသည်၊၊ ဘိက္ခုနီ သာသနာတော် တည်ထောင်သင့်သည်ဟု အယူအဆရှိသောဆရာတော်ကြီးများမှလည်း ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာအထောက်အထားအခိုင်အမာဖြင့် ပြောဆိုသည့်အနည်းတူ၊ ဘိက္ခုနီသာသနာတော် ယနေ့အခါတွင် တည်ထောင်ရန်မဖြစ်နိုင်ကြောင်း သုံးသပ်သည့် ဆရာတော်ကြီးများမှလည်း အခိုင် အမာအထောက်အထားပြဆိုသည်ကို လေ့လာရပါသည်၊၊
သို့သော် ဘိက္ခုနီသာသနာတော်ကို ယနေ့အခါတွင် တည်ထောင်ရန်မဖြစ်နိုင်တော့ဟူ၍ သုံးသပ်ယူဆ တော်မူကြသော ဆရာတော်ကြီးများသည်လည်း ပါဠိပိဋကတ်အရာတွင် အမှန်တကယ်တတ်ကျွမ်း တော်မူကြသည့် ဆရာတော်ကြီးများပင်ဖြစ်ကြရကား သာမန်အသိညာဏ်အတွေးမျှဖြင့် ဝေဖန်ရန်ခက် ခဲလှတော့သည်၊၊
အရှင်၏ သေးနုလှသည့် အတွေးအထင်အရကိုလည်း တင်ပြလိုပါသည်၊ ထေရ၀ါဒဗုဒ္ဓဘာသာတွင် ဆယ်ပါးသီလမျှဆောက်တည်သည့် “သီလရှင် အမျိုးသ္မီး”များကိုပင် အသိအမှတ်ပြုနိုင်လျင် ဘိက္ခုနီ သာ သနာတည်ထောင်သည်ကို ခွင့်မပြုနိုင်ဖွယ်ရာမရှိဟု အမြင်ရှိပါသည်၊၊ မည်သို့ဆိုစေ ဘိက္ခုနီသာ သနာတော်သည် “ဖြစ်ပျက်အစဉ်၏ နှိပ်စက်မှုအောက်တွင် အခြားသင်္ခါရတရားများနည်းတူ ကွယ်ပခဲ့ပြီ ဖြစ်သည်၊၊” သို့သော်“မရှိခြင်းသည် ရှိလာဖို့အကြောင်း ဖြစ်သည်”ဟူသည့် နတ္ထိပစ္စည်း၏သဘော တရား အတွေးအခေါ်များကို မမေ့အပ်ချေ၊၊
အခြေအနေ အချိန်အခါရ အမှန်တကယ်လိုအပ်လာပြီး၊ ဘိက္ခုနီသာသာတော်တည်ထောင်ရန် အစွမ်း အစရှိသောအမျိုးသ္မီးများ ဗုဒ္ဓဘာသာအတွင်းပေါ်ပေါက်လာသော တစ်နေ့တွင်ဘိက္ခုနီ သာသနာ တော်ကြီးသည် ဗုဒ္ဓသာသနာတော်ကြီးအတွင်း ပြန်လည်ပေါ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်ရပါ သည်၊၊ ဤအတွင် ဘိက္ခုသာသနာတော်အကြောင်းစာတမ်း အတော်အတန်မျှ ပြည့်စုံပြီဟုယူဆပါ သည်၊၊ ဤစာတမ်းကိုဖတ်ရှု၊ လေ့လာသူများအထဲတွင် “အလင်းစက် အရှင်”ထက် ဘိက္ခုနီသာသနာ တော် သမိုင်းတတ်သိ သူများအနေဖြင့် မှားယွင်းချွတ်ချော်မှုများတွေ့ရှိခဲ့သော် ဆွေးနွေးပြုပြင်ပေးရန် ခွင့်ပန် အပ်ပါသည်၊၊
စာဖတ်သူများအားလုံး အသိညာဏ်၊ ပညာဖြင့် မိမိဘ၀နှင့်၊ လောကတိုးတက်၊ ငြိမ်းချမ်းရေးကို ပြုနိုင်သူများဖြစ်ပါစေကြောင်း “အလင်းစက် အရှင်”ဆန္ဒပြုလိုက်ပါသည်၊၊
အရှင်ကေ၀လ (အလင်းစက်)
(www.ko-thitsar.blogspot.com)
မကုဋာရာမ မြန်မာကျောင်းတိုက်၊
ကိုလမ်ဘိုမြို့၊ သီရိလင်္ကာနိုင်ငံ၊
(24.12.2011)
Posted by အလင်း စက် at 8:50 PM 0 comments
Labels: article
"အလင်းစက်"ဆိုက်တွင် လစဉ်အလိုက်တင်ခဲ့ပြီးသမျှ စာတမ်းနှင့်၊ဆောင်းပါးများ ဖတ်ရှုရန်--
မလေးရှား ရွှေမြန်မာများ၏ ပညာဒါန
မြန်မာ့အလှ ပုဂံဒေသ
ဆုတောင်း၊၊
|
|
မယ်တော်မာယာ အိပ်မက်ခန်း
ဘုရားအလောင်းတော်
ဂေါ-ခရီးစဉ် မှတ်တမ်းဓာတ်ပုံများ
လေးတင်ခန်း
ယသောဓရာနှင့် ထိမ်းမြားခန်း
ဆံတော်ပယ်ခန်း
ဒုက္ကရစရိယကျင့်ခန်း
သုဇာတာ ဃနာနို့ဆွမ်း
ဘုရားဖြစ်ခန်း
Sri Lanka timezone
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
ရွှေတိုင်များ ထောက်ထားပုံ
ဓမ္မစင်္ကြာဟောခန်း
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
သမ္မတကြီး ပူဇော်နေစဉ်
သီရိလင်္ကာ မဟာဗောဓိပင် အစစ်
ရာဟုလာအမွေတောင်းခန်း
moon stone
Alms contribution bowl for monks
Srilanka Arts
မဟာစေတီ၊ သီရိလင်္ကာ၊
B.C.4 century.
သီဟိုဠ်-စွယ်တော်
စွယ်တော်စစ် (သီရိလင်္ကာ)
မြန်မာ-ပြက္ခဒိန်
Srilanka Arts
Srilanka Arts
mountain inscription
Srilanka Arts
Srilanka Arts
Srilanka Pagoda Style
about 2000 years ago,Srilanka
To get Myanmar Font
ကလျာဏီကျောက်စာ(သီရိလင်္ကာ)
မဟာစေတီ၊ သီရိလင်္ကာနိုင်ငံ၊
B.C.4 ရာစု၊၊
My Motto
view
မြတ်စွာဘုရား ပွင့်တော်မူခဲ့သော မဟာဗောဓိပင်(အစစ်)
စွယ်တော်တိုက်
စွယ်တော်တိုက်ခန်း
Shwetigon Pagoda
Indonesia
borobudur in indonesia
8 century A.D.
THINKING
ပန်းချီများ ခံစားကြည့်ပါ
ပတ္တမြားရွှေဂူ
လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ၊
ဝက်များက ငြူစူစွာ
ညွန့်လူးကာတိုက်နဲ့။
ပွတ်လေလေ၊
ဂူရွှေမှာ အရောင်ထွက်တယ်၊
ရှေးကထက်ကဲ။ ၊၊
(မန်လည်ဆရာတော်)
သီတဂူသိမ်တော်
ဖွားတော်မူပုံ
သစ်ပင်
|
|
"အလင်းစက်"သို
အရှင်ကေ၀လ(အလင်းစက်)သည် သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာ ကျောင်းတိုက်ကြီးတွင် သီတင်းသုံးလျက်-
University of Kelaniya နှင့်၊
Buddhist and Pali University of Sri Lanka-တို့တွင် ပညာသင်ကြားလျက်ရှိပါသည်၊၊
အလင်းစက်အရှင်နှင့် ဗုဒ္ဓစာပေများ၊ အထွေထွေသိလိုသည်များ အကြံပြု ဆွေးနွေးလိုပါက အောက်ပါအီးမေးမှ မေးမြန်း၊ အကြံပြု၊ ဆွေးနွေးနိုင်ပါ သည်၊၊
"အလင်းစက်"ဆိုက်တွင် ရေးသားတင်သမျှကို ဝေဖန်အကြံပြု၊ အမှားထောက်ပြလျင်လည်း "အလင်းစက်အရှင်"မှ ကျေးဇူးတင်မည် ဖြစ်ပါသည်၊၊ ပညာဖြင့် ဘ၀ကို အလှဆင်နိုင်သူများဖြစ်ကြပါစေ၊၊
Email- ashinkevala01@gmail.com
Ashin kevala
Makutarama Myanmar Temple,
Dematagoda road, No-284, Colombo-09, Sri Lanka country.
Ph: +94 757 199 820/ +94 758 083 916
အသားထွင်းပန်းချီ(သီရိလင်္ကာ)
Open Air Theatre
Peradeniya University,Sri Lanka
စေတီပါဒတောင်
ရှေးဟောင်းစောင်းတန်း(သီရိလင်္ကာ)
မြန်မာ စံတော်ချိန်
သင်သေသွားသော်
ဪ လူ့ပြည်လောက
လူ့ဘဝကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့် ။
သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏ ။
သင်၏ မျိုးသား
စာစကားလည်း
ကြီးပွါးတက်မြင့်
ကျန်ကောင်းသင့်၏ ။
သင်ဦးချ၍
အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေတည်း ။
ဇော်ဂျီ (ဒီဇင်ဘာ ၁၉၃၅)
လေ့လာသူများ
Yapahuwa
ကြည့်သင့်သော ဆိုက်များ
- Sitagu Web-Page
- Burma meditation center for foreigners
- ဦးကုမာရ စာအုပ်စင်
- Oliver dhamma
- မောက္ခပညာရေး မဂ္ဂဇင်း
- ဆရာတော် ဦးသီရိန္ဒ၏ ဆွမ်းအလှူ ဗွီဒီယိုမှတ်တမ်း-၂
- ဆရာတော် ဦးသီရိန္ဒ၏ နေ့ဆွမ်းအလှူ ဗွီဒီယိုမှတ်တမ်း
- ဆရာတော် ဦးသိရိန္ဒ၏ ဆွမ်းအလှူဓာတ်ပုံမှတ်တမ်း
- အိပ်မက်လှိုင်းစာအုပ်တိုက်
- စကားဝါမြေစာကြည့်တိုက်
- ရှေးမြန်မာ
- Burmeseclassic(movies, songs, and news)
- ten basics of meritorious action(book)
- တရားတော်များ ဒေါင်းလော့လုပ်ရန်
- နိုင်ငံအသီးသီးမှ မြန်မာကျောင်းတိုက်များ
- မြန်မာ့အလင်းသတင်းစာ
- Nibbana.net
- Myanmar Ebooks
- မင်္ဂလာသတင်းစဉ်
- ဦးကေလာသ၏ ဓမ္မအဖြေစာတမ်းများ
- ပါချုပ်ဆရာတော်ကြီး
- ကဗျာဝါသနာရှင်များအတွက်-ဗေဒါလမ်း ကဗျာစုစည်းမှု
- သီတဂူဆရာတော်၏ တရားတော်များ နာယူရန်
- What a Buddha Taught net
- What the Buddha Taught
- Tipitaka quotation
- ဓမ္မပဒပါဠိ+English
- Dictionary of Pali Proper names
- Paccuppan Kamma Vada books
- Pitaka knowledge into English
- တိပိဋက မြန်မာပြန်
- ပီနန်ကျောင်းကြီး
- ဦးပုည၀ံသ
- မနာပဒါယီဆရာတော်
- Sitagu Star
- သဒ္ဓမ္မရံသီတရားတော်များနာယူရန်
- ဓမ္မဥယျာဉ်ဆရာတော်
- ဆဌမူ တိပိဋကပါဠိတော်
- မြန်မာပြန် တိပိဋက
- A study of the Concept of the Paccekabuddha by Ria Kloppenborg
- B.P.U. university in Srilanka
- ဒေါက်တာနန္ဒမာလာ.အဘိဓမ္မာပို့ချချက်များ
- Abhidhamma in Practice(book)
- ဒေါက်တာ ရေ၀တဓမ္မ စာအုပ်
- မြန်မာသတ်ပုံကျမ်း
- စွယ်တော်ဆိုက်(သီရိလင်္ကာ)
- ယဉ်သင်းအိ တရားဆိုက်
- ရဝေနွယ်(အင်းမ)
- B.P.S.Publication
- Tipitaka Atthakatha in Sinhala
- Tipitaka Pali in Sinhala
- Dhamma Download
- "အလင်းစက်"မိသားစုကမ္ဘာ
- ဦးကုသလသာမိ
- ဦးသီလာနန္ဒ၏ အဘိဓမ္မာပို့ချချက်များ
- ပရိတ်ကြီး(၁၁)သုတ်
- မိုးကုတ်ဝိပဿနာလေ့လာ၊ နာယူလိုသူအများအတွက်
- စွယ်တော်တိုက်(သီရိလင်္ကာ)
- မီးပြတိုက်
- Light of Buddha Dhamma foundation
- English Dhamma
- Eleven Media Group
- Top side 50
- ချယ်ရီမြို့တော်စာအုပ်စဉ်
- Dhamma Ebooks
- English learning
- မြန်မာ တရား၊ ရုပ်ရှင်၊
မျက်ဖြေ၊၊ ၊၊
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျှာတည်း၊၊
ကြင်နာသနား၊ ငါ့အားမသတ်၊ ယ္ခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း၊၊
ရှိခိုးအကျွန်၊ ပန်ခဲ့တုန်၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လက်တွန်မူ၊ တုံ့မယူလို၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျင်ပေးသည်၊ သွေးသည်အနိစ္စာ၊ ငါးခန္ဓာတည်း၊၊ ၊၊
(အနန္ဒသူရိယ)
အမျိုးအစား
- article (33)
- myanmar books (1)
- notes (2)
- poem (3)
စာမှတ်စု
|
|
Followers
အတွေး
Arts
Arts
ancient India at the time of the Buddha
room library
Panna sama abha natthi.
အလင်း စက်
အလင်း စက်- စာအုပ်စဉ်
+ ပေထက်အက္ခရာတင် နောက်ကျပေမယ့်
+ ဘာသာကြီးလေးခုအနှစ်သာရ
+ သင်္ဂါယနာ
+ သူငယ်ချင်းလိုပဲဆက်၍ခေါ်မည် ခိုင် (တက္ကသိုလ်ဘုန်းနိုင်)
+ Ashin Mahakassapa
+ Ashin Ananda
+ မိုးနဲ့ မြေ
+ Nibbana and Theravada perpective,Dr,Dhammapiya
+ နိဗ္ဗာန် (ဒေါက်တာမ္မပီယ)
1 .Ph,D Thesis by Dr.Dhammasami
2 .Dr.Dhammasami
3 .Dr.Dhammasi
4 .Dr.Dhammasami
5 .Dr.Dhammasami
6 .Dr.Dhammasami
7 .Dr.Dhammasami
8 .Dr.Dhammasami
9 .Dr.Dhammasami
+ ၀ိသုဒ္ဓိမဂ်မြန်မာပြန် (မဟာစည်)
+ သြကာသဋီကာ
+ ၀ိဇ္ဇာမဂ္ဂဒီပနီ(လယ်တီဆရာတော်)
+ နိဗ္ဗာန် (ပါရဂူ)
+ ကစ္စည်းသဒ္ဒါကြီး (အင်္ဂလိပ်ဘာသာပြန်)
+ Getting Ph.D
+ တိပိဋကလမ်းညွန် (ဦးကိုလေး)
+ King Asoka and Buddhism
+ မြန်မာစာပေတိုက်ပွဲကြီးများ အကြောင်း (မေမြို့ မိုးကြည်)
+ Pali Roots in Saddaniti (Dr.Silananda)
+ 2.Pali Roots in Saddaniti (Dr.Silananda)
+ လွမ်း (တက္ကသိုလ်ဘုန်းနိုင်)
+ လွမ်းတေးမဆုံးစေနှင့် စောနန်းသခင် (တက္ကသိုလ်ဘုန်းနိုင်)
+ မိုးည အိပ်မက်မြူ (တက္ကသိုလ်ဘုန်းနိုင်)
+ ကဗျာ (တက္ကသိုလ်ဘုန်းနိုင်)
+ ညီမလေးရယ် စိုးရိမ်မိတယ် (တက္ကသိုလ်ဘုန်းနိုင်)
+ နွေကန္တာဦး (တက္ကသိုလ်ဘုန်းနိုင်)
+ မိုးတွေရွာမှဖြင့်လျင်ကွယ် (တက္ကသိုလ်ဘုန်းနိုင်)
+ မောင့်ဘ၀ ညအလားကွယ် (တက္ကသိုလ်ဘုန်းနိုင်)
တန်ခူးလေနှင့်လျောတော့သည်(တက္ကသိုလ်ဘုန်းနိုင်)
+ ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့်၊ ရာဇာဓမ္မသင်္ဂဟကျမ်း
+ နှင့်ငွေ့တထောင့် မိုးတမှောင့် (တက္ကသိုလ်ဘုန်းနိုင်)
+ ၀သန်လေချိန် မှန်ကူး (တက္ကသိုလ်ဘုန်းနိုင်)
+ ကဗျာဆရာ၏ ရိုးဖြောင့်မှု (ဒဂုံတာယာ)
+ History of Srilanka
+ ပါရမီဒီပနီ(လယ်တီ)
+ သမ္မာဒိဌိဒီပနီ(လယ်တီ)
+ ဥတ္တမပုရိသဒီပနီ(လယ်တီ)
+ ဗုဒ္ဓအံတော်သမိုင်း
+ တင်မိုးအမှတ်တရ
+ နိယာမဒီပနီ(လယ်တီဆရာတော်)
+ ဗုဒ္ဓဘာသာအနုပညာ(တိုက်စိုး)
+ မေတ္တသုတ်(ဦးသုခ)
+ Abhidhamma Research Study(Nyanaponika)
+ မြတ်ဗုဒ္ဓဒေသနာ(ဦးကိုလေး)
+ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဖျိမဒေသ(U kelasa)
ညီတော်အာနန္ဒာ၏ ဘ၀တသက်တာမှတ်တမ်း.ဒုတွဲ
+ ငါးရာ့ငါးဆယ်အနှစ်ချုပ်(ဦးအောင်ညွန့်ဝင်း)
+ ပါဠိစာပေ သမိုင်း(ဒေါ်အုန်း)
+ ကိုရမ်ကျမ်း
+ ၃၇ မင်း(ဦးဖိုးကျား)
+ ဗောဇ္ဖျင်ခုနှစ်ပါးတရာတော်(သပြေကန်ဆရာတော်)
+ သပြေညို(မင်းသုဝဏ်)
1. အဘိဓမ္မာသင်ကြားပို့ချချက်(ဦးသီလာနန္ဒ)
+ Abhidhammasamuccaya by Asanga (Walpola Rahula)
+ Kusala in Canon and Commentary
+ Writing Thesis(24.9.2010)
+ A study of Moegoke meditation method
+ Research Project,how to write it
+ Patthanuddesadipani
+ Roots,good and evil
+ Dhamma Theory(Y.Karunarasa)
+ Molecular cousciousness of Theravada
+ နိဗ္ဗာနဒီပနီ
+ အနတ္တဒီပနီ
+ အာနာပါနဒီပနီ
+ ဥရောပဒီပနီ
+ ၀ိပဿနာဒီပနီ
+ စတုသစ္စဒီပနီ
+ လက္ခဏဒီပနီ
+ နိဗ္ဗာန်အမေးဖြေဒီပနီ
+ လယ်တီတရားဟော
+ ဗောဓိပက္ခိယဒီပနီ
+ သရဏဂုဏ်ဝိနိစ္ဆယ
+ ဘာဝနာဒီပနီ
+ Mudita(Nyanamolika)
+ The Buddha and his Teaching
+ Process of consciousness and matter in Abhidhamma(Dr.Revatadhamma)
+ Scientific Base of Consciousness of Abhidhamma
+ Woman in the Modern Society
+ သိင်္ဂါလောဝါဒသုတ်(English)
+ Rupa in Abhidhamma
+ Process of consciousness and matter(Dr.Revatadhamma)
+ ၀ိမုတ္တိမဂ္ဂပါဠိ
+ Samatha and Vipassana in Theravada Abhidhamma
+ Study of Meditation
+ Mindfulness in Pali Nikaya
+ Mission Accomplishment
+ Two Truth in Abhidhamma
+ Unanswered Quesions (Dr.Karunarasa)
+ Kusala in Pali Canon
+ Including Reflecting
+ Analysis of Punna and Kusala in Pali Nikaya
+ History of Mindfulness in Mahasatipatthana Sutta
+ Manual of Abhidhamma
+ A study of Meditation Method
+ Milinda Panha(Manava)
+ What the Buddha believe
+ Bhikkhuni Sasana
+ Sanskrit English Dictionary
+ Venerable Ananda
+ A study of Mahasatipatthana Sutta on meditation technique By Dr.Asacha
+ The socia-political dimensions of Theravada Buddhism By Dr.Indaka
+ ၁၂ လရာသီ ပွဲတော်များအကြောင်း(ဒေါ်ခင်မျိုးချစ်)
+ အရိပ်(မစန္ဒာ)
+ ပါဠိစာပေ
+ the guide of Vipassana
+ Vedananupassa
+ သုတေသန သရုပ်ပြအဘိဓာန်(ဗျာပုံတိုက်သစ် ဆရာတော်)
+ မြန်မာပြည်မှ ဒေါက်တာဘွဲ့သံဃာတော်များ စာရင်း(ဒေါက်တာနန္ဒက)
+ မိုးကုတ်ဆရာတော် တဘ၀သံသရာ(ဦးဃောသိတ)
+ The notion of Ditthi in Theravada Buddhism
+ Hand book of Pali literature(Hinnuber)
+ Causality.Central Philosophy of Buddhism
+ myanmar religion
+ metaphor and literalism by Soonil Hwang
+ Sammasati by Ven P.A.Payutto
+ ဗုဒ္ဓဘာသာအထွေထွေဗဟုသုတ(ဦးချစ်မောင်(စိန္တာမဏိ)
+ origin of buddhist meditation by Alexander wynne
+ the theravada polity of Burma by John.H. Badgley
+ Rebirth and Gandhabba by Steffens
+ Major World Religions by Lloyd Ridgeon
+ Therigatha:Women in the footsteps of the Buddha by Kathryn R.Blackstone
+ အာနာပါနဒီပနီ(လယ်တီဆရာတော်)
+ ဒါနာဒိဒီပနီ(လယ်တီဆရာတော်)
+ ထေရာဝါဒဗုဒ္ဓဘာသာ(ဦးဧသက)
+ ပရိတ်(၁၁)သုတ်၊ ပါဠိ+မြန်မာ
+ ရှေးဟောင်း မြန်မာကျောက်စာများ-ဒုတွဲ(ဦးငြိမ်းမောင်)
+ စာကြည့်တိုက်နှင့် သုတမယစာစောင်
+ ရာဇကုမာရ်
+ မြစ်တို့၏ မာယာ(ဂျူး)
+ နိုင်ငံခြားကဗျာ ခံစားမှု(မောင်သာနိုး)
+ ရှင်စောပု(ချစ်ဦးညို)
+ ဘ၀ခရီးသည်(ပါရဂူ)
+ ပါးစပ်ရာဇ၀င်(မှော်ပီဆရာသိမ်း)
+ စာရေးခြင်း အတတ်ပညာ(မြသန်းတင့်)
+ မြန်မာရှေးဟောင်းကျောက်စာများ(ဦးငြိမ်းမောင်)
+ ရာဇာဓိရာဇ်အရေးတော်ပုံ(Dr.နိုင်ပန်းလှ USA)
+ Buddhism in myanmar by roger bischoff
+ သားတော်ရာဟုလာ(ပါရဂူ)
+ ပထမမြန်မာစာရေးဆရာကြီးများ(မင်းယုဝေ)
+ မှန်နန်းရာဇ၀င်-အင်္ဂလိပ်ဘာသာပြန်
+ သီရိလင်္ကာဗုဒ္ဓဘာသာသမိုင်း(ဦးကေလာသ)
ME
သီရိလင်္ကာနိုင်ငံ စွယ်တော်တိုက်ရှေ့
အလင်း စက်စာအုပ်စဉ်(၂)
3. လူသေလူဖြစ်ဝါဒါနုဝါဒါ ၀ိနိစ္ဆယ (သာသနာရေး ဦးစီးဌာန)
4. ပါဠိစာပေသမိုင်း (မိုင်းခိုင်းမြို့စားကြီး)
5. အိန္ဒိယသာသနာသမိုင်း (ဦးမြင့်ဆွေ)
6. ရာဇကုမာရ (ချစ်ဦးညို)
7. မြန်မာတို့၏ကိုးကွယ်မှုနှင့် ကိုယ်ကျင့်တရား (ဒေါ်စွမ်းကြည်၊ ဘွဲ့ယူကျမ်းစာ)
8. မြန်မာဆိုတာ (ဒေါက်တာသန်းထွန်း)
9. ရာဇာနှင့်သာသနာ (ပါရဂူ)
10. ဗုဒ္ဓဓမ္မအနှစ်ချုပ် (ဦးကေလာသ)
11. သစ္စာရှာဖို့ မြင်းစီးသူ (ကျော်ဝင်း)
12. ဘ၀ခရီးသည်(ပါရဂူ)
13. ယောနသန်ဇင်ယော်()
14. ရင်သားကင်ဆာသုတေသန(ပါမောက္ခ မင်းဓာတု)
15. ကမ္ဘာကျော်ဝတ္ထုတိုများနှင့် တက်တိုး၏ရှင်းပြချက်
16. ဥရောပယဉ်ကျေးမှု အနုပညာမိတ်ဆက်(ခင်မျိုးချစ်)
17. နွမ်းလျအိမ်အပြန်(ကြည်အေး)
18. အမွေ(အောင်သင်း)
19. မြန်မာ့မဟာဂီတ(လူထုဒေါ်အမာ)
20. မြန်မာစာ မြန်မာမှုကိုပြုစုပျိုးထောင်ခဲ့ကြသူများ
21. ဂျူး၏၀တ္ထုတို ၃၆ပုဒ်
22. ကန့်ကူလက်လှည်(အောင်သင်း)
23. စာပေသမိုင်း ပုဂ္ဂိုလ်ရေးအတွေးအမြင်များ(မောင်ဇေယျာ)
24. Pali commentarial Literature
25. A history of Pali Literature
26. သပြေညို(မင်းသုဝဏ်)
27. ပါဠိစာပေသမိုင်း(မေဘယ်)
28. မြန်မာဝတ္ထုတို ၁၀၀
29. Theravada exegetical literature,Atthakatha and Tika
30. အကြိုက်ဆုံးဝတ္ထုတိုများ
31. အမ္ဗပါလီ(ပါရဂူ)
32. ပိတောက်မြေဆောင်းပါးပေါင်းချုပ်
33. ပန်းမြိုင်လယ်က ဥယျာဉ်မှူး
34. စိမ်းနေအုံးမည့် ကျွန်တော့်မြေ
35. စစ်တက္ကသိုလ်ရွှေရတုမဂ္ဂဇင်း
36. အဘိဓမ္မာသင်ကြားပို့ချချက်-2- ဦးသီလာနန္ဒ
37. အဘိဓမ္မာသင်ကြားပို့ချချက်-၃- ဦးသီလာနန္ဒ
38. အဘိဓမ္မာသင်ကြားပို့ချချက်-၄- ဦးသီလာနန္ဒ
39. အဘိဓမ္မာသင်ကြားပို့ချချက်-5- ဦးသီလာနန္ဒ
40. 2009 ပညာသင်နှစ်တွင်၊ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်မှ Master of Arts=မဟာဝိဇ္ဇာဘွဲ့ ခံယူကြမည့်မြန်မာသံဃာတော်များ ဘွဲ့ယူအခန်းအနား
41-မဟာဂီတ(လူထုဒေါ်အမာ)
ကုမုဒြာကြာ
srilanka national logo
Srilanka Map
သီရိလင်္ကာနိုင်ငံတော်အလံ
1972
ကလျာဏီမြစ်(သီရိလင်္ကာနိုင်ငံ)
(15.8.2010) အမှတ်တရ၊၊

